HomeEntertainmentMusicAmerica's Got Talent မှာ ဒိုင်အားလုံးရဲ့ Golden Buzzer ကို ပထမဆုံးရရှိသွားတဲ့ (၉)နှစ်သမီးလေး

America’s Got Talent မှာ ဒိုင်အားလုံးရဲ့ Golden Buzzer ကို ပထမဆုံးရရှိသွားတဲ့ (၉)နှစ်သမီးလေး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

America’s Got Talent ပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ ပထမဦးဆုံးအဖြစ် ဒိုင်လူကြီးအားလုံးရဲ့ Golden Buzzer ကို ရရှိသွားသူကတော့ (၉)နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်ပါတယ်။

NBC ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ America’s Got Talent ပြိုင်ပွဲဟာ အခုဆိုရင် season (16) အထိ ရောက်လာခဲ့ပြီ ဖြစ်ပြီး ဒိုင်လူကြီးအားလုံးရဲ့ အသည်းနှလုံးကို ဆွဲကိုင်နိုင်ခဲ့သူကတော့ ခပ်ရှားရှားပါပဲ။ ဒီထဲကမှ America’s Got Talent ရဲ့ သမိုင်းတလျှောက် ပထမဆုံးအဖြစ် ဒိုင်အားလုံးရဲ့ Golden Buzzer ကို ရရှိသွားသူကတော့ (၉)နှစ်အရွယ် သမီးငယ်လေး Victory Brinker ဖြစ်ပါတယ်။

သမီးငယ်လေး Victory ဟာ သူမရဲ့ အံ့ဩဖွယ်ကောင်းလှတဲ့ အသံနဲ့ ဇူလိုင်လ(၆)ရက် အင်္ဂါနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေဖြစ်တဲ့ Simon Cowell ၊ Sofia Vergara ၊ Heidi Klum နဲ့ Howie Mandel တို့ကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Trae Patton/ NBC

ပင်ဆီဗေးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ သူမဟာ သူမရဲ့အသက်ထက် အသံက ပိုပြီးအရွယ်ရောက် တည်ငြိမ် လှပနေတယ်လို့ ဆိုနိုင်သူ ဖြစ်ပါတယ်။ Victory ရဲ့ လှပတဲ့ operatic တေးဆိုသံအောက်မှာ ဒိုင်တွေလည်း တင်းမထားနိုင်တော့ဘဲ Golden Buzzer ခလုတ်ကို ပြိုင်တူဆိုသလို နှိပ်မိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူမဟာ AGT ရဲ့ သမိုင်းတလျှောက် ပထမဆုံး ဒိုင်အားလုံးရဲ့ Golden Buzzer ကို ရရှိသူ ဖြစ်သွားပြီး live show အဆင့်ကို တန်းပြီး အပို့ခံလိုက်ရပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Victory လေးဟာ ယခုလက်ရှိ season ရဲ့ ခြောက်ယောက်မြောက်နဲ့ နောက်ဆုံးအဖြစ် Golden Buzzer ရရှိသွားသူလည်း ဖြစ်ပါတယ်။

Photo: agt/ Instagram

Audition အဆင့်မှာ မေ့မရနိုင်တော့မယ့် အောင်မြင်မှုကို မရရှိခင် AGT ရဲ့ အစီအစဉ် တင်ဆက်သူ Terry Crews ကို Victory ပြောခဲ့တာကတော့ ဒိုင်တွေဆီက “Yes” လေးခု ရရှိဖို့ဟာ သူမရဲ့ ရည်မှန်းချက်ဖြစ်တယ် ဆိုတာပါပဲ။ ဒါ့အပြင် သူမအနေနဲ့ ဒေါ်လာ(၁)သန်း ဆုငွေကို အနိုင်ရရှိပြီး လက်စ်ဗီးဂက်စ်မြို့မှာ ရှိုးပြုလုပ်နိုင်ဖို့ကိုလည်း ယုံကြည်ထားတယ်လို့ Terry Crews ကို ပြောထားပါသေးတယ်။

Victory ရဲ့ တေးသီချင်း သီဆိုမှုနဲ့ ပတ်သက်ပြီး အသက်(၆၅)နှစ်အရွယ် ဒိုင်လူကြီး Mandel ကတော့ “ဒီလောက်ထိ မမျှော်လင့်ထားဘူး။ သမီးက နတ်သမီးလေး မိုးပေါ်က ကျလာသလိုပဲ။ ဖျော်ဖြေမှုကို သိပ်ကိုနှစ်သက်ပါတယ် … ” လို့ မှတ်ချက်ပေးပါတယ်။

Photo: agt/ Instagram

အသက်(၄၈)နှစ်အရွယ် ဒိုင်လူကြီး Klum ကတော့ “ကျွန်မလည်း ကြိုက်တယ်။ သမီးရဲ့ အသံလေးကို အန်တီ သိပ်ချစ်တာပဲ။ သမီးက တကယ် အံ့ဩဖို့ကောင်းပါတယ် … ” လို့ ဆိုပါတယ်။

အသက်(၄၈)နှစ်အရွယ် ဒိုင်လူကြီး Vergara ကတော့ “သမီးက ကြယ်တစ်ပွင့်ပဲ။ သမီးမှာ တကယ် စွမ်းအားကြီးတဲ့ အသံ ပိုင်ဆိုင်ထားတယ်။ တကယ် အံ့ဩဖို့ကောင်းပါတယ်။ အန်တီ တကယ် နှစ်သက်မိတယ် … ” လို့ မှတ်ချက်ပေးပါတယ်။

အဲဒီနောက် ဒိုင်လူကြီးလည်းဖြစ်၊ ဒီရှိုးရဲ့ executive producer လည်းဖြစ်တဲ့ Simon Cowell ကတော့ အစီအစဉ် တင်ဆက်သူ Terry Crews ကို ဒိုင်လူကြီးတွေဆီ ခေါ်ပြီး ယခင်က မရှိခဲ့ဖူးတဲ့ အရာတစ်ခုအတွက် အတူတိုင်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက်(၆၁)နှစ်အရွယ် Cowell က Victory လေးကို အခုလို မှတ်ချက်စကားကို ပြောကြားလိုက်ပါတယ်။

“ဦးတို့က ဒီနေ့ သမီးကို “Yes” ပေးမှာ မဟုတ်ဘူး။ ဒီရှိုးမှာ အရင်တုန်းက လုံးဝ တစ်ခါမှကို မလုပ်ပေးခဲ့ဖူးတာကို ပေးမှာ။ ဦးတို့အားလုံးက သမီးကို တကယ့် ထူးခြားတဲ့အရာတစ်ခု ပေးမှာ … ” လို့ ဆိုကာ ဒိုင်လူကြီးအားလုံးက ခုံမှာ ထိုင်နေရာက မတ်တပ်ရပ်ကာ Golden Buzzer ခလုတ်ကို စုပေါင်းနှိပ်ချလိုက်ပါတော့တယ်။

Glasgow

Source: people

(Zawgyi Version)

America’s Got Talent ၿပိဳင္ပြဲရဲ႕ သမိုင္းတေလွ်ာက္မွာ ပထမဦးဆုံးအျဖစ္ ဒိုင္လူႀကီးအားလုံးရဲ႕ Golden Buzzer ကို ရရွိသြားသူကေတာ့ (၉)ႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္ ျဖစ္ပါတယ္။

NBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတဲ့ America’s Got Talent ၿပိဳင္ပြဲဟာ အခုဆိုရင္ season (16) အထိ ေရာက္လာခဲ့ၿပီ ျဖစ္ၿပီး ဒိုင္လူႀကီးအားလုံးရဲ႕ အသည္းႏွလုံးကို ဆြဲကိုင္ႏိုင္ခဲ့သူကေတာ့ ခပ္ရွားရွားပါပဲ။ ဒီထဲကမွ America’s Got Talent ရဲ႕ သမိုင္းတေလွ်ာက္ ပထမဆုံးအျဖစ္ ဒိုင္အားလုံးရဲ႕ Golden Buzzer ကို ရရွိသြားသူကေတာ့ (၉)ႏွစ္အ႐ြယ္ သမီးငယ္ေလး Victory Brinker ျဖစ္ပါတယ္။

သမီးငယ္ေလး Victory ဟာ သူမရဲ႕ အံ့ဩဖြယ္ေကာင္းလွတဲ့ အသံနဲ႔ ဇူလိုင္လ(၆)ရက္ အဂၤါေန႔ညက ယွဥ္ၿပိဳင္သြားတဲ့ ၿပိဳင္ပြဲမွာ ဒိုင္လူႀကီးေတြျဖစ္တဲ့ Simon Cowell ၊ Sofia Vergara ၊ Heidi Klum နဲ႔ Howie Mandel တို႔ကို ဆြဲေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Trae Patton/ NBC

ပင္ဆီေဗးနီးယားျပည္နယ္မွာ ေမြးဖြားခဲ့တဲ့ သူမဟာ သူမရဲ႕အသက္ထက္ အသံက ပိုၿပီးအ႐ြယ္ေရာက္ တည္ၿငိမ္ လွပေနတယ္လို႔ ဆိုႏိုင္သူ ျဖစ္ပါတယ္။ Victory ရဲ႕ လွပတဲ့ operatic ေတးဆိုသံေအာက္မွာ ဒိုင္ေတြလည္း တင္းမထားႏိုင္ေတာ့ဘဲ Golden Buzzer ခလုတ္ကို ၿပိဳင္တူဆိုသလို ႏွိပ္မိခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူမဟာ AGT ရဲ႕ သမိုင္းတေလွ်ာက္ ပထမဆုံး ဒိုင္အားလုံးရဲ႕ Golden Buzzer ကို ရရွိသူ ျဖစ္သြားၿပီး live show အဆင့္ကို တန္းၿပီး အပို႔ခံလိုက္ရၿပီလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Victory ေလးဟာ ယခုလက္ရွိ season ရဲ႕ ေျခာက္ေယာက္ေျမာက္နဲ႔ ေနာက္ဆုံးအျဖစ္ Golden Buzzer ရရွိသြားသူလည္း ျဖစ္ပါတယ္။

Photo: agt/ Instagram

Audition အဆင့္မွာ ေမ့မရႏိုင္ေတာ့မယ့္ ေအာင္ျမင္မႈကို မရရွိခင္ AGT ရဲ႕ အစီအစဥ္ တင္ဆက္သူ Terry Crews ကို Victory ေျပာခဲ့တာကေတာ့ ဒိုင္ေတြဆီက “Yes” ေလးခု ရရွိဖို႔ဟာ သူမရဲ႕ ရည္မွန္းခ်က္ျဖစ္တယ္ ဆိုတာပါပဲ။ ဒါ့အျပင္ သူမအေနနဲ႔ ေဒၚလာ(၁)သန္း ဆုေငြကို အႏိုင္ရရွိၿပီး လက္စ္ဗီးဂက္စ္ၿမိဳ႕မွာ ရႈိးျပဳလုပ္ႏိုင္ဖို႔ကိုလည္း ယုံၾကည္ထားတယ္လို႔ Terry Crews ကို ေျပာထားပါေသးတယ္။

Victory ရဲ႕ ေတးသီခ်င္း သီဆိုမႈနဲ႔ ပတ္သက္ၿပီး အသက္(၆၅)ႏွစ္အ႐ြယ္ ဒိုင္လူႀကီး Mandel ကေတာ့ “ဒီေလာက္ထိ မေမွ်ာ္လင့္ထားဘူး။ သမီးက နတ္သမီးေလး မိုးေပၚက က်လာသလိုပဲ။ ေဖ်ာ္ေျဖမႈကို သိပ္ကိုႏွစ္သက္ပါတယ္ … ” လို႔ မွတ္ခ်က္ေပးပါတယ္။

Photo: agt/ Instagram

အသက္(၄၈)ႏွစ္အ႐ြယ္ ဒိုင္လူႀကီး Klum ကေတာ့ “ကြၽန္မလည္း ႀကိဳက္တယ္။ သမီးရဲ႕ အသံေလးကို အန္တီ သိပ္ခ်စ္တာပဲ။ သမီးက တကယ္ အံ့ဩဖို႔ေကာင္းပါတယ္ … ” လို႔ ဆိုပါတယ္။

အသက္(၄၈)ႏွစ္အ႐ြယ္ ဒိုင္လူႀကီး Vergara ကေတာ့ “သမီးက ၾကယ္တစ္ပြင့္ပဲ။ သမီးမွာ တကယ္ စြမ္းအားႀကီးတဲ့ အသံ ပိုင္ဆိုင္ထားတယ္။ တကယ္ အံ့ဩဖို႔ေကာင္းပါတယ္။ အန္တီ တကယ္ ႏွစ္သက္မိတယ္ … ” လို႔ မွတ္ခ်က္ေပးပါတယ္။

အဲဒီေနာက္ ဒိုင္လူႀကီးလည္းျဖစ္၊ ဒီရႈိးရဲ႕ executive producer လည္းျဖစ္တဲ့ Simon Cowell ကေတာ့ အစီအစဥ္ တင္ဆက္သူ Terry Crews ကို ဒိုင္လူႀကီးေတြဆီ ေခၚၿပီး ယခင္က မရွိခဲ့ဖူးတဲ့ အရာတစ္ခုအတြက္ အတူတိုင္ပင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အသက္(၆၁)ႏွစ္အ႐ြယ္ Cowell က Victory ေလးကို အခုလို မွတ္ခ်က္စကားကို ေျပာၾကားလိုက္ပါတယ္။

“ဦးတို႔က ဒီေန႔ သမီးကို “Yes” ေပးမွာ မဟုတ္ဘူး။ ဒီရႈိးမွာ အရင္တုန္းက လုံးဝ တစ္ခါမွကို မလုပ္ေပးခဲ့ဖူးတာကို ေပးမွာ။ ဦးတို႔အားလုံးက သမီးကို တကယ့္ ထူးျခားတဲ့အရာတစ္ခု ေပးမွာ … ” လို႔ ဆိုကာ ဒိုင္လူႀကီးအားလုံးက ခုံမွာ ထိုင္ေနရာက မတ္တပ္ရပ္ကာ Golden Buzzer ခလုတ္ကို စုေပါင္းႏွိပ္ခ်လိုက္ပါေတာ့တယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular