HomeCelebs Update NewsKoreaအလုပ်တွေဘယ်လောက်များများ ညီအစ်ကိုစိတ်ဓာတ်နဲ့ ဖြေရှင်းလေ့ရှိတဲ့ ASTRO အဖွဲ့

အလုပ်တွေဘယ်လောက်များများ ညီအစ်ကိုစိတ်ဓာတ်နဲ့ ဖြေရှင်းလေ့ရှိတဲ့ ASTRO အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ASTRO အဖွဲ့ဟာ ကိုရီးယားဗားရှင်း ELLE မဂ္ဂဇင်းရဲ့ ဇွန်လထုတ် မဂ္ဂဇင်းအတွက် မျက်နှာဖုံးကာဗာ ရိုက်ကူးပေးခဲ့ကြပါတယ်။ မျက်နှာဖုံးရှင်နဲ့ တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးမှာတော့ တစ်ခါတစ်ရံမှာ အဖွဲ့လိုက်လှုပ်ရှားမှုထက် အချို့အဖွဲ့ဝင်တွေရဲ့ အချိန်ဇယားတွေက ပိုများနေတဲ့အခါမျိုးတွေမှာ အဖွဲ့အနေနဲ့ ညှိနှိုင်းလုပ်ဆောင်တဲ့အကြောင်း ပြောကြားထားပါတယ်။

Idol အဖွဲ့တွေမှာ အဖွဲ့လိုက်လှုပ်ရှားမှုတွေ ရှိသလို အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ လှုပ်ရှားမှုတွေလည်း ရှိကြပါတယ်။ တစ်ခါတစ်လေမှာ အဖွဲ့ထဲက အချို့သော အဖွဲ့ဝင်တွေဟာ ရသစုံရှိုးတွေမှာ ပါဝင်ရတာမျိုးတွေ၊ ဒရာမာရိုက်ကူးရတာမျိုးတွေ စတဲ့ လှုပ်ရှားမှုတွေနဲ့ အချိန်ဇယားက ပြည့်နှက်နေတတ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုထက် တစ်ကိုယ်တော် လှုပ်ရှားမှုတွေက ပိုများနေတာမျိုး ဖြစ်တတ်ပါတယ်။

Photo via koreaboo

သို့ပေမယ့် ပွဲမထွက်ခင်ကတည်းက ညီအစ်ကိုတွေလိုမျိုး ရင်းနှီးနေကြပြီးသား ASTRO အဖွဲ့အနေနဲ့ကတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကာ ပံ့ပိုးကူညီပေးကြတယ်လို့ ဆိုကြပါတယ်။

“ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြပါတယ်။ အတူတူ ရှိလာကြတာလည်း ကြာနေပြီဆိုတော့ ကိစ္စတော်တော်များများက ဒီတိုင်းလေး ပြောလိုက်ရုံနဲ့ အဆင်ပြေသွားတာ များပါတယ်။ အဖွဲ့ဝင်တစ်ယောက်က ကျွန်တော်တို့ထက် အချိန်ဇယားတွေ ပိုများနေပြီဆိုရင် ကျွန်တော်တို့သိထားတဲ့ နည်းလမ်းတွေ ဝေမျှပြီးတော့ နားလည်မှုပေးလေ့ ရှိကြပါတယ်…” လို့ အဖွဲ့ဝင် Cha Eun Woo က ဆိုပါတယ်။

Photo via koreaboo

အဖွဲ့သားတွေအားလုံးမှာ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်တွေ အပြည့်ရှိကြပြီး အဖွဲ့သားအချင်းချင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ အပြုသဘောဆောင်တဲ့ အပြုအမူတွေကိုသာ လုပ်ဆောင်လေ့ ရှိကြတယ်လို့ Jin Jin ကတော့ ဆိုပါတယ်။ ” အဖွဲ့သားတွေမှာက တာဝန်ယူစိတ်၊ တာဝန်ခံလိုစိတ် ပြင်းပြင်းထန်ထန်ကို ရှိကြပါတယ်။ ကျွန်တော်တို့ အချင်းချင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ အလင်းပေးနိုင်တာမျိုးကိုပဲ ကျွန်တော်တို့အဖွဲ့က ဖြစ်ချင်တာပါ…” လို့ Jin Jin က ရှင်းပြထားပါသေးတယ်။

အကြီးတွေရဲ့ စောင့်ရှောက်မှုအောက်မှာပဲ အရွယ်ရောက်လာတဲ့ Yoon San-Ha ကတော့ အစ်ကိုတွေရဲ့ စိတ်ဓာတ်တွေကို ကြည့်ပြီး လေ့လာသင်ယူရင်းနဲ့ သူ့ကိုယ်သူ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် အသုံးချတယ်လို့ ဆိုထားပါတယ်။ ” အစ်ကိုတွေရဲ့ခွန်အားနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်တွေကို ကျွန်တော် ကြိုးစားသင်ယူပါတယ်။ သူတို့ရဲ့ အကြံပေးချက်တွေကိုလည်း စိတ်ကိုဖွင့်ပြီး အမြဲတမ်း နားထောင်ပါတယ်… ” လို့ ဆိုပါတယ်။

Photo: _astro_kpop_/ Instagram

ASTRO အဖွဲ့ဟာ လုပ်ဖော်ကိုင်ဖက်တွေတင် မဟုတ်ဘဲ ညီအစ်ကိုတွေသဖွယ် ဖြစ်နေပါပြီ။ အဖွဲ့ထဲမှာ မတူညီတဲ့ အလုပ်ချိန်တွေ၊ အချိန်ဇယားတွေ ရှိနေရင်တောင် ဒီကိစ္စတွေက သူတို့ရဲ့စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမှာ မဟုတ်ပါဘူး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ASTRO အဖြဲ႕ဟာ ကိုရီးယားဗားရွင္း ELLE မဂၢဇင္းရဲ႕ ဇြန္လထုတ္ မဂၢဇင္းအတြက္ မ်က္ႏွာဖုံးကာဗာ ႐ိုက္ကူးေပးခဲ့ၾကပါတယ္။ မ်က္ႏွာဖုံးရွင္နဲ႔ ေတြ႕ဆုံေမးျမန္းတဲ့ အင္တာဗ်ဴးမွာေတာ့ တစ္ခါတစ္ရံမွာ အဖြဲ႕လိုက္လႈပ္ရွားမႈထက္ အခ်ိဳ႕အဖြဲ႕ဝင္ေတြရဲ႕ အခ်ိန္ဇယားေတြက ပိုမ်ားေနတဲ့အခါမ်ိဳးေတြမွာ အဖြဲ႕အေနနဲ႔ ညႇိႏႈိင္းလုပ္ေဆာင္တဲ့အေၾကာင္း ေျပာၾကားထားပါတယ္။

Idol အဖြဲ႕ေတြမွာ အဖြဲ႕လိုက္လႈပ္ရွားမႈေတြ ရွိသလို အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီရဲ႕ မတူညီတဲ့ လႈပ္ရွားမႈေတြလည္း ရွိၾကပါတယ္။ တစ္ခါတစ္ေလမွာ အဖြဲ႕ထဲက အခ်ိဳ႕ေသာ အဖြဲ႕ဝင္ေတြဟာ ရသစုံရႈိးေတြမွာ ပါဝင္ရတာမ်ိဳးေတြ၊ ဒရာမာ႐ိုက္ကူးရတာမ်ိဳးေတြ စတဲ့ လႈပ္ရွားမႈေတြနဲ႔ အခ်ိန္ဇယားက ျပည့္ႏွက္ေနတတ္ၿပီး အဖြဲ႕လိုက္ လႈပ္ရွားမႈထက္ တစ္ကိုယ္ေတာ္ လႈပ္ရွားမႈေတြက ပိုမ်ားေနတာမ်ိဳး ျဖစ္တတ္ပါတယ္။

Photo via koreaboo

သို႔ေပမယ့္ ပြဲမထြက္ခင္ကတည္းက ညီအစ္ကိုေတြလိုမ်ိဳး ရင္းႏွီးေနၾကၿပီးသား ASTRO အဖြဲ႕အေနနဲ႔ကေတာ့ ဒီလိုကိစၥေတြနဲ႔ ပတ္သက္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေပးကာ ပံ့ပိုးကူညီေပးၾကတယ္လို႔ ဆိုၾကပါတယ္။

“ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းရင္းႏွီးၾကပါတယ္။ အတူတူ ရွိလာၾကတာလည္း ၾကာေနၿပီဆိုေတာ့ ကိစၥေတာ္ေတာ္မ်ားမ်ားက ဒီတိုင္းေလး ေျပာလိုက္႐ုံနဲ႔ အဆင္ေျပသြားတာ မ်ားပါတယ္။ အဖြဲ႕ဝင္တစ္ေယာက္က ကြၽန္ေတာ္တို႔ထက္ အခ်ိန္ဇယားေတြ ပိုမ်ားေနၿပီဆိုရင္ ကြၽန္ေတာ္တို႔သိထားတဲ့ နည္းလမ္းေတြ ေဝမွ်ၿပီးေတာ့ နားလည္မႈေပးေလ့ ရွိၾကပါတယ္…” လို႔ အဖြဲ႕ဝင္ Cha Eun Woo က ဆိုပါတယ္။

Photo via koreaboo

အဖြဲ႕သားေတြအားလုံးမွာ တာဝန္ယူစိတ္၊ တာဝန္ခံစိတ္ေတြ အျပည့္ရွိၾကၿပီး အဖြဲ႕သားအခ်င္းခ်င္းအတြက္ေရာ၊ ပရိသတ္ေတြအတြက္ပါ အျပဳသေဘာေဆာင္တဲ့ အျပဳအမူေတြကိုသာ လုပ္ေဆာင္ေလ့ ရွိၾကတယ္လို႔ Jin Jin ကေတာ့ ဆိုပါတယ္။ ” အဖြဲ႕သားေတြမွာက တာဝန္ယူစိတ္၊ တာဝန္ခံလိုစိတ္ ျပင္းျပင္းထန္ထန္ကို ရွိၾကပါတယ္။ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းအတြက္ေရာ၊ ပရိသတ္ေတြအတြက္ပါ အလင္းေပးႏိုင္တာမ်ိဳးကိုပဲ ကြၽန္ေတာ္တို႔အဖြဲ႕က ျဖစ္ခ်င္တာပါ…” လို႔ Jin Jin က ရွင္းျပထားပါေသးတယ္။

အႀကီးေတြရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာပဲ အ႐ြယ္ေရာက္လာတဲ့ Yoon San-Ha ကေတာ့ အစ္ကိုေတြရဲ႕ စိတ္ဓာတ္ေတြကို ၾကည့္ၿပီး ေလ့လာသင္ယူရင္းနဲ႔ သူ႔ကိုယ္သူ ပိုေကာင္းတဲ့လူတစ္ေယာက္ ျဖစ္လာေအာင္ အသုံးခ်တယ္လို႔ ဆိုထားပါတယ္။ ” အစ္ကိုေတြရဲ႕ခြန္အားနဲ႔ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္တဲ့ စြမ္းရည္ေတြကို ကြၽန္ေတာ္ ႀကိဳးစားသင္ယူပါတယ္။ သူတို႔ရဲ႕ အႀကံေပးခ်က္ေတြကိုလည္း စိတ္ကိုဖြင့္ၿပီး အၿမဲတမ္း နားေထာင္ပါတယ္… ” လို႔ ဆိုပါတယ္။

Photo: _astro_kpop_/ Instagram

ASTRO အဖြဲ႕ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြတင္ မဟုတ္ဘဲ ညီအစ္ကိုေတြသဖြယ္ ျဖစ္ေနပါၿပီ။ အဖြဲ႕ထဲမွာ မတူညီတဲ့ အလုပ္ခ်ိန္ေတြ၊ အခ်ိန္ဇယားေတြ ရွိေနရင္ေတာင္ ဒီကိစၥေတြက သူတို႔ရဲ႕စည္းလုံးညီၫြတ္မႈကို ပ်က္ျပားေစမွာ မဟုတ္ပါဘူး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular