HomeCelebs Update NewsKoreaBIGBANG နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ YG

BIGBANG နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ YG

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယူအက်စ်ရဲ့ နာမည်ကြီးဂီတပွဲတော်တစ်ခုဖြစ်တဲ့ Coachella မှာ BIGBANG အဖွဲ့ ပါဝင်ဖျော်ဖြေမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ ပရိသတ်အများစုဟာ အဖွဲ့သားတွေအနေနဲ့ YG Entertainment နဲ့ စာချုပ်သက်တမ်း ထပ်တိုးမှာလားဆိုတဲ့ မေးခွန်းကို သိချင်နေကြပါတယ်။

ဇန်နဝါရီလ (၃)ရက်နေ့မှာ BIGBANG အဖွဲ့သားတွေဟာ YG နဲ့ စာချုပ်သက်တမ်း မတိုးရသေးဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း YG နဲ့ အဖွဲ့သားတွေကြားမှာ ဆွေးနွေးမှုတွေရှိနေပြီး အပြုသဘောဆောင်တဲ့ဘက်ကို သွားနေတယ်လို့လည်း ပြောဆိုနေကြပါတယ်။ T.O.P ၊ G-Dragon ၊ Taeyang နဲ့ Daesung တို့ လေးယောက်လုံးဟာ အသီးသီးအသက စစ်မှုထမ်းပြီးပြီလည်းဖြစ်တဲ့အပြင် လာမယ့်ဧပြီလမှာ Coachella ဂီတပွဲတော်ရဲ့ စင်မြင့်ထက်မှာ တွေ့ရတော့မှာဖြစ်တာကြောင့် အခုလို ခန့်မှန်းယူဆချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ လက်ရှိအခြေအနေမှာ ဘာကိုမှ အတိအကျ မပြောနိုင်သေးတာကြောင့် ဒီသတင်းတွေကို ငြင်းလည်းမငြင်းသလို၊ အတည်လည်းမပြုနိုင်သေးပါဘူးလို့ YG က သတင်းရင်းမြစ်တစ်ခုက ရှင်းပြထားပါတယ်။

BIGBANG အဖွဲ့ကတော့ ယခုနှစ်ရဲ့ Coachella ဂီတပွဲတော်မှာ ဧပြီလ(၁၀)ရက်နေ့နဲ့ (၁၇)ရက်နေ့တို့မှာ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ယူအက္စ္ရဲ႕ နာမည္ႀကီးဂီတပြဲေတာ္တစ္ခုျဖစ္တဲ့ Coachella မွာ BIGBANG အဖြဲ႕ ပါဝင္ေဖ်ာ္ေျဖမယ္ဆိုတဲ့ သတင္းေတြ ထြက္လာၿပီးေနာက္မွာေတာ့ ပရိသတ္အမ်ားစုဟာ အဖြဲ႕သားေတြအေနနဲ႔ YG Entertainment နဲ႔ စာခ်ဳပ္သက္တမ္း ထပ္တိုးမွာလားဆိုတဲ့ ေမးခြန္းကို သိခ်င္ေနၾကပါတယ္။

ဇန္နဝါရီလ (၃)ရက္ေန႔မွာ BIGBANG အဖြဲ႕သားေတြဟာ YG နဲ႔ စာခ်ဳပ္သက္တမ္း မတိုးရေသးဘူးဆိုတဲ့သတင္းေတြ ထြက္ေပၚလာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့လည္း YG နဲ႔ အဖြဲ႕သားေတြၾကားမွာ ေဆြးေႏြးမႈေတြရွိေနၿပီး အျပဳသေဘာေဆာင္တဲ့ဘက္ကို သြားေနတယ္လို႔လည္း ေျပာဆိုေနၾကပါတယ္။ T.O.P ၊ G-Dragon ၊ Taeyang နဲ႔ Daesung တို႔ ေလးေယာက္လုံးဟာ အသီးသီးအသက စစ္မႈထမ္းၿပီးၿပီလည္းျဖစ္တဲ့အျပင္ လာမယ့္ဧၿပီလမွာ Coachella ဂီတပြဲေတာ္ရဲ႕ စင္ျမင့္ထက္မွာ ေတြ႕ရေတာ့မွာျဖစ္တာေၾကာင့္ အခုလို ခန႔္မွန္းယူဆခ်က္ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

စာခ်ဳပ္ကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ လက္ရွိအေျခအေနမွာ ဘာကိုမွ အတိအက် မေျပာႏိုင္ေသးတာေၾကာင့္ ဒီသတင္းေတြကို ျငင္းလည္းမျငင္းသလို၊ အတည္လည္းမျပဳႏိုင္ေသးပါဘူးလို႔ YG က သတင္းရင္းျမစ္တစ္ခုက ရွင္းျပထားပါတယ္။

BIGBANG အဖြဲ႕ကေတာ့ ယခုႏွစ္ရဲ႕ Coachella ဂီတပြဲေတာ္မွာ ဧၿပီလ(၁၀)ရက္ေန႔နဲ႔ (၁၇)ရက္ေန႔တို႔မွာ ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular