HomeCelebs Update NewsInternationalသမီးဖြစ်သူ ကနေတာကို ကြည့်ရတာ မျက်ရည်တောင်ဝဲမိတယ်ဆိုတဲ့ Brad Pitt

သမီးဖြစ်သူ ကနေတာကို ကြည့်ရတာ မျက်ရည်တောင်ဝဲမိတယ်ဆိုတဲ့ Brad Pitt

မင်းသားကြီး Brad Pitt ကတော့ သူ့ရဲ့သားသမီးတွေအကြောင်း လူရှေ့မှာ သိပ်ထုတ်ပြောလေ့ မရှိပေမယ့် သမီးဖြစ်သူ Shiloh Jolie-Pitt ရဲ့ အကစွမ်းရည်နဲ့ ပတ်သက်ပြီး ပီတိမျက်ရည်ဝဲရတယ်လို့တော့ ထုတ်ပြောလာပါတယ်။ မင်းသားကြီးဟာ သူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ Bullet Train ရဲ့ အထူးပွဲကို တက်ရောက်လာရင်း Entertainment Tonight နဲ့ အင်တာဗျူးမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။

Shiloh Jolie-Pitt ကတော့ အကကို ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး သူမရဲ့အကဗွီဒီယိုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်။ မိဘတွေလို သရုပ်ဆောင်အလုပ်ကို ဝါသနာမပါပေမယ့် အကဘက်မှာ ဝါသနာပါနေတဲ့ သူမကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖခင်ဖြစ်တဲ့ Brad Pitt ကတော့ ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

Photo: bradpittoffIcial/ Instagram

“မျက်ရည်တောင် ဝဲမိပါတယ်။ သိပ်ကိုလှပတာပေါ့ဗျာ။ ကျွန်တော်ကတော့ ကလေးတွေအားလုံးကို သူတို့လျှောက်ရမယ့်လမ်း သူတို့ဘာသာ ရှာဖွေစေချင်တယ်။ သူတို့စိတ်ဝင်စားတဲ့အရာ၊ သူတို့ရဲ့ကိုယ်ပိုင်အသံတစ်ခုကို ရှာဖွေစေချင်တယ်။ ပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ လှလှပပ ရှင်သန်စေချင်တယ် …” လို့ ဩဂုတ်လ(၁)ရက်နေ့က Entertainment Tonight နဲ့ အင်တာဗျူးမှာ Brad က ပြောသွားပါတယ်။

တကယ်တော့ Brad ဟာ ၂၀၁၆ ခုနှစ်မှာ Angelina Jolie နဲ့ ကွာရှင်းပြီးတည်းက သူ့ရဲ့ကလေးတွေနဲ့အတူ လူမြင်ကွင်းကို ထွက်မလာတော့တာ ဖြစ်ပါတယ်။ အဲဒီတုန်းတည်းက စတင်ပြီး ကလေးတွေနဲ့ လူမြင်ကွင်းမှာ သွားလာစားသောက်တာမျိုး မတွေ့ရတော့ပေမယ့် လူမြင်ကွယ်ရာ သီးသန့်လွတ်လပ်တဲ့ နေရာမှာတော့ Brad ဟာ ကလေးတွေအားလုံးကို ချစ်ခင်တန်ဖိုးထားတဲ့ ဖခင်တစ်ယောက်ဆိုတာ ငြင်းစရာ မရှိပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ Angelina Jolie ကတော့ သူမရဲ့ကလေးတွေနဲ့အတူ မကြာခဏ လူမြင်ကွင်းကို ထွက်လာလေ့ရှိပြီး ကလေးတွေနဲ့အတူတူ ကော်ဇောနီပွဲတွေကိုတောင် တက်လာတာ တွေ့ရပါသေးတယ်။ သူတို့နှစ်ဦးကြားမှာ သဘောထား မတိုက်ဆိုင်လို့ ယနေ့အချိန် အချင်းများရတာတွေ ရှိနေသေးပေမယ့်လည်း နှစ်ဦးလုံးဟာ ကလေးတွေအပေါ်မှာတော့ အလွန်အားပေးချီးမြှောက်တတ်တဲ့ မိဘတွေဆိုတာ အသေအချာပါပဲ။

Vancouver

Source: hollywoodlife/entertainmenttonight

RELATED ARTICLES

Most Popular