HomeDramaMBN သမိုင်းမှာ rating အမြင့်ဆုံး စံချိန်တင်သွားတဲ့ Bossam: Steal The Fate

MBN သမိုင်းမှာ rating အမြင့်ဆုံး စံချိန်တင်သွားတဲ့ Bossam: Steal The Fate

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MBN ရုပ်သံလိုင်းရဲ့ Bossam: Steal The Fate ဇာတ်လမ်းတွဲကတော့ စံချိန်တင် အောင်မြင်မှုနဲ့ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။

ဇူလိုင်လ (၄)ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းဟာ MBN ရုပ်သံသမိုင်းမှာ ထုတ်လွှင့်ခဲ့ဖူးသမျှ ဒရာမာအားလုံးထက် ကျော်လွန်ပြီး စံချိန်တင် rating အမြင့်ဆုံး ရရှိသွားပါတယ်။ Nielsen Korea ရဲ့ ဖော်ပြချက်အရ Bossam ရဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုသူ  (၉.၈)ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်က တင်ခဲ့ဖူးတဲ့ စံချိန်တွေကိုပါ ထပ်မံချိုးဖြတ်သွားတယ်လို့ သိရပါတယ်။

Photo via mydramalist

တချိန်တည်းမှာပဲ TV Chosun က ထုတ်လွှင့်နေတဲ့ Love (ft. Marriage and Divorce) 2 ဟာလည်း ကြည့်ရှုသူ ရာခိုင်နှုန်းတွေ ဆက်လက် မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းကတော့ တစ်နိုင်ငံလုံးမှာ (၉.၃)ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီ season အတွက် ထွက်ရှိပြီးသမျှ အပိုင်းတွေထဲမှာ rating အမြင့်ဆုံး ဖြစ်နေပါတယ်။

Photo via mydramalist

tvN က ထုတ်လွှင့်နေတဲ့ The Devil Judge ဇာတ်လမ်းတွဲကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၅.၁)ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယအပိုင်းဟာ ကြည့်ရှုသူ အနည်းငယ် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ သို့သော်ငြားလည်း ဒီဒရာမာဟာ သူထုတ်လွှင့်ပြသနေတဲ့ time slot အတွင်း ထုတ်လွှင့်ပြီးခဲ့သမျှ ရုပ်သံလိုင်းအားလုံးရဲ့ ဒရာမာတွေထက် ထိပ်ဆုံးနေရာကိုတော့ ရယူထားဆဲ ဖြစ်ပါတယ်။ အဲဒါကတော့ အသက်(၂၀)ကနေ (၄၉)နှစ်အတွင်း ကြည့်ရှုသူတွေကို ဆွဲဆောင်ထားနိုင်တာဖြစ်ပြီး ယခင်က အမြင့်ဆုံး ရရှိထားတဲ့ ဒရာမာတွေဟာ (၂.၄)ရာခိုင်နှုန်းကနေ (၂.၈)ရာခိုင်နှုန်းထိသာ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

Photo via mydramalist

နောက်ဆုံးအနေနဲ့ KBS 2TV က ထုတ်လွှင့်နေတဲ့ Revolutionary Sisters ကတော့ (၃၁.၉)ရာခိုင်နှုန်းနဲ့ တနင်္ဂနွေနေ့ရဲ့ လူကြည့်အများဆုံး ဒရာမာအဖြစ် စံချိန်တင်ထားပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

MBN ႐ုပ္သံလိုင္းရဲ႕ Bossam: Steal The Fate ဇာတ္လမ္းတြဲကေတာ့ စံခ်ိန္တင္ ေအာင္ျမင္မႈနဲ႔ ဇာတ္သိမ္းသြားၿပီ ျဖစ္ပါတယ္။

ဇူလိုင္လ (၄)ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံး ဇာတ္သိမ္းပိုင္းဟာ MBN ႐ုပ္သံသမိုင္းမွာ ထုတ္လႊင့္ခဲ့ဖူးသမွ် ဒရာမာအားလုံးထက္ ေက်ာ္လြန္ၿပီး စံခ်ိန္တင္ rating အျမင့္ဆုံး ရရွိသြားပါတယ္။ Nielsen Korea ရဲ႕ ေဖာ္ျပခ်က္အရ Bossam ရဲ႕ ေနာက္ဆုံး ဇာတ္သိမ္းပိုင္းဟာ ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၾကည့္ရႈသူ  (၉.၈)ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ယခင္က တင္ခဲ့ဖူးတဲ့ စံခ်ိန္ေတြကိုပါ ထပ္မံခ်ိဳးျဖတ္သြားတယ္လို႔ သိရပါတယ္။

Photo via mydramalist

တခ်ိန္တည္းမွာပဲ TV Chosun က ထုတ္လႊင့္ေနတဲ့ Love (ft. Marriage and Divorce) 2 ဟာလည္း ၾကည့္ရႈသူ ရာခိုင္ႏႈန္းေတြ ဆက္လက္ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ အပိုင္းကေတာ့ တစ္ႏိုင္ငံလုံးမွာ (၉.၃)ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဒီ season အတြက္ ထြက္ရွိၿပီးသမွ် အပိုင္းေတြထဲမွာ rating အျမင့္ဆုံး ျဖစ္ေနပါတယ္။

Photo via mydramalist

tvN က ထုတ္လႊင့္ေနတဲ့ The Devil Judge ဇာတ္လမ္းတြဲကေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ (၅.၁)ရာခိုင္ႏႈန္း ရရွိခဲ့ၿပီး ဒုတိယအပိုင္းဟာ ၾကည့္ရႈသူ အနည္းငယ္ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္ျငားလည္း ဒီဒရာမာဟာ သူထုတ္လႊင့္ျပသေနတဲ့ time slot အတြင္း ထုတ္လႊင့္ၿပီးခဲ့သမွ် ႐ုပ္သံလိုင္းအားလုံးရဲ႕ ဒရာမာေတြထက္ ထိပ္ဆုံးေနရာကိုေတာ့ ရယူထားဆဲ ျဖစ္ပါတယ္။ အဲဒါကေတာ့ အသက္(၂၀)ကေန (၄၉)ႏွစ္အတြင္း ၾကည့္ရႈသူေတြကို ဆြဲေဆာင္ထားႏိုင္တာျဖစ္ၿပီး ယခင္က အျမင့္ဆုံး ရရွိထားတဲ့ ဒရာမာေတြဟာ (၂.၄)ရာခိုင္ႏႈန္းကေန (၂.၈)ရာခိုင္ႏႈန္းထိသာ ရွိခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

Photo via mydramalist

ေနာက္ဆုံးအေနနဲ႔ KBS 2TV က ထုတ္လႊင့္ေနတဲ့ Revolutionary Sisters ကေတာ့ (၃၁.၉)ရာခိုင္ႏႈန္းနဲ႔ တနဂၤေႏြေန႔ရဲ႕ လူၾကည့္အမ်ားဆုံး ဒရာမာအျဖစ္ စံခ်ိန္တင္ထားပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular