HomeAnimeပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်တဲ့ အပိုင်းတို anime ဇာတ်လမ်းတွဲများ

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်တဲ့ အပိုင်းတို anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime ဇာတ်လမ်းတွဲတွေဟာ တစ်ကမ္ဘာလုံးမှာ အောင်မြင်လာတာနဲ့အမျှ entertainment အစီအစဉ်တွေထဲမှာလည်း အဓိက နေရာကနေ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် anime ဇာတ်လမ်းတွဲတွေဟာ အနောက်တိုင်းက ရုပ်ရှင်ဇာတ်လမ်းတွဲတွေလိုမျိူး အကြာကြီးတွေ မဟုတ်ဘဲ တစ်ပိုင်းကို မိနစ်နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း အလုပ်တွေနဲ့ မအားလပ်တဲ့လူတွေဆိုရင်တော့ အပိုင်းတွေများလွန်းတဲ့အခါ ကြည့်လို့အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ အဲ့ဒီထက်တိုတဲ့ သုံးမိနစ်ကနေ ရှစ်မိနစ်ကြားလောက်ပဲ ရှိတဲ့ အပိုင်းတိုလေးတွေပဲ ပါဝင်တဲ့ anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Encouragement of Climb
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (6.5) ရရှိထားပါတယ်။ ဒီစီးရီးထဲက အပိုင်းတွေကတော့ သုံးမိနစ်ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်တက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးလေးယောက်အကြောင်း ဖြစ်ပြီးတော့ အပိုင်းတိုင်းမှာ သူတို့တွေရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Skull-face Bookseller Honda-san
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (6.7) ရထားပါတယ်။ ဒီစီးရီးထဲက အပိုင်းတွေကတော့ (၁၅) မိနစ်ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Honda ဟာ အရိုးခြောက်ဖြစ်နေပြီးတော့ သူဟာ ဂျပန်က စာအုပ်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း ဟာသပဲဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ကောင်းမယ့် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

(5) Yami Shibai
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.1) ရထားပါတယ်။ ဒီစီးရီးထဲက အပိုင်းတွေကတော့ ငါးမိနစ်ဝန်းကျင်လောက်ပဲ ကြာမြင့်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးကြီးတစ်ယောက်ဟာ အပတ်စဉ်တိုင်း ညနေငါးနာရီထိုးရင် ကလေးကစားကွင်းကို သွားပြီးတော့ ဂျပန်ရိုးရာ သရဲပုံပြင်တွေအကြောင်းကို ဂျပန်ရုပ်သေးပညာနဲ့ ပြောပြလေ့ရှိပါတယ်။ ဇာတ်လမ်းရဲ့ အပိုင်းတိုင်းက သူပြောပြတဲ့ ပုံပြင်တွေ ဖြစ်ပြီးတော့ တစ်ခြား horror တွေနဲ့ မတူဘဲ ကွဲပြားနေတဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

(4) Tonari no Seki-kun: The Master of Killing Time
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ဒီစီးရီးထဲမှာပါတဲ့ အပိုင်းတွေကတော့ ရှစ်မိနစ်ဝန်းကျင်လောက် ရှိပါတယ်။ ဂျပန်မှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ စာသင်ချိန်မှာ Seki လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ အမြဲတမ်း ကစားနည်းပေါင်းစုံနဲ့ ကစားနေလေ့ရှိပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ဘေးခုံမှာ ထိုင်နေတဲ့ ကောင်မလေးဟာ အမြဲတမ်း ပြဿနာတွေ တက်နေရပါတော့တယ်။

(3) Hetalia: Axis Powers
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.4) ရထားပါတယ်။ ဒီစီးရီးထဲက အပိုင်းတွေကတော့ ငါးမိနစ်ဝန်းကျင်လောက် ရှိပါတယ်။ ဇာတ်လမ်းကတော့ အနည်းငယ် ထူးခြားပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေဟာ anime ဇာတ်ကောင်တွေ ပြောင်းလဲသွားပြီးတော့ သူတို့အချင်းချင်းကြားထဲမှာ ဖြစ်တဲ့ အလွဲတွေနဲ့ ဟာသတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Chi’s Sweet Home
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၈ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီစီးရီးထဲက အပိုင်းတွေကလည်း သုံးမိနစ်ဝန်းကျင်လေးတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Chi လို့ခေါ်တဲ့ ကြောင်ကလေးတစ်ကောင်နဲ့ သူ့ရဲ့ကြင်နာတတ်ပြီး ဟာသဉာဏ်ရွှင်တဲ့ ပိုင်ရှင်တွေရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သင်သာ ကြောင်လေးတွေကို ချစ်တတ်သူဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ သင့်အကြိုက် ဖြစ်စေမှာပါ။

(1) Aggretsuko
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဒီစီးရီးထဲမှာပါတဲ့ အပိုင်းတွေကတော့ (၁၅)မိနစ်ဝန်းကျင်လောက်မှာ ရှိပါတယ်။ ဇာတ်လမ်းကတော့ Retsuko ဆိုတဲ့ ရုံးဝန်ထမ်းတစ်ယောက်နဲ့ သူ့ရဲ့ ရက်စက်တဲ့ အထက်လူကြီးဖြစ်သူ Ton တို့အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူမဟာ ဒီအလုပ်ကြီးကို ငြီးငွေ့လာပြီး heavy metal အဆိုတော်တစ်ယောက် ဖြစ်လာချင်တဲ့အပြင် တစ်ရက်မှာ မင်္ဂလာဆောင်ပြီး သူမရဲ့အလုပ်ကနေ ထွက်ဖို့အတွက် စဉ်းစားနေသူလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ဇာတ္လမ္းတြဲေတြဟာ တစ္ကမာၻလုံးမွာ ေအာင္ျမင္လာတာနဲ႔အမွ် entertainment အစီအစဥ္ေတြထဲမွာလည္း အဓိက ေနရာကေန ပါဝင္လာခဲ့ပါတယ္။ ဒါ့အျပင္ anime ဇာတ္လမ္းတြဲေတြဟာ အေနာက္တိုင္းက ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြလိုမ်ိဴး အၾကာႀကီးေတြ မဟုတ္ဘဲ တစ္ပိုင္းကို မိနစ္ႏွစ္ဆယ္ ပတ္ဝန္းက်င္ေလာက္ပဲ ရွိပါတယ္။ ဒါေပမယ့္လည္း အလုပ္ေတြနဲ႔ မအားလပ္တဲ့လူေတြဆိုရင္ေတာ့ အပိုင္းေတြမ်ားလြန္းတဲ့အခါ ၾကည့္လို႔အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ အဲ့ဒီထက္တိုတဲ့ သုံးမိနစ္ကေန ရွစ္မိနစ္ၾကားေလာက္ပဲ ရွိတဲ့ အပိုင္းတိုေလးေတြပဲ ပါဝင္တဲ့ anime ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Encouragement of Climb
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (6.5) ရရွိထားပါတယ္။ ဒီစီးရီးထဲက အပိုင္းေတြကေတာ့ သုံးမိနစ္ဝန္းက်င္ေလာက္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေတာင္တက္ရတာကို ဝါသနာပါတဲ့ ေကာင္မေလးေလးေယာက္အေၾကာင္း ျဖစ္ၿပီးေတာ့ အပိုင္းတိုင္းမွာ သူတို႔ေတြရဲ႕ စြန႔္စားခန္းေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(6) Skull-face Bookseller Honda-san
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (6.7) ရထားပါတယ္။ ဒီစီးရီးထဲက အပိုင္းေတြကေတာ့ (၁၅) မိနစ္ဝန္းက်င္ေလာက္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Honda ဟာ အ႐ိုးေျခာက္ျဖစ္ေနၿပီးေတာ့ သူဟာ ဂ်ပန္က စာအုပ္ဆိုင္တစ္ခုမွာ အလုပ္လုပ္ေနသူ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကလည္း ဟာသပဲျဖစ္ၿပီးေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ၾကည့္ရႈလို႔ေကာင္းမယ့္ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။

(5) Yami Shibai
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.1) ရထားပါတယ္။ ဒီစီးရီးထဲက အပိုင္းေတြကေတာ့ ငါးမိနစ္ဝန္းက်င္ေလာက္ပဲ ၾကာျမင့္ပါတယ္။ ဇာတ္လမ္းကေတာ့ အဖိုးႀကီးတစ္ေယာက္ဟာ အပတ္စဥ္တိုင္း ညေနငါးနာရီထိုးရင္ ကေလးကစားကြင္းကို သြားၿပီးေတာ့ ဂ်ပန္႐ိုးရာ သရဲပုံျပင္ေတြအေၾကာင္းကို ဂ်ပန္႐ုပ္ေသးပညာနဲ႔ ေျပာျပေလ့ရွိပါတယ္။ ဇာတ္လမ္းရဲ႕ အပိုင္းတိုင္းက သူေျပာျပတဲ့ ပုံျပင္ေတြ ျဖစ္ၿပီးေတာ့ တစ္ျခား horror ေတြနဲ႔ မတူဘဲ ကြဲျပားေနတဲ့ အရသာကို ခံစားရမွာ ျဖစ္ပါတယ္။

(4) Tonari no Seki-kun: The Master of Killing Time
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (7.2) ရရွိထားပါတယ္။ ဒီစီးရီးထဲမွာပါတဲ့ အပိုင္းေတြကေတာ့ ရွစ္မိနစ္ဝန္းက်င္ေလာက္ ရွိပါတယ္။ ဂ်ပန္မွာရွိတဲ့ ေက်ာင္းတစ္ေက်ာင္းရဲ႕ စာသင္ခ်ိန္မွာ Seki လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ဟာ အၿမဲတမ္း ကစားနည္းေပါင္းစုံနဲ႔ ကစားေနေလ့ရွိပါတယ္။ ဒါေၾကာင့္ပဲ သူ႔ရဲ႕ေဘးခုံမွာ ထိုင္ေနတဲ့ ေကာင္မေလးဟာ အၿမဲတမ္း ျပႆနာေတြ တက္ေနရပါေတာ့တယ္။

(3) Hetalia: Axis Powers
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.4) ရထားပါတယ္။ ဒီစီးရီးထဲက အပိုင္းေတြကေတာ့ ငါးမိနစ္ဝန္းက်င္ေလာက္ ရွိပါတယ္။ ဇာတ္လမ္းကေတာ့ အနည္းငယ္ ထူးျခားပါတယ္။ ကမာၻေပၚမွာရွိတဲ့ ႏိုင္ငံေတြဟာ anime ဇာတ္ေကာင္ေတြ ေျပာင္းလဲသြားၿပီးေတာ့ သူတို႔အခ်င္းခ်င္းၾကားထဲမွာ ျဖစ္တဲ့ အလြဲေတြနဲ႔ ဟာသေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(2) Chi’s Sweet Home
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၈ခုႏွစ္က ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (8.0) ရရွိထားပါတယ္။ ဒီစီးရီးထဲက အပိုင္းေတြကလည္း သုံးမိနစ္ဝန္းက်င္ေလးေတြပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Chi လို႔ေခၚတဲ့ ေၾကာင္ကေလးတစ္ေကာင္နဲ႔ သူ႔ရဲ႕ၾကင္နာတတ္ၿပီး ဟာသဉာဏ္႐ႊင္တဲ့ ပိုင္ရွင္ေတြရဲ႕အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သင္သာ ေၾကာင္ေလးေတြကို ခ်စ္တတ္သူဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ သင့္အႀကိဳက္ ျဖစ္ေစမွာပါ။

(1) Aggretsuko
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဒီစီးရီးထဲမွာပါတဲ့ အပိုင္းေတြကေတာ့ (၁၅)မိနစ္ဝန္းက်င္ေလာက္မွာ ရွိပါတယ္။ ဇာတ္လမ္းကေတာ့ Retsuko ဆိုတဲ့ ႐ုံးဝန္ထမ္းတစ္ေယာက္နဲ႔ သူ႔ရဲ႕ ရက္စက္တဲ့ အထက္လူႀကီးျဖစ္သူ Ton တို႔အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူမဟာ ဒီအလုပ္ႀကီးကို ၿငီးေငြ႕လာၿပီး heavy metal အဆိုေတာ္တစ္ေယာက္ ျဖစ္လာခ်င္တဲ့အျပင္ တစ္ရက္မွာ မဂၤလာေဆာင္ၿပီး သူမရဲ႕အလုပ္ကေန ထြက္ဖို႔အတြက္ စဥ္းစားေနသူလည္း ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular