HomeCelebs Update NewsKoreaGoo Hye Sun ရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ အေၾကြးႏြံထဲမွာ နစ္ေနရၿပီျဖစ္တဲ့ Ahn Jae Hyun

Goo Hye Sun ရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ အေၾကြးႏြံထဲမွာ နစ္ေနရၿပီျဖစ္တဲ့ Ahn Jae Hyun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မၾကာေသးခင္ ရက္ပိုင္းအတြင္းကပဲ ကိုရီးယားရဲ႕နာမည္ႀကီး သတင္းကုမၸဏီတစ္ခုျဖစ္တဲ့ Dispatch ဟာ ခုလက္ရိွ အျငင္းပြားေနတဲ့ မင္းသမီး Goo Hye Sun နဲ႔ မင္းသား Ahn Jae Hyun တို႔ရဲ႕ အိမ္ေထာင္ေရးဂယက္အေၾကာင္းကို ပရိသတ္ေတြ အမွန္အတိုင္း သိရိွရေစဖို႔ သူတို႔ႏွစ္ေယာက္ၾကားက တစ္ႏွစ္စာ မက္ေဆ့ခ်္ေတြကို ဖြင့္ခ်လိုက္ပါတယ္။ အဆိုပါ တစ္ႏွစ္တာအတြင္းက မက္ေဆ့ခ်္ေတြထဲမွာေတာ့ ႏွစ္ေယာက္သား ခ်စ္ရည္ရႊမ္းစိုေနခဲ့ၾကခ်ိန္ကစလို႔ အမုန္းတရားေတြပြားၿပီး ကြာတဲ့၊ကြဲတဲ့အေျခအေန ေရာက္တဲ့အထိ ပို႔ထားခဲ့တဲ့ chat history ေတြ ပါ၀င္ပါတယ္။

အဆိုပါ chat history ထဲမွာ အမ်ားမသိေသးတဲ့ အမွန္တရားမ်ားစြာ ေပၚထြက္လာခဲ့ၿပီး အေရးႀကီးတဲ့ အခ်က္တစ္ခုအေနနဲ႔ Ahn Jae Hyun ရဲ႕ ေငြေရးေၾကးေရး အေျခအေနေတြလည္း ပါ၀င္လာခဲ့ပါတယ္။ အဲ့ဒီ့အေၾကာင္းကိုေတာ့ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၇)ရက္ေန႔က သူတို႔ႏွစ္ေယာက္ၾကားမွာ အျပန္အလွန္ေျပာထားတဲ့ မက္ေဆ့ခ်္ေတြကို ၾကည့္ၿပီး သိႏိုင္ပါတယ္။

Ahn Jae Hyun ဟာ သူ႔ရဲ႕ဇနီး Goo Hye Sun နဲ႔ ကြာရွင္းဖို႔အတြက္ နစ္နာေၾကးအေနနဲ႔ ၀မ္သန္း(၉၀) ေပးခဲ့ၿပီးသား ျဖစ္ပါတယ္။ အဆိုပါ နစ္နာေၾကးထဲမွာ အိမ္မႈကိစၥအတြက္ ကုန္က်ေငြမ်ား၊ မဂၤလာေဆာင္စရိတ္မ်ားနဲ႔ တိုက္ခန္းသုံးခန္း ပါ၀င္ပါတယ္။

Photo: koreaboo

နစ္နာေၾကးအျပင္ အိမ္ကိုပါ ေတာင္းေနတဲ့ Goo Hye Sun ကို “ဒီပိုက္ဆံေတြက ငါအလုပ္ႀကိဳးစားလို႔ ငါရထားတာေလ။ ဒါေတာ့ လြန္လြန္းေနၿပီလို႔ နင္ မထင္ဘူးလား။ ငါ့မွာ ေငြပုံႀကီး ရိွေနတဲ့ပုံေပါက္ေနလို႔လား။ ငါ့မွာ ၀မ္သန္း(၁၃၀)ေလာက္ အေၾကြးတင္ေနၿပီ။ Yongin က အိမ္ကို ေရာင္းလိုက္ရင္ေတာင္ ငါ့မွာ အေၾကြးတင္ေနတုန္းပဲ” လို႔ Ahn Jae Hyun က ေျပာထားတာကို ၾကည့္ျခင္းအားျဖင့္ အေၾကြးႏြံထဲမွာ နစ္ေနတာကို သိရိွႏိုင္ပါတယ္။

ဒါကို Goo Hye Sun ကလည္း ခ်က္ခ်င္းဆိုသလို reply ျပန္ထားပါတယ္။ “ဒါဆိုလည္း ပိုက္ဆံပိုရွာေပါ့။ နင္က ငါ့ဘ၀ကို ဖ်က္ဆီးထားတာ။ ငါယူလို႔ရသမွ် အကုန္လုံးကို ယူမွာပဲ” လို႔ မက္ေဆ့ခ်္ျပန္ထားတာကို ေတြ႕ရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၇)ရက္ေန႔က ေျပာထားတဲ့ chat log အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပါပဲ။

GHS : ငါ့ကို အိမ္ေပး။

AJH : နင့္ကို ငါ ၀မ္သန္း(၉၀)ေပးၿပီးသြားၿပီေလ။

GHS : နင္က စိတ္ေျပာင္းသြားတဲ့လူေလ။ ျခဴးတစ္ျပားမွ မပါဘဲ ဆင္းသြား။

AJH : ဒီပိုက္ဆံေတြက ငါအလုပ္ႀကိဳးစားလို႔ ငါရထားတာေလ။ ဒါေတာ့ လြန္လြန္းေနၿပီလို႔ နင္ မထင္ဘူးလား။ ငါ့မွာ ေငြပုံႀကီး ရိွေနတဲ့ပုံေပါက္ေနလို႔လား။

GHS : ၀မ္သန္း(၉၀)ဆိုတာက နင့္ရဲ႕ပိုင္ဆိုင္မႈေတြအေပၚ ထပ္ေပါင္းထားတာေလ။ နင့္ကိုယ္နင္ လြန္ေနၿပီလို႔ မထင္ဘူးလား။

AJH : ငါ့မွာ အေၾကြး ၀မ္သန္း(၁၃၀)ေလာက္ တင္ေနၿပီ။

Photo: koreaboo

GHS : ကြာရွင္းထားတဲ့လူေတြ အဆင္ေျပေနတာ တစ္ႏိုင္ငံလုံးမွာ အမ်ားႀကီးပဲ။ အ၀တ္တစ္ထည္၊ ကိုယ္တစ္ခုနဲ႔ ထြက္သြား။

AJH : Yongin က အိမ္ကို ေရာင္းလိုက္ရင္ေတာင္ ငါ့မွာ အေၾကြးတင္ေနတုန္းပဲ။

GHS : ဒါဆိုလည္း ပိုက္ဆံပိုရွာေပါ့။

AJH : နင္က ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ။

GHS : နင္က ငါ့ဘ၀ကို ဖ်က္ဆီးထားတာ။ ငါယူလို႔ရသမွ် အကုန္လုံးကို ယူမွာပဲ။

AJH : အဲ့ဒီ့ေတာ့ နင္က ငါ့ဘ၀ကိုပါ ဖ်က္ဆီးဖို႔ ႀကိဳးစားေနတာေပါ့။

GHS : ငါ့ဘ၀ကို ဖ်က္ဆီးလိုက္တာ ဘယ္သူလဲ။

AJH : ငါ့ကို အဲ့ဒီ့အေၾကာင္းျပခ်က္ေတြ လာမေပးပါနဲ႔။

GHS : ဘာကိုလဲ။ ငါက ဘာလုပ္ခဲ့လို႔လဲ။ နင္ အိမ္သန္႔ရွင္းေရး လုပ္ဖူးလား။ အိမ္ကို ဂရုစိုက္၊ ထိန္းသိမ္းတယ္ဆိုတဲ့အသံ နင့္ဆီက တစ္ခါမွ မၾကားဖူးဘူး။

AJH : အိမ္မႈကိစၥေတြအတြက္ နင့္မွာ ပိုက္ဆံရထားၿပီးသားေလ။ နင္ပဲ အဲ့ဒါေတြအတြက္ ငါ့ကို ေပးခိုင္းခဲ့တာေလ။ ဒါကို ဘာလို႔ လာေျပာေနတာလဲ။

GHS : ငါက သာမန္ႏိုင္ငံသားတစ္ေယာက္ပဲဆိုရင္ေတာင္ ျပႆနာမရိွဘူး။ ငါက ငါလုပ္ရမယ့္အလုပ္အတြက္ပဲ ပိုက္ဆံရတာေလ။ ကြာရွင္းတာအတြက္ ရတာမွ မဟုတ္တာ။ ဘာလို႔ကြာရွင္းေနေသးလဲ ဒါဆို။ ငါက အခု အဲ့ဒီ့အိမ္ကေန ထြက္လာခဲ့ၿပီ။ ဒါေၾကာင့္ နင္လည္း ထြက္သြားၿပီး နင့္ဘ၀နဲ႔နင္ ေနေတာ့။ ငါ တစ္ခုလပ္ မျဖစ္ခ်င္ဘူး။

Photo: koreaboo

AJH : အိမ္က တိရစာၦန္ေလးေတြနဲ႔ နင္ သက္ေသာင့္သက္သာ ျဖစ္ပါေစေတာ့ဆိုၿပီး ငါ ထြက္လာတာ။ နင္ပဲ Yangpyeong ကအိမ္ ေဆာက္ၿပီးသြားရင္ သြားမယ္လို႔ ေျပာထားတာေလ။

GHS : ေက်းဇူးပဲ။

AJH : အဲ့ဒါေတာင္ မလုံေလာက္ေသးဘဲ နင္က အိမ္ကိုပါ လိုခ်င္ေနတယ္ေပါ့။

GHS : သရုပ္ေဆာင္တဲ့ေနရာမွာပဲ အာရုံစိုက္ခ်င္တယ္လို႔ နင္ပဲ ေျပာတာေလ။

GHS : ငါ့ကို အိမ္ေပးလိုက္။

AJH : ေအး .. ဟုတ္ၿပီ။ ငါက ဘယ္လိုသြားအာရုံစိုက္ရမွာလဲ။

GHS : ငါ့ရဲ႕ ဂုဏ္သိကၡာက်ဆင္းမႈအတြက္ေရာ နင္က ဘယ္လိုျပန္ေလ်ာ္ေပးမွာလဲ ေျပာ ..။

AJH : နင့္သိကၡာက ဘာလို႔က်ရတာလဲ။

GHS : ကြာရွင္းလိုက္လို႔ေလ။

AJH : ကြာရွင္းတာနဲ႔ သိကၡာက်တာနဲ႔က ဘယ္လိုဆက္စပ္သြားတာလဲ။

GHS : ငါတို႔က သာမန္အရပ္သားေတြလား။ ငါတို႔က ဂုဏ္သိကၡာနဲ႔ ေနထိုင္ရတဲ့လူေတြေလ။

GHS : ငါတို႔က ငါတို႔ရဲ႕နာမည္အေပၚမွာပဲ ရပ္တည္ေနရတဲ့ လူေတြေလ။ နင္ ဘာလို႔ ဒီေလာက္ေတာင္ မရင့္က်က္ရတာလဲ။

AJH : ကြာရွင္းလိုက္တာနဲ႔ နင္က ျမဳပ္သြားေရာလား။ ငါလည္း ကြာရွင္းလိုက္ရတာပဲေလ။ ငါ့အတြက္ သိကၡာက်ေတာ့ေရာ ထည့္မေျပာဘူးလား။

GHS : ဒါက နင္ေရြးခ်ယ္လိုက္တဲ့အရာေလ။ ငါက ခံလိုက္ရတဲ့လူ။ ငါက ေရွ႕ေလွ်ာက္ဆက္ၿပီး အလုပ္လုပ္လို႔ မရေတာ့ဘူးဆိုရင္ နင္ဘာလုပ္ေပးမလဲ။ ကြာရွင္းဖို႔က နင့္ရဲ႕ေရြးခ်ယ္မႈေလ။ အဲ့ဒီ့ေတာ့ ကိုယ့္ေရြးခ်ယ္မႈနဲ႔ ကိုယ့္ဘ၀ကိုယ္ ေနေပေတာ့။ ငါက ခံလိုက္ရတဲ့လူ။ အဲ့ဒါေၾကာင့္ ငါ့ကို အိမ္ေပး။

AJH : ဟ …!

GHS : ဒီကိစၥနဲ႔ ပတ္သက္ၿပီး မညီမွ်တာ တစ္ခုမွမရိွဘူး။ တစ္ႏိုင္ငံလုံးကို ငါ့ကိုခ်စ္ပါတယ္လို႔ ေျပာထားတဲ့ နင့္ဆီမွာ တာ၀န္ပိုရိွတယ္။ နင့္ရဲ႕ တကယ့္ အတြင္းစိတ္ေတြကို ခ်ျပလိုက္လို႔ ငါေတာ့ အရမ္းရွက္ရတယ္။

ဒါကေတာ့ ေငြေရးေၾကးေရးနဲ႔ အိမ္ပိုင္ဆိုင္မႈအေၾကာင္း ပတ္သက္ၿပီး ႏွစ္ေယာက္ၾကားမွာ ေျပာထားတဲ့ မက္ေဆ့ခ်္ေတြပါ။ စိတ္ရႈပ္ေထြးစရာေတြမို႔ အျမန္ဆုံး ေျပလည္သြားၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Xei

Source: koreaboo

(Unicode Version)

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ကိုရီးယားရဲ့နာမည်ကြီး သတင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Dispatch ဟာ ခုလက်ရှိ အငြင်းပွားနေတဲ့ မင်းသမီး Goo Hye Sun နဲ့ မင်းသား Ahn Jae Hyun တို့ရဲ့ အိမ်ထောင်ရေးဂယက်အကြောင်းကို ပရိသတ်တွေ အမှန်အတိုင်း သိရှိရစေဖို့ သူတို့နှစ်ယောက်ကြားက တစ်နှစ်စာ မက်ဆေ့ချ်တွေကို ဖွင့်ချလိုက်ပါတယ်။ အဆိုပါ တစ်နှစ်တာအတွင်းက မက်ဆေ့ချ်တွေထဲမှာတော့ နှစ်ယောက်သား ချစ်ရည်ရွှမ်းစိုနေခဲ့ကြချိန်ကစလို့ အမုန်းတရားတွေပွားပြီး ကွာတဲ့၊ကွဲတဲ့အခြေအနေ ရောက်တဲ့အထိ ပို့ထားခဲ့တဲ့ chat history တွေ ပါဝင်ပါတယ်။

အဆိုပါ chat history ထဲမှာ အများမသိသေးတဲ့ အမှန်တရားများစွာ ပေါ်ထွက်လာခဲ့ပြီး အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ Ahn Jae Hyun ရဲ့ ငွေရေးကြေးရေး အခြေအနေတွေလည်း ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီ့အကြောင်းကိုတော့ ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက်နေ့က သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန်ပြောထားတဲ့ မက်ဆေ့ချ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

Ahn Jae Hyun ဟာ သူ့ရဲ့ဇနီး Goo Hye Sun နဲ့ ကွာရှင်းဖို့အတွက် နစ်နာကြေးအနေနဲ့ ဝမ်သန်း(၉၀) ပေးခဲ့ပြီးသား ဖြစ်ပါတယ်။ အဆိုပါ နစ်နာကြေးထဲမှာ အိမ်မှုကိစ္စအတွက် ကုန်ကျငွေများ၊ မင်္ဂလာဆောင်စရိတ်များနဲ့ တိုက်ခန်းသုံးခန်း ပါဝင်ပါတယ်။

Photo: koreaboo

နစ်နာကြေးအပြင် အိမ်ကိုပါ တောင်းနေတဲ့ Goo Hye Sun ကို “ဒီပိုက်ဆံတွေက ငါအလုပ်ကြိုးစားလို့ ငါရထားတာလေ။ ဒါတော့ လွန်လွန်းနေပြီလို့ နင် မထင်ဘူးလား။ ငါ့မှာ ငွေပုံကြီး ရှိနေတဲ့ပုံပေါက်နေလို့လား။ ငါ့မှာ ဝမ်သန်း(၁၃၀)လောက် အကြွေးတင်နေပြီ။ Yongin က အိမ်ကို ရောင်းလိုက်ရင်တောင် ငါ့မှာ အကြွေးတင်နေတုန်းပဲ” လို့ Ahn Jae Hyun က ပြောထားတာကို ကြည့်ခြင်းအားဖြင့် အကြွေးနွံထဲမှာ နစ်နေတာကို သိရှိနိုင်ပါတယ်။

ဒါကို Goo Hye Sun ကလည်း ချက်ချင်းဆိုသလို reply ပြန်ထားပါတယ်။ “ဒါဆိုလည်း ပိုက်ဆံပိုရှာပေါ့။ နင်က ငါ့ဘဝကို ဖျက်ဆီးထားတာ။ ငါယူလို့ရသမျှ အကုန်လုံးကို ယူမှာပဲ” လို့ မက်ဆေ့ချ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက်နေ့က ပြောထားတဲ့ chat log အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

GHS : ငါ့ကို အိမ်ပေး။

AJH : နင့်ကို ငါ ဝမ်သန်း(၉၀)ပေးပြီးသွားပြီလေ။

GHS : နင်က စိတ်ပြောင်းသွားတဲ့လူလေ။ ခြူးတစ်ပြားမှ မပါဘဲ ဆင်းသွား။

AJH : ဒီပိုက်ဆံတွေက ငါအလုပ်ကြိုးစားလို့ ငါရထားတာလေ။ ဒါတော့ လွန်လွန်းနေပြီလို့ နင် မထင်ဘူးလား။ ငါ့မှာ ငွေပုံကြီး ရှိနေတဲ့ပုံပေါက်နေလို့လား။

GHS : ဝမ်သန်း(၉၀)ဆိုတာက နင့်ရဲ့ပိုင်ဆိုင်မှုတွေအပေါ် ထပ်ပေါင်းထားတာလေ။ နင့်ကိုယ်နင် လွန်နေပြီလို့ မထင်ဘူးလား။

AJH : ငါ့မှာ အကြွေး ဝမ်သန်း(၁၃၀)လောက် တင်နေပြီ။

Photo: koreaboo

GHS : ကွာရှင်းထားတဲ့လူတွေ အဆင်ပြေနေတာ တစ်နိုင်ငံလုံးမှာ အများကြီးပဲ။ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်သွား။

AJH : Yongin က အိမ်ကို ရောင်းလိုက်ရင်တောင် ငါ့မှာ အကြွေးတင်နေတုန်းပဲ။

GHS : ဒါဆိုလည်း ပိုက်ဆံပိုရှာပေါ့။

AJH : နင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

GHS : နင်က ငါ့ဘဝကို ဖျက်ဆီးထားတာ။ ငါယူလို့ရသမျှ အကုန်လုံးကို ယူမှာပဲ။

AJH : အဲ့ဒီ့တော့ နင်က ငါ့ဘဝကိုပါ ဖျက်ဆီးဖို့ ကြိုးစားနေတာပေါ့။

GHS : ငါ့ဘဝကို ဖျက်ဆီးလိုက်တာ ဘယ်သူလဲ။

AJH : ငါ့ကို အဲ့ဒီ့အကြောင်းပြချက်တွေ လာမပေးပါနဲ့။

GHS : ဘာကိုလဲ။ ငါက ဘာလုပ်ခဲ့လို့လဲ။ နင် အိမ်သန့်ရှင်းရေး လုပ်ဖူးလား။ အိမ်ကို ဂရုစိုက်၊ ထိန်းသိမ်းတယ်ဆိုတဲ့အသံ နင့်ဆီက တစ်ခါမှ မကြားဖူးဘူး။

AJH : အိမ်မှုကိစ္စတွေအတွက် နင့်မှာ ပိုက်ဆံရထားပြီးသားလေ။ နင်ပဲ အဲ့ဒါတွေအတွက် ငါ့ကို ပေးခိုင်းခဲ့တာလေ။ ဒါကို ဘာလို့ လာပြောနေတာလဲ။

GHS : ငါက သာမန်နိုင်ငံသားတစ်ယောက်ပဲဆိုရင်တောင် ပြဿနာမရှိဘူး။ ငါက ငါလုပ်ရမယ့်အလုပ်အတွက်ပဲ ပိုက်ဆံရတာလေ။ ကွာရှင်းတာအတွက် ရတာမှ မဟုတ်တာ။ ဘာလို့ကွာရှင်းနေသေးလဲ ဒါဆို။ ငါက အခု အဲ့ဒီ့အိမ်ကနေ ထွက်လာခဲ့ပြီ။ ဒါကြောင့် နင်လည်း ထွက်သွားပြီး နင့်ဘဝနဲ့နင် နေတော့။ ငါ တစ်ခုလပ် မဖြစ်ချင်ဘူး။

Photo: koreaboo

AJH : အိမ်က တိရစ္ဆာန်လေးတွေနဲ့ နင် သက်သောင့်သက်သာ ဖြစ်ပါစေတော့ဆိုပြီး ငါ ထွက်လာတာ။ နင်ပဲ Yangpyeong ကအိမ် ဆောက်ပြီးသွားရင် သွားမယ်လို့ ပြောထားတာလေ။

GHS : ကျေးဇူးပဲ။

AJH : အဲ့ဒါတောင် မလုံလောက်သေးဘဲ နင်က အိမ်ကိုပါ လိုချင်နေတယ်ပေါ့။

GHS : သရုပ်ဆောင်တဲ့နေရာမှာပဲ အာရုံစိုက်ချင်တယ်လို့ နင်ပဲ ပြောတာလေ။

GHS : ငါ့ကို အိမ်ပေးလိုက်။

AJH : အေး .. ဟုတ်ပြီ။ ငါက ဘယ်လိုသွားအာရုံစိုက်ရမှာလဲ။

GHS : ငါ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှုအတွက်ရော နင်က ဘယ်လိုပြန်လျော်ပေးမှာလဲ ပြော ..။

AJH : နင့်သိက္ခာက ဘာလို့ကျရတာလဲ။

GHS : ကွာရှင်းလိုက်လို့လေ။

AJH : ကွာရှင်းတာနဲ့ သိက္ခာကျတာနဲ့က ဘယ်လိုဆက်စပ်သွားတာလဲ။

GHS : ငါတို့က သာမန်အရပ်သားတွေလား။ ငါတို့က ဂုဏ်သိက္ခာနဲ့ နေထိုင်ရတဲ့လူတွေလေ။

GHS : ငါတို့က ငါတို့ရဲ့နာမည်အပေါ်မှာပဲ ရပ်တည်နေရတဲ့ လူတွေလေ။ နင် ဘာလို့ ဒီလောက်တောင် မရင့်ကျက်ရတာလဲ။

AJH : ကွာရှင်းလိုက်တာနဲ့ နင်က မြုပ်သွားရောလား။ ငါလည်း ကွာရှင်းလိုက်ရတာပဲလေ။ ငါ့အတွက် သိက္ခာကျတော့ရော ထည့်မပြောဘူးလား။

GHS : ဒါက နင်ရွေးချယ်လိုက်တဲ့အရာလေ။ ငါက ခံလိုက်ရတဲ့လူ။ ငါက ရှေ့လျှောက်ဆက်ပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုရင် နင်ဘာလုပ်ပေးမလဲ။ ကွာရှင်းဖို့က နင့်ရဲ့ရွေးချယ်မှုလေ။ အဲ့ဒီ့တော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ဘဝကိုယ် နေပေတော့။ ငါက ခံလိုက်ရတဲ့လူ။ အဲ့ဒါကြောင့် ငါ့ကို အိမ်ပေး။

AJH : ဟ …!

GHS : ဒီကိစ္စနဲ့ ပတ်သက်ပြီး မညီမျှတာ တစ်ခုမှမရှိဘူး။ တစ်နိုင်ငံလုံးကို ငါ့ကိုချစ်ပါတယ်လို့ ပြောထားတဲ့ နင့်ဆီမှာ တာဝန်ပိုရှိတယ်။ နင့်ရဲ့ တကယ့် အတွင်းစိတ်တွေကို ချပြလိုက်လို့ ငါတော့ အရမ်းရှက်ရတယ်။

ဒါကတော့ ငွေရေးကြေးရေးနဲ့ အိမ်ပိုင်ဆိုင်မှုအကြောင်း ပတ်သက်ပြီး နှစ်ယောက်ကြားမှာ ပြောထားတဲ့ မက်ဆေ့ချ်တွေပါ။ စိတ်ရှုပ်ထွေးစရာတွေမို့ အမြန်ဆုံး ပြေလည်သွားကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Xei

Source: koreaboo

 

 

RELATED ARTICLES

Most Popular