HomeAnimeရုပ်ရှင်ချစ်သူတိုင်း ကြည့်ဖူးထားသင့်တဲ့ anime ဇာတ်လမ်းတွဲများ

ရုပ်ရှင်ချစ်သူတိုင်း ကြည့်ဖူးထားသင့်တဲ့ anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ Anime လို့ ပြောလိုက်ရင် အက်ရှင် ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ အဲ့ဒါကြောင့် အခုတစ်ခါမှာတော့ anime ပရိသတ်တွေအတွက် မကြည့်ရသေးရင် ကြည့်သင့်တဲ့ anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(7) Code Geass
photo via screenrant

ဒီစီးရီးကတော့ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ Lelouch လို့ခေါ်တဲ့ ကောင်လေးဟာ တစ်ခြားသူတွေကို ထိန်းချုပ်လို့ရတဲ့ ထူးဆန်းတဲ့စွမ်းအားတစ်မျိုးကို ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကန့်သတ်ချက်တစ်ခုကတော့ သူဟာအဲ့ဒီစွမ်းအားကို တစ်ခါသုံးရင် လူတစ်ယောက်ကိုပဲ သုံးလို့ရတာကတော့ ကန့်သတ်ချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အရမ်းကိုစွမ်းအားကြီးတဲ့အင်ပါယာကြီးတစ်ခုလုံးကိုတော်လှန်နေတဲ့ အဖွဲ့ထဲက ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(6) Your Lie in April
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့အမေ သေသွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ရဲ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲ့ဒီကောင်မလေးက ကူညီပါတော့တယ်။

(5) Attack on Titan
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.8) ရရှိထားတဲ့အပြင် တော်တော်လေးနာမည်ကြီးတဲ့ Anime series တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူသားစားတဲ့ titan တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လူတွေဟာ နံရံတွေကာထားတဲ့ မြို့ကြီးထဲမှာ နေထိုင်ပြီး အသက်ရှင်သန်ဖို့အတွက် ရုန်းကန်ကြရတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။  ဒါ့အပြင် Action ၊ adventure အမျိုးအစား ဖြစ်တဲ့အတွက် ပျင်းရမှာမဟုတ်ပါဘူး။

(4) One-Punch Man
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ထားတာ ဖြစ်ပြီး IMDb (8.8) ရထားပြီးတော့ အပိုင်း (၂၄) ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ Saitama လို့ခေါ်တဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ အမြဲဟာသတွေပဲ လုပ်နေပြီးတော့ ဘာကိုမှလည်းသိပ်ပြီး အလေးမထားဘဲ ပျင်းနေတတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ်  အမြဲတမ်း သူ့ရဲ့လက်သီး တစ်ချက်တည်းနဲ့ပဲ အနိုင်ယူနိုင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

(3) Hunter X Hunter
photo via screenrant

ဒီစီးရီးကတော့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီးတော့ IMDb (8.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Gon လို့ခေါ်တဲ့ အသက် (၁၂) နှစ်ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့အဖေဟာ hunter တစ်ယောက်ဖြစ်ဖို့အတွက် သူငယ်ငယ်ကတည်းက အိမ်ကနေထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာလည်း သူ့ကိုယ်သူ hunter တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပါတော့တယ်။

(2) Death Note
photo via screenrant

ဒီစီးရီးဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ထားတဲ့ Crime ၊ drama အမျိုးအစားဖြစ်ပြီး IMDb (9.0) အထိတောင်ရထားတာပါ။ Yagami ဆိုတဲ့ကျောင်းသားလေး တစ်ယောက်က Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာကနေ ဇာတ်လမ်းစပါတယ်။ ဘယ်သူ့ရဲ့နာမည်ကိုမဆို အဲ့ဒီစာအုပ်ထဲမှာ ရေးလိုက်တာနဲ့ အရေးခံရတဲ့လူက အသက်ဆုံးရှုံးသွားမယ့် စွမ်းအားကို ရရှိပြီးတဲ့နောက်မှာတော့ Yagami ကအဲ့လိုစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(1) Fullmetal Alchemist: Brotherhood
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (9.1) ရထားပါတယ်။ ဇာတ်လမ်းလေးကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားနေတဲ့ ညီအကိုနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ညီအကိုနှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပြီး သူတို့ကို ကယ်တင်နိုင်မယ့်အရာကို စတင်ရှာဖွေကြပါတယ်။ သူတို့ရှာရမှာက ဘာဖြစ်မလည်း၊ ဘယ်လိုရှာရမှာလည်းဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ရှုလိုက်တော့နော်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ Anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ အဲ့ဒါေၾကာင့္ အခုတစ္ခါမွာေတာ့ anime ပရိသတ္ေတြအတြက္ မၾကည့္ရေသးရင္ ၾကည့္သင့္တဲ့ anime ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(7) Code Geass
photo via screenrant

ဒီစီးရီးကေတာ့ ၂၀၀၆ ခုႏွစ္က ထြက္ခဲ့တာျဖစ္ၿပီးေတာ့ IMDb (8.6) ရရွိထားပါတယ္။ Lelouch လို႔ေခၚတဲ့ ေကာင္ေလးဟာ တစ္ျခားသူေတြကို ထိန္းခ်ဳပ္လို႔ရတဲ့ ထူးဆန္းတဲ့စြမ္းအားတစ္မ်ိဳးကို ရသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ကန႔္သတ္ခ်က္တစ္ခုကေတာ့ သူဟာအဲ့ဒီစြမ္းအားကို တစ္ခါသုံးရင္ လူတစ္ေယာက္ကိုပဲ သုံးလို႔ရတာကေတာ့ ကန႔္သတ္ခ်က္တစ္ခု ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အရမ္းကိုစြမ္းအားႀကီးတဲ့အင္ပါယာႀကီးတစ္ခုလုံးကိုေတာ္လွန္ေနတဲ့ အဖြဲ႕ထဲက ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(6) Your Lie in April
photo via screenrant

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Kousei Arima လို႔ေခၚတဲ့ စႏၵယားပညာရွင္တစ္ေယာက္ဟာ သူ႔ရဲ႕အေမ ေသသြားၿပီးေနာက္မွာ စႏၵယားတီးတာကို စြန႔္လႊတ္လိုက္ပါတယ္။ ဒါေပမဲ့လည္း Kaori Miyazono လို႔ေခၚတဲ့ တေယာဆရာမေလးတစ္ေယာက္နဲ႔ ေတြ႕သြားတဲ့အခါမွာေတာ့ သူ႔ရဲ႕ဘဝကို အသစ္က ျပန္စဖို႔အတြက္ အဲ့ဒီေကာင္မေလးက ကူညီပါေတာ့တယ္။

(5) Attack on Titan
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.8) ရရွိထားတဲ့အျပင္ ေတာ္ေတာ္ေလးနာမည္ႀကီးတဲ့ Anime series ေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူသားစားတဲ့ titan ေတြရဲ႕ ရန္ကေန ကာကြယ္ဖို႔ လူေတြဟာ နံရံေတြကာထားတဲ့ ၿမိဳ႕ႀကီးထဲမွာ ေနထိုင္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႐ုန္းကန္ၾကရတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။  ဒါ့အျပင္ Action ၊ adventure အမ်ိဳးအစား ျဖစ္တဲ့အတြက္ ပ်င္းရမွာမဟုတ္ပါဘူး။

(4) One-Punch Man
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္တုန္းက ထြက္ထားတာ ျဖစ္ၿပီး IMDb (8.8) ရထားၿပီးေတာ့ အပိုင္း (၂၄) ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ Saitama လို႔ေခၚတဲ့ စူပါဟီး႐ိုးတစ္ေယာက္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူဟာ အၿမဲဟာသေတြပဲ လုပ္ေနၿပီးေတာ့ ဘာကိုမွလည္းသိပ္ၿပီး အေလးမထားဘဲ ပ်င္းေနတတ္တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီးေတာ့ ဘယ္လိုရန္သူမ်ိဳးပဲျဖစ္ျဖစ္  အၿမဲတမ္း သူ႔ရဲ႕လက္သီး တစ္ခ်က္တည္းနဲ႔ပဲ အႏိုင္ယူႏိုင္တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

(3) Hunter X Hunter
photo via screenrant

ဒီစီးရီးကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီးေတာ့ IMDb (8.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Gon လို႔ေခၚတဲ့ အသက္ (၁၂) ႏွစ္ပဲရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕အေဖဟာ hunter တစ္ေယာက္ျဖစ္ဖို႔အတြက္ သူငယ္ငယ္ကတည္းက အိမ္ကေနထြက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာလည္း သူ႔ကိုယ္သူ hunter တစ္ေယာက္ျဖစ္လာေအာင္ ေလ့က်င့္ပါေတာ့တယ္။

(2) Death Note
photo via screenrant

ဒီစီးရီးဟာ ၂၀၀၆ ခုႏွစ္မွာ ထြက္ထားတဲ့ Crime ၊ drama အမ်ိဳးအစားျဖစ္ၿပီး IMDb (9.0) အထိေတာင္ရထားတာပါ။ Yagami ဆိုတဲ့ေက်ာင္းသားေလး တစ္ေယာက္က Death Note လို႔ေခၚတဲ့ စာအုပ္တစ္အုပ္ကို ေကာက္ရခဲ့မိတာကေန ဇာတ္လမ္းစပါတယ္။ ဘယ္သူ႔ရဲ႕နာမည္ကိုမဆို အဲ့ဒီစာအုပ္ထဲမွာ ေရးလိုက္တာနဲ႔ အေရးခံရတဲ့လူက အသက္ဆုံးရႈံးသြားမယ့္ စြမ္းအားကို ရရွိၿပီးတဲ့ေနာက္မွာေတာ့ Yagami ကအဲ့လိုစြမ္းအားေတြကို ဘယ္လိုေနရာမွာ အသုံးခ်မလည္းဆိုတာကို စိတ္ဝင္စားဖြယ္ရာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(1) Fullmetal Alchemist: Brotherhood
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (9.1) ရထားပါတယ္။ ဇာတ္လမ္းေလးကေတာ့ အဂၢိရတ္ပညာရပ္ကို လိုက္စားေနတဲ့ ညီအကိုႏွစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ညီအကိုႏွစ္ေယာက္လုံးရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေစခဲ့ၿပီး သူတို႔ကို ကယ္တင္ႏိုင္မယ့္အရာကို စတင္ရွာေဖြၾကပါတယ္။ သူတို႔ရွာရမွာက ဘာျဖစ္မလည္း၊ ဘယ္လိုရွာရမွာလည္းဆိုတာကိုေတာ့ ကိုယ္တိုင္ ၾကည့္ရႈလိုက္ေတာ့ေနာ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular