HomeEntertainmentMusicတစ်ရက်အတွင်း Stream အများဆုံးနဲ့ BTS ကို ကျော်တက်သွားတဲ့ Adele ရဲ့ Easy On Me 

တစ်ရက်အတွင်း Stream အများဆုံးနဲ့ BTS ကို ကျော်တက်သွားတဲ့ Adele ရဲ့ Easy On Me 

Adele ဟာ နှစ်ကာလအတန်ကြာ ဂီတလောက,ကနေ အနားယူနေခဲ့ပြီး အခုဆိုရင် စံချိန်တွေချိုးဖို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Adele ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ Easy On Me ဆိုတဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ကို ထွက်ရှိလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ခြောက်နှစ်တာ အနားယူခဲ့ပြီးနောက် ပထမဆုံး ထွက်ရှိလာတဲ့ ဆင်ဂယ်လ်သီချင်းဖြစ်ပြီး မကြာခင် ထွက်ရှိလာမယ့် သူမရဲ့ အယ်လ်ဘမ်သစ် “30” ထဲက သီချင်းလည်း ဖြစ်ပါတယ်။

Photo: spotify/ Twitter

Easy On Me ဟာ ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ Spotify မှာ စံချိန်ချိုးကာ တစ်ရက်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ stream အများဆုံး သီချင်းအဖြစ် စံချိန်တင်သွားပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ရက်အတွင်း stream အများဆုံးစံချိန်ကိုတော့ ယခင်က Butter သီချင်းနဲ့ BTS အဖွဲ့က စံချိန်တင်ထားတာ ဖြစ်တယ်လို့ Billboard ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ BTS အဖွဲ့ရဲ့ Butter ဟာ မေလ(၂၃)ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ (၂၀.၉)သန်းခန့်က stream လုပ်ခဲ့ကြတယ်လို့ Billboard က ဆိုထားပါတယ်။

Adele ရဲ့ Easy On Me ဟာ ဒီစံချိန်ကို ဘယ်လောက် အတိုင်းအတာနဲ့ ချိုးဖြတ်သွားတာလည်းဆိုတာကိုတော့ Spotify က မထုတ်ပြန်သေးပါဘူး။

Adele ရဲ့ “30” အယ်လ်ဘမ်ဟာ သူမရဲ့ ခင်ပွန်းဟောင်း Simon Konecki နဲ့ ကွာရှင်းလိုက်တဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို ရေးဖွဲ့သီဆိုထားတဲ့ “ကွာရှင်းပြတ်စဲမှု”အကြောင်း အယ်လ်ဘမ် ဖြစ်မှာပါလို့ Adele က ပြောထားပါတယ်။ သူမရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် “30” ကိုတော့ လာမယ့် နိုဝင်ဘာလ(၁၉)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Linda December

Source: people

RELATED ARTICLES

Most Popular