HomeEntertainmentFilmAmazon Prime မှာ Streaming ကြည့်လို့ရနေပြီ ဖြစ်တဲ့ Cocaine Bear ရုပ်ရှင်

Amazon Prime မှာ Streaming ကြည့်လို့ရနေပြီ ဖြစ်တဲ့ Cocaine Bear ရုပ်ရှင်

လက်ရှိမှာ Hit ဖြစ်နေတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Cocaine Bear ရုပ်ရှင်ကိုတော့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှာ စတင်ရုံပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ရုံတင်တာ နှစ်ပတ်လောက်သာ ရှိသေးပေမယ့်လည်း Box Office မှာတော့ ဒေါ်လာ (၆၆)သန်းကျော် ဝင်ငွေရရှိနေပါပြီ။ ဒီရုပ်ရှင်ဟာ Low Budget ရုပ်ရှင် ဖြစ်ပြီး ဒေါ်လာ(၃၅)သန်းလောက်သာ အသုံးပြုထားတာကြောင့် နှစ်ပတ်အတွင်းမှာ (၆၆)သန်း ပြန်လည်ရရှိထားတာဟာ ကောင်းမွန်တဲ့ ပမာဏတစ်ခုပဲ ဖြစ်ပါတယ်။

photo credit Universal Pictures

ယခုဆိုရင်တော့ Cocaine Bear ရုပ်ရှင်ကို Amazon Prime Video မှာ အခကြေးငွေနဲ့ ကြည့်ရှုလို့ ရနေပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို Amazon Prime Video ကနေ ငှားကြည့်မယ်ဆိုရင်တော့ (၁၉.၉၉)ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး အပိုင်ဝယ်ကြည့်မယ် ဆိုရင်တော့ (၂၄.၉၉)ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ အခြားသော နာမည်ကြီး Streaming Platform တွေဖြစ်တဲ့ Apple TV+ နဲ့ Peacock တို့မှာလည်း မကြာခင်မှာ ပြသသွားဦးမယ်လို့ သိရပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ Peacock ဟာ M3GAN ရဲ့ ရုပ်ရှင်ရုံပေါ်က ဗားရှင်းထက် ပိုကြမ်းတဲ့ Unrated ဗားရှင်းကို ပြသနေတာကြောင့် Cocaine Bear ရုပ်ရှင်ကိုလည်း အလားတူပဲ ပြသသွားနိုင်ပါတယ်။ ရုပ်ရှင်တွေအများစုကတော့ ရုံတင်ပြသမယ့်အချိန်မှာ ကြည့်ရှုမယ့် ပရိသတ်ပိုမိုများပြားစေဖို့အတွက် PG-13 Rating ရအောင် ဇာတ်ဝင်ခန်းအချို့ကို ပြုပြင်ပြီး ဖြတ်တောက်တာမျိူး လုပ်ကြရပါတယ်။ Cocaine Bear ကိုလည်း ဒီလို Unrated ဗားရှင်းမျိူး မြင်တွေ့ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Cocaine Bear ရုပ်ရှင်ဟာလည်း M3GAN လိုမျိူးပဲ Horror ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပြီး အခကြေးငွေ ပေးစရာမလိုတော့ဘဲ Stream ပြုလုပ်နိုင်မယ့် အချိန်ကျရင်တော့ ဒီရုပ်ရှင်ဟာလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ Meme တွေနဲ့ စိုးမိုးသွားဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ရဲ့ Review တွေနဲ့ Box Office အောင်မြင်မှုတွေကြောင့် အနည်းဆုံးတော့ ကြည့်ရှုသူတွေအတွက် Fun ဖြစ်စေတဲ့ အတွေ့အကြုံကိုတော့ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular