HomeCelebs Update NewsInternationalအသက်(၃၉)နှစ်ပြည့်သွားပြီဖြစ်တဲ့ R&B ဘုရင်မ Beyonce 

အသက်(၃၉)နှစ်ပြည့်သွားပြီဖြစ်တဲ့ R&B ဘုရင်မ Beyonce 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

R&B ဂီတရဲ့ ဘုရင်မတစ်ပါးလို့ တင်စားနိုင်တဲ့ Beyonce ဟာ စက်တင်ဘာလ(၄)ရက်နေ့မှာ အသက်(၃၉)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ဂရမ်မီ(၂၄)ဆု ရရှိထားတဲ့ သူမဟာ ဒုတိယမြောက် ဂရမ်မီအများဆုံး ရရှိထားတဲ့ အမျိုးသမီးအဆိုတော်ဖြစ်ပြီး စံကာတင်အများဆုံး ရရှိထားတဲ့စာရင်းမှာလည်း ထိပ်ဆုံးကနေ ပါဝင်နေသူ ဖြစ်ပါတယ်။

သူမဟာ ဂီတလောကမှာ ဩဇာအရှိန်အဝါ ကြီးမားသူတစ်ယောက်သာမက သူမ ပိုင်ဆိုင်ထားတဲ့ အရှိန်အဝါတွေကို အများကောင်းကျိုးမှာ အသုံးပြုလေ့ရှိသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Black Lives Matter လှုပ်ရှားမှုမှာလည်း လူမည်းတွေအတွက်သာမက အခြားသော အသားအရောင် ပိုင်ဆိုင်ထားတဲ့ လူသားများအားလုံးအတွက် အသားအရောင်ခွဲခြားခြင်း၊ နှိမ့်ချဆက်ဆံခြင်း၊ မတရားပြုမူခြင်းတို့ကို အပြီးသတ် တိုက်ဖျက်ဖို့ ရှေ့ဆုံးကနေ ပါဝင်နှိုးဆော်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo: beyonce/ Instagram

Beyonce ဟာ ဒီနေ့လို ဂရမ်မီဆုများရှင် ဩဇာအရှိန်အဝါ ကြီးမားတဲ့ solo artist မဖြစ်လာခင်မှာ Destiny’s Child ဆိုတဲ့ အဖွဲ့ကနေ ဂီတခရီး စတင်ခဲ့သူ ဖြစ်ပါတယ်။ မူလက Girl’s Tyme လို့ အမည်ပေးထားတဲ့ အဆိုပါအဖွဲ့ထဲမှာ Beyonce Knowles ၊ Kelly Rowland နဲ့ Michelle Williams တို့ သုံးယောက် ပါဝင်ပါတယ်။ ၁၉၉၀ခုနှစ် အစောပိုင်းတည်းက ဖွဲ့စည်းပြီး တေးသီချင်းများစွာကို ရေးဖွဲ့သီဆိုခဲ့ကြတဲ့ သူတို့အဖွဲ့ဟာ မိန်းကလေးတေးဂီတအဖွဲ့တွေထဲမှာ ဩဇာအရှိန်အဝါ ကြီးမားပြီး ဂရမ်မီနှစ်ဆု ရရှိထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Destiny’s Child အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတွေကတော့ Say My Name ၊ Survivor စတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ဒီသီချင်းတွေဟာ ၁၉၉၀ခုနှစ်‌ နှောင်းပိုင်းနဲ့ ၂၀၀၀ခုနှစ် အစောပိုင်းမှာ အလွန်အောင်မြင်ခဲ့တဲ့ သီချင်းတွေလည်း ဖြစ်ပါတယ်။

Photo: beyonce/ Instagram

ဒီလိုနဲ့ ၂၀၀၆ခုနှစ် NBA All-Star Game မှာ အဖွဲ့အနေနဲ့ နောက်ဆုံးဖျော်ဖြေပြီးချိန်မှာတော့ အဖွဲ့ဝင်သုံးယောက်လုံးဟာ solo လုပ်ဖို့အတွက် ကိုယ်စီလမ်းခွဲခဲ့ကြပါတယ်။ solo လုပ်ဖို့ ကိုယ်စီဦးတည်ပြီးချိန်ကစလို့ Beyonce ဟာ သူမရဲ့ပထမဆုံး ဆိုလိုအယ်လ်ဘမ်ဖြစ်တဲ့ B’Day ကို ထုတ်လုပ်ခဲ့ပါတယ်။ B’Day အယ်လ်ဘမ်မှာ ဟစ်ဖြစ်ခဲ့တဲ့သီချင်းတွေကတော့ Irreplaceable ၊ Get Me Bodied တို့ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ထပ်ထွက်လာတဲ့ Beyonce ရဲ့ ဒုတိယမြောက်အယ်လ်ဘမ်ကတော့ I Am … Sasha Fierce ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ အခုချိန်ထိ ဟစ်ဖြစ်နေဆဲ Single Ladies သီချင်း ပါဝင်ခဲ့ပါတယ်။ အဆိုပါအယ်လ်ဘမ်အပြီး နှစ်နှစ်ခြားစီ ဆက်တိုက်ထွက်လာတဲ့ အယ်လ်ဘမ်တွေကတော့ 4 နဲ့ Beyonce ဆိုတဲ့ အယ်လ်ဘမ်နှစ်ချပ် ဖြစ်ပါတယ်။

Photo: beyonce/ Instagram

အဲ့ဒီ့နောက် သုံးနှစ်ကြာပြီးမှ ထပ်ထွက်လာတဲ့ အယ်လ်ဘမ်ကတော့ Lemonade ဖြစ်ပြီး သူမရဲ့အအောင်မြင်ဆုံး အယ်လ်ဘမ်လို့လည်း ပြောနိုင်ပြီး အနုပညာအရ အားအကောင်းဆုံး အယ်လ်ဘမ်တစ်ချပ်လို့လည်း သတ်မှတ်ရမယ့် အယ်လ်ဘမ် ဖြစ်ပါတယ်။

စုစုပေါင်း စတူဒီယိုအယ်လ်ဘမ် ခြောက်ချပ် ထွက်ရှိထားတဲ့ Beyonce ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ကတော့ Black Is King ဖြစ်ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်ကတော့ ၂၀၂၀ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ကမှ ထွက်ရှိထားတာပါ။ အဆိုပါအယ်လ်ဘမ်ထဲမှာတော့ လူမည်းတွေရဲ့ ခွန်အား၊ သမိုင်းကြောင်းစတာတွေကို ထည့်သွင်းဖန်တီးထားတာကို တွေ့ရမှာပါ။

Photo: beyonce/ Instagram

Beyonce ဟာ နာမည်ကျော် ရက်ပ်ပါ Jay Z ရဲ့ ဇနီးသည်ဖြစ်ပြီး အသက်(၈)နှစ်အရွယ် Blue Ivy Carter ၊ အသက်(၃)နှစ်အရွယ် Rumi နဲ့ Sir ဆိုတဲ့ အမွှာနှစ်ယောက်တို့ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၂၀ခုနှစ်အထိ ခန့်မှန်းချေ ဒေါ်လာသန်း(၄၀၀)ကြွယ်ဝတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ရှေ့လျှောက်ကိုလည်း ဒီ့ထက်မက အောင်မြင်သွားဦးမယ့် Queen Bey ရဲ့ အသက်(၃၉)နှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ အောင်မြင်မှုသရဖူကို ဆက်လက်ဆောင်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Glasgow
(Zawgyi Version)

R&B ဂီတရဲ႕ ဘုရင္မတစ္ပါးလို႔ တင္စားႏိုင္တဲ့ Beyonce ဟာ စက္တင္ဘာလ(၄)ရက္ေန႔မွာ အသက္(၃၉)ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။ ဂရမ္မီ(၂၄)ဆု ရရွိထားတဲ့ သူမဟာ ဒုတိယေျမာက္ ဂရမ္မီအမ်ားဆုံး ရရွိထားတဲ့ အမ်ိဳးသမီးအဆိုေတာ္ျဖစ္ၿပီး စံကာတင္အမ်ားဆုံး ရရွိထားတဲ့စာရင္းမွာလည္း ထိပ္ဆုံးကေန ပါဝင္ေနသူ ျဖစ္ပါတယ္။

သူမဟာ ဂီတေလာကမွာ ဩဇာအရွိန္အဝါ ႀကီးမားသူတစ္ေယာက္သာမက သူမ ပိုင္ဆိုင္ထားတဲ့ အရွိန္အဝါေတြကို အမ်ားေကာင္းက်ိဳးမွာ အသုံးျပဳေလ့ရွိသူလည္း ျဖစ္ပါတယ္။ မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ Black Lives Matter လႈပ္ရွားမႈမွာလည္း လူမည္းေတြအတြက္သာမက အျခားေသာ အသားအေရာင္ ပိုင္ဆိုင္ထားတဲ့ လူသားမ်ားအားလုံးအတြက္ အသားအေရာင္ခြဲျခားျခင္း၊ ႏွိမ့္ခ်ဆက္ဆံျခင္း၊ မတရားျပဳမူျခင္းတို႔ကို အၿပီးသတ္ တိုက္ဖ်က္ဖို႔ ေရွ႕ဆုံးကေန ပါဝင္ႏႈိးေဆာ္ခဲ့သူလည္း ျဖစ္ပါတယ္။

Photo: beyonce/ Instagram

Beyonce ဟာ ဒီေန႔လို ဂရမ္မီဆုမ်ားရွင္ ဩဇာအရွိန္အဝါ ႀကီးမားတဲ့ solo artist မျဖစ္လာခင္မွာ Destiny’s Child ဆိုတဲ့ အဖြဲ႕ကေန ဂီတခရီး စတင္ခဲ့သူ ျဖစ္ပါတယ္။ မူလက Girl’s Tyme လို႔ အမည္ေပးထားတဲ့ အဆိုပါအဖြဲ႕ထဲမွာ Beyonce Knowles ၊ Kelly Rowland နဲ႔ Michelle Williams တို႔ သုံးေယာက္ ပါဝင္ပါတယ္။ ၁၉၉၀ခုႏွစ္ အေစာပိုင္းတည္းက ဖြဲ႕စည္းၿပီး ေတးသီခ်င္းမ်ားစြာကို ေရးဖြဲ႕သီဆိုခဲ့ၾကတဲ့ သူတို႔အဖြဲ႕ဟာ မိန္းကေလးေတးဂီတအဖြဲ႕ေတြထဲမွာ ဩဇာအရွိန္အဝါ ႀကီးမားၿပီး ဂရမ္မီႏွစ္ဆု ရရွိထားတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

Destiny’s Child အဖြဲ႕ရဲ႕ နာမည္ႀကီးသီခ်င္းေတြကေတာ့ Say My Name ၊ Survivor စတဲ့ သီခ်င္းေတြ ျဖစ္ပါတယ္။ ဒီသီခ်င္းေတြဟာ ၁၉၉၀ခုႏွစ္‌ ေႏွာင္းပိုင္းနဲ႔ ၂၀၀၀ခုႏွစ္ အေစာပိုင္းမွာ အလြန္ေအာင္ျမင္ခဲ့တဲ့ သီခ်င္းေတြလည္း ျဖစ္ပါတယ္။

Photo: beyonce/ Instagram

ဒီလိုနဲ႔ ၂၀၀၆ခုႏွစ္ NBA All-Star Game မွာ အဖြဲ႕အေနနဲ႔ ေနာက္ဆုံးေဖ်ာ္ေျဖၿပီးခ်ိန္မွာေတာ့ အဖြဲ႕ဝင္သုံးေယာက္လုံးဟာ solo လုပ္ဖို႔အတြက္ ကိုယ္စီလမ္းခြဲခဲ့ၾကပါတယ္။ solo လုပ္ဖို႔ ကိုယ္စီဦးတည္ၿပီးခ်ိန္ကစလို႔ Beyonce ဟာ သူမရဲ႕ပထမဆုံး ဆိုလိုအယ္လ္ဘမ္ျဖစ္တဲ့ B’Day ကို ထုတ္လုပ္ခဲ့ပါတယ္။ B’Day အယ္လ္ဘမ္မွာ ဟစ္ျဖစ္ခဲ့တဲ့သီခ်င္းေတြကေတာ့ Irreplaceable ၊ Get Me Bodied တို႔ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္ ထပ္ထြက္လာတဲ့ Beyonce ရဲ႕ ဒုတိယေျမာက္အယ္လ္ဘမ္ကေတာ့ I Am … Sasha Fierce ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ထဲမွာေတာ့ အခုခ်ိန္ထိ ဟစ္ျဖစ္ေနဆဲ Single Ladies သီခ်င္း ပါဝင္ခဲ့ပါတယ္။ အဆိုပါအယ္လ္ဘမ္အၿပီး ႏွစ္ႏွစ္ျခားစီ ဆက္တိုက္ထြက္လာတဲ့ အယ္လ္ဘမ္ေတြကေတာ့ 4 နဲ႔ Beyonce ဆိုတဲ့ အယ္လ္ဘမ္ႏွစ္ခ်ပ္ ျဖစ္ပါတယ္။

Photo: beyonce/ Instagram

အဲ့ဒီ့ေနာက္ သုံးႏွစ္ၾကာၿပီးမွ ထပ္ထြက္လာတဲ့ အယ္လ္ဘမ္ကေတာ့ Lemonade ျဖစ္ၿပီး သူမရဲ႕အေအာင္ျမင္ဆုံး အယ္လ္ဘမ္လို႔လည္း ေျပာႏိုင္ၿပီး အႏုပညာအရ အားအေကာင္းဆုံး အယ္လ္ဘမ္တစ္ခ်ပ္လို႔လည္း သတ္မွတ္ရမယ့္ အယ္လ္ဘမ္ ျဖစ္ပါတယ္။

စုစုေပါင္း စတူဒီယိုအယ္လ္ဘမ္ ေျခာက္ခ်ပ္ ထြက္ရွိထားတဲ့ Beyonce ရဲ႕ ေနာက္ဆုံးထြက္ အယ္လ္ဘမ္ကေတာ့ Black Is King ျဖစ္ပါတယ္။ အဲ့ဒီ့အယ္လ္ဘမ္ကေတာ့ ၂၀၂၀ခုႏွစ္ ဇူလိုင္လ(၃၀)ရက္ေန႔ကမွ ထြက္ရွိထားတာပါ။ အဆိုပါအယ္လ္ဘမ္ထဲမွာေတာ့ လူမည္းေတြရဲ႕ ခြန္အား၊ သမိုင္းေၾကာင္းစတာေတြကို ထည့္သြင္းဖန္တီးထားတာကို ေတြ႕ရမွာပါ။

Photo: beyonce/ Instagram

Beyonce ဟာ နာမည္ေက်ာ္ ရက္ပ္ပါ Jay Z ရဲ႕ ဇနီးသည္ျဖစ္ၿပီး အသက္(၈)ႏွစ္အ႐ြယ္ Blue Ivy Carter ၊ အသက္(၃)ႏွစ္အ႐ြယ္ Rumi နဲ႔ Sir ဆိုတဲ့ အမႊာႏွစ္ေယာက္တို႔ရဲ႕ မိခင္လည္း ျဖစ္ပါတယ္။ သူမဟာ ၂၀၂၀ခုႏွစ္အထိ ခန႔္မွန္းေခ် ေဒၚလာသန္း(၄၀၀)ႂကြယ္ဝတဲ့ အဆိုေတာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

ေရွ႕ေလွ်ာက္ကိုလည္း ဒီ့ထက္မက ေအာင္ျမင္သြားဦးမယ့္ Queen Bey ရဲ႕ အသက္(၃၉)ႏွစ္မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ေအာင္ျမင္မႈသရဖူကို ဆက္လက္ေဆာင္းႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular