HomeCelebs Update NewsKoreaGaon ရဲ့ Weekly Charts (၅)ခုလုံးမှာ စိုးမိုးထားကြတဲ့ BLACKPINK နဲ့ EXO-SC

Gaon ရဲ့ Weekly Charts (၅)ခုလုံးမှာ စိုးမိုးထားကြတဲ့ BLACKPINK နဲ့ EXO-SC

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့နဲ့ EXO-SC တို့ဟာ ယခုတစ်ပတ်ရဲ့ Gaon Weekly Charts တွေမှာ ထိပ်ဆုံးနေရာတွေကနေ စိုးမိုးထားကြပါတယ်။ ဇူလိုင်လ(၂၃)ရက်နေ့မှာ Gaon Chart ရဲ့ တရားဝင်ဖော်ပြချက်အရ ဇူလိုင်လ(၁၂)ရက်နေ့ကနေ ဇူလိုင်လ(၁၈)ရက်နေ့အထိ ရက်သတ္တပတ်အတွက် Gaon ရဲ့ Chart ငါးခုလုံးမှာ ထိပ်ဆုံးနေရာတွေကို ဒီနှစ်ဖွဲ့က သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

EXO အဖွဲ့ရဲ့ sub-unit တစ်ခုဖြစ်တဲ့ EXO-SC ဟာ Sehun နဲ့ Chanyeol တို့နှစ်ယောက် ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး full-length အယ်လ်ဘမ်ဖြစ်တဲ့ 1 Billion Views ဟာ အယ်လ်ဘမ်ရောင်းအား Chart မှာရော၊ digital download Chart မှာပါ နံပါတ်(၁) နှစ်နေရာယူပြီး ထပ်ဆင့်သရဖူဆောင်းထားကြပါတယ်။

တစ်ချိန်တည်းမှာပဲ BLACKPINK အဖွဲ့ဟာလည်း သူတို့ရဲ့နောက်ဆုံးထွက် ဟစ်သီချင်း How You Like That နဲ့ overall digital Chart နဲ့ streaming Chart တွေမှာ ယခင်အပတ်တွေကအတိုင်းပဲ နံပါတ်(၁)နေရာနဲ့ သုံးထပ်ကွမ်း သရဖူကို ဆက်လက်ဆောင်းထားပါတယ်။ ဒါ့အပြင် BLACKPINK အဖွဲ့ဟာ Gaon ရဲ့ social chart 2.0 မှာလည်း (၈)ပတ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူထားနိုင်ပါတယ်။

Gaon ရဲ့ Chart (၅)ခုလုံးရဲ့ အခြေအနေတွေကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Album Chart
Photo via soompi

ယခုတစ်ပတ်အတွက် အယ်လ်ဘမ်ရောင်းအားမှာတော့ EXO-SC ရဲ့ 1 Billion Views အယ်လ်ဘမ်ဟာ နံပါတ်(၁)နေရာမှာ ရပ်တည်နေပြီး BLACKPINK အဖွဲ့ရဲ့ special edition ဖြစ်တဲ့ How You Like That ကတော့ နံပါတ်(၂)နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ်(၃)နေရာမှာ ရပ်တည်နေတာကတော့ GFRIEND အဖွဲ့ရဲ့ မီနီအယ်လ်ဘမ်အသစ် Song of the Sirens ဖြစ်ပြီး Red Velvet ရဲ့ Irene နဲ့ Seulgi တို့နှစ်ယောက်တွဲ ထွက်ထားတဲ့ Monster ကတော့ နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ်(၅)နေရာမှာ ရပ်တည်နေတာကတော့ Stray Kids အဖွဲ့ရဲ့ GO LIVE အယ်လ်ဘမ် ဖြစ်ပါတယ်။

Download Chart
Photo via soompi

digital download chart မှာတော့ EXO-SC ရဲ့ အယ်လ်ဘမ်ခေါင်းစီးတေးဖြစ်တဲ့ 1 Billion Views က ယခုတစ်ပတ်အတွက် နံပါတ်(၁)ဖြစ်နေပါတယ်။ နံပါတ်(၂)နဲ့ နံပါတ်(၃)နေရာကို ဆက်တိုက်ရယူသွားတာကတော့ Lee Hyori ၊ Yoo Jae Suk နဲ့ Rain တို့ရဲ့ SSAK3 အဖွဲ့ ဖြစ်ပါတယ်။ SSAK3 ရဲ့ remake ပြန်လုပ်ထားတဲ့ In Summer သီချင်းဟာ နံပါတ်(၂)နေရာကို ရရှိခဲ့ပြီး Summer Sea Again ကတော့ နံပါတ်(၃)နေရာကို ရရှိထားတာ ဖြစ်ပါတယ်။ နံပါတ်(၄)နေရာမှာ ရပ်တည်နေတာကတော့ MAMAMOO အဖွဲ့က Hwasa ရဲ့ Maria ဖြစ်ပြီး BLACKPINK အဖွဲ့ရဲ့ How You Like That က နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။

Overall Digital Chart
Photo via soompi

digital chart မှာတော့ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ How You Like That နဲ့ နံပါတ်(၁)နေရာကို ဆက်လက်ရယူထားပါတယ်။ အလားတူပဲ Block B အဖွဲ့က Zico ရဲ့ Summer Hate ကလည်း နံပါတ်(၂)နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ နံပါတ်(၃)နေရာကို ဝင်ရောက်လာတာကတော့ SSAK3 ရဲ့ In Summer ဖြစ်ပြီး Hwasa ရဲ့ Maria ကတော့ နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ်(၅)နေရာမှာ ရပ်တည်နေတာကတော့ ရက်ပ်ပါ BLOO ရဲ့ Downtown Baby ဖြစ်ပါတယ်။

Streaming Chart
Photo via soompi

Streaming chart မှာလည်း နံပါတ်(၁)နဲ့ နံပါတ်(၂)နေရာကို BLACKPINK ရဲ့ How You Like That နဲ့ Zico ရဲ့ Summer Hate တို့က ဆက်လက် နေရာယူထားပါတယ်။ နံပါတ်(၃)နေရာမှာ ရပ်တည်နေတာကတော့ Hwasa ရဲ့ Maria ဖြစ်ပြီး SSAK3 ရဲ့ In Summer က နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ BLOO ရဲ့ Downtown Baby ကတော့ streaming chart မှာလည်း နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။

Social Chart
Photo via soompi

Gaon ရဲ့ social chart ကိုတော့ BLACKPINK အဖွဲ့က (၈)ပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရယူထားပါတယ်။ နံပါတ်(၂)နေရာကိုတော့ ထရော့တ် အဆိုတော် Kim Ho Joong က ရယူထားပြီး BTS အဖွဲ့ကတော့ နံပါတ်(၃)နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ်(၄)နေရာမှာ ရပ်တည်နေတာကတော့ Im Young Woong ဖြစ်ပြီး GFRIEND အဖွဲ့က နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။

ဒါကတော့ ယခုတစ်ပတ်အတွက် Gaon ရဲ့ Chart (၅)ခုလုံးမှာ ရရှိထားကြတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

LaNina

Source: soompi

(Zawgyi Version)

BLACKPINK အဖြဲ႕နဲ႔ EXO-SC တို႔ဟာ ယခုတစ္ပတ္ရဲ႕ Gaon Weekly Charts ေတြမွာ ထိပ္ဆုံးေနရာေတြကေန စိုးမိုးထားၾကပါတယ္။ ဇူလိုင္လ(၂၃)ရက္ေန႔မွာ Gaon Chart ရဲ႕ တရားဝင္ေဖာ္ျပခ်က္အရ ဇူလိုင္လ(၁၂)ရက္ေန႔ကေန ဇူလိုင္လ(၁၈)ရက္ေန႔အထိ ရက္သတၱပတ္အတြက္ Gaon ရဲ႕ Chart ငါးခုလုံးမွာ ထိပ္ဆုံးေနရာေတြကို ဒီႏွစ္ဖြဲ႕က သိမ္းပိုက္ထားတယ္လို႔ သိရပါတယ္။

EXO အဖြဲ႕ရဲ႕ sub-unit တစ္ခုျဖစ္တဲ့ EXO-SC ဟာ Sehun နဲ႔ Chanyeol တို႔ႏွစ္ေယာက္ ပါဝင္တဲ့အဖြဲ႕ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ပထမဆုံး full-length အယ္လ္ဘမ္ျဖစ္တဲ့ 1 Billion Views ဟာ အယ္လ္ဘမ္ေရာင္းအား Chart မွာေရာ၊ digital download Chart မွာပါ နံပါတ္(၁) ႏွစ္ေနရာယူၿပီး ထပ္ဆင့္သရဖူေဆာင္းထားၾကပါတယ္။

တစ္ခ်ိန္တည္းမွာပဲ BLACKPINK အဖြဲ႕ဟာလည္း သူတို႔ရဲ႕ေနာက္ဆုံးထြက္ ဟစ္သီခ်င္း How You Like That နဲ႔ overall digital Chart နဲ႔ streaming Chart ေတြမွာ ယခင္အပတ္ေတြကအတိုင္းပဲ နံပါတ္(၁)ေနရာနဲ႔ သုံးထပ္ကြမ္း သရဖူကို ဆက္လက္ေဆာင္းထားပါတယ္။ ဒါ့အျပင္ BLACKPINK အဖြဲ႕ဟာ Gaon ရဲ႕ social chart 2.0 မွာလည္း (၈)ပတ္ဆက္တိုက္ ထိပ္ဆုံးေနရာကို ရယူထားႏိုင္ပါတယ္။

Gaon ရဲ႕ Chart (၅)ခုလုံးရဲ႕ အေျခအေနေတြကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

Album Chart
Photo via soompi

ယခုတစ္ပတ္အတြက္ အယ္လ္ဘမ္ေရာင္းအားမွာေတာ့ EXO-SC ရဲ႕ 1 Billion Views အယ္လ္ဘမ္ဟာ နံပါတ္(၁)ေနရာမွာ ရပ္တည္ေနၿပီး BLACKPINK အဖြဲ႕ရဲ႕ special edition ျဖစ္တဲ့ How You Like That ကေတာ့ နံပါတ္(၂)ေနရာမွာ ရပ္တည္ေနပါတယ္။ နံပါတ္(၃)ေနရာမွာ ရပ္တည္ေနတာကေတာ့ GFRIEND အဖြဲ႕ရဲ႕ မီနီအယ္လ္ဘမ္အသစ္ Song of the Sirens ျဖစ္ၿပီး Red Velvet ရဲ႕ Irene နဲ႔ Seulgi တို႔ႏွစ္ေယာက္တြဲ ထြက္ထားတဲ့ Monster ကေတာ့ နံပါတ္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ နံပါတ္(၅)ေနရာမွာ ရပ္တည္ေနတာကေတာ့ Stray Kids အဖြဲ႕ရဲ႕ GO LIVE အယ္လ္ဘမ္ ျဖစ္ပါတယ္။

Download Chart
Photo via soompi

digital download chart မွာေတာ့ EXO-SC ရဲ႕ အယ္လ္ဘမ္ေခါင္းစီးေတးျဖစ္တဲ့ 1 Billion Views က ယခုတစ္ပတ္အတြက္ နံပါတ္(၁)ျဖစ္ေနပါတယ္။ နံပါတ္(၂)နဲ႔ နံပါတ္(၃)ေနရာကို ဆက္တိုက္ရယူသြားတာကေတာ့ Lee Hyori ၊ Yoo Jae Suk နဲ႔ Rain တို႔ရဲ႕ SSAK3 အဖြဲ႕ ျဖစ္ပါတယ္။ SSAK3 ရဲ႕ remake ျပန္လုပ္ထားတဲ့ In Summer သီခ်င္းဟာ နံပါတ္(၂)ေနရာကို ရရွိခဲ့ၿပီး Summer Sea Again ကေတာ့ နံပါတ္(၃)ေနရာကို ရရွိထားတာ ျဖစ္ပါတယ္။ နံပါတ္(၄)ေနရာမွာ ရပ္တည္ေနတာကေတာ့ MAMAMOO အဖြဲ႕က Hwasa ရဲ႕ Maria ျဖစ္ၿပီး BLACKPINK အဖြဲ႕ရဲ႕ How You Like That က နံပါတ္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

Overall Digital Chart
Photo via soompi

digital chart မွာေတာ့ BLACKPINK အဖြဲ႕ဟာ သူတို႔ရဲ႕ How You Like That နဲ႔ နံပါတ္(၁)ေနရာကို ဆက္လက္ရယူထားပါတယ္။ အလားတူပဲ Block B အဖြဲ႕က Zico ရဲ႕ Summer Hate ကလည္း နံပါတ္(၂)ေနရာမွာ ဆက္လက္ရပ္တည္ေနပါတယ္။ နံပါတ္(၃)ေနရာကို ဝင္ေရာက္လာတာကေတာ့ SSAK3 ရဲ႕ In Summer ျဖစ္ၿပီး Hwasa ရဲ႕ Maria ကေတာ့ နံပါတ္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ နံပါတ္(၅)ေနရာမွာ ရပ္တည္ေနတာကေတာ့ ရက္ပ္ပါ BLOO ရဲ႕ Downtown Baby ျဖစ္ပါတယ္။

Streaming Chart
Photo via soompi

Streaming chart မွာလည္း နံပါတ္(၁)နဲ႔ နံပါတ္(၂)ေနရာကို BLACKPINK ရဲ႕ How You Like That နဲ႔ Zico ရဲ႕ Summer Hate တို႔က ဆက္လက္ ေနရာယူထားပါတယ္။ နံပါတ္(၃)ေနရာမွာ ရပ္တည္ေနတာကေတာ့ Hwasa ရဲ႕ Maria ျဖစ္ၿပီး SSAK3 ရဲ႕ In Summer က နံပါတ္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ BLOO ရဲ႕ Downtown Baby ကေတာ့ streaming chart မွာလည္း နံပါတ္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

Social Chart
Photo via soompi

Gaon ရဲ႕ social chart ကိုေတာ့ BLACKPINK အဖြဲ႕က (၈)ပတ္ဆက္တိုက္ ထိပ္ဆုံးေနရာမွာ ရယူထားပါတယ္။ နံပါတ္(၂)ေနရာကိုေတာ့ ထေရာ့တ္ အဆိုေတာ္ Kim Ho Joong က ရယူထားၿပီး BTS အဖြဲ႕ကေတာ့ နံပါတ္(၃)ေနရာမွာ ရပ္တည္ေနပါတယ္။ နံပါတ္(၄)ေနရာမွာ ရပ္တည္ေနတာကေတာ့ Im Young Woong ျဖစ္ၿပီး GFRIEND အဖြဲ႕က နံပါတ္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

ဒါကေတာ့ ယခုတစ္ပတ္အတြက္ Gaon ရဲ႕ Chart (၅)ခုလုံးမွာ ရရွိထားၾကတဲ့ အေျခအေနေတြ ျဖစ္ပါတယ္။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular