HomeAnimeပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဟာသ Anime ဇာတ်လမ်းတွဲများ

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဟာသ Anime ဇာတ်လမ်းတွဲများ

Anime တွေကတော့ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ တဖြည်းဖြည်း ပိုမိုအောင်မြင်လာပါတယ်။ မြန်မာနိုင်ငံမှာတောင် တဖြည်းဖြည်းနဲ့ Anime ဇာတ်ကောင်တွေကို Cosplay ပြုလုပ်ကြသူတွေ များပြားလာတာကတော့ ဒီအချက်ရဲ့ သက်သေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime ပရိသတ်တွေအတွက် ဇာတ်လမ်းအမျိူးအစား များစွာထဲက ရယ်ရယ်မောမော ကြည့်ရှုရမယ့် ဟာသ Anime တချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Oresuki: Are You the Only One Who Likes Me?

photo via screenrant

ဒီ Anime ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား တစ်ယောက်ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမျှော်လင့်ထားတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ သူကြိုက်တဲ့ ကောင်မလေးတွေကတော့ တခြားသူတွေနဲ့ တွဲသွားကြပြီး သူမုန်းတဲ့ ကောင်မလေးက သူ့ကိုရည်းစားစကား လာပြောတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာ ကြည့်ရှုရမှာပါ။

(6) Golden Time

photo via screenrant

ဒီ Anime ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဥပဒေကျောင်းသား တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အတိတ်မေ့သွားရာက စတင်ပါတယ်။ ဒါကြောင့်ပဲ သူဟာ အတိတ်က သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်သတိရဖို့ ကြိုးစားနေရင်း လူမှုဆက်ဆံရေးပိုင်းမှာလည်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။

(5) The Devil is a Part-Timer!

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ရှိတာဖြစ်ပြီး IMDb (7.7) ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ မကောင်းဆိုးဝါးဘုရင် အကြောင်းကို ဟာသဆန်ဆန် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီမကောင်းဆိုးဝါးဘုရင်နဲ့ သူ့ရဲ့လက်အောက်ငယ်သားတို့ဟာ အကြောင်းတစ်ခုကြောင့် ယနေ့ခေတ် တိုကျိုမြို့ကို ရောက်လာကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ အရင်ခေတ်ဆီ ပြန်သွားဖို့ မှော်အစွမ်းမရှိတော့ဘဲ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်ရပါတော့တယ်။

(4) Grand Blue

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသား တစ်ယောက်ဟာ ပင်လယ်ကမ်းခြေမြို့လေးကို ကျောင်းတက်ဖို့ လာရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သူငယ်ချင်းအသစ်တွေ ရသွားပြီးတော့ အပိုင်းတိုင်းမှာ ပါးစပ်မပိတ်ရအောင်ကို ရယ်မောရမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

(3) Konosuba: God’s Blessing on this Wonderful World!!

photo via screenrant

ဒီ Anime ကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kazuma ဟာ တခြားလူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ သူကိုယ်တိုင်ကတော့ သေဆုံးသွားခဲ့ပါတယ်။ (အနည်းဆုံးတော့ သူက အဲဒီလိုထင်ခဲ့တာပါပဲ။) သူ သေဆုံးသွားပြီးတဲ့နောက်မှာ နတ်ဘုရားမတစ်ယောက်ဟာ သူ့ကို မှော်ဆန်တဲ့ ကမ္ဘာကြီးမှာ နောက်တစ်ကြိမ် အသက်ပြန်လည် ရှင်နိုင်ဖို့အတွက် အခွင့်အရေးပေးခဲ့ပါတယ်။

(2) Hi Score Girl

photo via screenrant

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၉၁ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး ဂိမ်းတွေဆော့ရတာ သဘောကျတဲ့ ကလေးနှစ်ယောက်ရဲ့ ကြည်နူးဖွယ် ဇာတ်လမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဟာ ကလေးတွေပဲ ရှိသေးတာကြောင့် Romantic ဆန်တာထက် အလွဲတွေ ဖြစ်နေတာကို မြင်တွေ့ရမှာပါ။

(1) Komi Can’t Communicate

photo via screenrant

ဒီ Anime ကတော့ ၂၀၂၁ ခုနှစ်မှ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရှက်ကြောက်တတ်တဲ့ Komi ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမဟာ ရှက်ကြောက်တတ်တဲ့ အကျင့်ကြောင့်ပဲ လူမှုဆက်ဆံရေးလည်း မကောင်းတာကြောင့် သူမရဲ့သူငယ်ချင်းတစ်ယောက်ဟာ သူမကို သူငယ်ချင်းတွေ ပိုမိုရရှိစေဖို့ ကူညီပေးပါတော့တယ်။

ဒါကတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသ anime ဇာတ်လမ်းတွဲလေးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ anime လေးတွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular