HomeCelebs Update NewsKorea(၁၉)နှစ်အတွင်း ပထမဆုံး သန်းနဲ့ချီရောင်းရတဲ့ artist ဖြစ်လာတဲ့ Baekhyun 

(၁၉)နှစ်အတွင်း ပထမဆုံး သန်းနဲ့ချီရောင်းရတဲ့ artist ဖြစ်လာတဲ့ Baekhyun 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Baekhyun ဟာ သူ့ရဲ့ဒုတိယမြောက် ထွက်ရှိထားတဲ့ မီနီအယ်လ်ဘမ် Delight နဲ့ အယ်လ်ဘမ်ချပ်ရေ သန်းချီရောင်းရတဲ့ solo artist တစ်ယောက် ဖြစ်လာပါတယ်။ အယ်လ်ဘမ် စတင်ထွက်ရှိခဲ့တဲ့ မေလ(၂၅)ရက်နေ့ကစပြီး အယ်လ်ဘမ်ချပ်ရေ တစ်သန်းတစ်သောင်းကျော် ရောင်းချထားရတာကြောင့် (၁၉)နှစ်အတွင်းမှာ ပထမဆုံးသော သန်းကျော်ရောင်းချရတဲ့ solo artist ဖြစ်သွားတာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ဂီတလောကမှာ အယ်လ်ဘမ်ချပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတဲ့ နောက်ဆုံး artist ဟာ Kim Gun Mo ဖြစ်ပါတယ်။ Kim Gun Mo ဟာ ၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ခုနှစ်ခွေမြောက်အယ်လ်ဘမ်နဲ့ ဒီစံချိန်ကို ရရှိထားတာပါ။ အဲ့ဒီ့နောက်ပိုင်းကစလို့ solo artist တွေကြားထဲမှာ ဒီလောက်များပြားတဲ့ ပမာဏကို မရောင်းရတော့တာ (၁၉)နှစ်ခန့် ရှိနေပြီဖြစ်ပြီး အခုအခါမှာ Baekhyun က ပြန်လည်အသက်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Photo: weareone.exo/ Instagram

ဒီလိုအောင်မြင်မှုမျိုးကို ရရှိစေခဲ့လို့ EXO-L တွေကိုလည်း Baekhyun က ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။ EXO ဟာ အဖွဲ့လိုက်အနေနဲ့မှာလည်း ၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ် XOXO နဲ့ (၁၂)နှစ်အတွင်း အယ်လ်ဘမ်ချပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ရတဲ့ ပထမဆုံးသော ကေပေါ့ပ်အဖွဲ့အဖြစ် မှတ်ကျောက်တင်ခဲ့ပါသေးတယ်။

ဒါကြောင့် Baekhyun ဟာ Seo Taiji and Boys အဖွဲ့က Seo Taiji ပြီးရင် အဖွဲ့လိုက်အနေနဲ့ရော၊ ဆိုလိုအနေနဲ့ပါ “million seller” ဖြစ်သွားတဲ့ ဒုတိယမြောက် artist အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Baekhyun ရဲ့ Delight အယ်လ်ဘမ်ဟာ music chart ပေါင်းများစွာရဲ့ ထိပ်မှာ ရပ်တည်နိုင်ခဲ့ပြီး iTunes Top Album Chart မှာလည်း နေရာယူနိုင်ခဲ့ပါသေးတယ်။ ဒါတင်မက တရုတ်ရဲ့ QQ Music မှာ ယခုနှစ်အတွက် ပလက်တီနမ်အယ်လ်ဘမ် သုံးချပ်ရရှိတဲ့ ပထမဆုံးသော ကိုရီးယား artist လည်း ဖြစ်နေပါသေးတယ်။

Photo: weareone.exo/ Instagram

Baekhyun ရဲ့ အခုလိုအောင်မြင်မှုတွေအပေါ် ပရိသတ်များစွာကတော့ အတိုင်းထက်အလွန် ဝမ်းသာကြည်နူးနေကြပြီး လူမှုကွန်ယက်တွေမှာလည်း ဒီအောင်မြင်မှုအတွက် ဂုဏ်ယူကာ Baekhyun ကာ ချီးမွမ်းနေကြပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

EXO အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Baekhyun ဟာ သူ႔ရဲ႕ဒုတိယေျမာက္ ထြက္ရွိထားတဲ့ မီနီအယ္လ္ဘမ္ Delight နဲ႔ အယ္လ္ဘမ္ခ်ပ္ေရ သန္းခ်ီေရာင္းရတဲ့ solo artist တစ္ေယာက္ ျဖစ္လာပါတယ္။ အယ္လ္ဘမ္ စတင္ထြက္ရွိခဲ့တဲ့ ေမလ(၂၅)ရက္ေန႔ကစၿပီး အယ္လ္ဘမ္ခ်ပ္ေရ တစ္သန္းတစ္ေသာင္းေက်ာ္ ေရာင္းခ်ထားရတာေၾကာင့္ (၁၉)ႏွစ္အတြင္းမွာ ပထမဆုံးေသာ သန္းေက်ာ္ေရာင္းခ်ရတဲ့ solo artist ျဖစ္သြားတာ ျဖစ္ပါတယ္။

ကိုရီးယားႏိုင္ငံရဲ႕ ဂီတေလာကမွာ အယ္လ္ဘမ္ခ်ပ္ေရ သန္းခ်ီၿပီး ေရာင္းခ်ခဲ့ရတဲ့ ေနာက္ဆုံး artist ဟာ Kim Gun Mo ျဖစ္ပါတယ္။ Kim Gun Mo ဟာ ၂၀၀၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ သူ႔ရဲ႕ခုႏွစ္ေခြေျမာက္အယ္လ္ဘမ္နဲ႔ ဒီစံခ်ိန္ကို ရရွိထားတာပါ။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ solo artist ေတြၾကားထဲမွာ ဒီေလာက္မ်ားျပားတဲ့ ပမာဏကို မေရာင္းရေတာ့တာ (၁၉)ႏွစ္ခန႔္ ရွိေနၿပီျဖစ္ၿပီး အခုအခါမွာ Baekhyun က ျပန္လည္အသက္သြင္းေပးလိုက္တာ ျဖစ္ပါတယ္။

Photo: weareone.exo/ Instagram

ဒီလိုေအာင္ျမင္မႈမ်ိဳးကို ရရွိေစခဲ့လို႔ EXO-L ေတြကိုလည္း Baekhyun က ေက်းဇူးတင္စကား ဆိုထားပါေသးတယ္။ EXO ဟာ အဖြဲ႕လိုက္အေနနဲ႔မွာလည္း ၂၀၁၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ XOXO နဲ႔ (၁၂)ႏွစ္အတြင္း အယ္လ္ဘမ္ခ်ပ္ေရ တစ္သန္းေက်ာ္ ေရာင္းခ်ခဲ့ရတဲ့ ပထမဆုံးေသာ ေကေပါ့ပ္အဖြဲ႕အျဖစ္ မွတ္ေက်ာက္တင္ခဲ့ပါေသးတယ္။

ဒါေၾကာင့္ Baekhyun ဟာ Seo Taiji and Boys အဖြဲ႕က Seo Taiji ၿပီးရင္ အဖြဲ႕လိုက္အေနနဲ႔ေရာ၊ ဆိုလိုအေနနဲ႔ပါ “million seller” ျဖစ္သြားတဲ့ ဒုတိယေျမာက္ artist အျဖစ္ မွတ္တမ္းဝင္သြားပါတယ္။ Baekhyun ရဲ႕ Delight အယ္လ္ဘမ္ဟာ music chart ေပါင္းမ်ားစြာရဲ႕ ထိပ္မွာ ရပ္တည္ႏိုင္ခဲ့ၿပီး iTunes Top Album Chart မွာလည္း ေနရာယူႏိုင္ခဲ့ပါေသးတယ္။ ဒါတင္မက တ႐ုတ္ရဲ႕ QQ Music မွာ ယခုႏွစ္အတြက္ ပလက္တီနမ္အယ္လ္ဘမ္ သုံးခ်ပ္ရရွိတဲ့ ပထမဆုံးေသာ ကိုရီးယား artist လည္း ျဖစ္ေနပါေသးတယ္။

Photo: weareone.exo/ Instagram

Baekhyun ရဲ႕ အခုလိုေအာင္ျမင္မႈေတြအေပၚ ပရိသတ္မ်ားစြာကေတာ့ အတိုင္းထက္အလြန္ ဝမ္းသာၾကည္ႏူးေနၾကၿပီး လူမႈကြန္ယက္ေတြမွာလည္း ဒီေအာင္ျမင္မႈအတြက္ ဂုဏ္ယူကာ Baekhyun ကာ ခ်ီးမြမ္းေနၾကပါတယ္။

LaNina

Source: koreaboo

 

RELATED ARTICLES

Most Popular