HomeAnimeအားကစားနည်းတွေအကြောင်း စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ anime စီးရီးများ

အားကစားနည်းတွေအကြောင်း စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ anime စီးရီးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အားကစားနည်းတွေအကြောင်း ဖန်တီးရိုက်ကူးထားတဲ့ anime တွေဟာ ပျင်းဖို့ကောင်းတယ်လို့ ထင်ထားရင် သင်ဟာ တကယ်ကောင်းတဲ့ sport anime တွေကို မကြည့်ဖူးသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ Sport anime တွေဟာ အားကစားနည်းတစ်ခုခုပေါ်မှာ အခြေခံပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံအမျိူးမျိူးကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ sport anime တွေဟာ ကြည့်ရတာ ပျော်စရာကောင်းတဲ့အပြင် ဇာတ်လမ်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အားကစားနည်းတွေ အကြောင်း စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားတဲ့ anime ဇာတ်လမ်းတွဲတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(7) Ace of Diamond
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဘေ့စ်ဘောကစားနည်းဟာ ဂျပန်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းတစ်ခုဖြစ်ပြီးတော့ ဒီဇာတ်လမ်းတွဲဟာလည်း ဂျပန်နိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘေ့စ်ဘောကစားတဲ့နေရာမှာ ပါရမီထူးချွန်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရည်မှန်းချက်ကတော့ သူတက်နေတဲ့ အထက်တန်းကျောင်းမှာ အတော်ဆုံး ဘေ့စ်ဘောကစားသမားတစ်ယောက် ဖြစ်ချင်တာပဲ ဖြစ်ပါတယ်။

(6) Captain Tsubasa
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကို ၁၉၈၁ ခုနှစ်ကတည်းက manga ရေးဆွဲခဲ့တာ ဖြစ်ပြီး anime အဖြစ်ကတော့ ခေတ်အဆက်ဆက်မှာ အသစ်ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ၁၉၈၀နောက်ပိုင်းမှာလည်း ဒီဇာတ်လမ်းကို anime အဖြစ် ထွက်ရှိခဲ့ပြီး ၁၉၉၀ခုနှစ်နောက်ပိုင်းနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းတို့မှာလည်း ပြန်လည်ဖန်တီးခဲ့ကြပါသေးတယ်။ ဇာတ်လမ်းကတော့ ဘောလုံးကစားရတာကို ကြိုက်နှစ်သက်တဲ့ အသက်(၁၁)နှစ်အရွယ် ကောင်လေးတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(5) Yuri!!! On Ice
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရေခဲပြင်စကိတ်စီးရတာကို သဘောကျတဲ့ Yuri ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ Yuri ဟာ အပြင်မှာဆိုရင် ကြောင်တောင်တောင်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူ ဖြစ်ပေမယ့်လည်း စကိတ်စီးတဲ့ ရေခဲပြင်ပေါ်ကို ရောက်သွားတဲ့အချိန်မှာတော့ လုံးဝကို ယုံကြည်မှုတွေ ပြည့်ဝသွားတဲ့အပြင် တည်တည်တံ့တံ့ပုံစံအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

(4) Kuroko’s Basketball
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ ဘတ်စကတ်ဘော ကစားနည်းကို ကြိုက်နှစ်သက်သူတွေဆိုရင် အချိန်တွေကိုမေ့ပြီး မထတမ်း ကြည့်မိသွားမယ့် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ပရိသတ်တွေကတော့ ဒီဇာတ်လမ်းရဲ့ တစ်ချို့နေရာတွေဟာ သိပ်ပြီး reality မဆန်ဘူးလို့ ပြောကြတာ ရှိပေမယ့်လည်း အဲ့ဒီအချက်တွေကပဲ ဒီဇာတ်လမ်းကို စိတ်ဝင်စားဖို့ကောင်းစေတာ ဖြစ်ပါတယ်။

(3) Ping Pong the Animation
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.6) ရရှိထားတဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ဇာတ်ကောင်ပုံစံတွေနဲ့ ဒီဇိုင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပင်ပေါင်ကစားတဲ့နေရာမှာ ထူးချွန်တဲ့ လူငယ်ငါးယောက်ဟာ ကမ္ဘာလုံးဆိုင်ရာ ပင်ပေါင်ပြိုင်ပွဲမှာ အနိုင်မခံ အရှုံးမပေးဘဲ ယှဉ်ပြိုင်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Haikyuu
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.7) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကို မကြည့်ဖူးသေးရင်တောင်မှ ဒီနာမည်နဲ့ ဇာတ်ကောင်ပုံစံတွေကိုတော့ မြင်ဖူး၊ တွေ့ဖူးကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ သိပ်ကို နာမည်ကြီးနေတာဖြစ်ပြီး ဘော်လီဘောကစားနည်းကို အခြေခံပြီးတော့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘော်လီဘောကစားနည်းကို မကြိုက်ရင်တောင်မှ သူ့ရဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ကြည့်ရှုသင့်ပါတယ်။

(1) Hajime no Ippo
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.8) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ manga ဟာ ရောင်းအားအကောင်းဆုံး manga တစ်ခု ဖြစ်ခဲ့တဲ့အပြင် Kodansha Manga ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကြားထဲမှာ တော်တော်လေး ရေပန်းစားခဲ့တာကြောင့် ဂိမ်းတောင် ထွက်ရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ Makunouchi Ippo ဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားရပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါကတော့ အားကစားနည်းအမျိုးမျိုးကို အခြေခံပြီး ဇာတ်လမ်းဖွဲ့ ဖန်တီးထားတဲ့ anime ဇာတ်လမ်းတွဲကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြား anime ကောင်းလေးတွေ ရှိရင်လည်း ပြန်ညွှန်းခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အားကစားနည္းေတြအေၾကာင္း ဖန္တီး႐ိုက္ကူးထားတဲ့ anime ေတြဟာ ပ်င္းဖို႔ေကာင္းတယ္လို႔ ထင္ထားရင္ သင္ဟာ တကယ္ေကာင္းတဲ့ sport anime ေတြကို မၾကည့္ဖူးေသးလို႔ပဲ ျဖစ္ပါလိမ့္မယ္။ Sport anime ေတြဟာ အားကစားနည္းတစ္ခုခုေပၚမွာ အေျခခံၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္လမ္းေတြနဲ႔ မတူညီတဲ့ ဇာတ္ေကာင္ေတြရဲ႕ ပုံစံအမ်ိဴးမ်ိဴးကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ တကယ္ေကာင္းတဲ့ sport anime ေတြဟာ ၾကည့္ရတာ ေပ်ာ္စရာေကာင္းတဲ့အျပင္ ဇာတ္လမ္းေတြကလည္း စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ အားကစားနည္းေတြ အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းေအာင္ ဖန္တီးထားတဲ့ anime ဇာတ္လမ္းတြဲေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

(7) Ace of Diamond
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ေဘ့စ္ေဘာကစားနည္းဟာ ဂ်ပန္ႏိုင္ငံမွာ ေပၚျပဴလာအျဖစ္ဆုံး အားကစားနည္းတစ္ခုျဖစ္ၿပီးေတာ့ ဒီဇာတ္လမ္းတြဲဟာလည္း ဂ်ပန္ႏိုင္ငံမွာ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေဘ့စ္ေဘာကစားတဲ့ေနရာမွာ ပါရမီထူးခြၽန္တဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို စိတ္ဝင္စားစရာေကာင္းေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ရည္မွန္းခ်က္ကေတာ့ သူတက္ေနတဲ့ အထက္တန္းေက်ာင္းမွာ အေတာ္ဆုံး ေဘ့စ္ေဘာကစားသမားတစ္ေယာက္ ျဖစ္ခ်င္တာပဲ ျဖစ္ပါတယ္။

(6) Captain Tsubasa
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကို ၁၉၈၁ ခုႏွစ္ကတည္းက manga ေရးဆြဲခဲ့တာ ျဖစ္ၿပီး anime အျဖစ္ကေတာ့ ေခတ္အဆက္ဆက္မွာ အသစ္ျပန္လည္ဖန္တီးခဲ့ၾကပါတယ္။ ၁၉၈၀ေနာက္ပိုင္းမွာလည္း ဒီဇာတ္လမ္းကို anime အျဖစ္ ထြက္ရွိခဲ့ၿပီး ၁၉၉၀ခုႏွစ္ေနာက္ပိုင္းနဲ႔ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းတို႔မွာလည္း ျပန္လည္ဖန္တီးခဲ့ၾကပါေသးတယ္။ ဇာတ္လမ္းကေတာ့ ေဘာလုံးကစားရတာကို ႀကိဳက္ႏွစ္သက္တဲ့ အသက္(၁၁)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို စိတ္ဝင္စားဖြယ္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(5) Yuri!!! On Ice
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေရခဲျပင္စကိတ္စီးရတာကို သေဘာက်တဲ့ Yuri ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ Yuri ဟာ အျပင္မွာဆိုရင္ ေၾကာင္ေတာင္ေတာင္နဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ မရွိတဲ့သူ ျဖစ္ေပမယ့္လည္း စကိတ္စီးတဲ့ ေရခဲျပင္ေပၚကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ လုံးဝကို ယုံၾကည္မႈေတြ ျပည့္ဝသြားတဲ့အျပင္ တည္တည္တံ့တံ့ပုံစံအျဖစ္ ေျပာင္းလဲသြားတတ္ပါတယ္။

(4) Kuroko’s Basketball
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ ဘတ္စကတ္ေဘာ ကစားနည္းကို ႀကိဳက္ႏွစ္သက္သူေတြဆိုရင္ အခ်ိန္ေတြကိုေမ့ၿပီး မထတမ္း ၾကည့္မိသြားမယ့္ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီဇာတ္လမ္းရဲ႕ တစ္ခ်ိဳ႕ေနရာေတြဟာ သိပ္ၿပီး reality မဆန္ဘူးလို႔ ေျပာၾကတာ ရွိေပမယ့္လည္း အဲ့ဒီအခ်က္ေတြကပဲ ဒီဇာတ္လမ္းကို စိတ္ဝင္စားဖို႔ေကာင္းေစတာ ျဖစ္ပါတယ္။

(3) Ping Pong the Animation
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.6) ရရွိထားတဲ့ မီနီစီးရီးတစ္ခုပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ထူးျခားတဲ့ ဇာတ္ေကာင္ပုံစံေတြနဲ႔ ဒီဇိုင္းေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ပင္ေပါင္ကစားတဲ့ေနရာမွာ ထူးခြၽန္တဲ့ လူငယ္ငါးေယာက္ဟာ ကမာၻလုံးဆိုင္ရာ ပင္ေပါင္ၿပိဳင္ပြဲမွာ အႏိုင္မခံ အရႈံးမေပးဘဲ ယွဥ္ၿပိဳင္ၾကတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(2) Haikyuu
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.7) ရရွိထားပါတယ္။ ဒီဇာတ္လမ္းတြဲကို မၾကည့္ဖူးေသးရင္ေတာင္မွ ဒီနာမည္နဲ႔ ဇာတ္ေကာင္ပုံစံေတြကိုေတာ့ ျမင္ဖူး၊ ေတြ႕ဖူးၾကမွာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ သိပ္ကို နာမည္ႀကီးေနတာျဖစ္ၿပီး ေဘာ္လီေဘာကစားနည္းကို အေျခခံၿပီးေတာ့ ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဘာ္လီေဘာကစားနည္းကို မႀကိဳက္ရင္ေတာင္မွ သူ႔ရဲ႕ဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေတြဟာ စိတ္ဝင္စားဖို႔ ေကာင္းတာေၾကာင့္ ၾကည့္ရႈသင့္ပါတယ္။

(1) Hajime no Ippo
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၀ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.8) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကို ဖန္တီးခဲ့တဲ့ manga ဟာ ေရာင္းအားအေကာင္းဆုံး manga တစ္ခု ျဖစ္ခဲ့တဲ့အျပင္ Kodansha Manga ဆုကိုလည္း ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြၾကားထဲမွာ ေတာ္ေတာ္ေလး ေရပန္းစားခဲ့တာေၾကာင့္ ဂိမ္းေတာင္ ထြက္ရွိခဲ့ပါေသးတယ္။ ဇာတ္လမ္းကေတာ့ Makunouchi Ippo ဆိုတဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္ရဲ႕ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔သမားတစ္ေယာက္ ျဖစ္လာဖို႔အတြက္ ႀကိဳးစားရပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒါကေတာ့ အားကစားနည္းအမ်ိဳးမ်ိဳးကို အေျခခံၿပီး ဇာတ္လမ္းဖြဲ႕ ဖန္တီးထားတဲ့ anime ဇာတ္လမ္းတြဲေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ အျခား anime ေကာင္းေလးေတြ ရွိရင္လည္း ျပန္ၫႊန္းခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular