HomeEntertainmentMusicYouTube မှာ view (၁)ဘီလျံ ကျော်သွားပြီဖြစ်တဲ့ Billie Eilish ရဲ့ Bad Guy MV 

YouTube မှာ view (၁)ဘီလျံ ကျော်သွားပြီဖြစ်တဲ့ Billie Eilish ရဲ့ Bad Guy MV 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပြီးခဲ့တဲ့နှစ်တုန်းက Billboard Hot 100 Chart မှာ ဗိုလ်စွဲနေတဲ့ Old Town Road ကို ကျော်တက်သွားခဲ့တဲ့ Billie Eilish ရဲ့ Bad Guy သီချင်းဟာ ယခုအချိန်မှာတော့ YouTube မှာ view ပေါင်း တစ်ဘီလျံကျော်သွားပြီ ဖြစ်ပါတယ်။

Bad Guy MV ဟာ YouTube ပေါ်က ဘီလျံချီ view ရှိတဲ့ music video တွေစာရင်းထဲကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒီသီချင်း ထွက်ရှိပြီး တစ်နှစ်ခွဲခန့် အကြာမှာပဲ တစ်ဘီလျံကျော် view ကို ရရှိသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Bad Guy ဟာ Billie ရဲ့ နာမည်ကြီး music video တွေထဲမှာ ထိပ်ဆုံးနေရာက ရပ်တည်နေပြီး သူ့နောက်မှာတော့ Khalid နဲ့ collab လုပ်ထားတဲ့ Lovely MV က view ပေါင်း သန်း(၉၀၀)ကျော်နဲ့ ဒုတိယလိုက်နေပါတယ်။

Photo: billieeilish/ Instagram

ဒီ music video ကို ရိုက်ကူးဖန်တီးပေးထားတဲ့ ဒါရိုက်တာကတော့ Dave Meyers ဖြစ်ပြီး အခြားသော နာမည်ကျော် အဆိုတော်တွေရဲ့ နာမည်ကြီး music video များစွာကိုလည်း ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ သူ ရိုက်ကူးပေးထားတဲ့ Shawn Mendes နဲ့ Camila Cabello တို့ရဲ့ Señorita MV ဟာလည်း ယခုနှစ် အစောပိုင်းမှာပဲ view ပေါင်း တစ်ဘီလျံကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Taylor Swift ရဲ့ ME! ၊ Ariana Grande ရ‌ဲ့ God Is a Woman ၊ Kendrick Lamar ရဲ့ HUMBLE သီချင်းတွေအတွက် music video ကိုလည်း Dave Meyers ကပဲ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

Bad Guy သီချင်းဟာ Billie ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ When We All Fall Asleep, Where Do We Go? ထဲက ဆင်ဂယ်လ်တစ်ပုဒ် ဖြစ်ပါတယ်။ သူမရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ဟာလည်း ဂရမ်မီစံကာတင်(၆)ဆုထဲမှာ ငါးဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂရမ်မီသမိုင်းမှာပါ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

သူမဟာ ဂရမ်မီဆုပေးပွဲ တစ်ခုတည်းမှာ ဂုဏ်သိက္ခာအရှိဆုံး ဆုလေးဆု ဖြစ်တဲ့ best new artist ၊ album of the year ၊ record of the year နဲ့ song of the year တို့ကို ဆွတ်ခူးထားတဲ့ အငယ်ဆုံး artist တစ်ယောက်အဖြစ် ဂရမ်မီသမိုင်းမှာ စံချိန်တင်ထားပါတယ်။ ဒါဟာ ၁၉၈၁ခုနှစ်တုန်းက Christopher Cross ရဲ့ စံချိန်ပြီးရင် ဒုတိယနေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။

Glasgow

Source: variety

(Zawgyi Version)

ၿပီးခဲ့တဲ့ႏွစ္တုန္းက Billboard Hot 100 Chart မွာ ဗိုလ္စြဲေနတဲ့ Old Town Road ကို ေက်ာ္တက္သြားခဲ့တဲ့ Billie Eilish ရဲ႕ Bad Guy သီခ်င္းဟာ ယခုအခ်ိန္မွာေတာ့ YouTube မွာ view ေပါင္း တစ္ဘီလ်ံေက်ာ္သြားၿပီ ျဖစ္ပါတယ္။

Bad Guy MV ဟာ YouTube ေပၚက ဘီလ်ံခ်ီ view ရွိတဲ့ music video ေတြစာရင္းထဲကို မေန႔က ဗုဒၶဟူးေန႔မွာ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ဒီသီခ်င္း ထြက္ရွိၿပီး တစ္ႏွစ္ခြဲခန႔္ အၾကာမွာပဲ တစ္ဘီလ်ံေက်ာ္ view ကို ရရွိသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Bad Guy ဟာ Billie ရဲ႕ နာမည္ႀကီး music video ေတြထဲမွာ ထိပ္ဆုံးေနရာက ရပ္တည္ေနၿပီး သူ႔ေနာက္မွာေတာ့ Khalid နဲ႔ collab လုပ္ထားတဲ့ Lovely MV က view ေပါင္း သန္း(၉၀၀)ေက်ာ္နဲ႔ ဒုတိယလိုက္ေနပါတယ္။

Photo: billieeilish/ Instagram

ဒီ music video ကို ႐ိုက္ကူးဖန္တီးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Dave Meyers ျဖစ္ၿပီး အျခားေသာ နာမည္ေက်ာ္ အဆိုေတာ္ေတြရဲ႕ နာမည္ႀကီး music video မ်ားစြာကိုလည္း ဖန္တီးေပးထားသူ ျဖစ္ပါတယ္။ သူ ႐ိုက္ကူးေပးထားတဲ့ Shawn Mendes နဲ႔ Camila Cabello တို႔ရဲ႕ Señorita MV ဟာလည္း ယခုႏွစ္ အေစာပိုင္းမွာပဲ view ေပါင္း တစ္ဘီလ်ံေက်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Taylor Swift ရဲ႕ ME! ၊ Ariana Grande ရ‌ဲ့ God Is a Woman ၊ Kendrick Lamar ရဲ႕ HUMBLE သီခ်င္းေတြအတြက္ music video ကိုလည္း Dave Meyers ကပဲ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

Bad Guy သီခ်င္းဟာ Billie ရဲ႕ ပြဲဦးထြက္ အယ္လ္ဘမ္ျဖစ္တဲ့ When We All Fall Asleep, Where Do We Go? ထဲက ဆင္ဂယ္လ္တစ္ပုဒ္ ျဖစ္ပါတယ္။ သူမရဲ႕ ပြဲဦးထြက္အယ္လ္ဘမ္ဟာလည္း ဂရမ္မီစံကာတင္(၆)ဆုထဲမွာ ငါးဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ဂရမ္မီသမိုင္းမွာပါ မွတ္ေက်ာက္တင္ႏိုင္ခဲ့ပါတယ္။

သူမဟာ ဂရမ္မီဆုေပးပြဲ တစ္ခုတည္းမွာ ဂုဏ္သိကၡာအရွိဆုံး ဆုေလးဆု ျဖစ္တဲ့ best new artist ၊ album of the year ၊ record of the year နဲ႔ song of the year တို႔ကို ဆြတ္ခူးထားတဲ့ အငယ္ဆုံး artist တစ္ေယာက္အျဖစ္ ဂရမ္မီသမိုင္းမွာ စံခ်ိန္တင္ထားပါတယ္။ ဒါဟာ ၁၉၈၁ခုႏွစ္တုန္းက Christopher Cross ရဲ႕ စံခ်ိန္ၿပီးရင္ ဒုတိယေနရာက ရပ္တည္ေနတာ ျဖစ္ပါတယ္။

Glasgow

Source: variety

RELATED ARTICLES

Most Popular