HomeCelebs Update NewsKoreaK-pop Idol တစ်ယောက်ရဲ့ ရုန်းကန်ရမှုတွေနဲ့ Sulli ကွယ်လွန်မှုအပေါ် ရင်ဖွင့်လာတဲ့ Amber

K-pop Idol တစ်ယောက်ရဲ့ ရုန်းကန်ရမှုတွေနဲ့ Sulli ကွယ်လွန်မှုအပေါ် ရင်ဖွင့်လာတဲ့ Amber

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Amber ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ f(x)အဖွဲ့နဲ့ ပရိုမုတ်လုပ်ခဲ့တုန်းက အတွေ့အကြုံတွေနဲ့ Idol တစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေ၊ အခက်အခဲတွေကို ပြောပြခဲ့သလို Sulli ကွယ်လွန်မှုနဲ့ ပတ်သက်ပြီးတော့လည်း ရင်ဖွင့်ခဲ့ပါတယ်။

ကိုရီးယားဖျော်ဖြေရေးလောကမှာ Idol  တစ်ယောက် ဖြစ်ရတာဟာ အစပိုင်းမှာ ပျော်ရွှင်စရာကောင်းပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကြမ်းတမ်းခက်ခဲမှုတွေက ဝင်ရောက်လာခဲ့တယ်လို့ Amber က ဆိုပါတယ်။

“Idol တစ်ယောက်ဖြစ်ရတာ အစပိုင်းမှာတော့ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အထီးကျန်မှုတွေရော၊ တစ်ခြားကိစ္စတွေရောက ဝင်လာကြပါတယ်… ”

ဒါ့အပြင် အလုပ်တွေကို မရပ်မနား လုပ်ရတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ “ပုံမှန်လည်ပတ်နေရတဲ့ပုံစံက မနက်ဆို အိပ်ရာက ထမယ်။ အလုပ်ဆီသွားမယ်။ အဲ့ဒီ့အလုပ်ပြီးရင် ကားထဲပြန်ဝင်ပြီး အိပ်ပြီးလိုက်သွားမယ်။ ပြီးတော့ နောက်အလုပ်တစ်ခုဆီကို သွားရမယ်။ ဒီလိုပဲ အမြဲလည်ပတ်နေရတယ်။ အဲ့လိုနေ့စဉ်ဘဝကနေ ရုန်းထွက်လို့ မရနိုင်ကြပါဘူး… ” လို့ Amber က ပြောထားပါတယ်။

Photo: ajol_llama/ Instagram

“ရိုးရိုးသားသား ဝန်ခံရရင် ကျွန်မတို့က ဂီတအကြောင်းထက် diet အကြောင်းကို ပိုပြောကြပါတယ်။ ကျွန်မတို့က အငတ်ခံရမယ်ဆိုပြီး သင်ခဲ့ကြရတာပါ…” လို့လည်း ပြောလာပါသေးတယ်။ ကိုရီးယားဖျော်ဖြေရေးလောကမှာတော့ Idol တစ်ယောက်ဖြစ်ဖို့ဟာ အရည်အချင်းတွေ ရှိနေရုံတင်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာမှာလည်း သတ်မှတ်ချက်၊ စံတွေနဲ့အညီ ဖြစ်နေဖို့ ပြင်းပြင်းထန်ထန် အစားအသောက် လျှော့ရတာတွေ ရှိပါတယ်။ Amber ဆိုရင်တော့ တစ်ခါတစ်လေမှာ တစ်နေ့လုံးနေမှ ကိုကာကိုလာတစ်ဘူးပဲ သောက်ရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့လည်း ဆိုထားပါတယ်။

Amber ဟာ သူမရဲ့ယောက်ျားလေးဆန်တဲ့ သွင်ပြင်နဲ့ အသားအရောင်တွေကြောင့် အဆိုးမြင်ကွန်းမန့်တွေလည်း ရရှိဖူးသူ ဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေဟာလည်း သူမအပေါ် အနည်းနဲ့အများဆိုသလို သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီ့ကွန်းမန့်တွေက ကျွန်မကို တကယ်နာကျင်စေမှန်း သဘောမပေါက်ခဲ့ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင် ကျွန်မကပိုပြီး ပွင့်ပွင့်လင်းလင်း နေဖြစ်လာတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မအတွက် အများကြီး စိတ်ပိုင်းဆိုင်ရာမှာ အကူအညီတွေ ရခဲ့ပါတယ်…” လို့ ဆိုပါတယ်။

Amber ဟာ သူမအပေါ် အဆိုးမြင်ဝေဖန်မှုတွေကြောင့် ပလတ်စတစ်ဆာဂျာရီ လုပ်ဖို့အထိ စဉ်းစားခဲ့ဖူးပေမယ့် Krystal ရဲ့ အားပေးမှုကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာခဲ့တယ်လို့ ဆိုပါတယ်။

Photo: ajol_llama/ Instagram

“ကျွန်မ တကယ်ပဲ ပလတ်စတစ်ဆာဂျာရီလုပ်ဖို့ လိုအပ်ပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ Krystal က ကျွန်မကို ဒီအခက်အခဲကြီးကနေ ကူညီပေးခဲ့တယ်။  Amber ရယ် … နင် ဒါလုပ်ဖို့ မလိုပါဘူးဆိုပြီး ပြောပေးခဲ့တယ်။ သူပြောပေးခဲ့လို့ပေါ့။ ကျွန်မတို့ဘဝတွေက အဲ့သလိုပါပဲ။ ကျွန်မတို့အတွက် တကယ်မလိုအပ်တဲ့အရာတွေကို လိုအပ်နေတဲ့ပုံစံမျိုး အပြောခံပြီး နေထိုင်ကြရပါတယ်… ” လို့ ရင်ဖွင့်ထားတာပါ။

Sulli ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ပြောပြရာမှာတော့ “အဲ့ကိစ္စက အရမ်းကိုခက်ခဲခဲ့ပါတယ်။ ကျွန်မ အရမ်းဒေါသထွက်ခဲ့ရတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုပေါ့။ ဘာလို့ဆို အဲ့ဒီ့ကိစ္စမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ကျွန်မ Sulli နဲ့ စကားပြောဖြစ်တယ်။ ပြောပြီး သိပ်မကြာဘူး။ သူ ဒီလိုဖြစ်သွားတယ်ဆိုတော့ … ငါသာ နောက်ထပ်စာတစ်စောင်ဖြစ်ဖြစ် ထပ်ပို့လိုက်မိခဲ့ရင် ဘယ်လိုများ ဖြစ်သွားမလည်းဆိုတာမျိုးပေါ့ …” လို့ မချိတင်ကဲ ရင်ဖွင့်လာပါတယ်။

Photo: ajol_llama/ Instagram

“တကယ်တမ်းမှာ Sulli က အဲ့လိုမျိုး သူ့ကိုယ်သူ အဖြစ်ခံမယ့်သူမျိုး မဟုတ်ပါဘူး။ ဓားတွေ၊တုတ်တွေကသာ ကျွန်မတို့အရိုးကို ချိုးချင်ချိုးနိုင်မယ်။ စကားလုံးနဲ့ကတော့ ကျွန်မတို့ကို လုံးဝချိုးဖျက်လို့ မရနိုင်ဘူးလို့ သင်ခဲ့ကြရတာလေ… ဒါပေမယ့် တကယ်တမ်းမှာ စကားလုံးတွေကလည်း နာကျင်စေနိုင်ပါတယ်။ တကယ်ကြီး တုတ်နဲ့လာရိုက်သလို၊ ဓားနဲ့လာခုတ်သလို နာကျင်စေပါတယ်…” လို့ ပြောထားပါတယ်။

LaNina

(Zawgyi Version)

Amber ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ People မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ f(x)အဖြဲ႕နဲ႔ ပ႐ိုမုတ္လုပ္ခဲ့တုန္းက အေတြ႕အႀကဳံေတြနဲ႔ Idol တစ္ေယာက္ရဲ႕ ျဖတ္သန္းမႈေတြ၊ အခက္အခဲေတြကို ေျပာျပခဲ့သလို Sulli ကြယ္လြန္မႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ရင္ဖြင့္ခဲ့ပါတယ္။

ကိုရီးယားေဖ်ာ္ေျဖေရးေလာကမွာ Idol  တစ္ေယာက္ ျဖစ္ရတာဟာ အစပိုင္းမွာ ေပ်ာ္႐ႊင္စရာေကာင္းေပမယ့္ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ ၾကမ္းတမ္းခက္ခဲမႈေတြက ဝင္ေရာက္လာခဲ့တယ္လို႔ Amber က ဆိုပါတယ္။

“Idol တစ္ေယာက္ျဖစ္ရတာ အစပိုင္းမွာေတာ့ ေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ အထီးက်န္မႈေတြေရာ၊ တစ္ျခားကိစၥေတြေရာက ဝင္လာၾကပါတယ္… ”

ဒါ့အျပင္ အလုပ္ေတြကို မရပ္မနား လုပ္ရတဲ့အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။ “ပုံမွန္လည္ပတ္ေနရတဲ့ပုံစံက မနက္ဆို အိပ္ရာက ထမယ္။ အလုပ္ဆီသြားမယ္။ အဲ့ဒီ့အလုပ္ၿပီးရင္ ကားထဲျပန္ဝင္ၿပီး အိပ္ၿပီးလိုက္သြားမယ္။ ၿပီးေတာ့ ေနာက္အလုပ္တစ္ခုဆီကို သြားရမယ္။ ဒီလိုပဲ အၿမဲလည္ပတ္ေနရတယ္။ အဲ့လိုေန႔စဥ္ဘဝကေန ႐ုန္းထြက္လို႔ မရႏိုင္ၾကပါဘူး… ” လို႔ Amber က ေျပာထားပါတယ္။

Photo: ajol_llama/ Instagram

“႐ိုး႐ိုးသားသား ဝန္ခံရရင္ ကြၽန္မတို႔က ဂီတအေၾကာင္းထက္ diet အေၾကာင္းကို ပိုေျပာၾကပါတယ္။ ကြၽန္မတို႔က အငတ္ခံရမယ္ဆိုၿပီး သင္ခဲ့ၾကရတာပါ…” လို႔လည္း ေျပာလာပါေသးတယ္။ ကိုရီးယားေဖ်ာ္ေျဖေရးေလာကမွာေတာ့ Idol တစ္ေယာက္ျဖစ္ဖို႔ဟာ အရည္အခ်င္းေတြ ရွိေန႐ုံတင္မဟုတ္ဘဲ ႐ုပ္ပိုင္းဆိုင္ရာမွာလည္း သတ္မွတ္ခ်က္၊ စံေတြနဲ႔အညီ ျဖစ္ေနဖို႔ ျပင္းျပင္းထန္ထန္ အစားအေသာက္ ေလွ်ာ့ရတာေတြ ရွိပါတယ္။ Amber ဆိုရင္ေတာ့ တစ္ခါတစ္ေလမွာ တစ္ေန႔လုံးေနမွ ကိုကာကိုလာတစ္ဘူးပဲ ေသာက္ရတဲ့အထိ ျဖစ္ခဲ့ဖူးတယ္လို႔လည္း ဆိုထားပါတယ္။

Amber ဟာ သူမရဲ႕ေယာက္်ားေလးဆန္တဲ့ သြင္ျပင္နဲ႔ အသားအေရာင္ေတြေၾကာင့္ အဆိုးျမင္ကြန္းမန႔္ေတြလည္း ရရွိဖူးသူ ျဖစ္ပါတယ္။ ဒီေဝဖန္မႈေတြဟာလည္း သူမအေပၚ အနည္းနဲ႔အမ်ားဆိုသလို သက္ေရာက္မႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

“အဲ့ဒီ့ကြန္းမန႔္ေတြက ကြၽန္မကို တကယ္နာက်င္ေစမွန္း သေဘာမေပါက္ခဲ့ဘူး။ ဒါေပမယ့္ သူငယ္ခ်င္းေတြနဲ႔ဆိုရင္ ကြၽန္မကပိုၿပီး ပြင့္ပြင့္လင္းလင္း ေနျဖစ္လာတယ္။ အဲ့ဒါေၾကာင့္ပဲ ကြၽန္မအတြက္ အမ်ားႀကီး စိတ္ပိုင္းဆိုင္ရာမွာ အကူအညီေတြ ရခဲ့ပါတယ္…” လို႔ ဆိုပါတယ္။

Amber ဟာ သူမအေပၚ အဆိုးျမင္ေဝဖန္မႈေတြေၾကာင့္ ပလတ္စတစ္ဆာဂ်ာရီ လုပ္ဖို႔အထိ စဥ္းစားခဲ့ဖူးေပမယ့္ Krystal ရဲ႕ အားေပးမႈေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိလာခဲ့တယ္လို႔ ဆိုပါတယ္။

Photo: ajol_llama/ Instagram

“ကြၽန္မ တကယ္ပဲ ပလတ္စတစ္ဆာဂ်ာရီလုပ္ဖို႔ လိုအပ္ၿပီလို႔ ထင္ခဲ့တာ။ ဒါေပမယ့္ ကံေကာင္းစြာနဲ႔ပဲ Krystal က ကြၽန္မကို ဒီအခက္အခဲႀကီးကေန ကူညီေပးခဲ့တယ္။  Amber ရယ္ … နင္ ဒါလုပ္ဖို႔ မလိုပါဘူးဆိုၿပီး ေျပာေပးခဲ့တယ္။ သူေျပာေပးခဲ့လို႔ေပါ့။ ကြၽန္မတို႔ဘဝေတြက အဲ့သလိုပါပဲ။ ကြၽန္မတို႔အတြက္ တကယ္မလိုအပ္တဲ့အရာေတြကို လိုအပ္ေနတဲ့ပုံစံမ်ိဳး အေျပာခံၿပီး ေနထိုင္ၾကရပါတယ္… ” လို႔ ရင္ဖြင့္ထားတာပါ။

Sulli ကြယ္လြန္မႈနဲ႔ ပတ္သက္ၿပီး ေျပာျပရာမွာေတာ့ “အဲ့ကိစၥက အရမ္းကိုခက္ခဲခဲ့ပါတယ္။ ကြၽန္မ အရမ္းေဒါသထြက္ခဲ့ရတယ္။ အဓိကကေတာ့ ကိုယ့္ကိုယ္ကိုေပါ့။ ဘာလို႔ဆို အဲ့ဒီ့ကိစၥမတိုင္ခင္ ရက္သတၱပတ္အနည္းငယ္အလိုမွာ ကြၽန္မ Sulli နဲ႔ စကားေျပာျဖစ္တယ္။ ေျပာၿပီး သိပ္မၾကာဘူး။ သူ ဒီလိုျဖစ္သြားတယ္ဆိုေတာ့ … ငါသာ ေနာက္ထပ္စာတစ္ေစာင္ျဖစ္ျဖစ္ ထပ္ပို႔လိုက္မိခဲ့ရင္ ဘယ္လိုမ်ား ျဖစ္သြားမလည္းဆိုတာမ်ိဳးေပါ့ …” လို႔ မခ်ိတင္ကဲ ရင္ဖြင့္လာပါတယ္။

Photo: ajol_llama/ Instagram

“တကယ္တမ္းမွာ Sulli က အဲ့လိုမ်ိဳး သူ႔ကိုယ္သူ အျဖစ္ခံမယ့္သူမ်ိဳး မဟုတ္ပါဘူး။ ဓားေတြ၊တုတ္ေတြကသာ ကြၽန္မတို႔အ႐ိုးကို ခ်ိဳးခ်င္ခ်ိဳးႏိုင္မယ္။ စကားလုံးနဲ႔ကေတာ့ ကြၽန္မတို႔ကို လုံးဝခ်ိဳးဖ်က္လို႔ မရႏိုင္ဘူးလို႔ သင္ခဲ့ၾကရတာေလ… ဒါေပမယ့္ တကယ္တမ္းမွာ စကားလုံးေတြကလည္း နာက်င္ေစႏိုင္ပါတယ္။ တကယ္ႀကီး တုတ္နဲ႔လာ႐ိုက္သလို၊ ဓားနဲ႔လာခုတ္သလို နာက်င္ေစပါတယ္…” လို႔ ေျပာထားပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular