HomeCelebs Update NewsKorea၂၀၁၉ခုႏွစ္ Asia Artist Awards ဆုေပးပြဲကို ဘယ္သူေတြ တက္ေရာက္ၾကမွာလဲ

၂၀၁၉ခုႏွစ္ Asia Artist Awards ဆုေပးပြဲကို ဘယ္သူေတြ တက္ေရာက္ၾကမွာလဲ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

၂၀၁၉ခုႏွစ္အတြက္ မၾကာမီမွာ က်င္းပေတာ့မယ့္ အာရွအႏုပညာရွင္ ဆုေပးပြဲ Asia Artist Awards ႀကီးကို တက္ေရာက္ၾကမယ့္ ကိုရီးယားအႏုပညာရွင္တို႔ရဲ႕ စာရင္းေတြ ထြက္ေပၚလာပါတယ္။

အဆိုပါ ဆုေပးပြဲႀကီးကို ထိပ္ဆုံးေနရာမွာ ရိွေနတဲ့ မိန္းကေလး ေကေပါ့ပ္အဖြဲ႕ေတြျဖစ္တဲ့ TWICE ၊ Red Velvet ၊ Chungha ၊ Cosmic Girls ၊ G-IDLE အစရိွတဲ့ အဖြဲ႕ေတြက တက္ေရာက္ၾကမယ္လို႔ သိရပါတယ္။

Photo: koreaboo

ဒါ့အျပင္ နာမည္ေက်ာ္ ကိုရီးယားသရုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ Jang Donggun ၊ Park Minyoung ၊ Jung Haein ၊ Lee Kwangsoo တို႔အပါအ၀င္ နာမည္ေက်ာ္ အမ်ားအျပား တက္ေရာက္သြားၾကမွာပါ။

Asia Artist Awards ဆုေပးပြဲႀကီးကေတာ့ အာရွတိုက္တစ္ခြင္လုံးက အႏုပညာလုပ္ေနၾကတဲ့ သရုပ္ေဆာင္၊ အဆိုေတာ္မ်ားအားလုံးကို အသိအမွတ္ျပဳ၊ ဆုခ်ီးျမွင့္ေပးေနတဲ့ ဆုေပးပြဲတစ္ခုျဖစ္ၿပီး ႏွစ္စဥ္က်င္းပေလ့ ရိွပါတယ္။

Photo: koreaboo

ယခုႏွစ္ ၂၀၁၉ခုႏွစ္အတြက္ ဆုေပးပြဲကိုေတာ့ ႏုိ၀င္ဘာလ(၂၆)ရက္ေန႔မွာ ဗီယက္နမ္ႏိုင္ငံ၊ ဟႏိြဳင္းၿမိဳ႕က My Dinh အမ်ိဳးသားကဇာတ္ရုံႀကီးမွာ ခမ္းခမ္းနားနား က်င္းပသြားမယ္လို႔ သိရပါတယ္။ ဘယ္သူေတြ ဆုရရိွသြားၾကဦးမွာလည္းဆိုတာကိုေတာ့ အတူတူ ႀကိဳတင္ရင္ခုန္ထားၾကရေအာင္။

LaNina

Ref: koreaboo

၂၀၁၉ခုနှစ်အတွက် မကြာမီမှာ ကျင်းပတော့မယ့် အာရှအနုပညာရှင် ဆုပေးပွဲ Asia Artist Awards ကြီးကို တက်ရောက်ကြမယ့် ကိုရီးယားအနုပညာရှင်တို့ရဲ့ စာရင်းတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါ ဆုပေးပွဲကြီးကို ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ မိန်းကလေး ကေပေါ့ပ်အဖွဲ့တွေဖြစ်တဲ့ TWICE ၊ Red Velvet ၊ Chungha ၊ Cosmic Girls ၊ G-IDLE အစရှိတဲ့ အဖွဲ့တွေက တက်ရောက်ကြမယ်လို့ သိရပါတယ်။

Photo: koreaboo

ဒါ့အပြင် နာမည်ကျော် ကိုရီးယားသရုပ်ဆောင်များဖြစ်ကြတဲ့ Jang Donggun ၊ Park Minyoung ၊ Jung Haein ၊ Lee Kwangsoo တို့အပါအဝင် နာမည်ကျော် အများအပြား တက်ရောက်သွားကြမှာပါ။

Asia Artist Awards ဆုပေးပွဲကြီးကတော့ အာရှတိုက်တစ်ခွင်လုံးက အနုပညာလုပ်နေကြတဲ့ သရုပ်ဆောင်၊ အဆိုတော်များအားလုံးကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ပေးနေတဲ့ ဆုပေးပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။

Photo: koreaboo

ယခုနှစ် ၂၀၁၉ခုနှစ်အတွက် ဆုပေးပွဲကိုတော့ နိုဝင်ဘာလ(၂၆)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က My Dinh အမျိုးသားကဇာတ်ရုံကြီးမှာ ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့ သိရပါတယ်။ ဘယ်သူတွေ ဆုရရှိသွားကြဦးမှာလည်းဆိုတာကိုတော့ အတူတူ ကြိုတင်ရင်ခုန်ထားကြရအောင်။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular