HomeEntertainmentFilmမကြာခင် ရိုက်ကူးရေး စတင်တော့မယ့် Reese Witherspoon ရဲ့ Legally Blonde 3  

မကြာခင် ရိုက်ကူးရေး စတင်တော့မယ့် Reese Witherspoon ရဲ့ Legally Blonde 3  

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Elle Woods ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့ Legally Blonde ပရိသတ်တွေဟာ ဖျတ်လတ်တက်ကြွတဲ့ ရှေ့နေမလေးကို အမှတ်ရမိကြဦးမှာပါ။

ပရိသတ်တွေအတွက် သတင်းကောင်းကတော့ Legally Blonde 3 ကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး မင်းသမီး Reese Witherspoon ကပဲ ဆက်လက် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ရုံတင်ရက်ကိုတော့ ၂၀၂၂ခုနှစ် မေလထဲမှာ လျာထားတယ်လို့ MGM စတူဒီယိုရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

photo: MGM_Studios/ Twitter

ဒီသတင်းဟာ မင်းသမီး Reese Witherspoon အပါအဝင် Legally Blonde သရုပ်ဆောင် ဝိုင်းတော်သားတွေရဲ့ အွန်လိုင်း တွေ့ဆုံစကားပြောပွဲမှာ လွန်ခဲ့တဲ့ (၁၉)နှစ်လောက်က ပေါ့ပ်ယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့တဲ့ Legally Blonde ဇာတ်ကားအကြောင်း ဆွေးနွေးပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ကတည်းက ရိုက်ကူးဖို့ သဘောတူညီချက် ရရှိထားတဲ့ ဒီဇာတ်ကားဟာ တတိယမြောက် Legally Blonde ဇာတ်ကား ဖြစ်ပြီး Brooklyn Nine-Nine ရဲ့ တွဲဖက်ဖန်တီးသူ သရုပ်ဆောင်၊ ဇာတ်ညွန်းရေးဆရာ Dan Goor က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်ပါတယ်။

photo via IMDb

ထုတ်လုပ်မှုအပိုင်းမှာတော့ ယခင် ထုတ်လုပ်သူဖြစ်တဲ့ Marc Platt နဲ့ Reese Witherspoon တို့က ပူးပေါင်းသွားမှာ ဖြစ်ပြီး သူမ ပိုင်ဆိုင်တဲ့ Hello Sunshine entertainment ကုမ္ပဏီကနေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

photo via IMDb

၂၀၀၁ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ပထမဆုံး Legally Blonde ဇာတ်ကားမှာတော့ ဖျတ်လတ်တက်ကြွတဲ့ ကောလိပ်ကျောင်းသူလေး Elle ဟာ သူမရဲ့ချစ်သူဟောင်း ပြန်လာဖို့ မျှော်လင့်ချက်နဲ့ ဟားဗက်တက္ကသိုလ်ကို သွားရောက်ပြီး ဥပဒေဘွဲ့ရအောင် ကြိုးစားယူခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Legally Blonde 2: Red, White & Blonde ကိုတော့ Washington DC မှာ ရိုက်ကူးခဲ့ပြီးတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

C 21

Source: indian express

(Zawgyi version)

Elle Woods ဆိုတဲ့နာမည္ကို ၾကားလိုက္တာနဲ႔ Legally Blonde ပရိသတ္ေတြဟာ ဖ်တ္လတ္တက္ႂကြတဲ့ ေရွ႕ေနမေလးကို အမွတ္ရမိၾကဦးမွာပါ။

ပရိသတ္ေတြအတြက္ သတင္းေကာင္းကေတာ့ Legally Blonde 3 ကို မၾကာခင္မွာ စတင္႐ိုက္ကူးေတာ့မွာျဖစ္ၿပီး မင္းသမီး Reese Witherspoon ကပဲ ဆက္လက္ သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ႐ုံတင္ရက္ကိုေတာ့ ၂၀၂၂ခုႏွစ္ ေမလထဲမွာ လ်ာထားတယ္လို႔ MGM စတူဒီယိုရဲ႕ တရားဝင္ Twitter စာမ်က္ႏွာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

photo: MGM_Studios/ Twitter

ဒီသတင္းဟာ မင္းသမီး Reese Witherspoon အပါအဝင္ Legally Blonde သ႐ုပ္ေဆာင္ ဝိုင္းေတာ္သားေတြရဲ႕ အြန္လိုင္း ေတြ႕ဆုံစကားေျပာပြဲမွာ လြန္ခဲ့တဲ့ (၁၉)ႏွစ္ေလာက္က ေပါ့ပ္ယဥ္ေက်းမႈတစ္ခု ျဖစ္ခဲ့တဲ့ Legally Blonde ဇာတ္ကားအေၾကာင္း ေဆြးေႏြးၿပီးေနာက္ ထြက္ေပၚလာတာျဖစ္ပါတယ္။

၂၀၁၈ခုႏွစ္ကတည္းက ႐ိုက္ကူးဖို႔ သေဘာတူညီခ်က္ ရရွိထားတဲ့ ဒီဇာတ္ကားဟာ တတိယေျမာက္ Legally Blonde ဇာတ္ကား ျဖစ္ၿပီး Brooklyn Nine-Nine ရဲ႕ တြဲဖက္ဖန္တီးသူ သ႐ုပ္ေဆာင္၊ ဇာတ္ၫြန္းေရးဆရာ Dan Goor က ဇာတ္ၫႊန္းေရးသြားမွာ ျဖစ္ပါတယ္။

photo via IMDb

ထုတ္လုပ္မႈအပိုင္းမွာေတာ့ ယခင္ ထုတ္လုပ္သူျဖစ္တဲ့ Marc Platt နဲ႔ Reese Witherspoon တို႔က ပူးေပါင္းသြားမွာ ျဖစ္ၿပီး သူမ ပိုင္ဆိုင္တဲ့ Hello Sunshine entertainment ကုမၸဏီကေန ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

photo via IMDb

၂၀၀၁ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ ပထမဆုံး Legally Blonde ဇာတ္ကားမွာေတာ့ ဖ်တ္လတ္တက္ႂကြတဲ့ ေကာလိပ္ေက်ာင္းသူေလး Elle ဟာ သူမရဲ႕ခ်စ္သူေဟာင္း ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ဟားဗက္တကၠသိုလ္ကို သြားေရာက္ၿပီး ဥပေဒဘြဲ႕ရေအာင္ ႀကိဳးစားယူခဲ့တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒုတိယေျမာက္ ဇာတ္ကားျဖစ္တဲ့ Legally Blonde 2: Red, White & Blonde ကိုေတာ့ Washington DC မွာ ႐ိုက္ကူးခဲ့ၿပီးေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular