HomeCelebs Update NewsKoreaSelena Gomez နဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်ဖို့ရှိနေတဲ့ BLACKPINK အဖွဲ့

Selena Gomez နဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်ဖို့ရှိနေတဲ့ BLACKPINK အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဟာ နာမည်ကျော်အဆိုတော် Selena Gomez နဲ့ ပူးပေါင်းပြီး သီချင်းအသစ်တစ်ပုဒ် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့အယ်လ်ဘမ် မထွက်သေးခင် pre-release အနေနဲ့ နောက်ထပ် သီချင်းသစ်တစ်ပုဒ်ကို ထပ်မံထုတ်လွှင့်ဖို့ ရှိပါတယ်။ အဲ့ဒီ့သီချင်းကို လာမယ့်ဩဂုတ်လထဲမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး featuring အနေနဲ့ Selena Gomez က ပူးပေါင်းပါဝင်သွားမှာ ဖြစ်တယ်လို့ My Daily သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: selenagomez/ Instagram

မကြာသေးခင်တုန်းကလည်း BLACKPINK အဖွဲ့ဟာ ဆင်ဂယ်လ်အသစ်တစ်ပုဒ် ထွက်လာမယ့်အကြောင်း ပရိသတ်တွေကို teaser နဲ့ အသိပေးထားပေမယ့် ဘယ် artist ပါဝင်လာမယ်ဆိုတာ မပြောပြထားပါဘူး။ BLACKPINK အဖွဲ့ဟာ မကြာခင်မှာ ပရိသတ်လက်ထဲ ရောက်ရှိလာတော့မယ့် သူတို့ရဲ့အယ်လ်ဘမ်အသစ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုလည်း ဒီကနေ့ အစောပိုင်းက ထုတ်ပြန်ထားပါသေးတယ်။

သို့ပေမယ့် Artist ဘယ်သူ၊ဘယ်ဝါနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စကိုတော့ အတည်လည်း မပြုပေးထားသလို၊ ငြင်းလည်းမငြင်းထားပါဘူး။ “မကြာခင်မှာ ကြေညာမယ့် တရားဝင်ကြေညာချက်ကို စောင့်မျှော်ပေးကြဖို့ မျှော်လင့်ပါတယ်… ” လို့ပဲ YG Entertainment က ပြောကြားထားပါတယ်။

Photo: blackpinkofficial/ Instagram

သတင်းဌာနတွေနဲ့ မီဒီယာတွေရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ဖော်ပြချက်တွေအရတော့ ဩဂုတ်လမှာ ထွက်ရှိလာမယ့် BLACKPINK ရဲ့ ဆင်ဂယ်လ် သီချင်းအသစ်ဟာ Selena Gomez နဲ့ ပူးပေါင်းထားတာဖြစ်ဖို့ အခွင့်အရေး များနေပါတယ်။ BLACKPINK အဖွဲ့ရဲ့ ပထမဆုံး သီချင်းအပြည့်ပါဝင်မယ့် full-length album ကတော့ အောက်တိုဘာလ (၂)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

BLACKPINK အဖြဲ႕ဟာ နာမည္ေက်ာ္အဆိုေတာ္ Selena Gomez နဲ႔ ပူးေပါင္းၿပီး သီခ်င္းအသစ္တစ္ပုဒ္ ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

BLACKPINK အဖြဲ႕ဟာ သူတို႔ရဲ႕အယ္လ္ဘမ္ မထြက္ေသးခင္ pre-release အေနနဲ႔ ေနာက္ထပ္ သီခ်င္းသစ္တစ္ပုဒ္ကို ထပ္မံထုတ္လႊင့္ဖို႔ ရွိပါတယ္။ အဲ့ဒီ့သီခ်င္းကို လာမယ့္ဩဂုတ္လထဲမွာ ထုတ္လႊင့္သြားမွာျဖစ္ၿပီး featuring အေနနဲ႔ Selena Gomez က ပူးေပါင္းပါဝင္သြားမွာ ျဖစ္တယ္လို႔ My Daily သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo: selenagomez/ Instagram

မၾကာေသးခင္တုန္းကလည္း BLACKPINK အဖြဲ႕ဟာ ဆင္ဂယ္လ္အသစ္တစ္ပုဒ္ ထြက္လာမယ့္အေၾကာင္း ပရိသတ္ေတြကို teaser နဲ႔ အသိေပးထားေပမယ့္ ဘယ္ artist ပါဝင္လာမယ္ဆိုတာ မေျပာျပထားပါဘူး။ BLACKPINK အဖြဲ႕ဟာ မၾကာခင္မွာ ပရိသတ္လက္ထဲ ေရာက္ရွိလာေတာ့မယ့္ သူတို႔ရဲ႕အယ္လ္ဘမ္အသစ္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကိုလည္း ဒီကေန႔ အေစာပိုင္းက ထုတ္ျပန္ထားပါေသးတယ္။

သို႔ေပမယ့္ Artist ဘယ္သူ၊ဘယ္ဝါနဲ႔ ပူးေပါင္းလုပ္ေဆာင္မယ္ဆိုတဲ့ ကိစၥကိုေတာ့ အတည္လည္း မျပဳေပးထားသလို၊ ျငင္းလည္းမျငင္းထားပါဘူး။ “မၾကာခင္မွာ ေၾကညာမယ့္ တရားဝင္ေၾကညာခ်က္ကို ေစာင့္ေမွ်ာ္ေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္… ” လို႔ပဲ YG Entertainment က ေျပာၾကားထားပါတယ္။

Photo: blackpinkofficial/ Instagram

သတင္းဌာနေတြနဲ႔ မီဒီယာေတြရဲ႕ ခန႔္မွန္းသုံးသပ္ခ်က္ေတြနဲ႔ ေဖာ္ျပခ်က္ေတြအရေတာ့ ဩဂုတ္လမွာ ထြက္ရွိလာမယ့္ BLACKPINK ရဲ႕ ဆင္ဂယ္လ္ သီခ်င္းအသစ္ဟာ Selena Gomez နဲ႔ ပူးေပါင္းထားတာျဖစ္ဖို႔ အခြင့္အေရး မ်ားေနပါတယ္။ BLACKPINK အဖြဲ႕ရဲ႕ ပထမဆုံး သီခ်င္းအျပည့္ပါဝင္မယ့္ full-length album ကေတာ့ ေအာက္တိုဘာလ (၂)ရက္ေန႔မွာ ထြက္ရွိမွာ ျဖစ္ပါတယ္။

LaNina

Source: koreaboo

 

RELATED ARTICLES

Most Popular