HomeCelebs Update NewsKoreaIdol ဖြစ်ဖို့ကို စိတ်မကူးခဲ့ဖူးတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ငယ်ဘဝအိပ်မက်များ 

Idol ဖြစ်ဖို့ကို စိတ်မကူးခဲ့ဖူးတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ငယ်ဘဝအိပ်မက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အချစ်တော် BLACKPINK အဖွဲ့ကို စင်ပေါ်မှာ သီဆို၊ကပြ၊ဖျော်ဖြေတာမျိုး မဟုတ်ဘဲနဲ့ တစ်ခြားအသက်မွေးဝမ်းကျောင်းတစ်ခုခုနဲ့ စိတ်ကူးကြည့်ရမယ်ဆိုရင် fan တွေအတွက်တော့ မတွေးချင်တဲ့ အိပ်မက်တစ်ခု ဖြစ်နေမှာပါ။ BLACKPINK အဖွဲ့ဝင်တွေကတော့ ယခုလို အောင်မြင်ကျော်ကြားတဲ့ Idol အဖွဲ့ဝင် မဖြစ်ခင် ငယ်ဘဝတုန်းက တစ်ခြားလုပ်ချင်တဲ့ ဝါသနာ၊ အလုပ်အကိုင်တွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါကတော့ ၂၀၁၉ခုနှစ်တုန်းက Star Road နဲ့ အင်တာဗျူးပြုလုပ်ခဲ့တုန်းက ဖြေဆိုခဲ့ဖူးတဲ့ အကြောင်းလေးတွေ ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ BLACKPINK ဆိုပြီး မဖြစ်လာသေးခင် ဟိုးအရင်တုန်းက ဘဝကို ပြန်ပြောင်းပြီး မေးခွန်းလေးတွေ မေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့ထဲက မေးခွန်းတစ်ခုကတော့ ငယ်ဘဝတုန်းက အခြားဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ၊ ဝါသနာတွေကို မေးမြန်းခဲ့ရာ BLACKPINK အဖွဲ့ဝင်တွေက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo: jennierubyjane/ Instagram

Jennie အတွက်ကတော့ သူမရဲ့ငယ်အိပ်မက်ဟာ ဘဲလေးအကမယ် ဖြစ်ချင်တာပါ။ ဒါပေမယ့် တစထက်တစ အရွယ်ရောက်လာတဲ့အခါ ဂီတကို ပိုပြီးစိတ်ဝင်စားလာတာကြောင့် အဆိုတော်ဖြစ်ဖို့ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

Photo: sooyaaa__/ Instagram

Jisoo ကတော့ ဝတ္ထုတွေရေးတဲ့ စာရေးဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။ သူမမှာ အကြိုက်ဆုံး ဝတ္ထုအမျိုးအစားဆိုပြီးတော့ မရှိတာကြောင့် အမျိုးအစားအားလုံးကို မွှေနှောက်ပြီး ရေးသားချင်ခဲ့တာလို့ ဆိုပါတယ်။

Photo: lalalalisa_m/ Instagram

အကဘုရင်မလေး Lisa ကတော့ ငယ်ငယ်တည်းက သူမ ဖြစ်ချင်ခဲ့တဲ့အိပ်မက်ကို ကွဲကွဲပြားပြား သိခဲ့တယ်လို့ ဆိုပါတယ်။ ငယ်ငယ်တုန်းက သူမဟာ မော်ဒယ်လ်တစ်ယောက် ဖြစ်ချင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း Idol ဖြစ်ဖို့ ကြိုးစားခဲ့ရာမှာလည်း မအောင်မြင်ခဲ့ရင် ဓာတ်ပုံပညာဘက်ကို ကူးပြောင်းဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: roses_are_rosie/ Instagram

BLACKPINK ရဲ့ main vocalist တစ်ယောက်ဖြစ်တဲ့ Rosé ကတော့ ကလေးဘဝတုန်းက အနုပညာသင်ကြားတဲ့ ဆရာမ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။ သူမဟာ ပုံဆွဲရတာကို နှစ်သက်ပြီး ကလေးဘဝ အိပ်မက်အများစုမှာ ဆရာမ လုပ်ချင်ကြတာကလည်း သဘာဝကျတာကြောင့် သူမရဲ့ art teacher ဆိုတဲ့ အိပ်မက်လေးဟာ ချစ်စရာကောင်းတယ်လို့ ဆိုရမှာပါ။ တကယ်လို့ သူမသာ Idol ဖြစ်မလာခဲ့ရင် ပန်းချီတွေပဲ ဆွဲနေမှာပါလို့လည်း ဆိုပါတယ်။

အဖွဲ့ဝင်အားလုံးဟာ ကလေးဘဝတုန်းက သီးခြားအိပ်မက်တွေနဲ့ ကြီးပြင်းလာခဲ့ပြီး Idol ဖြစ်ဖို့ကို မမျှော်လင့်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးက လူငယ်ထုရဲ့ အားပေးမှုကို အခိုင်အမာရရှိနေတဲ့ နာမည်ကျော် Idol အဖွဲ့တစ်ဖွဲ့ ဖြစ်လို့နေပါပြီ။

Glasgow

Source: koreaboo

(Zawgyi Version)

ပရိသတ္အခ်စ္ေတာ္ BLACKPINK အဖြဲ႕ကို စင္ေပၚမွာ သီဆို၊ကျပ၊ေဖ်ာ္ေျဖတာမ်ိဳး မဟုတ္ဘဲနဲ႔ တစ္ျခားအသက္ေမြးဝမ္းေက်ာင္းတစ္ခုခုနဲ႔ စိတ္ကူးၾကည့္ရမယ္ဆိုရင္ fan ေတြအတြက္ေတာ့ မေတြးခ်င္တဲ့ အိပ္မက္တစ္ခု ျဖစ္ေနမွာပါ။ BLACKPINK အဖြဲ႕ဝင္ေတြကေတာ့ ယခုလို ေအာင္ျမင္ေက်ာ္ၾကားတဲ့ Idol အဖြဲ႕ဝင္ မျဖစ္ခင္ ငယ္ဘဝတုန္းက တစ္ျခားလုပ္ခ်င္တဲ့ ဝါသနာ၊ အလုပ္အကိုင္ေတြ ရွိခဲ့တယ္လို႔ ဆိုထားပါတယ္။

ဒါကေတာ့ ၂၀၁၉ခုႏွစ္တုန္းက Star Road နဲ႔ အင္တာဗ်ဴးျပဳလုပ္ခဲ့တုန္းက ေျဖဆိုခဲ့ဖူးတဲ့ အေၾကာင္းေလးေတြ ျဖစ္ပါတယ္။ အင္တာဗ်ဴးမွာေတာ့ BLACKPINK ဆိုၿပီး မျဖစ္လာေသးခင္ ဟိုးအရင္တုန္းက ဘဝကို ျပန္ေျပာင္းၿပီး ေမးခြန္းေလးေတြ ေမးထားတာ ျဖစ္ပါတယ္။ အဲ့ဒီ့ထဲက ေမးခြန္းတစ္ခုကေတာ့ ငယ္ဘဝတုန္းက အျခားျဖစ္ခ်င္ခဲ့တဲ့ အိပ္မက္ေတြ၊ ဝါသနာေတြကို ေမးျမန္းခဲ့ရာ BLACKPINK အဖြဲ႕ဝင္ေတြက အခုလို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Photo: jennierubyjane/ Instagram

Jennie အတြက္ကေတာ့ သူမရဲ႕ငယ္အိပ္မက္ဟာ ဘဲေလးအကမယ္ ျဖစ္ခ်င္တာပါ။ ဒါေပမယ့္ တစထက္တစ အ႐ြယ္ေရာက္လာတဲ့အခါ ဂီတကို ပိုၿပီးစိတ္ဝင္စားလာတာေၾကာင့္ အဆိုေတာ္ျဖစ္ဖို႔ကို ေ႐ြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္။

Photo: sooyaaa__/ Instagram

Jisoo ကေတာ့ ဝတၳဳေတြေရးတဲ့ စာေရးဆရာမတစ္ေယာက္ ျဖစ္ခ်င္ခဲ့တာလို႔ ဆိုပါတယ္။ သူမမွာ အႀကိဳက္ဆုံး ဝတၳဳအမ်ိဳးအစားဆိုၿပီးေတာ့ မရွိတာေၾကာင့္ အမ်ိဳးအစားအားလုံးကို ေမႊေႏွာက္ၿပီး ေရးသားခ်င္ခဲ့တာလို႔ ဆိုပါတယ္။

Photo: lalalalisa_m/ Instagram

အကဘုရင္မေလး Lisa ကေတာ့ ငယ္ငယ္တည္းက သူမ ျဖစ္ခ်င္ခဲ့တဲ့အိပ္မက္ကို ကြဲကြဲျပားျပား သိခဲ့တယ္လို႔ ဆိုပါတယ္။ ငယ္ငယ္တုန္းက သူမဟာ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ခ်င္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း Idol ျဖစ္ဖို႔ ႀကိဳးစားခဲ့ရာမွာလည္း မေအာင္ျမင္ခဲ့ရင္ ဓာတ္ပုံပညာဘက္ကို ကူးေျပာင္းဖို႔ ရည္႐ြယ္ခ်က္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Photo: roses_are_rosie/ Instagram

BLACKPINK ရဲ႕ main vocalist တစ္ေယာက္ျဖစ္တဲ့ Rosé ကေတာ့ ကေလးဘဝတုန္းက အႏုပညာသင္ၾကားတဲ့ ဆရာမ ျဖစ္ခ်င္ခဲ့တာလို႔ ဆိုပါတယ္။ သူမဟာ ပုံဆြဲရတာကို ႏွစ္သက္ၿပီး ကေလးဘဝ အိပ္မက္အမ်ားစုမွာ ဆရာမ လုပ္ခ်င္ၾကတာကလည္း သဘာဝက်တာေၾကာင့္ သူမရဲ႕ art teacher ဆိုတဲ့ အိပ္မက္ေလးဟာ ခ်စ္စရာေကာင္းတယ္လို႔ ဆိုရမွာပါ။ တကယ္လို႔ သူမသာ Idol ျဖစ္မလာခဲ့ရင္ ပန္းခ်ီေတြပဲ ဆြဲေနမွာပါလို႔လည္း ဆိုပါတယ္။

အဖြဲ႕ဝင္အားလုံးဟာ ကေလးဘဝတုန္းက သီးျခားအိပ္မက္ေတြနဲ႔ ႀကီးျပင္းလာခဲ့ၿပီး Idol ျဖစ္ဖို႔ကို မေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ တစ္ကမာၻလုံးက လူငယ္ထုရဲ႕ အားေပးမႈကို အခိုင္အမာရရွိေနတဲ့ နာမည္ေက်ာ္ Idol အဖြဲ႕တစ္ဖြဲ႕ ျဖစ္လို႔ေနပါၿပီ။

Glasgow

Source: koreaboo

 

RELATED ARTICLES

Most Popular