HomeCelebs Update NewsKoreaေျမးျဖစ္သူေတြဟာ BTS ARMY ေတြျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္သမၼတ ေျပာၾကား

ေျမးျဖစ္သူေတြဟာ BTS ARMY ေတြျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္သမၼတ ေျပာၾကား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မၾကာေသးခင္ ဇူလိုင္လ(၁၄)ရက္ေန႔တုန္းက ေတာင္ကိုရီးယားႏိုင္ငံ ၀န္ႀကီးခ်ဳပ္ Kim Hyun Chul နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ သမၼတ Mohammad Abdul Hamid တို႔ဟာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ေရးကိစၥေတြကို ပိုမိုက်ယ္ျပန္႔စြာ လုပ္ေဆာင္ဖို႔ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

©koreaboo

အဲ့ဒီ့လို ေတြ႔ဆုံေဆြးေႏြးခဲ့ၾကရာမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ သမၼတ Mohammad Abdul Hamid တို႔က ၄င္းရဲ႕ေျမးျဖစ္သူေတြဟာ ေကေပါ့ပ္အဖြဲ႔ေတြကို အားေပးႏွစ္ၿခိဳက္သူေတြျဖစ္ၿပီး အထူးသျဖင့္ BTS အဖြ႔ဲကို ႀကိဳက္ႏွစ္သက္ၾကေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

သမၼတႀကီးဟာ အစပိုင္းမွာေတာ့ BTS အဖြဲ႔၀င္ေတြရဲ႕ လက္မွတ္ပါ၀င္တဲ့ စီဒီေခြကို ေတာင္းဆိုခဲ့တာျဖစ္ၿပီး အဲ့ဒီ့ေနာက္မွာမွ သူ႔ရဲ႕ေျမးေတြဟာ BTS ရဲ႕ပရိသတ္ေတြျဖစ္ေၾကာင္းနဲ႔ အဆိုပါအေခြကိုလည္း ေျမးျဖစ္သူေတြကို ေပးဖို႔ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ေန႔မွာ ေျမးျဖစ္သူေတြကို ကိုရီးယားႏိုင္ငံကို ေခၚသြားေပးမယ္ဆိုတဲ့ ကတိကိုလည္း ေပးထားေသးတယ္လို႔ ဆိုပါတယ္။

https://www.instagram.com/p/BmbF4YZBH2L/

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာင္ကိုရီးယားရဲ႕ အင္တာနက္သုံးစြဲသူေတြကေတာ့ ႏွလုံးပီတိ ဂြမ္းဆီထိေနၾကပါတယ္။ သံတမန္ေရးရာအရ ေျပာသည္ျဖစ္ေစကာမူ BTS အဖြဲ႔ဆိုတာကို နာမည္တပ္ေျပာသြားတဲ့အတြက္ BTS ဟာ ကိုရီးယားႏိုင္ငံအတြက္ ရတနာတစ္ပါးျဖစ္တယ္လို႔ ဂုဏ္ယူ၀မ္းေျမာက္ေနၾကပါတယ္။ လူအမ်ားကလည္း BTS အဖြဲ႔ဟာ ႏိုင္ငံရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရးနဲ႔ ႏိုင္ငံေရးေတြအထိ သက္ေရာက္မႈေတြ ရိွေနတယ္လို႔ ဆိုေနၾကပါတယ္။

Xei

Ref: koreaboo

(Unicode Version)

မကြာသေးခင် ဇူလိုင်လ(၁၄)ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Kim Hyun Chul နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သမ္မတ Mohammad Abdul Hamid တို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ဖို့ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

©koreaboo

အဲ့ဒီ့လို တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Abdul Hamid တို့က ၎င်းရဲ့မြေးဖြစ်သူတွေဟာ ကေပေါ့ပ်အဖွဲ့တွေကို အားပေးနှစ်ခြိုက်သူတွေဖြစ်ပြီး အထူးသဖြင့် BTS အဖွ့ဲကို ကြိုက်နှစ်သက်ကြကြောင်း ပြောကြားသွားခဲ့ပါတယ်။

သမ္မတကြီးဟာ အစပိုင်းမှာတော့ BTS အဖွဲ့ဝင်တွေရဲ့ လက်မှတ်ပါဝင်တဲ့ စီဒီခွေကို တောင်းဆိုခဲ့တာဖြစ်ပြီး အဲ့ဒီ့နောက်မှာမှ သူ့ရဲ့မြေးတွေဟာ BTS ရဲ့ပရိသတ်တွေဖြစ်ကြောင်းနဲ့ အဆိုပါအခွေကိုလည်း မြေးဖြစ်သူတွေကို ပေးဖို့ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့မှာ မြေးဖြစ်သူတွေကို ကိုရီးယားနိုင်ငံကို ခေါ်သွားပေးမယ်ဆိုတဲ့ ကတိကိုလည်း ပေးထားသေးတယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/BmbF4YZBH2L/

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ အင်တာနက်သုံးစွဲသူတွေကတော့ နှလုံးပီတိ ဂွမ်းဆီထိနေကြပါတယ်။ သံတမန်ရေးရာအရ ပြောသည်ဖြစ်စေကာမူ BTS အဖွဲ့ဆိုတာကို နာမည်တပ်ပြောသွားတဲ့အတွက် BTS ဟာ ကိုရီးယားနိုင်ငံအတွက် ရတနာတစ်ပါးဖြစ်တယ်လို့ ဂုဏ်ယူဝမ်းမြောက်နေကြပါတယ်။ လူအများကလည်း BTS အဖွဲ့ဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ နိုင်ငံရေးတွေအထိ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုနေကြပါတယ်။

Xei

Ref: koreaboo

 

 

RELATED ARTICLES

Most Popular