HomeCelebs Update NewsKoreaNaeun နဲ႔ Gunhoo ရဲ႕အခန္းေတြ ပိုပါလာဖို႔ ေလာဘႀကီးေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ေျဖရွင္းလုိက္တဲ့ Anna

Naeun နဲ႔ Gunhoo ရဲ႕အခန္းေတြ ပိုပါလာဖို႔ ေလာဘႀကီးေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ေျဖရွင္းလုိက္တဲ့ Anna

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Gunhoo နဲ႔ Naeun လို႔ ေျပာလိုက္ရင္ Superman Returns ရိႈးရဲ႕ ပရိသတ္ေတြကေတာ့ ေသခ်ာေပါက္ သိၾကမွာပါ။ ဒီကေလးႏွစ္ေယာက္ဟာ ေတာင္ကိုရီးယားႏိုင္ငံက ထုတ္လႊင့္ေနတဲ့ ရသစုံ reality ရိႈး Superman Returns ထဲမွာ ပါ၀င္ေနတဲ့ ခ်စ္စရာေမာင္ႏွမ ႏွစ္ေယာက္ျဖစ္ၿပီး ကိုရီးယားရဲ႕ နာမည္ေက်ာ္ ေဘာလုံးသမား Park Joo ho ရဲ႕ သားနဲ႔သမီးလည္း ျဖစ္ပါတယ္။

အဂၤလိပ္အမည္ Eden နဲ႔ Aciel လို႔ ေခၚတဲ့ ကေလးႏွစ္ေယာက္ရဲ႕ ပရိသတ္ေတြကေတာ့ ကိုရီးယားျပည္တြင္းမွာသာမက ႏိုင္ငံရပ္ျခားမွာပါ ရိွေနပါတယ္။ ခ်စ္စရာေကာင္းလြန္းတဲ့ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ပုံရိပ္ေလးေတြကို Superman Returns ရိႈးအျပင္ ကေလးႏွစ္ေယာက္ရဲ႕ မိခင္ျဖစ္သူ Anna ရဲ႕ Instagram အေကာင့္ကေနလည္း ေန႔စဥ္လိုလို ေတြ႕ျမင္ႏိုင္ပါတယ္။

မၾကာေသးခင္တုန္းကပဲ Anna ဟာ Gunhoo ေလးရဲ႕ ေဆာ့ကစားေနတဲ့ ပုံေလးကို IG မွာ update တင္ေပးခဲ့ပါတယ္။ ေအာက္က comment ေတြထဲက ပရိသတ္တစ္ေယာက္ကေတာ့ လူအမ်ားစု စိတ္ထဲမွာ ခံစားေနရတဲ့အရာေလးတစ္ခုကို မိခင္ျဖစ္သူ Anna ဆီမွာ ေမးျမန္းရင္ဖြင့္ခဲ့ပါတယ္။

https://www.instagram.com/p/B0fRD3ZhjYO/?utm_source=ig_embed

အဲ့ဒါကေတာ့ ရိႈးဟာ အစပိုင္းတုန္းက Naeun ေလးကို အဓိကထားၿပီး ရိုက္ကူးထုတ္လႊင့္ျပခဲ့ေပမယ့္ အခုေနာက္ပိုင္း Gunhoo ေလးက သူ႔ရဲ႕စိတ္ခံစားမႈေလးေတြကို ပိုၿပီးထုတ္ေဖာ္ျပလာႏိုင္တဲ့ အရြယ္ေရာက္လာတာေၾကာင့္ focus ဟာ ရုတ္တရက္ Gunhoo ေလးဆီကို ေျပာင္းလဲသြားခဲ့တာပါ။ ပရိသတ္ေတြဟာ ေမာင္ႏွမႏွစ္ေယာက္လုံးကို ခ်စ္ခင္ၾကေပမယ့္ Naeun ေလးရဲ႕ screen time ေလ်ာ႔နည္းသြားတာနဲ႔ ပတ္သက္ၿပီး အနည္းငယ္ စိတ္မေကာင္းျဖစ္ေနၾကရပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး မိခင္ျဖစ္သူ Anna က “ကၽြန္မလည္း အဲ့ဒီ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး သူတို႔ကို ေမးၾကည့္ခဲ့ဖူးပါတယ္။ သူတို႔ေျပာတာက အစပိုင္းတုန္းမွာ Gunhoo ရဲ႕ အခန္းေတြက နည္းနည္းသာ ပါခဲ့တာေၾကာင့္ အခုပိုၿပီး မ်ားမ်ားျပေပးတာပါလို႔ ေျပာပါတယ္။ Eden ကလည္း သူအတတ္ႏိုင္ဆုံး၊ အေကာင္းဆုံး လုပ္ျပႏိုင္ေပမယ့္ အခန္းနည္းသြားတာနဲ႔ ပတ္သက္ၿပီး စိတ္ေတာ့မေကာင္းဘူး”လို႔ comment မွာ ျပန္ေျဖခဲ့ပါတယ္။

Photo: annatopark IG

သို႔ေပမယ့္လည္း ကိုရီးယားသတင္းေထာက္အခ်ိဳ႕ဟာ ဒီ comment ေပၚမွာ အဓိပၸါယ္ေကာက္ လြဲမွားၿပီး Anna ဟာ သူ႔ကေလးႏွစ္ေယာက္ရဲ႕ အခန္းက နည္းေနလို႔ စိတ္မေကာင္းျဖစ္ေနၿပီး အခုထက္ အခန္းပိုမ်ားမ်ား ရခ်င္ေနတယ္လို႔ မီဒီယာေတြမွာ ေရးသားေဖာ္ျပခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Anna ဟာ ကေလးႏွစ္ေယာက္ကို အသုံးခ်ၿပီး ေက်ာ္ၾကားမႈေတြ၊ ေငြေတြ မက္ေနတယ္လို႔လည္း စြပ္စြဲျပစ္တင္လာၾကပါတယ္။

https://www.instagram.com/p/Bwq1QjenL_d/

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Anna က သူမရဲ႕ IG မွာ ျပန္လည္ေျဖရွင္းခ်က္ ထုတ္ခဲ့ပါတယ္။ ကေလးေတြရဲ႕ အခန္းနည္းလို႔ ၀မ္းနည္းေနတာ မဟုတ္ဘဲ Eden ေလး ပါရတဲ့အခန္းေတြက Aciel နဲ႔ယွဥ္ရင္ နည္းေနလို႔ စိတ္မေကာင္းျဖစ္ေနတာပါလို႔ ေျဖရွင္းခဲ့ပါတယ္။ အေသးစိတ္ ေျဖရွင္းကေတာ့ ေအာက္ပါအတိုင္းပါပဲ။

“ဒီေန႔ေတာ့ စိတ္၀င္စားစရာသတင္းတစ္ခု ျဖစ္သြားပါတယ္။ အဲ့ဒါကေတာ့ ကၽြန္မနဲ႔ ပရိသတ္တစ္ေယာက္ရဲ႕  English လို အျပန္အလွန္ ေရးထားတဲ့ comment ကို အခ်ိဳ႕သတင္းေထာက္ေတြက နားလည္မႈလြဲမွားၿပီး သတင္းအမွားႀကီးေပးထားတဲ့ ေဆာင္းပါးေတြကို ေရးသားခဲ့ၾကပါတယ္။

ကၽြန္မတို႔ တကယ္ေျပာထားတဲ့ အေၾကာင္းအရာဟာ ရိႈးရဲ႕ focus က ရုတ္တရက္ Naeun ဆီကေန Gunhoo ဆီကို ေျပာင္းသြားတဲ့အေၾကာင္းပါ။ ပရိသတ္တစ္ေယာက္က ကၽြန္မကို အဲ့ဒီ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေမးလာခဲ့လို႔ ျဖစ္ရတဲ့အေၾကာင္းရင္းကို ေျပာျပခဲ့ရုံပါပဲ။ အေမတစ္ေယာက္အေနနဲ႔ နည္းနည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ေျဖထားရုံပါပဲ။

https://www.instagram.com/p/BvODWR7hUs4/

အဲ့ဒါကို ကိုရီးယားသတင္းေထာက္ေတြက အဓိပၸါယ္ေကာက္ လြဲသြားပုံပါပဲ။ (ကၽြန္မအထင္ေျပာရရင္ တကယ့္အဓိပၸါယ္ကို နားမလည္ဘဲ ဘာသာျပန္ကို သုံးလုိက္ပုံ ရပါတယ္။) ကၽြန္မက ေလာဘႀကီးၿပီး ကေလးေတြရဲ႕အခန္းကို ပိုလိုခ်င္ေနတယ္လို႔ ေရးလိုက္ၾကပါတယ္။

အဲ့ဒီ့သတင္းေထာက္ေတြရဲ႕ အရည္အခ်င္းေၾကာင့္ တကယ္စိတ္ပ်က္ရပါတယ္။ တစ္ခုခုကို နားမလည္လို႔ရိွရင္ ကၽြန္မဆီကို တိုက္ရိုက္လာၿပီး ေမးလို႔ရလ်က္သားနဲ႔ ဒီလိုေတြ ေရးတာကို စိတ္ဆိုးပါတယ္။ comment မွာေတာ့ အားေပးတဲ့လူေတြ အမ်ားႀကီးရိွေနတာ သိပါတယ္။ တစ္ခ်ိဳ႕ ပညာတတ္ကိုရီးယားေတြကလည္း အဲ့ဒီ့သတင္းေထာက္ေတြရဲ႕ အမွားကို ေထာက္ျပၿပီး ျပင္ေပးေနၾကတာ ေတြ႕ရပါတယ္။

https://www.instagram.com/p/Btx-2l3oauW/

ဒီႏွစ္အစပိုင္း ကၽြန္မတို႔ မီတင္လုပ္ခဲ့တုန္းတည္းက ကေလးေတြကို ရႈတင္ရိုက္ရက္ ေလွ်ာ႔ေပးဖို႔ ေျပာခဲ့တဲ့လူပါ။ အဲ့ဒါကို ကၽြန္မက အခန္းပိုလိုခ်င္လို႔ ေလာဘႀကီးေနတယ္လို႔ ေျပာခံရတာ ရယ္စရာပါ။ ေနာက္တစ္ေခါက္ ထပ္ေျပာလိုက္ပါမယ္။ ကၽြန္မက ကေလးေတြအတြက္ အခန္းမ်ားမ်ား ပိုလိုခ်င္တယ္လို႔ ေျပာခဲ့တာ မဟုတ္ပါဘူး။ ကေလးေတြကို ဖန္သားျပင္ေပၚမွာ အမ်ားႀကီး ပါလာဖို႔ ကၽြန္မ မလိုခ်င္ပါဘူး။ ကၽြန္မတို႔ တကယ္ေျပာထားတာက Eden ဆီကေန Aciel ဆီကုိ အဓိကအခန္းေတြ ေျပာင္းသြားတဲ့အေၾကာင္း ေျပာထားတာပါ။

ခ်စ္ခင္ရပါေသာ ဂ်ာနယ္လစ္မ်ားရွင္! (ဟုတ္ကဲ့ … အဂၤလိပ္လိုပဲ ေျပာလိုက္ပါ့မယ္။) အဂၤလိပ္လိုေရးထားတဲ့ comment တစ္ေၾကာင္းအေပၚ မူတည္ၿပီး ေဆာင္းပါးတစ္ပုဒ္ ေရးေတာ့မယ္ဆိုရင္ ေက်းဇူးျပဳၿပီး အဓိကေျပာထားတဲ့ အေၾကာင္းအရာကိုသာ တိုက္ရိုက္ေျပာေပးပါ။ ကိုယ္ေရးလိုက္တဲ့ ကိစၥကို မေသခ်ာရင္၊ ဒါမွမဟုတ္ ေနာက္အက်ိဳးဆက္ေတြ ျဖစ္လာဖို႔ စဥ္းစားမိရင္ ကၽြန္မဆီ တိုက္ရိုက္သာ လာေမးလိုက္ပါေနာ္။ ဘာမဆို လာေမးလို႔ရပါတယ္။ ကိုက္မစားပါဘူး” လို႔ ေျဖရွင္းခ်က္ အတိအက် ထုတ္ထားပါတယ္။

Xei

Ref: koreaboo

(Unicode Version)

Gunhoo နဲ့ Naeun လို့ ပြောလိုက်ရင် Superman Returns ရှိုးရဲ့ ပရိသတ်တွေကတော့ သေချာပေါက် သိကြမှာပါ။ ဒီကလေးနှစ်ယောက်ဟာ တောင်ကိုရီးယားနိုင်ငံက ထုတ်လွှင့်နေတဲ့ ရသစုံ reality ရှိုး Superman Returns ထဲမှာ ပါဝင်နေတဲ့ ချစ်စရာမောင်နှမ နှစ်ယောက်ဖြစ်ပြီး ကိုရီးယားရဲ့ နာမည်ကျော် ဘောလုံးသမား Park Joo ho ရဲ့ သားနဲ့သမီးလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်အမည် Eden နဲ့ Aciel လို့ ခေါ်တဲ့ ကလေးနှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ ကိုရီးယားပြည်တွင်းမှာသာမက နိုင်ငံရပ်ခြားမှာပါ ရှိနေပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို Superman Returns ရှိုးအပြင် ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သူ Anna ရဲ့ Instagram အကောင့်ကနေလည်း နေ့စဉ်လိုလို တွေ့မြင်နိုင်ပါတယ်။

https://www.instagram.com/p/B0fRD3ZhjYO/?utm_source=ig_embed

မကြာသေးခင်တုန်းကပဲ Anna ဟာ Gunhoo လေးရဲ့ ဆော့ကစားနေတဲ့ ပုံလေးကို IG မှာ update တင်ပေးခဲ့ပါတယ်။ အောက်က comment တွေထဲက ပရိသတ်တစ်ယောက်ကတော့ လူအများစု စိတ်ထဲမှာ ခံစားနေရတဲ့အရာလေးတစ်ခုကို မိခင်ဖြစ်သူ Anna ဆီမှာ မေးမြန်းရင်ဖွင့်ခဲ့ပါတယ်။

အဲ့ဒါကတော့ ရှိုးဟာ အစပိုင်းတုန်းက Naeun လေးကို အဓိကထားပြီး ရိုက်ကူးထုတ်လွှင့်ပြခဲ့ပေမယ့် အခုနောက်ပိုင်း Gunhoo လေးက သူ့ရဲ့စိတ်ခံစားမှုလေးတွေကို ပိုပြီးထုတ်ဖော်ပြလာနိုင်တဲ့ အရွယ်ရောက်လာတာကြောင့် focus ဟာ ရုတ်တရက် Gunhoo လေးဆီကို ပြောင်းလဲသွားခဲ့တာပါ။ ပရိသတ်တွေဟာ မောင်နှမနှစ်ယောက်လုံးကို ချစ်ခင်ကြပေမယ့် Naeun လေးရဲ့ screen time လျော့နည်းသွားတာနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်နေကြရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ Anna က “ကျွန်မလည်း အဲ့ဒီ့အကြောင်းနဲ့ ပတ်သက်ပြီး သူတို့ကို မေးကြည့်ခဲ့ဖူးပါတယ်။ သူတို့ပြောတာက အစပိုင်းတုန်းမှာ Gunhoo ရဲ့ အခန်းတွေက နည်းနည်းသာ ပါခဲ့တာကြောင့် အခုပိုပြီး များများပြပေးတာပါလို့ ပြောပါတယ်။ Eden ကလည်း သူအတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ပြနိုင်ပေမယ့် အခန်းနည်းသွားတာနဲ့ ပတ်သက်ပြီး စိတ်တော့မကောင်းဘူး”လို့ comment မှာ ပြန်ဖြေခဲ့ပါတယ်။

Photo: annatopark IG

သို့ပေမယ့်လည်း ကိုရီးယားသတင်းထောက်အချို့ဟာ ဒီ comment ပေါ်မှာ အဓိပ္ပါယ်ကောက် လွဲမှားပြီး Anna ဟာ သူ့ကလေးနှစ်ယောက်ရဲ့ အခန်းက နည်းနေလို့ စိတ်မကောင်းဖြစ်နေပြီး အခုထက် အခန်းပိုများများ ရချင်နေတယ်လို့ မီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Anna ဟာ ကလေးနှစ်ယောက်ကို အသုံးချပြီး ကျော်ကြားမှုတွေ၊ ငွေတွေ မက်နေတယ်လို့လည်း စွပ်စွဲပြစ်တင်လာကြပါတယ်။

https://www.instagram.com/p/Bwq1QjenL_d/

ဒီကိစ္စနဲ့ ပတ်သက်ပြီး Anna က သူမရဲ့ IG မှာ ပြန်လည်ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ကလေးတွေရဲ့ အခန်းနည်းလို့ ဝမ်းနည်းနေတာ မဟုတ်ဘဲ Eden လေး ပါရတဲ့အခန်းတွေက Aciel နဲ့ယှဉ်ရင် နည်းနေလို့ စိတ်မကောင်းဖြစ်နေတာပါလို့ ဖြေရှင်းခဲ့ပါတယ်။ အသေးစိတ် ဖြေရှင်းကတော့ အောက်ပါအတိုင်းပါပဲ။

“ဒီနေ့တော့ စိတ်ဝင်စားစရာသတင်းတစ်ခု ဖြစ်သွားပါတယ်။ အဲ့ဒါကတော့ ကျွန်မနဲ့ ပရိသတ်တစ်ယောက်ရဲ့  English လို အပြန်အလှန် ရေးထားတဲ့ comment ကို အချို့သတင်းထောက်တွေက နားလည်မှုလွဲမှားပြီး သတင်းအမှားကြီးပေးထားတဲ့ ဆောင်းပါးတွေကို ရေးသားခဲ့ကြပါတယ်။

ကျွန်မတို့ တကယ်ပြောထားတဲ့ အကြောင်းအရာဟာ ရှိုးရဲ့ focus က ရုတ်တရက် Naeun ဆီကနေ Gunhoo ဆီကို ပြောင်းသွားတဲ့အကြောင်းပါ။ ပရိသတ်တစ်ယောက်က ကျွန်မကို အဲ့ဒီ့အကြောင်းနဲ့ ပတ်သက်ပြီး မေးလာခဲ့လို့ ဖြစ်ရတဲ့အကြောင်းရင်းကို ပြောပြခဲ့ရုံပါပဲ။ အမေတစ်ယောက်အနေနဲ့ နည်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဖြေထားရုံပါပဲ။

https://www.instagram.com/p/BvODWR7hUs4/

အဲ့ဒါကို ကိုရီးယားသတင်းထောက်တွေက အဓိပ္ပါယ်ကောက် လွဲသွားပုံပါပဲ။ (ကျွန်မအထင်ပြောရရင် တကယ့်အဓိပ္ပါယ်ကို နားမလည်ဘဲ ဘာသာပြန်ကို သုံးလိုက်ပုံ ရပါတယ်။) ကျွန်မက လောဘကြီးပြီး ကလေးတွေရဲ့အခန်းကို ပိုလိုချင်နေတယ်လို့ ရေးလိုက်ကြပါတယ်။

အဲ့ဒီ့သတင်းထောက်တွေရဲ့ အရည်အချင်းကြောင့် တကယ်စိတ်ပျက်ရပါတယ်။ တစ်ခုခုကို နားမလည်လို့ရှိရင် ကျွန်မဆီကို တိုက်ရိုက်လာပြီး မေးလို့ရလျက်သားနဲ့ ဒီလိုတွေ ရေးတာကို စိတ်ဆိုးပါတယ်။ comment မှာတော့ အားပေးတဲ့လူတွေ အများကြီးရှိနေတာ သိပါတယ်။ တစ်ချို့ ပညာတတ်ကိုရီးယားတွေကလည်း အဲ့ဒီ့သတင်းထောက်တွေရဲ့ အမှားကို ထောက်ပြပြီး ပြင်ပေးနေကြတာ တွေ့ရပါတယ်။

https://www.instagram.com/p/Btx-2l3oauW/

ဒီနှစ်အစပိုင်း ကျွန်မတို့ မီတင်လုပ်ခဲ့တုန်းတည်းက ကလေးတွေကို ရှုတင်ရိုက်ရက် လျှော့ပေးဖို့ ပြောခဲ့တဲ့လူပါ။ အဲ့ဒါကို ကျွန်မက အခန်းပိုလိုချင်လို့ လောဘကြီးနေတယ်လို့ ပြောခံရတာ ရယ်စရာပါ။ နောက်တစ်ခေါက် ထပ်ပြောလိုက်ပါမယ်။ ကျွန်မက ကလေးတွေအတွက် အခန်းများများ ပိုလိုချင်တယ်လို့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကလေးတွေကို ဖန်သားပြင်ပေါ်မှာ အများကြီး ပါလာဖို့ ကျွန်မ မလိုချင်ပါဘူး။ ကျွန်မတို့ တကယ်ပြောထားတာက Eden ဆီကနေ Aciel ဆီကို အဓိကအခန်းတွေ ပြောင်းသွားတဲ့အကြောင်း ပြောထားတာပါ။

ချစ်ခင်ရပါသော ဂျာနယ်လစ်များရှင်! (ဟုတ်ကဲ့ … အင်္ဂလိပ်လိုပဲ ပြောလိုက်ပါ့မယ်။) အင်္ဂလိပ်လိုရေးထားတဲ့ comment တစ်ကြောင်းအပေါ် မူတည်ပြီး ဆောင်းပါးတစ်ပုဒ် ရေးတော့မယ်ဆိုရင် ကျေးဇူးပြုပြီး အဓိကပြောထားတဲ့ အကြောင်းအရာကိုသာ တိုက်ရိုက်ပြောပေးပါ။ ကိုယ်ရေးလိုက်တဲ့ ကိစ္စကို မသေချာရင်၊ ဒါမှမဟုတ် နောက်အကျိုးဆက်တွေ ဖြစ်လာဖို့ စဉ်းစားမိရင် ကျွန်မဆီ တိုက်ရိုက်သာ လာမေးလိုက်ပါနော်။ ဘာမဆို လာမေးလို့ရပါတယ်။ ကိုက်မစားပါဘူး” လို့ ဖြေရှင်းချက် အတိအကျ ထုတ်ထားပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular