HomeCelebs Update NewsKorea၂၀၂၀ခုႏွစ္Grammyအတြက္ Category(၆)ခုမွာ စံကာတင္ တင္သြင္းခြင့္ရသြားတဲ့ BTS အဖြဲ႔

၂၀၂၀ခုႏွစ္Grammyအတြက္ Category(၆)ခုမွာ စံကာတင္ တင္သြင္းခြင့္ရသြားတဲ့ BTS အဖြဲ႔

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BTS အဖြဲ႔ဟာ ၂၀၂၀ခုႏွစ္မွာ က်င္းပမယ့္ ဂရမ္မီဂီတဆုေပးပြဲႀကီးမွာ ပါ၀င္ရင္ခုန္ရဖို႔ စံကာတင္စာရင္းအတြက္ ပါ၀င္တင္သြင္းခြင့္ ရသြားၿပီ ျဖစ္ပါတယ္။

ဂရမ္မီဆုေပးပြဲႀကီးရဲ႕ စံကာတင္စာရင္းမွာ ပါ၀င္ႏိုင္ဖို႔အတြက္ ပထမဆုံးအေနနဲ႔ စာရင္းတင္သြင္းၿပီး မဲေပးေရြးခ်ယ္ခံရဖို႔ လိုအပ္ပါတယ္။ ပထမအေက်ာ႔ Voting ကေတာ့ စက္တင္ဘာလ(၂၅)ရက္ေန႔ကေန ေအာက္တိုဘာလ(၁၀)ရက္ေန႔အထိ ျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔ကေန ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔အတြင္း ထြက္ရိွထားတဲ့ သီခ်င္းေတြသာလွ်င္ ၂၀၂၀ခုႏွစ္အတြက္ ဂရမ္မီဆုေပးပြဲမွာ စာရင္းတင္သြင္းခြင့္ ရိွမွာျဖစ္ပါတယ္။

Photo: koreaboo

စက္တင္ဘာလ(၂၆)ရက္ေန႔မွာေတာ့ Halsey featuring သီဆိုေပးထားတဲ့ BTS ရဲ႕ Boy With Luv သီခ်င္းဟာ “Best Pop Duo/ Group Performance” category အတြက္ စံကာတင္စာရင္း၀င္ခြင့္ ရရိွသြားေၾကာင္း Billboard က ထုတ္ျပန္ထားပါတယ္။ အဆိုပါ Category မွာ စံကာတင္အတြက္ ၀င္ေရာက္တင္သြင္းၾကမယ့္ အျခားအဆိုရွင္ေတြကေတာ့ Ariana Grande ၊ Bad Bunny ၊ Jonas Brothers ၊ Lil Nas X ၊ Marshmello ၊ Post Malone စသျဖင့္ မ်ားစြာရိွေနပါတယ္။

Photo: koreaboo

BTS ကေတာ့ စုစုေပါင္း Category (၆)ခုမွာ စံကာတင္၀င္ဖို႔ တင္သြင္းသြားမွာ ျဖစ္ပါတယ္။ “Best Pop Duo/Group Performance” category အျပင္ Boy With Luv သီခ်င္းနဲ႔ “Song/Record of the Year”  နဲ႔ “Best Music Video” category ႏွစ္ခုမွာ ၀င္ေရာက္သြားမွာျဖစ္ၿပီး ၂၀၁၉ခုႏွစ္မွာ ထြက္ရိွထားတဲ့ Map of the Soul: Persona အယ္လ္ဘမ္နဲ႔ “Album of the Year”  နဲ႔ “Best Pop Vocal Album” category ေတြမွာ ပါ၀င္တင္သြင္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ BTS WORLD game မွာ ပါ၀င္ထားတဲ့ soundtrack နဲ႔လည္း “Best Compilation Soundtrack for Visual Media” မွာ တင္သြင္းသြားဦးမွာ ျဖစ္ပါတယ္။

(၆၂)ႀကိမ္ေျမာက္ ဂရမ္မီဆုေပးပြဲႀကီးအတြက္ စံကာတင္စာရင္း၀င္မယ့္သူေတြကိုေတာ့ ႏို၀င္ဘာလ(၂၀)ရက္ေန႔မွာ ထုတ္ျပန္ေၾကျငာသြားမွာ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

BTS အဖွဲ့ဟာ ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် ဂရမ်မီဂီတဆုပေးပွဲကြီးမှာ ပါဝင်ရင်ခုန်ရဖို့ စံကာတင်စာရင်းအတွက် ပါဝင်တင်သွင်းခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဂရမ်မီဆုပေးပွဲကြီးရဲ့ စံကာတင်စာရင်းမှာ ပါဝင်နိုင်ဖို့အတွက် ပထမဆုံးအနေနဲ့ စာရင်းတင်သွင်းပြီး မဲပေးရွေးချယ်ခံရဖို့ လိုအပ်ပါတယ်။ ပထမအကျော့ Voting ကတော့ စက်တင်ဘာလ(၂၅)ရက်နေ့ကနေ အောက်တိုဘာလ(၁၀)ရက်နေ့အထိ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ကနေ ၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့အတွင်း ထွက်ရှိထားတဲ့ သီချင်းတွေသာလျှင် ၂၀၂၀ခုနှစ်အတွက် ဂရမ်မီဆုပေးပွဲမှာ စာရင်းတင်သွင်းခွင့် ရှိမှာဖြစ်ပါတယ်။

Photo: koreaboo

စက်တင်ဘာလ(၂၆)ရက်နေ့မှာတော့ Halsey featuring သီဆိုပေးထားတဲ့ BTS ရဲ့ Boy With Luv သီချင်းဟာ “Best Pop Duo/ Group Performance” category အတွက် စံကာတင်စာရင်းဝင်ခွင့် ရရှိသွားကြောင်း Billboard က ထုတ်ပြန်ထားပါတယ်။ အဆိုပါ Category မှာ စံကာတင်အတွက် ဝင်ရောက်တင်သွင်းကြမယ့် အခြားအဆိုရှင်တွေကတော့ Ariana Grande ၊ Bad Bunny ၊ Jonas Brothers ၊ Lil Nas X ၊ Marshmello ၊ Post Malone စသဖြင့် များစွာရှိနေပါတယ်။

Photo: koreaboo

BTS ကတော့ စုစုပေါင်း Category (၆)ခုမှာ စံကာတင်ဝင်ဖို့ တင်သွင်းသွားမှာ ဖြစ်ပါတယ်။ “Best Pop Duo/Group Performance” category အပြင် Boy With Luv သီချင်းနဲ့ “Song/Record of the Year”  နဲ့ “Best Music Video” category နှစ်ခုမှာ ဝင်ရောက်သွားမှာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ ထွက်ရှိထားတဲ့ Map of the Soul: Persona အယ်လ်ဘမ်နဲ့ “Album of the Year”  နဲ့ “Best Pop Vocal Album” category တွေမှာ ပါဝင်တင်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် BTS WORLD game မှာ ပါဝင်ထားတဲ့ soundtrack နဲ့လည်း “Best Compilation Soundtrack for Visual Media” မှာ တင်သွင်းသွားဦးမှာ ဖြစ်ပါတယ်။

(၆၂)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးအတွက် စံကာတင်စာရင်းဝင်မယ့်သူတွေကိုတော့ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular