HomeCelebs Update NewsKoreaစတားတွေဖြစ်လာဖို့ သက်သေပြခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ ပွဲမထွက်မီလှုပ်ရှားမှုများ

စတားတွေဖြစ်လာဖို့ သက်သေပြခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ ပွဲမထွက်မီလှုပ်ရှားမှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဟာ ယခုဆိုရင် အအောင်မြင်ဆုံး ကေပေါ့ပ်အဖွဲ့တွေထဲမှာ ပါဝင်နေပါပြီ။ သို့ပေမယ့် သူတို့ဟာလည်း တစ်ချိန်တုန်းကတော့ ထရိန်နီတွေအဖြစ်နဲ့ ဘဝစခဲ့ရသူတွေ ဖြစ်ပါတယ်။ Jisoo ၊ Jennie ၊ Rosé နဲ့ Lisa တို့ဟာ YG Entertainment ရဲ့လက်အောက်မှာ နှစ်နဲ့ချီပြီး ထရိန်နီတွေအဖြစ် လေ့ကျင့်ခဲ့ရပါတယ်။ သူတို့လေ့ကျင့်ခဲ့ရတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် ဒီနေ့မှာ ဒီလိုအောင်မြင်တဲ့ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နေနိုင်တယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် BLACKPINK အဖွဲ့အဖြစ် ပွဲမထွက်ခင်က အဖွဲ့ဝင်တစ်ဦးချင်းစီ လုပ်ခဲ့ရတဲ့ အလုပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Jisoo
Photo via koreaboo

Jisoo ဟာ BLACKPINK အဖွဲ့ရဲ့ မင်းသမီးလို့ တင်စားနိုင်သူပါ။ အကြောင်းကတော့ သူမဟာ ပွဲမထွက်ခင်က ကြော်ငြာပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ဖူးလို့ပါပဲ။ Naver ၊ Samsonite ၊ LG အစရှိတဲ့ အမှတ်တံဆိပ်များစွာအတွက် ကြော်ငြာပေါင်းများစွာကို သရုပ်ဆောင်ခဲ့ဖူးတဲ့ ကြော်ငြာဘုရင်မလေးတစ်ပါး ဖြစ်ပါတယ်။ iKON အဖွဲ့နဲ့အတူ သရုပ်ဆောင်ထားတဲ့ LG ဖုန်းကြော်ငြာတစ်ခုဆိုရင်လည်း တော်တော်လေးကို ပေါက်သွားခဲ့ဖူးပါသေးတယ်။

ဒါ့အပြင် နာမည်ကျော်စတားတွေ အများကြီး ပါဝင်ခဲ့ကြတဲ့ ဒရာမာတစ်ခုထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီ့ဒရာမာကတော့ The Producers လို့အမည်ရပြီး Gong Hyo Jin ၊ IU ၊ Kim Soo Hyun နဲ့ Cha Tae Hyun တို့က ခေါင်းဆောင်ပါဝင်ထားတာပါ။ Jisoo ဟာ အဲ့ဒီ့ဒရာမာထဲမှာ 2NE1 ရဲ့ Sandara Park ၊ WINNER ရဲ့ Seungyoon တို့နဲ့အတူတူ သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

နာမည်ကြီးအဖွဲ့တွေရဲ့ music video တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ ၂၀၁၄ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ EPIK HIGH အဖွဲ့ရဲ့ Spoiler + Happy Ending ဆိုတဲ့ MV ထဲမှာ သရုပ်ဆောင်ခဲ့သလို HI SUHYUN ရဲ့ ပွဲဦးထွက် MV ” I’m Different “ထဲမှာလည်း iKON အဖွဲ့က Bobby နဲ့အတူတူ သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါတင်မက Jisoo ဟာ သူမရဲ့လင်းလက်တောက်ပတဲ့ ကိုယ်ရောင်ရှိန်ဝါနဲ့ ကျော့ရှင်းတဲ့အလှတို့ကြောင့် ယူနီဖောင်းဝတ်စုံကြော်ငြာတွေမှာပါ သရုပ်ဆောင်ခဲ့ရပါသေးတယ်။

Jennie
Photo via koreaboo

BLACKPINK အဖွဲ့ဝင်တွေထဲမှာတော့ Jennie ဟာ ဂီတနဲ့ပတ်သက်တဲ့ အလုပ်တွေ အများဆုံး လုပ်ခဲ့ဖူးတဲ့ ထရိန်နီတစ်ယောက် ဖြစ်ခဲ့တာပါ။ သူမဟာ G-Dragon ရဲ့ That XX ဆိုတဲ့ music video ထဲမှာ သရုပ်ဆောင်ခဲ့ဖူးသလို G-Dragon ရဲ့ Black ဆိုတဲ့သီချင်းနဲ့ Seungri ရဲ့ GG BE ဆိုတဲ့သီချင်းတွေမှာလည်း featuring အနေနဲ့ ပါဝင်သီဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် သူမ ထရိန်နီဘဝတုန်းက အဆိုပိုင်းနဲ့ ရက်ပ်ပိုင်းကို အစွမ်းပြထားတဲ့ ဗွီဒီယိုတစ်ခုကို ကြည့်လိုက်ရင်လည်း သူမရဲ့ဂီတစွမ်းရည်ကို အထင်းသား မြင်ရမှာ ဖြစ်ပါတယ်။ Jennie ဟာ အဲ့ဒီ့အချိန်တုန်းက YG ရဲ့ နာမည်ကြီး ထရိန်နီတစ်ယောက်လည်း ဖြစ်ခဲ့တာပါ။

Rosé
Photo via koreaboo

G-Dragon ရဲ့သီချင်းထဲမှာ featuring ဝင်ဆိုဖူးတာ Jennie တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ Rosé ဟာလည်း GD ရဲ့ EP အခွေ One of a Kind ထဲက Without You ဆိုတဲ့သီချင်းထဲမှာ featuring ဝင်ဆိုပြီး main vocals တစ်ယောက်ဖြစ်လာမယ့်အကြောင်း သက်သေပြထားဖူးပါသေးတယ်။

Lisa
Photo via koreaboo

အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Lisa ကတော့ ထရိန်နီဘဝမှာ Taeyang ရဲ့ music video ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ Ringa Linga လို့ခေါ်တဲ့ MV ထဲမှာ ပါဝင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သေချာကြည့်မှ သူမ ပါဝင်ထားတဲ့အခန်းကို မြင်ရမယ်ဆိုပေမယ့် Lisa ရဲ့ထုံးစံအတိုင်းပဲ အမိုက်စားကကွက်ကိုတော့ ကပြသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် YG Entertainment က ထုတ်လုပ်တဲ့ NONAGON ဆိုတဲ့ အဝတ်အထည် brand အတွက်လည်း မော်ဒယ်လ် လုပ်ပေးခဲ့ဖူးပါသေးတယ်။

Photo: blackpinkofficial/ Instagram

BLACKPINK အဖွဲ့ဟာ ထရိန်နီဘဝမှာတည်းက နာမည်ကြီးတဲ့ အဖွဲ့လိုက် အကလေ့ကျင့်တဲ့ ဗွီဒီယိုတစ်ခုကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ အဆိုပါ အကလေ့ကျင့်တဲ့ ဗွီဒီယိုကိုတော့ သူတို့ပွဲမထွက်ခင် တစ်လလောက်အလို ၂၀၁၆ခုနှစ် ဇူလိုင်လမှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒါကို ကြည့်လိုက်ရင်ပဲ သူတို့ဟာ အေဂျင်စီတိုင်းက ပွဲထုတ်ချင်မယ့် Idol တွေဆိုတာ အသေအချာ မြင်ရမှာပါ။

အောက်သက်ကြေခဲ့တဲ့ BLACKPINK အနေနဲ့ လက်ရှိမှာ အောင်မြင်မှုများစွာကို ရရှိနေသလို ရှေ့လာမယ့်အနာဂတ်မှာလည်း အခုထက်ပိုတဲ့ အောင်မြင်မှုတွေကို ဆက်တိုက် ရရှိသွားပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Glasgow
(Zawgyi Version)

BLACKPINK အဖြဲ႕ဟာ ယခုဆိုရင္ အေအာင္ျမင္ဆုံး ေကေပါ့ပ္အဖြဲ႕ေတြထဲမွာ ပါဝင္ေနပါၿပီ။ သို႔ေပမယ့္ သူတို႔ဟာလည္း တစ္ခ်ိန္တုန္းကေတာ့ ထရိန္နီေတြအျဖစ္နဲ႔ ဘဝစခဲ့ရသူေတြ ျဖစ္ပါတယ္။ Jisoo ၊ Jennie ၊ Rosé နဲ႔ Lisa တို႔ဟာ YG Entertainment ရဲ႕လက္ေအာက္မွာ ႏွစ္နဲ႔ခ်ီၿပီး ထရိန္နီေတြအျဖစ္ ေလ့က်င့္ခဲ့ရပါတယ္။ သူတို႔ေလ့က်င့္ခဲ့ရတဲ့ ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြေၾကာင့္ ဒီေန႔မွာ ဒီလိုေအာင္ျမင္တဲ့ ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕အျဖစ္ ရပ္တည္ေနႏိုင္တယ္ဆိုရင္လည္း မမွားပါဘူး။ ဒါေၾကာင့္ BLACKPINK အဖြဲ႕အျဖစ္ ပြဲမထြက္ခင္က အဖြဲ႕ဝင္တစ္ဦးခ်င္းစီ လုပ္ခဲ့ရတဲ့ အလုပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Jisoo
Photo via koreaboo

Jisoo ဟာ BLACKPINK အဖြဲ႕ရဲ႕ မင္းသမီးလို႔ တင္စားႏိုင္သူပါ။ အေၾကာင္းကေတာ့ သူမဟာ ပြဲမထြက္ခင္က ေၾကာ္ျငာေပါင္းမ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးလို႔ပါပဲ။ Naver ၊ Samsonite ၊ LG အစရွိတဲ့ အမွတ္တံဆိပ္မ်ားစြာအတြက္ ေၾကာ္ျငာေပါင္းမ်ားစြာကို သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ေၾကာ္ျငာဘုရင္မေလးတစ္ပါး ျဖစ္ပါတယ္။ iKON အဖြဲ႕နဲ႔အတူ သ႐ုပ္ေဆာင္ထားတဲ့ LG ဖုန္းေၾကာ္ျငာတစ္ခုဆိုရင္လည္း ေတာ္ေတာ္ေလးကို ေပါက္သြားခဲ့ဖူးပါေသးတယ္။

ဒါ့အျပင္ နာမည္ေက်ာ္စတားေတြ အမ်ားႀကီး ပါဝင္ခဲ့ၾကတဲ့ ဒရာမာတစ္ခုထဲမွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ဖူးပါေသးတယ္။ အဲ့ဒီ့ဒရာမာကေတာ့ The Producers လို႔အမည္ရၿပီး Gong Hyo Jin ၊ IU ၊ Kim Soo Hyun နဲ႔ Cha Tae Hyun တို႔က ေခါင္းေဆာင္ပါဝင္ထားတာပါ။ Jisoo ဟာ အဲ့ဒီ့ဒရာမာထဲမွာ 2NE1 ရဲ႕ Sandara Park ၊ WINNER ရဲ႕ Seungyoon တို႔နဲ႔အတူတူ သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။

နာမည္ႀကီးအဖြဲ႕ေတြရဲ႕ music video ေတြထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါေသးတယ္။ ၂၀၁၄ခုႏွစ္ေလာက္က ထြက္ရွိခဲ့တဲ့ EPIK HIGH အဖြဲ႕ရဲ႕ Spoiler + Happy Ending ဆိုတဲ့ MV ထဲမွာ သ႐ုပ္ေဆာင္ခဲ့သလို HI SUHYUN ရဲ႕ ပြဲဦးထြက္ MV ” I’m Different “ထဲမွာလည္း iKON အဖြဲ႕က Bobby နဲ႔အတူတူ သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

ဒါတင္မက Jisoo ဟာ သူမရဲ႕လင္းလက္ေတာက္ပတဲ့ ကိုယ္ေရာင္ရွိန္ဝါနဲ႔ ေက်ာ့ရွင္းတဲ့အလွတို႔ေၾကာင့္ ယူနီေဖာင္းဝတ္စုံေၾကာ္ျငာေတြမွာပါ သ႐ုပ္ေဆာင္ခဲ့ရပါေသးတယ္။

Jennie
Photo via koreaboo

BLACKPINK အဖြဲ႕ဝင္ေတြထဲမွာေတာ့ Jennie ဟာ ဂီတနဲ႔ပတ္သက္တဲ့ အလုပ္ေတြ အမ်ားဆုံး လုပ္ခဲ့ဖူးတဲ့ ထရိန္နီတစ္ေယာက္ ျဖစ္ခဲ့တာပါ။ သူမဟာ G-Dragon ရဲ႕ That XX ဆိုတဲ့ music video ထဲမွာ သ႐ုပ္ေဆာင္ခဲ့ဖူးသလို G-Dragon ရဲ႕ Black ဆိုတဲ့သီခ်င္းနဲ႔ Seungri ရဲ႕ GG BE ဆိုတဲ့သီခ်င္းေတြမွာလည္း featuring အေနနဲ႔ ပါဝင္သီဆိုခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူမ ထရိန္နီဘဝတုန္းက အဆိုပိုင္းနဲ႔ ရက္ပ္ပိုင္းကို အစြမ္းျပထားတဲ့ ဗြီဒီယိုတစ္ခုကို ၾကည့္လိုက္ရင္လည္း သူမရဲ႕ဂီတစြမ္းရည္ကို အထင္းသား ျမင္ရမွာ ျဖစ္ပါတယ္။ Jennie ဟာ အဲ့ဒီ့အခ်ိန္တုန္းက YG ရဲ႕ နာမည္ႀကီး ထရိန္နီတစ္ေယာက္လည္း ျဖစ္ခဲ့တာပါ။

Rosé
Photo via koreaboo

G-Dragon ရဲ႕သီခ်င္းထဲမွာ featuring ဝင္ဆိုဖူးတာ Jennie တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ Rosé ဟာလည္း GD ရဲ႕ EP အေခြ One of a Kind ထဲက Without You ဆိုတဲ့သီခ်င္းထဲမွာ featuring ဝင္ဆိုၿပီး main vocals တစ္ေယာက္ျဖစ္လာမယ့္အေၾကာင္း သက္ေသျပထားဖူးပါေသးတယ္။

Lisa
Photo via koreaboo

အငယ္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့ Lisa ကေတာ့ ထရိန္နီဘဝမွာ Taeyang ရဲ႕ music video ထဲမွာ ပါဝင္ခဲ့ဖူးပါတယ္။ Ringa Linga လို႔ေခၚတဲ့ MV ထဲမွာ ပါဝင္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ေသခ်ာၾကည့္မွ သူမ ပါဝင္ထားတဲ့အခန္းကို ျမင္ရမယ္ဆိုေပမယ့္ Lisa ရဲ႕ထုံးစံအတိုင္းပဲ အမိုက္စားကကြက္ကိုေတာ့ ကျပသြားတာကို ေတြ႕ရပါလိမ့္မယ္။ ဒါ့အျပင္ YG Entertainment က ထုတ္လုပ္တဲ့ NONAGON ဆိုတဲ့ အဝတ္အထည္ brand အတြက္လည္း ေမာ္ဒယ္လ္ လုပ္ေပးခဲ့ဖူးပါေသးတယ္။

Photo: blackpinkofficial/ Instagram

BLACKPINK အဖြဲ႕ဟာ ထရိန္နီဘဝမွာတည္းက နာမည္ႀကီးတဲ့ အဖြဲ႕လိုက္ အကေလ့က်င့္တဲ့ ဗြီဒီယိုတစ္ခုကို ပိုင္ဆိုင္ထားၾကသူေတြ ျဖစ္ပါတယ္။ အဆိုပါ အကေလ့က်င့္တဲ့ ဗြီဒီယိုကိုေတာ့ သူတို႔ပြဲမထြက္ခင္ တစ္လေလာက္အလို ၂၀၁၆ခုႏွစ္ ဇူလိုင္လမွာ ထုတ္လႊင့္ခဲ့ပါတယ္။ အဲ့ဒါကို ၾကည့္လိုက္ရင္ပဲ သူတို႔ဟာ ေအဂ်င္စီတိုင္းက ပြဲထုတ္ခ်င္မယ့္ Idol ေတြဆိုတာ အေသအခ်ာ ျမင္ရမွာပါ။

ေအာက္သက္ေၾကခဲ့တဲ့ BLACKPINK အေနနဲ႔ လက္ရွိမွာ ေအာင္ျမင္မႈမ်ားစြာကို ရရွိေနသလို ေရွ႕လာမယ့္အနာဂတ္မွာလည္း အခုထက္ပိုတဲ့ ေအာင္ျမင္မႈေတြကို ဆက္တိုက္ ရရွိသြားပါေစလို႔ ဆုေတာင္းလိုက္ရပါတယ္။

Glasgow
RELATED ARTICLES

Most Popular