HomeAnimeYour Name ကို ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ Anime ကားကောင်းများ

Your Name ကို ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ Anime ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Your Name ဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး ဂျပန်နိုင်ငံရဲ့ ဒုတိယဝင်ငွေအကောင်းဆုံး Anime တစ်ကားလည်း ဖြစ်ပါတယ်။ ဒီ Anime ကိုတော့ ဒါရိုက်တာ Makoto Shinkai က ရိုက်ကူးထားပြီး ဇာတ်လမ်းကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Anime ပရိသတ်တွေအတွက် Your Name လိုမျိူး Anime ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Liz and the Blue Bird
photo via screenrant

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်း နောက်ဆုံးနှစ် တက်ရောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီကောင်မလေး နှစ်ယောက်လုံးဟာ ကျောင်းရဲ့ဂီတတီးဝိုင်းထဲမှာ ပါဝင်နေပြီး သူတို့ရဲ့နေ့ရက်တွေကို ပျော်ရွှင်ဖြတ်သန်းနေရင်း နောက်ပိုင်းမှာတော့ ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတာကို သိလိုက်ရပါတယ်။

(9) Patema Inverted
photo via screenrant

ဒီ Anime ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လူသားတွေဟာ မြေအောက်ထဲက ဥမင်လှိုဏ်ခေါင်းတွေမှာ နေထိုင်ကြပါတယ်။ တစ်ရက်မှာတော့ အဲ့ဒီမြေအောက်ထဲက ကောင်မလေးတစ်ယောက်ဟာ ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုတည်းမှာ ပိတ်မိသွားပြီး ကောင်လေးတစ်ယောက်ရဲ့ အကူအညီနဲ့ လွတ်မြောက်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(8) Weathering With You
photo via screenrant

ဒီ Anime ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ကျောင်းသားလေးတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အိမ်ကနေထွက်လာပြီး တိုကျိူမြို့မှာ လာရောက် နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ သူဟာ ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံမိသွားပါတော့တယ်။

(7) The Garden of Words
photo via screenrant

ဒီ Anime ကလည်း ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားကာ (၄၅)မိနစ်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထီးကျန်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ မနက်ပိုင်းတွေမှာ ကျောင်းမတက်ဘဲ သာယာလှပတဲ့ ပန်းခြံတစ်ခုကို လာလေ့ရှိပါတယ်။ အဲ့ဒီပန်းခြံမှာပဲ သူ့ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့ အမျိူးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ သံယောဇဉ်ဖြစ်သွားကြပြီး ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။

(6) 5 Centimeters Per Second
photo via screenrant

ဒီ Anime ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ သုံးပိုင်း ခွဲပြထားပြီးတော့ Takaki ဆိုတဲ့ ကောင်လေးရဲ့ဘဝအကြောင်းကို ဖော်ပြထားပါတယ်။Takaki မှာ ငယ်ငယ်တည်းက အတူဆော့နေကျ မိန်းကလေး သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမိန်းကလေးက အဝေးကို အိမ်ပြောင်းသွားပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ သံယောဇဉ် ရှိတာကြောင့် စာတွေ အမြဲပို့ဖြစ်ကြပါတယ်။ အဲ့ဒီ့နောက် တစစနဲ့ အရွယ်ရောက်လာတဲ့အခါ သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုတွေဟာ ဘာဖြစ်သွားမလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(5) The Girl Who Leapt Through Time
photo via screenrant

ဒီ Anime ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူ့ကိုယ်သူ အချိန်ခရီးသွားနိုင်စွမ်း ရှိနေတာကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဲ့ဒီစွမ်းရည်ကို အသုံးပြုပြီး သူမအတွက် ကောင်းကျိူးတွေ ရလာအောင် ပြုလုပ်နေရင်း အချိန်ခရီးသွားတာဟာ နောက်ဆက်တွဲ အကျိူးဆက်တွေ ရှိတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။

(4) Whisper of the Heart
photo via screenrant

ဒီ Anime ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စာဂျပိုးလေး Shizuku နဲ့ တယောပြုလုပ်သူ Seiji တို့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ကြည်နူးစရာလေးတွေနဲ့ ရယ်စရာလေးတွေကိုပါ ခံစားရမှာပါ။ ဒီဇာတ်လမ်းထဲမှာပါတဲ့ ကြောင်ရုပ်လေးအကြောင်းကို ၂၀၀၂ခုနှစ်မှာ The Cat Returns ဆိုပြီး spin-off အနေနဲ့လည်း ထပ်ထွက်ထားပါသေးတယ်။

(3) Wolf Children
photo via screenrant

ဒီ Anime ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hana ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဝံပုလွေလူသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲ့ဒီဝံပုလွေလူသား သေဆုံးသွားတဲ့အချိန်မှာတော့ သူမဟာ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို တစ်ကိုယ်တော်မိခင်အနေနဲ့ ပြုစုပျိူးထောင်ရပါတော့တယ်။

(2) The Disappearance of Haruhi Suzumiya
photo via screenrant

ဒီ Anime ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒီဇင်ဘာ (၁၆)ရက်နေ့မှာ သူငယ်ချင်းငါးယောက်ဟာ ခရစ်စမတ်ပါတီအတွက် ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်လည်း ဒီဇင်ဘာ (၁၈)ရက်နေ့မှာတော့ ထူးထူးဆန်းဆန်းပဲ Haruhi နဲ့ Itsuki တို့ နှစ်ယောက်ဟာ ပျောက်ဆုံးသွားကြပါတယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်မလည်း ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။

(1) A Silent Voice
photo via screenrant

ဒီ Anime ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နားမကြားတဲ့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ကို ကောင်လေးတစ်ယောက်က ကျောင်းမှာ လှောင်ပြောင် အနိုင်ကျင့်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီကောင်မလေးဟာ ကျောင်းပြောင်းသွားပါတယ်။ နှစ်တွေ ကြာသွားတဲ့အခါမှာတော့ သူမကို အရင်တုန်းက အနိုင်ကျင့်ခဲ့တဲ့ ကောင်လေးနဲ့ ပြန်လည် တွေ့ဆုံကြတဲ့အခါမှာတော့……။

ဒါကတော့ Your Name လို ဇာတ်လမ်းပုံစံချင်း ဆင်တူတဲ့ အချစ်ဇာတ်လမ်း anime ကောင်းလေးတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြား anime လေးတွေ ရှိရင်လည်း ပြန်လည် မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Your Name ဟာ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ ဒုတိယဝင္ေငြအေကာင္းဆုံး Anime တစ္ကားလည္း ျဖစ္ပါတယ္။ ဒီ Anime ကိုေတာ့ ဒါ႐ိုက္တာ Makoto Shinkai က ႐ိုက္ကူးထားၿပီး ဇာတ္လမ္းကေတာ့ သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Anime ပရိသတ္ေတြအတြက္ Your Name လိုမ်ိဴး Anime ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Liz and the Blue Bird
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အထက္တန္းေက်ာင္း ေနာက္ဆုံးႏွစ္ တက္ေရာက္ေနၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္အေၾကာင္းကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီေကာင္မေလး ႏွစ္ေယာက္လုံးဟာ ေက်ာင္းရဲ႕ဂီတတီးဝိုင္းထဲမွာ ပါဝင္ေနၿပီး သူတို႔ရဲ႕ေန႔ရက္ေတြကို ေပ်ာ္႐ႊင္ျဖတ္သန္းေနရင္း ေနာက္ပိုင္းမွာေတာ့ ဘယ္အရာမွ ထာဝရ မတည္ၿမဲဘူးဆိုတာကို သိလိုက္ရပါတယ္။

(9) Patema Inverted
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ လူသားေတြဟာ ေျမေအာက္ထဲက ဥမင္လႈိဏ္ေခါင္းေတြမွာ ေနထိုင္ၾကပါတယ္။ တစ္ရက္မွာေတာ့ အဲ့ဒီေျမေအာက္ထဲက ေကာင္မေလးတစ္ေယာက္ဟာ ဖန္တီးထားတဲ့ ကမာၻတစ္ခုတည္းမွာ ပိတ္မိသြားၿပီး ေကာင္ေလးတစ္ေယာက္ရဲ႕ အကူအညီနဲ႔ လြတ္ေျမာက္ဖို႔ ႀကိဳးစားၾကပုံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(8) Weathering With You
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အထက္တန္း ေက်ာင္းသားေလးတစ္ေယာက္ဟာ အေၾကာင္းတစ္ခုေၾကာင့္ အိမ္ကေနထြက္လာၿပီး တိုက်ိဴၿမိဳ႕မွာ လာေရာက္ ေနထိုင္ေနပါတယ္။ တစ္ရက္မွာေတာ့ သူဟာ ရာသီဥတုကို ထိန္းခ်ဳပ္ႏိုင္တဲ့ ထူးထူးဆန္းဆန္း ေကာင္မေလး တစ္ေယာက္နဲ႔ ေတြ႕ဆုံမိသြားပါေတာ့တယ္။

(7) The Garden of Words
photo via screenrant

ဒီ Anime ကလည္း ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားကာ (၄၅)မိနစ္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အထီးက်န္ေနတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ဟာ မနက္ပိုင္းေတြမွာ ေက်ာင္းမတက္ဘဲ သာယာလွပတဲ့ ပန္းၿခံတစ္ခုကို လာေလ့ရွိပါတယ္။ အဲ့ဒီပန္းၿခံမွာပဲ သူ႔ရဲ႕ခံစားခ်က္ေတြကို နားလည္ေပးႏိုင္တဲ့ အမ်ိဴးသမီးတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ သံေယာဇဥ္ျဖစ္သြားၾကၿပီး ဘာေတြဆက္ျဖစ္မလည္းဆိုတာ ၾကည့္ရႈရမွာပါ။

(6) 5 Centimeters Per Second
photo via screenrant

ဒီ Anime ကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ သုံးပိုင္း ခြဲျပထားၿပီးေတာ့ Takaki ဆိုတဲ့ ေကာင္ေလးရဲ႕ဘဝအေၾကာင္းကို ေဖာ္ျပထားပါတယ္။Takaki မွာ ငယ္ငယ္တည္းက အတူေဆာ့ေနက် မိန္းကေလး သူငယ္ခ်င္းတစ္ေယာက္ ရွိပါတယ္။ တစ္ေန႔မွာေတာ့ အဲ့ဒီမိန္းကေလးက အေဝးကို အိမ္ေျပာင္းသြားပါတယ္။ ဒါေပမဲ့လည္း သူတို႔ဟာ သံေယာဇဥ္ ရွိတာေၾကာင့္ စာေတြ အၿမဲပို႔ျဖစ္ၾကပါတယ္။ အဲ့ဒီ့ေနာက္ တစစနဲ႔ အ႐ြယ္ေရာက္လာတဲ့အခါ သူတို႔ႏွစ္ေယာက္ၾကားက ဆက္သြယ္မႈေတြဟာ ဘာျဖစ္သြားမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(5) The Girl Who Leapt Through Time
photo via screenrant

ဒီ Anime ကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူ႔ကိုယ္သူ အခ်ိန္ခရီးသြားႏိုင္စြမ္း ရွိေနတာကို ရွာေဖြေတြ႕ရွိသြားပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ အဲ့ဒီစြမ္းရည္ကို အသုံးျပဳၿပီး သူမအတြက္ ေကာင္းက်ိဴးေတြ ရလာေအာင္ ျပဳလုပ္ေနရင္း အခ်ိန္ခရီးသြားတာဟာ ေနာက္ဆက္တြဲ အက်ိဴးဆက္ေတြ ရွိတယ္ဆိုတာကို သိလိုက္ရပါေတာ့တယ္။

(4) Whisper of the Heart
photo via screenrant

ဒီ Anime ကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ စာဂ်ပိုးေလး Shizuku နဲ႔ တေယာျပဳလုပ္သူ Seiji တို႔ ႏွစ္ေယာက္ၾကားက အခ်စ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ၾကည္ႏူးစရာေလးေတြနဲ႔ ရယ္စရာေလးေတြကိုပါ ခံစားရမွာပါ။ ဒီဇာတ္လမ္းထဲမွာပါတဲ့ ေၾကာင္႐ုပ္ေလးအေၾကာင္းကို ၂၀၀၂ခုႏွစ္မွာ The Cat Returns ဆိုၿပီး spin-off အေနနဲ႔လည္း ထပ္ထြက္ထားပါေသးတယ္။

(3) Wolf Children
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Hana ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ ဝံပုေလြလူသားတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ၿပီး ကေလးႏွစ္ေယာက္ ေမြးဖြားခဲ့ပါတယ္။ အဲ့ဒီဝံပုေလြလူသား ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ သူမဟာ က်န္ရစ္ခဲ့တဲ့ ကေလးႏွစ္ေယာက္ကို တစ္ကိုယ္ေတာ္မိခင္အေနနဲ႔ ျပဳစုပ်ိဴးေထာင္ရပါေတာ့တယ္။

(2) The Disappearance of Haruhi Suzumiya
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းအစမွာေတာ့ ဒီဇင္ဘာ (၁၆)ရက္ေန႔မွာ သူငယ္ခ်င္းငါးေယာက္ဟာ ခရစ္စမတ္ပါတီအတြက္ ျပင္ဆင္ေနၾကပါတယ္။ ဒါေပမယ့္လည္း ဒီဇင္ဘာ (၁၈)ရက္ေန႔မွာေတာ့ ထူးထူးဆန္းဆန္းပဲ Haruhi နဲ႔ Itsuki တို႔ ႏွစ္ေယာက္ဟာ ေပ်ာက္ဆုံးသြားၾကပါတယ္။ အဲ့ဒီေနာက္မွာ ဘာေတြဆက္ျဖစ္မလည္း ဆိုတာကိုေတာ့ ကိုယ္တိုင္ပဲ ၾကည့္ရႈလိုက္ပါ။

(1) A Silent Voice
photo via screenrant

ဒီ Anime ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ နားမၾကားတဲ့ အထက္တန္း ေက်ာင္းသူေလးတစ္ေယာက္ကို ေကာင္ေလးတစ္ေယာက္က ေက်ာင္းမွာ ေလွာင္ေျပာင္ အႏိုင္က်င့္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီေကာင္မေလးဟာ ေက်ာင္းေျပာင္းသြားပါတယ္။ ႏွစ္ေတြ ၾကာသြားတဲ့အခါမွာေတာ့ သူမကို အရင္တုန္းက အႏိုင္က်င့္ခဲ့တဲ့ ေကာင္ေလးနဲ႔ ျပန္လည္ ေတြ႕ဆုံၾကတဲ့အခါမွာေတာ့……။

ဒါကေတာ့ Your Name လို ဇာတ္လမ္းပုံစံခ်င္း ဆင္တူတဲ့ အခ်စ္ဇာတ္လမ္း anime ေကာင္းေလးေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခား anime ေလးေတြ ရွိရင္လည္း ျပန္လည္ မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular