HomeEntertainmentFilmမင်းသားကြီး Arnold Schwarzenegger ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ

မင်းသားကြီး Arnold Schwarzenegger ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ

မင်းသားကြီး Arnold Schwarzenegger ကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသရုပ်ဆောင် ဖြစ်ပြီး ယခုအချိန်မှာတော့ အသက်(၇၄)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ မင်းသားကြီး Arnold ကတော့ သူ့ရဲ့ဘဝတလျှောက်မှာ သရုပ်ဆောင်နဲ့ Bodybuilder တင် မဟုတ်ဘဲ ရုပ်ရှင်ထုတ်လုပ်သူ၊ စီးပွားရေးသမားနဲ့ California ရဲ့ မြို့တော်ဝန်တောင် ဖြစ်ခဲ့ဖူးပါသေးတယ်။ သူကတော့ ၁၉၇၀ ခုနှစ်မှာ သရုပ်ဆောင်ဘဝကို စတင်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ မသိသူ မရှိလောက်အောင် အောင်မြင်သူလည်း ဖြစ်ပါတယ်။။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မင်းသားကြီး Arnold Schwarzenegger ရဲ့ ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

Utap

photo via screenrant

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ James Cameron ရဲ့ ဟာသအက်ရှင်ရုပ်ရှင် ဖြစ်တဲ့ True Lies ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသားကြီး Arnold ရဲ့ ပထမဆုံး Live Action ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Arnold Schwarzenegger ၊ Monica Barbaro ၊ Aparna Brielle ၊ Jay B‌aruchel ၊ Fabiana Udenio နဲ့ Travis Van Winkle တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စပိုင်တွေဖြစ်တဲ့ အဖေနဲ့ သမီးတို့ဟာ ကမ္ဘာအနှံ့မှာ စပိုင်စွန့်စားခန်းတွေ ထွက်တာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ Netflix မှာ ပြသသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာနိုင်ပါတယ်။

Kung Fury 2/ Kung Fury: The Movie

photo via screenrant

ဒီရုပ်ရှင်ကတော့ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမဆုံး Kung Fury ကတော့ (၃၁)မိနစ်သာ ရှိတဲ့ ဗွီဒီယိုအတိုလေးပဲ ဖြစ်ပြီး YouTube ပေါ်မှာ ကြည့်ရှုသူ သန်း(၄၀)လောက် ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီဗွီဒီယိုအတိုနဲ့ ဆက်စပ်နေမှာ မဟုတ်ပေမယ့်လည်း အဲဒီ Universe ထဲမှာပဲ ဇာတ်အိမ်တည်သွားမှာ ဖြစ်ပါတယ်။ Arnold Schwarzenegger ၊ Michael Fassbender ၊ Alexandra Shipp နဲ့ David Hasselhoff တို့ ပါဝင်ထားတဲ့ ဟာသကားတစ်ခုပဲ ဖြစ်ပါတယ်။

Triplets

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Twins ဟာသကားရဲ့ Sequel အဆက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Arnold Schwarzenegger နဲ့ Danny DeVito တို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး နာမည်ကြီးဟာသ သရုပ်ဆောင်တွေဖြစ်တဲ့ Tracy Morgan နဲ့ Eddie Murphy တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင်နှစ်ယောက်ဟာ သူတို့မှာ တတိယမြောက် ညီအစ်ကို ရှိနေသေးတာကို သိလိုက်ရတဲ့အကြောင်းလို့သာ ဖော်ပြထားပါတယ်။

King Conan: The Legend of Conan

photo via screenrant

မင်းသားကြီး Arnold Schwarzenegger ရဲ့ အထင်ကရ ရုပ်ရှင်တွေထဲမှာတော့ Conan the BarBarian နဲ့ Conan the Destroyer တို့လည်း ပါဝင်ပါတယ်။ Arnold ကိုယ်တိုင်ကလည်း Conan အနေနဲ့ ရုပ်ရှင်မှာဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲမှာဖြစ်ဖြစ် ပြန်လည် သရုပ်ဆောင်ချင်သေးတယ်လို့ ပြောခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ ဒီပရောဂျက်ကို Netflix သို့မဟုတ် Amazon က ဆက်လက် ဖန်တီးသွားမလားဆိုတာတော့ မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ Arnold ကို Conan အနေနဲ့ ပြန်မြင်ချင်နေကြတုန်းပဲ ဖြစ်ပါတယ်။

Outrider

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ ရဲဝန်ထမ်းနှစ်ယောက်ဟာ နာမည်ကြီး ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဆီးဖို့ ခြေရာခံကြတာကို မြင်တွေ့ရမှာ ဖြစ်ပြီး Amazon က ဖန်တီးသွားမယ့် Western ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Arnold ကလွဲရင် ဒီဇာတ်လမ်းတွဲထဲမှာ ဘယ်သရုပ်ဆောင်တွေ ပါဝင်လာမယ်ဆိုတာ မသိရသေးသလို ထွက်ရှိလာမယ့် နေ့ရက်ကိုလည်း မသိရသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular