HomeEntertainmentMusicAvicii ရဲ့ (၃၂)နှစ်မြောက်မွေးနေ့အတွက် Google က doodle video နဲ့ ဂုဏ်ပြုထား

Avicii ရဲ့ (၃၂)နှစ်မြောက်မွေးနေ့အတွက် Google က doodle video နဲ့ ဂုဏ်ပြုထား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့ စက်တင်ဘာလ(၈)ရက်နေ့ရဲ့ Google doodle မှာတော့ Avicii ရဲ့ (၃၂)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗွီဒီယိုတစ်ခု ဖန်တီးပေးထားတာ တွေ့ရပါတယ်။

အဆိုပါ doodle ဗွီဒီယိုမှာတော့ Tim Bergling ရဲ့ (၃၂)နှစ်မြောက်မွေးနေ့အတွက်ဆိုပြီး ဖော်ပြထားပါတယ်။ Tim Bergling ကတော့ stage name အနေနဲ့ Avicii လို့ လူသိများကြတဲ့ နာမည်ကျော် ဆွီဒင် DJ ၊ producer ၊ သီချင်းရေးသူနဲ့ ပရဟိတသမားတစ်ဦး ဖြစ်ပါတယ်။ Avicii ဟာ တိုတောင်းတဲ့ သူ့ရဲ့ ဂီတသက်တမ်းအတွင်းမှာ မတူညီတဲ့ ဂီတအမျိုးအစားပေါင်းစုံကို electronic music နဲ့ ပေါင်းစပ်ကာ dance pop ကို တစ်ခေတ်ဆန်းစေခဲ့သူလည်း ဖြစ်ပါတယ်။

Photo: Google

ယနေ့ Google က ဖော်ပြပေးထားတဲ့ doodle ဗွီဒီယိုမှာတော့ Avicii ရဲ့ နာမည်ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Wake Me Up” ကို အသုံးပြုထားပြီး Alyssa Winans ၊ Olivia When နဲ့ Sophie Diao ဆိုတဲ့ artist သုံးယောက်က doodle ဗွီဒီယိုအတွက် ဝိုင်းဝန်းဖန်တီးပေးထားကြတာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့မှာ မွေးဖွားခဲ့တဲ့ Tim ဟာ အသက်(၁၆)နှစ်အရွယ်တည်းက သူ့ရဲ့အိပ်ခန်းလေးထဲမှာ တေးသွားတွေကို mixing ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာတော့ “Levels” ဆိုတဲ့ သီချင်းကို Avicii ဆိုတဲ့ အနုပညာအမည်နဲ့ ထွက်ရှိခဲ့ပြီး Pop ဂီတ charts တွေမှာ ထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး electronic music တေးသီချင်း စာရင်းဝင်အဖြစ် ဖောက်ထွက် အောင်မြင်ခဲ့ပါတယ်။

Tim ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကြိမ်ပေါင်း (၂၂၀) ဖျော်ဖြေခဲ့ဖူးပြီး nightlife တွေ၊ dance music တွေအတွက် နာမည်ကျော်ကြားတဲ့ Ibiza ကျွန်းမှာလည်း ငါးနှစ်ခန့် သွားရောက်နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo: avicii/ Instagram

ဒီလိုနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Wake Me Up” သီချင်းရဲ့ နောက်ပိုင်းမှာတော့ အဆိုတော်တွေ၊ နာမည်ကျော် တူရိယာတီးခတ်သူတွေနဲ့အပြိုင် ကင်မရာမီးရောင်အောက်မှာ ပရိသတ်စိတ်ဝင်စားမှုကို ရရှိလာတဲ့ ပထမဆုံး DJ တွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

Tim ဟာ ဂီတဘက်မှာတင် ထိုးဖောက်အောင်မြင်နိုင်ခဲ့တာ မဟုတ်ဘဲ လူမှုကူညီ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ “House for Hunger” (ဆာလောင်သူတွေအတွက်အိမ်) လို့ အမည်ပေးထားတဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ပြီး အဆိုပါရှိုးတွေက ရရှိတဲ့ အမြတ်ငွေတွေကို ကမ္ဘာပေါ်က အစားအစာမလုံလောက်တဲ့ နေရာတွေအတွက် ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ မိုင်ယာမီမှာ ကျင်းပခဲ့ပြီး Tim ပါဝင်တဲ့ Ultra Music Festival ရဲ့ ပိတ်ပွဲကို နာမည်ကျော် ပေါ့ပ်ဘုရင်မ Madonna လည်း ပူးပေါင်း ပါဝင်ဖျော်ဖြေခဲ့ပြီး သူတို့နှစ်ဦးရဲ့ ပူးပေါင်းတင်ဆက်မှုကြောင့် အဆိုပါပွဲတော်ရဲ့ streaming ကြည့်ရှုနှုန်းဟာ စံချိန်တင်သွားခဲ့ပါသေးတယ်။

Photo: avicii/ Instagram

စိတ်မကောင်းစရာပဲ Tim ဟာ နှစ်ပေါင်းများစွာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်နေခဲ့ရာက အသက်(၂၈)နှစ်အရွယ် ၂၀၁၈ခုနှစ်မှာတော့ မိမိကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

တိုတောင်းတဲ့ ဂီတသက်တမ်းအတွင်းမှာတော့ ကမ္ဘာနဲ့ချီတဲ့ ဂီတထူးချွန်ဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ပြီး ဂရမ်မီမှာလည်း စံကာတင်ဆုများစွာ ဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါတင်မက ၂၀၁၃ ခုနှစ်ရဲ့ American Music Award မှာ Electronic Dance Music Artist ဆု၊ ၂၀၁၄ ခုနှစ်ရဲ့ Billboard Music Award မှာ Top Dance/ Electronic Song ဆုနဲ့ ၂၀၁၈ ခုနှစ်ရဲ့ MTV Music Award မှာ Best Dance Music Video ဆုတို့ကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

ယခုဖန်တီးပေးထားတဲ့ doodle ဗွီဒီယိုနဲ့ ပတ်သက်ပြီး Google ဟာ Tim ရဲ့ ဖခင် Klas Bergling နဲ့ အင်တာဗျူးပြုလုပ်ထားပြီး သားဖြစ်သူရဲ့အကြောင်းနဲ့ စိတ်ကျန်းမာရေးအကြောင်းတွေကိုပါ ဆွေးနွေးထားပါတယ်။

“Doodle လေးက သိပ်ကိုကောင်းမွန်ပါတယ်။ ကျွန်တော်ရော၊ ကျွန်တော့်မိသားစုတွေကပါ ဂုဏ်ယူမိသလို Tim သိရင်လည်း ဒါကိုသိပ်နှစ်သက်ပြီး ဂုဏ်ယူနေမှာပါ။ လူငယ်လေးတစ်ယောက်က DJ ဖြစ်ချင်တဲ့ အိပ်မက်ကို ဖြစ်ခွင့်ရသွားတဲ့အကြောင်း ဖော်ပြထားတာလေးက သိပ်ကိုရင်းနှီးနွေးထွေးပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ဘဝတွေမှာ အောင်မြင်မှုတွေနဲ့ ငွေကြေးဂုဏ်ဒြပ်တွေ ရှိလာတိုင်းလည်း လွယ်ကူမနေဘူးဆိုတာ ပြောပြထားသလိုပါပဲ … ” လို့ Tim ရဲ့ဖခင်က ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ စတော့ခ်ဟုမ်းမြို့မှာရှိတဲ့ Ericsson Globe Arena ကို Avicii Arena လို့ အမည်ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာထားပါတယ်။ ယခုလို အမည်ပြောင်းလဲသတ်မှတ်မှုကိုတော့ Tim ရဲ့ ဘဝနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ Bergling မိသားစုက ဦးဆောင်ထူထောင်ထားတဲ့ Tim Bergling Foundation က ဦးဆောင်ဦးရွက် ပြုထားတာ ဖြစ်ပါတယ်။

ဒါတင်မက Tim ရဲ့ သေဆုံးမှုကို ရုပ်ဆိုးစေတဲ့ အဆုံးစီရင်မှုဆိုတာကြီးကို ဖယ်ရှားပစ်ပြီး ကမ္ဘာပေါ်က လူငယ်လူရွယ်တွေကြားမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာတွေ ဖြန့်ဝေသွားဖို့ကိုလည်း ဒီဖောင်ဒေးရှင်းက ရည်ရွယ်ထားပါသေးတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

ယေန႔ စက္တင္ဘာလ(၈)ရက္ေန႔ရဲ့ Google doodle မွာေတာ့ Avicii ရဲ့ (၃၂)ႏွစ္ေျမာက္ ေမြးေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဗြီဒီယိုတစ္ခု ဖန္တီးေပးထားတာ ေတြ႕ရပါတယ္။

အဆိုပါ doodle ဗြီဒီယိုမွာေတာ့ Tim Bergling ရဲ့ (၃၂)ႏွစ္ေျမာက္ေမြးေန႔အတြက္ဆိုၿပီး ေဖာ္ျပထားပါတယ္။ Tim Bergling ကေတာ့ stage name အေနနဲ႔ Avicii လို႔ လူသိမ်ားၾကတဲ့ နာမည္ေက်ာ္ ဆြီဒင္ DJ ၊ producer ၊ သီခ်င္းေရးသူနဲ႔ ပရဟိတသမားတစ္ဦး ျဖစ္ပါတယ္။ Avicii ဟာ တိုေတာင္းတဲ့ သူ႔ရဲ့ ဂီတသက္တမ္းအတြင္းမွာ မတူညီတဲ့ ဂီတအမ်ိဳးအစားေပါင္းစုံကို electronic music နဲ႔ ေပါင္းစပ္ကာ dance pop ကို တစ္ေခတ္ဆန္းေစခဲ့သူလည္း ျဖစ္ပါတယ္။

Photo: Google

ယေန႔ Google က ေဖာ္ျပေပးထားတဲ့ doodle ဗြီဒီယိုမွာေတာ့ Avicii ရဲ့ နာမည္ေက်ာ္ၾကားတဲ့ ေတးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “Wake Me Up” ကို အသုံးျပဳထားၿပီး Alyssa Winans ၊ Olivia When နဲ႔ Sophie Diao ဆိုတဲ့ artist သုံးေယာက္က doodle ဗြီဒီယိုအတြက္ ဝိုင္းဝန္းဖန္တီးေပးထားၾကတာ ျဖစ္ပါတယ္။

၁၉၈၉ ခုႏွစ္ ဆြီဒင္နိုင္ငံ စေတာ့ခ္ဟုမ္းၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ Tim ဟာ အသက္(၁၆)ႏွစ္အရြယ္တည္းက သူ႔ရဲ့အိပ္ခန္းေလးထဲမွာ ေတးသြားေတြကို mixing ျပဳလုပ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၁၁ ခုႏွစ္မွာေတာ့ “Levels” ဆိုတဲ့ သီခ်င္းကို Avicii ဆိုတဲ့ အႏုပညာအမည္နဲ႔ ထြက္ရွိခဲ့ၿပီး Pop ဂီတ charts ေတြမွာ ထိပ္ပိုင္းကို တက္ေရာက္နိုင္ခဲ့တဲ့ ပထမဆုံး electronic music ေတးသီခ်င္း စာရင္းဝင္အျဖစ္ ေဖာက္ထြက္ ေအာင္ျမင္ခဲ့ပါတယ္။

Tim ဟာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ အႀကိမ္ေပါင္း (၂၂၀) ေဖ်ာ္ေျဖခဲ့ဖူးၿပီး nightlife ေတြ၊ dance music ေတြအတြက္ နာမည္ေက်ာ္ၾကားတဲ့ Ibiza ကၽြန္းမွာလည္း ငါးႏွစ္ခန႔္ သြားေရာက္ေနထိုင္ခဲ့သူ ျဖစ္ပါတယ္။

Photo: avicii/ Instagram

ဒီလိုနဲ႔ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Wake Me Up” သီခ်င္းရဲ့ ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္ေတြ၊ နာမည္ေက်ာ္ တူရိယာတီးခတ္သူေတြနဲ႔အၿပိဳင္ ကင္မရာမီးေရာင္ေအာက္မွာ ပရိသတ္စိတ္ဝင္စားမႈကို ရရွိလာတဲ့ ပထမဆုံး DJ ေတြထဲမွာ ပါဝင္လာခဲ့ပါတယ္။

Tim ဟာ ဂီတဘက္မွာတင္ ထိုးေဖာက္ေအာင္ျမင္နိုင္ခဲ့တာ မဟုတ္ဘဲ လူမႈကူညီ၊ ကယ္ဆယ္ေရး လုပ္ငန္းေတြမွာလည္း တက္ႂကြစြာ ပါဝင္လႈပ္ရွားခဲ့သူ ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ “House for Hunger” (ဆာေလာင္သူေတြအတြက္အိမ္) လို႔ အမည္ေပးထားတဲ့ နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္တစ္ခုကို စီစဥ္ခဲ့ၿပီး အဆိုပါရွိုးေတြက ရရွိတဲ့ အျမတ္ေငြေတြကို ကမၻာေပၚက အစားအစာမလုံေလာက္တဲ့ ေနရာေတြအတြက္ ခြဲေဝလႉဒါန္းေပးခဲ့ပါတယ္။

အဲဒီႏွစ္မွာပဲ မိုင္ယာမီမွာ က်င္းပခဲ့ၿပီး Tim ပါဝင္တဲ့ Ultra Music Festival ရဲ့ ပိတ္ပြဲကို နာမည္ေက်ာ္ ေပါ့ပ္ဘုရင္မ Madonna လည္း ပူးေပါင္း ပါဝင္ေဖ်ာ္ေျဖခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ့ ပူးေပါင္းတင္ဆက္မႈေၾကာင့္ အဆိုပါပြဲေတာ္ရဲ့ streaming ၾကည့္ရႈႏႈန္းဟာ စံခ်ိန္တင္သြားခဲ့ပါေသးတယ္။

Photo: avicii/ Instagram

စိတ္မေကာင္းစရာပဲ Tim ဟာ ႏွစ္ေပါင္းမ်ားစြာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး တိုက္ပြဲဝင္ေနခဲ့ရာက အသက္(၂၈)ႏွစ္အရြယ္ ၂၀၁၈ခုႏွစ္မွာေတာ့ မိမိကိုယ္ကို အဆုံးစီရင္ၿပီး ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

တိုေတာင္းတဲ့ ဂီတသက္တမ္းအတြင္းမွာေတာ့ ကမၻာနဲ႔ခ်ီတဲ့ ဂီတထူးခၽြန္ဆုေပါင္းမ်ားစြာကို ဆြတ္ခူးခဲ့ၿပီး ဂရမ္မီမွာလည္း စံကာတင္ဆုမ်ားစြာ ဝင္ခဲ့သူ ျဖစ္ပါတယ္။ ဒါတင္မက ၂၀၁၃ ခုႏွစ္ရဲ့ American Music Award မွာ Electronic Dance Music Artist ဆု၊ ၂၀၁၄ ခုႏွစ္ရဲ့ Billboard Music Award မွာ Top Dance/ Electronic Song ဆုနဲ႔ ၂၀၁၈ ခုႏွစ္ရဲ့ MTV Music Award မွာ Best Dance Music Video ဆုတို႔ကိုလည္း ဆြတ္ခူးခဲ့ပါေသးတယ္။

ယခုဖန္တီးေပးထားတဲ့ doodle ဗြီဒီယိုနဲ႔ ပတ္သက္ၿပီး Google ဟာ Tim ရဲ့ ဖခင္ Klas Bergling နဲ႔ အင္တာဗ်ဴးျပဳလုပ္ထားၿပီး သားျဖစ္သူရဲ့အေၾကာင္းနဲ႔ စိတ္က်န္းမာေရးအေၾကာင္းေတြကိုပါ ေဆြးေႏြးထားပါတယ္။

“Doodle ေလးက သိပ္ကိုေကာင္းမြန္ပါတယ္။ ကၽြန္ေတာ္ေရာ၊ ကၽြန္ေတာ့္မိသားစုေတြကပါ ဂုဏ္ယူမိသလို Tim သိရင္လည္း ဒါကိုသိပ္ႏွစ္သက္ၿပီး ဂုဏ္ယူေနမွာပါ။ လူငယ္ေလးတစ္ေယာက္က DJ ျဖစ္ခ်င္တဲ့ အိပ္မက္ကို ျဖစ္ခြင့္ရသြားတဲ့အေၾကာင္း ေဖာ္ျပထားတာေလးက သိပ္ကိုရင္းႏွီးေႏြးေထြးပါတယ္။ တခ်ိန္တည္းမွာပဲ ကၽြန္ေတာ္တို႔ရဲ့ဘဝေတြမွာ ေအာင္ျမင္မႈေတြနဲ႔ ေငြေၾကးဂုဏ္ျဒပ္ေတြ ရွိလာတိုင္းလည္း လြယ္ကူမေနဘူးဆိုတာ ေျပာျပထားသလိုပါပဲ … ” လို႔ Tim ရဲ့ဖခင္က ဆိုပါတယ္။

၂၀၂၁ ခုႏွစ္မွာေတာ့ စေတာ့ခ္ဟုမ္းၿမိဳ႕မွာရွိတဲ့ Ericsson Globe Arena ကို Avicii Arena လို႔ အမည္ေျပာင္းလဲသတ္မွတ္ေၾကာင္း ေၾကညာထားပါတယ္။ ယခုလို အမည္ေျပာင္းလဲသတ္မွတ္မႈကိုေတာ့ Tim ရဲ့ ဘဝနဲ႔ အေမြအႏွစ္ေတြကို ထိန္းသိမ္းဖို႔ Bergling မိသားစုက ဦးေဆာင္ထူေထာင္ထားတဲ့ Tim Bergling Foundation က ဦးေဆာင္ဦးရြက္ ျပဳထားတာ ျဖစ္ပါတယ္။

ဒါတင္မက Tim ရဲ့ ေသဆုံးမႈကို ႐ုပ္ဆိုးေစတဲ့ အဆုံးစီရင္မႈဆိုတာႀကီးကို ဖယ္ရွားပစ္ၿပီး ကမၻာေပၚက လူငယ္လူရြယ္ေတြၾကားမွာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္လို႔ အသိပညာေတြ ျဖန႔္ေဝသြားဖို႔ကိုလည္း ဒီေဖာင္ေဒးရွင္းက ရည္ရြယ္ထားပါေသးတယ္။

Glasgow

Source: indianexpress

RELATED ARTICLES

Most Popular