HomeCelebs Update NewsKoreaကိုဗစ်ကူးစက်ခံလိုက်ရတဲ့ BLACKPINK အဖွဲ့ဝင် Rosé

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ BLACKPINK အဖွဲ့ဝင် Rosé

နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Rosé ကတော့ ကိုဗစ်ရောဂါ ကူးစက်ခံစားလိုက်ရပြီလို့ YG Entertainment ရဲ့ ကြေညာချက်အရ သိရပါတယ်။

ကြေညာချက်အရ Rosé ဟာ ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ ပြည်ပခရီးစဉ်တစ်ခု ရှိတဲ့အတွက် မထွက်ခွာခင် ကိုဗစ် စစ်ဆေးကြည့်ရာမှာ positive အဖြေထွက်လာတဲ့အတွက် သူမရဲ့ ပြည်ပခရီးစဉ်ကို ပယ်ဖျက်လိုက်ရတယ်လို့ သိရပါတယ်။ ကျန်တဲ့အဖွဲ့ဝင်သုံးယောက် ဖြစ်တဲ့ Jisoo ၊ Jennie နဲ့ Lisa တို့ကတော့ negative အဖြေထွက်တယ်လို့ သိရပါတယ်။

Photo: roses_are_rosie/ Instagram

Rosé ကတော့ ဆေးစစ်ချက်အရ positive ထွက်လာပေမယ့် ကိုဗစ်လက္ခဏာတစ်ခုမှ ခံစားရခြင်း မရှိဘဲ နေကောင်းကျန်းမာတယ်လို့ သိရပါတယ်။ အေဂျင်စီရဲ့ ကြေညာချက်အရ အဖွဲ့ဝင်လေးယောက်လုံးဟာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလက်ရှိမှာတော့ အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးအတွက် အစွမ်းကုန် ဂရုစိုက်သွားမယ်လို့ ပြောထားပါတယ်။

Photo: roses_are_rosie/ Instagram

ပရိသတ်တွေအနေနဲ့ Rosé တစ်ယောက် အမြန်ပျောက်ကင်းဖို့အတွက်ရော၊ ကျန်အဖွဲ့ဝင်တွေအတွက်ရော အားပေးကြပါဦးလို့ အေဂျင်စီက နှိုးဆော်ထားပါတယ်။ ဒါ့အပြင် တစ်ခုခု ထူးခြားတာရှိတာနဲ့ update အချက်အလက်တွေကို အသိပေးသွားဦးမယ်လို့လည်း ဆိုထားပါတယ်။

Rosé တစ်ယောက် အမြန်နေကောင်း ကျန်းမာပြီး activity တွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular