HomeEntertainmentMusicကြေးအမြင့်ဆုံးနဲ့ The Voice ရဲ့ ဒိုင်လူကြီး ဖြစ်လာတော့မယ့် Ariana Grande

ကြေးအမြင့်ဆုံးနဲ့ The Voice ရဲ့ ဒိုင်လူကြီး ဖြစ်လာတော့မယ့် Ariana Grande

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော်မလေး Ariana Grande ဟာ နာမည်ကျော် အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice မှာ ဒိုင်လူကြီးအဖြစ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ သူမဟာ The Voice ရဲ့ လာမယ့် Season 21 မှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်သာ ရှိသေးတဲ့ Ariana ဟာ The Voice မှာ ဒိုင်လူကြီးအဖြစ် ပါဝင်လာတော့မှာ ဖြစ်တာကြောင့် သူမရဲ့ပရိသတ်တွေကတော့ သိပ်ကို ရင်ခုန်စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာကတော့ Season 21 အတွက် သူမ ရရှိမယ့် အနုပညာကြေးပဲ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

Ariana ဟာ The Voice မှာ Season 21 တစ်ခုတည်းအတွက် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးရုံနဲ့ အမေရိကန်ဒေါ်လာ သန်း(၂၀)ကနေ (၂၅)သန်းအတွင်း လစာအဖြစ် ရရှိသွားမယ်လို့ သိရပါတယ်။ ဒါဟာ The Voice ရဲ့ သမိုင်းတလျှောက် ပါဝင်ခဲ့ဖူးတဲ့ ဒိုင်လူကြီးတွေထဲမှာ အမြင့်မားဆုံး ရရှိမယ့် လစာပဲ ဖြစ်ပါတယ်။

The Voice မှာ ယခင်က အမြင့်ဆုံးလစာ ရရှိခဲ့ဖူးတဲ့ Kelly Clarkson ၊ Adam Levine ၊ Blake Shelton ၊ Christina Aguilera နဲ့ Shakira တို့ကို ကျော်တက်ပြီး အခုလို များပြားတဲ့လစာကို ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

အသက်ငယ်ငယ်လေးနဲ့ ဒီလိုလစာအများကြီး ရရှိတဲ့ ဒိုင်တစ်ယောက်အဖြစ် ကမ်းလှမ်းခံရဖို့ဟာ အပေါ်ယံ ကြည့်မယ်ဆိုရင် သူမရဲ့ကျော်ကြားမှုတစ်ခုတည်းကြောင့်လို့ ထင်နိုင်ပေမယ့် တကယ်တော့ သူမရဲ့အနုပညာ နောက်ခံကြောင့်ဆိုတာ ငြင်းမရနိုင်ပါဘူး။

Ariana ဟာ ဂီတသက်တမ်း ဆယ်နှစ် မပြည့်သေးတဲ့ အချိန်ကာလအတွင်းမှာ စတူဒီယိုအယ်လ်ဘမ် ခြောက်ချပ် ထွက်ရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ အယ်လ်ဘမ်တွေကတော့ Yours Truly (2013) ၊ My Everything (2014) ၊ Dangerous Woman (2016) ၊ Sweetener (2018) ၊ thank u, next (2019) နဲ့ Positions (2020) တို့ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

ဒီအယ်လ်ဘမ်တွေထဲက သီချင်းငါးပုဒ်ဟာလည်း Billboard Hot 100 Chart မှာ နံပါတ်(၁) ချိတ်ထားပါသေးတယ်။ နံပါတ်(၁) ချိတ်ခဲ့တဲ့ သီချင်းငါးပုဒ်ကတော့ Justin Bieber နဲ့ တွဲဆိုခဲ့တဲ့ Stuck With U ၊ Thank U, Next ၊ 7 Rings ၊ Lady Gaga နဲ့ တွဲဆိုခဲ့တဲ့ Rain On Me နဲ့ Positions တို့ ဖြစ်ပါတယ်။

ဒါ့အပြင် Ariana ဟာ Spotify နဲ့ Apple Music တို့လို streaming service တွေမှာ stream လုပ်ခံရဆုံး အမျိုးသမီး artist လည်း ဖြစ်ပါတယ်။ သူမရဲ့ ထွက်ရှိပြီးသမျှ အယ်လ်ဘမ်၊ ဆင်ဂယ်လ်၊ အတွဲသီချင်းအားလုံးရဲ့ ရောင်းအားဟာလည်း ယူအက်စ်တစ်ခုတည်းမှာတင် (၈၅)သန်းကျော် ရောင်းချထားရပါတယ်။

Photo: arianagrande/ Instagram

ဂီတနဲ့ ပတ်သက်တဲ့ သူမရဲ့ အထင်ကရ အောင်မြင်မှုတွေကတော့ ဂရမ်မီဆုနှစ်ခုနဲ့ MTV ဆု ကိုးဆု ရရှိထားတာပါပဲ။ ဒါတင်မက Ariana ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် (၂၂)ခုကို စံချိန်တင်ထားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်သာ ငယ်သေးပေမယ့် သူမရဲ့အောင်မြင်မှုတွေနဲ့ ကျော်ကြားမှုတွေက NBC ရုပ်သံလိုင်းရဲ့ မျက်စိကျမှုကို ရရှိခဲ့တာဖြစ်ပြီး The Voice မှာ ဒိုင်အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အသံပါဝါရှိပြီး အတွေ့အကြုံတွေလည်း ရင့်ကျက်နေတဲ့ အဆိုတော်တစ်ယောက် ဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရဲ့ ဂီတအိပ်မက်တွေကို ကူညီ အကောင်အထည် ဖော်ပေးနိုင်မယ့်သူဆိုတာ အသေအချာပါပဲ။

Linda December

Source: OK!

(Zawgyi Version)

အဆိုေတာ္မေလး Ariana Grande ဟာ နာမည္ေက်ာ္ အဆိုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ The Voice မွာ ဒိုင္လူႀကီးအျဖစ္ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။ သူမဟာ The Voice ရဲ႕ လာမယ့္ Season 21 မွာ ဒိုင္အျဖစ္ ပါဝင္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

အသက္(၂၇)ႏွစ္သာ ရွိေသးတဲ့ Ariana ဟာ The Voice မွာ ဒိုင္လူႀကီးအျဖစ္ ပါဝင္လာေတာ့မွာ ျဖစ္တာေၾကာင့္ သူမရဲ႕ပရိသတ္ေတြကေတာ့ သိပ္ကို ရင္ခုန္ေစာင့္ေမွ်ာ္ေနၾကၿပီ ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းတာကေတာ့ Season 21 အတြက္ သူမ ရရွိမယ့္ အႏုပညာေၾကးပဲ ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

Ariana ဟာ The Voice မွာ Season 21 တစ္ခုတည္းအတြက္ ဒိုင္အျဖစ္ ပါဝင္ေဆာင္႐ြက္ေပး႐ုံနဲ႔ အေမရိကန္ေဒၚလာ သန္း(၂၀)ကေန (၂၅)သန္းအတြင္း လစာအျဖစ္ ရရွိသြားမယ္လို႔ သိရပါတယ္။ ဒါဟာ The Voice ရဲ႕ သမိုင္းတေလွ်ာက္ ပါဝင္ခဲ့ဖူးတဲ့ ဒိုင္လူႀကီးေတြထဲမွာ အျမင့္မားဆုံး ရရွိမယ့္ လစာပဲ ျဖစ္ပါတယ္။

The Voice မွာ ယခင္က အျမင့္ဆုံးလစာ ရရွိခဲ့ဖူးတဲ့ Kelly Clarkson ၊ Adam Levine ၊ Blake Shelton ၊ Christina Aguilera နဲ႔ Shakira တို႔ကို ေက်ာ္တက္ၿပီး အခုလို မ်ားျပားတဲ့လစာကို ရရွိလိုက္တာလည္း ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

အသက္ငယ္ငယ္ေလးနဲ႔ ဒီလိုလစာအမ်ားႀကီး ရရွိတဲ့ ဒိုင္တစ္ေယာက္အျဖစ္ ကမ္းလွမ္းခံရဖို႔ဟာ အေပၚယံ ၾကည့္မယ္ဆိုရင္ သူမရဲ႕ေက်ာ္ၾကားမႈတစ္ခုတည္းေၾကာင့္လို႔ ထင္ႏိုင္ေပမယ့္ တကယ္ေတာ့ သူမရဲ႕အႏုပညာ ေနာက္ခံေၾကာင့္ဆိုတာ ျငင္းမရႏိုင္ပါဘူး။

Ariana ဟာ ဂီတသက္တမ္း ဆယ္ႏွစ္ မျပည့္ေသးတဲ့ အခ်ိန္ကာလအတြင္းမွာ စတူဒီယိုအယ္လ္ဘမ္ ေျခာက္ခ်ပ္ ထြက္ရွိထားၿပီး ျဖစ္ပါတယ္။ အဆိုပါ အယ္လ္ဘမ္ေတြကေတာ့ Yours Truly (2013) ၊ My Everything (2014) ၊ Dangerous Woman (2016) ၊ Sweetener (2018) ၊ thank u, next (2019) နဲ႔ Positions (2020) တို႔ ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

ဒီအယ္လ္ဘမ္ေတြထဲက သီခ်င္းငါးပုဒ္ဟာလည္း Billboard Hot 100 Chart မွာ နံပါတ္(၁) ခ်ိတ္ထားပါေသးတယ္။ နံပါတ္(၁) ခ်ိတ္ခဲ့တဲ့ သီခ်င္းငါးပုဒ္ကေတာ့ Justin Bieber နဲ႔ တြဲဆိုခဲ့တဲ့ Stuck With U ၊ Thank U, Next ၊ 7 Rings ၊ Lady Gaga နဲ႔ တြဲဆိုခဲ့တဲ့ Rain On Me နဲ႔ Positions တို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ Ariana ဟာ Spotify နဲ႔ Apple Music တို႔လို streaming service ေတြမွာ stream လုပ္ခံရဆုံး အမ်ိဳးသမီး artist လည္း ျဖစ္ပါတယ္။ သူမရဲ႕ ထြက္ရွိၿပီးသမွ် အယ္လ္ဘမ္၊ ဆင္ဂယ္လ္၊ အတြဲသီခ်င္းအားလုံးရဲ႕ ေရာင္းအားဟာလည္း ယူအက္စ္တစ္ခုတည္းမွာတင္ (၈၅)သန္းေက်ာ္ ေရာင္းခ်ထားရပါတယ္။

Photo: arianagrande/ Instagram

ဂီတနဲ႔ ပတ္သက္တဲ့ သူမရဲ႕ အထင္ကရ ေအာင္ျမင္မႈေတြကေတာ့ ဂရမ္မီဆုႏွစ္ခုနဲ႔ MTV ဆု ကိုးဆု ရရွိထားတာပါပဲ။ ဒါတင္မက Ariana ဟာ ကမာၻ႔ဂင္းနစ္စံခ်ိန္ (၂၂)ခုကို စံခ်ိန္တင္ထားႏိုင္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အသက္သာ ငယ္ေသးေပမယ့္ သူမရဲ႕ေအာင္ျမင္မႈေတြနဲ႔ ေက်ာ္ၾကားမႈေတြက NBC ႐ုပ္သံလိုင္းရဲ႕ မ်က္စိက်မႈကို ရရွိခဲ့တာျဖစ္ၿပီး The Voice မွာ ဒိုင္အျဖစ္ ေဆာင္႐ြက္ေပးဖို႔ ကမ္းလွမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

အသံပါဝါရွိၿပီး အေတြ႕အႀကဳံေတြလည္း ရင့္က်က္ေနတဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္တာေၾကာင့္ ၿပိဳင္ပြဲဝင္ေတြရဲ႕ ဂီတအိပ္မက္ေတြကို ကူညီ အေကာင္အထည္ ေဖာ္ေပးႏိုင္မယ့္သူဆိုတာ အေသအခ်ာပါပဲ။

Linda December

Source: OK!

 

RELATED ARTICLES

Most Popular