HomeCelebs Update NewsKoreaအောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိနေတဲ့ BTS အဖွဲ့ဝင်တွေရဲ့ ချမ်းသာကြွယ်ဝမှု

အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိနေတဲ့ BTS အဖွဲ့ဝင်တွေရဲ့ ချမ်းသာကြွယ်ဝမှု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဟာ လက်ရှိမှာ ထိပ်တန်း အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကမ္ဘာအနှံ့အပြားမှာလည်း အမာခံပရိသတ်များစွာရဲ့ အားပေးမှုတွေကို ရရှိနေပါတယ်။ စံချိန်တွေလည်း တောက်လျှောက်ချိုးလာသလို တစ်ဖက်ကလည်း အနုပညာအရရော၊ စီးပွားရေးအရပါ ဟုန်းဟုန်းတောက်တဲ့ အောင်မြင်မှုတွေ ရရှိနေတာ မျက်မြင်ပါပဲ။

မူလက hip-hop အဖွဲ့အဖြစ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း ပရိသတ်အများစုရဲ့ နှစ်ခြိုက်မှုနဲ့ အံဝင်ခွင်ကျဖြစ်မယ့် R&B နဲ့ k-pop စတဲ့ အမျိုးအစားအစုံ သီချင်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ပွဲဦးထွက် ဆင်ဂယ်လ်အယ်လ်ဘမ် 2 Kool 4 Skool ကို ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဖွဲ့ရဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ကိုတော့ ၂၀၁၄ခုနှစ်မှာ Dark & Wild အမည်နဲ့ ထွက်ရှိခဲ့ပါတယ်။

Photo: bts.bighitofficial/ Instagram

ဒီလိုနဲ့ အဖွဲ့ ပွဲထွက်ပြီးငါးနှစ်ကျော်အကြာမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထိုးဖောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာ့ဂင်းနစ်စံချိန် အပါအဝင် စံချိန်တွေလည်း တောက်လျှောက်ချိုးလာခဲ့ပြီး Spotify မှာ streaming (၅)ဘီလျံကျော် ရရှိထားတဲ့ ပထမဆုံးအာရှအနုပညာရှင်အဖွဲ့ ဖြစ်လာတဲ့အထိပါပဲ။

တေးဂီတအပိုင်းမှာ ကိုယ်တိုင်ရေးသား၊ ထုတ်လုပ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်တွေကိုလည်း ပြုလုပ်နိုင်ခဲ့တဲ့အတွက် အဖွဲ့ရဲ့ အောင်မြင်မှုမှာ သိသိသာသာ ထိုးတက်လာခဲ့တဲ့အပြင် အဖွဲ့သားတစ်ယောက်ချင်းစီဟာလည်း မနည်းမနော ချမ်းသာကြွယ်ဝလာကြပါတယ်။ သို့ပေမယ့် BTS အဖွဲ့သားတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ အယ်လ်ဘမ်ရောင်းရငွေ၊ concert လက်မှတ်ရောင်းရငွေတွေအပြင် အခြားသော ပရော့ဂျက်တွေကနေလည်း အမြတ်ငွေတွေ ရရှိနေကြပါသေးတယ်။

Photo: bts.bighitofficial/ Instagram

BTS အဖွဲ့ဟာ ၂၀၁၈ခုနှစ်မှာ YouTube Premium အတွက် သီးသန့်ရည်ရွယ်ပြီး အပိုင်း(၈)ပိုင်းပါတဲ့ မှတ်တမ်းတင်ဗွီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပါသေးတယ်။ အဆိုပါ မှတ်တမ်းတင် ဗွီဒီယိုကတော့ Wings Tour ထွက်တုန်းက စတိတ်စင်နောက်ကွယ်က မြင်ကွင်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Burn the Stage: The Movie လို့ အမည်ပေးထားတဲ့ မှတ်တမ်းတင်ရုပ်သံတစ်ခုကို ရုပ်ရှင်ဗားရှင်းနဲ့ ပြန်လည်ထုတ်လုပ်ပြီး ၂၀၁၈နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသခဲ့ပါသေးတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ အဲ့ဒီ့ရုပ်ရှင်ရဲ့ ပထမအပတ် အဖွင့်ဝင်ငွေဟာ ဒေါ်လာ(၂.၄)သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

BTS အဖွဲ့သားတွေကို ကျိကျိတက် ချမ်းသာကြွယ်ဝစေတဲ့ အရာတွေထဲမှာ ရသစုံရှိုးတွေလည်း ပါဝင်ပါသေးတယ်။ BTS အဖွဲ့သားတွေ ပါဝင်ထားတဲ့ ရှိုးတွေကတော့ Rookie King: Bangtan ၊ BTS Gayo နဲ့ ဥရောပတစ်ခွင်ကို ဆယ်ရက်တာ ခရီးသွားလာထားတာကို ပြသထားတဲ့ BTS: Bon Voyage တို့ ဖြစ်ပါတယ်။ American Hustle Life ဆိုတဲ့ တီဗွီရှိုးထဲမှာတော့ အဖွဲ့သားတွေက hip-hop ရဲ့သမိုင်းကြောင်းကို လေ့လာပြီး အမေရိကန် rapper တွေဖြစ်တဲ့ Coolio တို့၊ Warren G တို့ဆီက နည်းနာနိဿယတွေ ပြန်လည်သင်ယူထားတာတွေကို ပြသထားပါတယ်။

Photo: bts.bighitofficial/ Instagram

brand တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် BTS ဟာ သိပ်ကိုတန်ဖိုးရှိတဲ့ brand ဖြစ်ပါတယ်။ BTS တစ်ဖွဲ့လုံးဟာ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းပြီး တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအတွက် ဒေါ်လာ(၃.၆)ဘီလျံခန့် ဝင်ငွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ တစ်ချို့မှတ်တမ်းတွေက ဖော်ပြထားကြပါတယ်။ စာချုပ်လာချုပ်သမျှ brand တိုင်းကို လက်မလည်အောင် ရောင်းရစေတဲ့အထိ စွမ်းဆောင်နိုင်တာကြောင့် BTS အဖွဲ့သားတွေကို brand ambassador အဖြစ် ခန့်အပ်ချင်တဲ့ ကုမ္ပဏီတွေ ဝိုင်းဝိုင်းလည်နေတာဟာ မဆန်းပါဘူး။

Photo: bts.bighitofficial/ Instagram

BTS အဖွဲ့နဲ့ ပူးပေါင်းထားတဲ့ စီးပွားရေးကုမ္ပဏီတွေများစွာရှိနေပြီး Hyundei ကားကုမ္ပဏီဆိုရင် BTS နဲ့ စာချုပ်ချုပ်ပြီးတည်းက Palisade ကားတွေ လက်မလည်အောင် ရောင်းရလို့ ဝယ်လိုအားကိုတောင် မလိုက်နိုင်တဲ့အထိ ဖြစ်ခဲ့ရပါသေးတယ်။ အခုဆိုရင်လည်း BTS အဖွဲ့ဟာ FILA အမှတ်တံဆိပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ brand ambassador အဖြစ် ခန့်အပ်ခံထားရပါတယ်။

အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ talent တွေ စုပေါင်းပြီး တစ်ဖွဲ့လုံး အောင်မြင်မှုတွေ တသီတတန်း ရရှိနေကြတာဖြစ်လို့ အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း အားရစရာကြီးပါ။

Jin
Photo: bts.bighitofficial/ Instagram

၂၀၂၀ခုနှစ်အထိ Jin ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ(၈)သန်းရှိနေပါတယ်။ အဖွဲ့လိုက်အနေနဲ့ အခွေထုတ်တာ၊ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်ရာက ဝင်ငွေတွေ ရရှိနေသလို Jin ကိုယ်တိုင် ရေးသား၊ ထုတ်လုပ်ထားတဲ့ သီချင်းတွေကြောင့်လည်း အမြတ်ငွေတွေ ရရှိနေပါသေးတယ်။ ဒါတင်မက Jin ဟာ အစားအသောက်လုပ်ငန်းမှာလည်း ကိုယ်ပိုင်စီးပွားရေး တည်ထောင်ထားပါသေးတယ်။ ဂျပန်စတိုင်လ် စားသောက်ဆိုင်တစ်ခုကို အစ်ကိုဖြစ်သူနဲ့ စပ်တူရှယ်ယာ ဖွင့်ထားတာ ဖြစ်ပါတယ်။

J-Hope
Photo: bts.bighitofficial/ Instagram

J-Hope ကတော့ အဖွဲ့ထဲမှာ အချမ်းသာဆုံးအဖွဲ့ဝင်ဖြစ်ပြီး ဒေါ်လာ(၁၂)သန်း ကြွယ်ဝမှု ရှိပါတယ်။ BTS နဲ့ ရရှိတဲ့ဝင်ငွေတွေအပြင် Hope World ဆိုတဲ့ solo mixtape ထုတ်ထားတာက ရရှိနေတဲ့ ဝင်ငွေတွေကြောင့် အခုလို ချမ်းသာကြွယ်ဝနေတာ ဖြစ်ပါတယ်။

RM
Photo: bts.bighitofficial/ Instagram

အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ RM ကတော့ သူ့ရဲ့ talent ဖြစ်တဲ့ သီချင်းရေးသားခြင်းနဲ့လည်း အဿပြာတွေ အမြောက်အများ ရရှိနေပါတယ်။ RM ဟာ သီချင်းပေါင်း(၁၃၀)ကျော်အတွက် သီချင်းရေးသားခတွေကို ရရှိနေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုလိုပရော့ဂျက်တွေထဲမှာ ဟောလိဝုဒ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Fantastic Four ထဲမှာ ကိုရီးယားဇာတ်ဝင်သီချင်းတစ်ပုဒ် ရေးသားပေးထားတာလည်း ပါဝင်ပါတယ်။ ဒါကြောင့်ပဲ RM ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ(၈)သန်းဝန်းကျင်မှာ ရှိနေတာ ဖြစ်ပါတယ်။

Jimin
Photo: bts.bighitofficial/ Instagram

Jimin ကတော့ ဝင်ငွေအများစုကို BTS အဖွဲ့နဲ့ လှုပ်ရှားမှုတွေကနေ ရရှိထားပါတယ်။ Hello Counselor လို ရှိုးတွေမှာ ပါဝင်ထားတာတွေကလည်း ဝင်ငွေတွေ ရရှိနေတာကြောင့် ဒေါ်လာ(၈)သန်းဝန်းကျင် ချမ်းသာသူ ဖြစ်ပါတယ်။

V
Photo: bts.bighitofficial/ Instagram

V ကတော့ BTS နဲ့ လှုပ်ရှားမှုတွေအပြင် တစ်ချို့သော BTS တေးသီချင်းတွေကို ရေးသားပေးထားသူ ဖြစ်တာကြောင့် သီချင်းရေးခတွေလည်း ရရှိထားပါတယ်။ ဒါ့အပြင် သရုပ်ဆောင်အပိုင်းမှာလည်း ခြေလှမ်းထားပြီး Hwarang: The Poet Warrior Youth သမိုင်းနောက်ခံ ဒရာမာထဲမှာ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ထားတာကလည်း ဝင်ငွေတွေ ရရှိထားပါတယ်။ V ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ(၈)သန်းဝန်းကျင်မှာ ရှိနေပါတယ်။

Jungkook
Photo: bts.bighitofficial/ Instagram

Jungkook ဟာ BTS ရဲ့ တစ်ချို့သော သီချင်းတွေမှာ ပီဒီအဖြစ် တာဝန်ယူပေးထားပြီး Love is Not Over ၊ Magic Shop လို သီချင်းတွေမှာလည်း သီချင်းရဲ့ထုတ်လုပ်ရေးအပိုင်းတွေမှာ တာဝန်ယူပေးထားပါသေးတယ်။ တစ်ခြားအဖွဲ့ဝင်တွေလိုပဲ Jungkook ဟာလည်း တောင်ကိုရီးယားရဲ့ ရုပ်သံရှိုးတွေမှာ ပါဝင်ထားပါတယ်။ သူ့ရဲ့ ခန့်မှန်းချေ ကြွယ်ဝမှုကတော့ ဒေါ်လာ(၈)သန်းဝန်းကျင် ရှိပါတယ်။

Suga
Photo: bts.bighitofficial/ Instagram

Suga ရဲ့ ကြွယ်ဝမှုကလည်း ခန့်မှန်းချေ ဒေါ်လာ(၈)သန်း ရှိပါတယ်။ Suga ဟာ BTS ရဲ့သီချင်းတွေအပြင် Suran ၊ Lee So Ra တို့လို artist တွေအတွက်ပါ သီချင်းတွေ ရေးပေးထားပါသေးတယ်။ Suga ရေးစပ်ထားပြီး ထုတ်လုပ်ပေးထားတဲ့ သီချင်းတွေ စုစုပေါင်း အပုဒ်(၇၀)ကျော် ရှိပါတယ်။

ဒါကတော့ BTS အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ဘယ်လိုချမ်းသာလာတယ်ဆိုတဲ့ အကြောင်းလေးတွေ ဖော်ပြပေးထားတာပါ။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

BTS အဖြဲ႕ဟာ လက္ရွိမွာ ထိပ္တန္း ေအာင္ျမင္ေနတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ကမာၻအႏွံ႔အျပားမွာလည္း အမာခံပရိသတ္မ်ားစြာရဲ႕ အားေပးမႈေတြကို ရရွိေနပါတယ္။ စံခ်ိန္ေတြလည္း ေတာက္ေလွ်ာက္ခ်ိဳးလာသလို တစ္ဖက္ကလည္း အႏုပညာအရေရာ၊ စီးပြားေရးအရပါ ဟုန္းဟုန္းေတာက္တဲ့ ေအာင္ျမင္မႈေတြ ရရွိေနတာ မ်က္ျမင္ပါပဲ။

မူလက hip-hop အဖြဲ႕အျဖစ္ ဖြဲ႕စည္းဖို႔ ရည္႐ြယ္ထားခဲ့ေပမယ့္လည္း ပရိသတ္အမ်ားစုရဲ႕ ႏွစ္ၿခိဳက္မႈနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ R&B နဲ႔ k-pop စတဲ့ အမ်ိဳးအစားအစုံ သီခ်င္းေတြကို ထုတ္လုပ္ခဲ့ပါတယ္။ ပြဲဦးထြက္ ဆင္ဂယ္လ္အယ္လ္ဘမ္ 2 Kool 4 Skool ကို ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး အဖြဲ႕ရဲ႕ ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ကိုေတာ့ ၂၀၁၄ခုႏွစ္မွာ Dark & Wild အမည္နဲ႔ ထြက္ရွိခဲ့ပါတယ္။

Photo: bts.bighitofficial/ Instagram

ဒီလိုနဲ႔ အဖြဲ႕ ပြဲထြက္ၿပီးငါးႏွစ္ေက်ာ္အၾကာမွာေတာ့ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ထိုးေဖာက္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ကမာၻ႔ဂင္းနစ္စံခ်ိန္ အပါအဝင္ စံခ်ိန္ေတြလည္း ေတာက္ေလွ်ာက္ခ်ိဳးလာခဲ့ၿပီး Spotify မွာ streaming (၅)ဘီလ်ံေက်ာ္ ရရွိထားတဲ့ ပထမဆုံးအာရွအႏုပညာရွင္အဖြဲ႕ ျဖစ္လာတဲ့အထိပါပဲ။

ေတးဂီတအပိုင္းမွာ ကိုယ္တိုင္ေရးသား၊ ထုတ္လုပ္ၿပီး ကမာၻလွည့္ေဖ်ာ္ေျဖေရးခရီးစဥ္ေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ အဖြဲ႕ရဲ႕ ေအာင္ျမင္မႈမွာ သိသိသာသာ ထိုးတက္လာခဲ့တဲ့အျပင္ အဖြဲ႕သားတစ္ေယာက္ခ်င္းစီဟာလည္း မနည္းမေနာ ခ်မ္းသာႂကြယ္ဝလာၾကပါတယ္။ သို႔ေပမယ့္ BTS အဖြဲ႕သားေတြရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ အယ္လ္ဘမ္ေရာင္းရေငြ၊ concert လက္မွတ္ေရာင္းရေငြေတြအျပင္ အျခားေသာ ပေရာ့ဂ်က္ေတြကေနလည္း အျမတ္ေငြေတြ ရရွိေနၾကပါေသးတယ္။

Photo: bts.bighitofficial/ Instagram

BTS အဖြဲ႕ဟာ ၂၀၁၈ခုႏွစ္မွာ YouTube Premium အတြက္ သီးသန႔္ရည္႐ြယ္ၿပီး အပိုင္း(၈)ပိုင္းပါတဲ့ မွတ္တမ္းတင္ဗြီဒီယိုတစ္ခုကို ထုတ္လႊင့္ခဲ့ပါေသးတယ္။ အဆိုပါ မွတ္တမ္းတင္ ဗြီဒီယိုကေတာ့ Wings Tour ထြက္တုန္းက စတိတ္စင္ေနာက္ကြယ္က ျမင္ကြင္းေတြကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Burn the Stage: The Movie လို႔ အမည္ေပးထားတဲ့ မွတ္တမ္းတင္႐ုပ္သံတစ္ခုကို ႐ုပ္ရွင္ဗားရွင္းနဲ႔ ျပန္လည္ထုတ္လုပ္ၿပီး ၂၀၁၈ႏွစ္ကုန္ပိုင္းေလာက္မွာ ႐ုံတင္ျပသခဲ့ပါေသးတယ္။ Forbes မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ အဲ့ဒီ့႐ုပ္ရွင္ရဲ႕ ပထမအပတ္ အဖြင့္ဝင္ေငြဟာ ေဒၚလာ(၂.၄)သန္း ရွိခဲ့တယ္လို႔ သိရပါတယ္။

BTS အဖြဲ႕သားေတြကို က်ိက်ိတက္ ခ်မ္းသာႂကြယ္ဝေစတဲ့ အရာေတြထဲမွာ ရသစုံရႈိးေတြလည္း ပါဝင္ပါေသးတယ္။ BTS အဖြဲ႕သားေတြ ပါဝင္ထားတဲ့ ရႈိးေတြကေတာ့ Rookie King: Bangtan ၊ BTS Gayo နဲ႔ ဥေရာပတစ္ခြင္ကို ဆယ္ရက္တာ ခရီးသြားလာထားတာကို ျပသထားတဲ့ BTS: Bon Voyage တို႔ ျဖစ္ပါတယ္။ American Hustle Life ဆိုတဲ့ တီဗြီရႈိးထဲမွာေတာ့ အဖြဲ႕သားေတြက hip-hop ရဲ႕သမိုင္းေၾကာင္းကို ေလ့လာၿပီး အေမရိကန္ rapper ေတြျဖစ္တဲ့ Coolio တို႔၊ Warren G တို႔ဆီက နည္းနာနိႆယေတြ ျပန္လည္သင္ယူထားတာေတြကို ျပသထားပါတယ္။

Photo: bts.bighitofficial/ Instagram

brand တစ္ခုအေနနဲ႔ ၾကည့္မယ္ဆိုရင္ BTS ဟာ သိပ္ကိုတန္ဖိုးရွိတဲ့ brand ျဖစ္ပါတယ္။ BTS တစ္ဖြဲ႕လုံးဟာ ပရိသတ္ေတြအေပၚ လႊမ္းမိုးႏိုင္စြမ္း ျမင့္မားလြန္းၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ စီးပြားေရးအတြက္ ေဒၚလာ(၃.၆)ဘီလ်ံခန႔္ ဝင္ေငြ ဖန္တီးေပးႏိုင္ခဲ့တယ္လို႔ တစ္ခ်ိဳ႕မွတ္တမ္းေတြက ေဖာ္ျပထားၾကပါတယ္။ စာခ်ဳပ္လာခ်ဳပ္သမွ် brand တိုင္းကို လက္မလည္ေအာင္ ေရာင္းရေစတဲ့အထိ စြမ္းေဆာင္ႏိုင္တာေၾကာင့္ BTS အဖြဲ႕သားေတြကို brand ambassador အျဖစ္ ခန႔္အပ္ခ်င္တဲ့ ကုမၸဏီေတြ ဝိုင္းဝိုင္းလည္ေနတာဟာ မဆန္းပါဘူး။

Photo: bts.bighitofficial/ Instagram

BTS အဖြဲ႕နဲ႔ ပူးေပါင္းထားတဲ့ စီးပြားေရးကုမၸဏီေတြမ်ားစြာရွိေနၿပီး Hyundei ကားကုမၸဏီဆိုရင္ BTS နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးတည္းက Palisade ကားေတြ လက္မလည္ေအာင္ ေရာင္းရလို႔ ဝယ္လိုအားကိုေတာင္ မလိုက္ႏိုင္တဲ့အထိ ျဖစ္ခဲ့ရပါေသးတယ္။ အခုဆိုရင္လည္း BTS အဖြဲ႕ဟာ FILA အမွတ္တံဆိပ္ရဲ႕ ကမာၻလုံးဆိုင္ရာ brand ambassador အျဖစ္ ခန႔္အပ္ခံထားရပါတယ္။

အဖြဲ႕သားတစ္ေယာက္ခ်င္းစီရဲ႕ talent ေတြ စုေပါင္းၿပီး တစ္ဖြဲ႕လုံး ေအာင္ျမင္မႈေတြ တသီတတန္း ရရွိေနၾကတာျဖစ္လို႔ အဖြဲ႕သားတစ္ေယာက္ခ်င္းစီရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြကို ၾကည့္လိုက္မယ္ဆိုရင္လည္း အားရစရာႀကီးပါ။

Jin
Photo: bts.bighitofficial/ Instagram

၂၀၂၀ခုႏွစ္အထိ Jin ရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ ေဒၚလာ(၈)သန္းရွိေနပါတယ္။ အဖြဲ႕လိုက္အေနနဲ႔ အေခြထုတ္တာ၊ နယ္လွည့္ေဖ်ာ္ေျဖပြဲေတြ ျပဳလုပ္ရာက ဝင္ေငြေတြ ရရွိေနသလို Jin ကိုယ္တိုင္ ေရးသား၊ ထုတ္လုပ္ထားတဲ့ သီခ်င္းေတြေၾကာင့္လည္း အျမတ္ေငြေတြ ရရွိေနပါေသးတယ္။ ဒါတင္မက Jin ဟာ အစားအေသာက္လုပ္ငန္းမွာလည္း ကိုယ္ပိုင္စီးပြားေရး တည္ေထာင္ထားပါေသးတယ္။ ဂ်ပန္စတိုင္လ္ စားေသာက္ဆိုင္တစ္ခုကို အစ္ကိုျဖစ္သူနဲ႔ စပ္တူရွယ္ယာ ဖြင့္ထားတာ ျဖစ္ပါတယ္။

J-Hope
Photo: bts.bighitofficial/ Instagram

J-Hope ကေတာ့ အဖြဲ႕ထဲမွာ အခ်မ္းသာဆုံးအဖြဲ႕ဝင္ျဖစ္ၿပီး ေဒၚလာ(၁၂)သန္း ႂကြယ္ဝမႈ ရွိပါတယ္။ BTS နဲ႔ ရရွိတဲ့ဝင္ေငြေတြအျပင္ Hope World ဆိုတဲ့ solo mixtape ထုတ္ထားတာက ရရွိေနတဲ့ ဝင္ေငြေတြေၾကာင့္ အခုလို ခ်မ္းသာႂကြယ္ဝေနတာ ျဖစ္ပါတယ္။

RM
Photo: bts.bighitofficial/ Instagram

အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ RM ကေတာ့ သူ႔ရဲ႕ talent ျဖစ္တဲ့ သီခ်င္းေရးသားျခင္းနဲ႔လည္း အႆျပာေတြ အေျမာက္အမ်ား ရရွိေနပါတယ္။ RM ဟာ သီခ်င္းေပါင္း(၁၃၀)ေက်ာ္အတြက္ သီခ်င္းေရးသားခေတြကို ရရွိေနသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ဆိုလိုပေရာ့ဂ်က္ေတြထဲမွာ ေဟာလိဝုဒ္႐ုပ္ရွင္တစ္ခုျဖစ္တဲ့ Fantastic Four ထဲမွာ ကိုရီးယားဇာတ္ဝင္သီခ်င္းတစ္ပုဒ္ ေရးသားေပးထားတာလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ပဲ RM ရဲ႕ ႂကြယ္ဝမႈဟာ ေဒၚလာ(၈)သန္းဝန္းက်င္မွာ ရွိေနတာ ျဖစ္ပါတယ္။

Jimin
Photo: bts.bighitofficial/ Instagram

Jimin ကေတာ့ ဝင္ေငြအမ်ားစုကို BTS အဖြဲ႕နဲ႔ လႈပ္ရွားမႈေတြကေန ရရွိထားပါတယ္။ Hello Counselor လို ရႈိးေတြမွာ ပါဝင္ထားတာေတြကလည္း ဝင္ေငြေတြ ရရွိေနတာေၾကာင့္ ေဒၚလာ(၈)သန္းဝန္းက်င္ ခ်မ္းသာသူ ျဖစ္ပါတယ္။

V
Photo: bts.bighitofficial/ Instagram

V ကေတာ့ BTS နဲ႔ လႈပ္ရွားမႈေတြအျပင္ တစ္ခ်ိဳ႕ေသာ BTS ေတးသီခ်င္းေတြကို ေရးသားေပးထားသူ ျဖစ္တာေၾကာင့္ သီခ်င္းေရးခေတြလည္း ရရွိထားပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္အပိုင္းမွာလည္း ေျခလွမ္းထားၿပီး Hwarang: The Poet Warrior Youth သမိုင္းေနာက္ခံ ဒရာမာထဲမွာ ဇာတ္ပို႔ေနရာကေန သ႐ုပ္ေဆာင္ထားတာကလည္း ဝင္ေငြေတြ ရရွိထားပါတယ္။ V ရဲ႕ ခ်မ္းသာႂကြယ္ဝမႈကေတာ့ ေဒၚလာ(၈)သန္းဝန္းက်င္မွာ ရွိေနပါတယ္။

Jungkook
Photo: bts.bighitofficial/ Instagram

Jungkook ဟာ BTS ရဲ႕ တစ္ခ်ိဳ႕ေသာ သီခ်င္းေတြမွာ ပီဒီအျဖစ္ တာဝန္ယူေပးထားၿပီး Love is Not Over ၊ Magic Shop လို သီခ်င္းေတြမွာလည္း သီခ်င္းရဲ႕ထုတ္လုပ္ေရးအပိုင္းေတြမွာ တာဝန္ယူေပးထားပါေသးတယ္။ တစ္ျခားအဖြဲ႕ဝင္ေတြလိုပဲ Jungkook ဟာလည္း ေတာင္ကိုရီးယားရဲ႕ ႐ုပ္သံရႈိးေတြမွာ ပါဝင္ထားပါတယ္။ သူ႔ရဲ႕ ခန႔္မွန္းေခ် ႂကြယ္ဝမႈကေတာ့ ေဒၚလာ(၈)သန္းဝန္းက်င္ ရွိပါတယ္။

Suga
Photo: bts.bighitofficial/ Instagram

Suga ရဲ႕ ႂကြယ္ဝမႈကလည္း ခန႔္မွန္းေခ် ေဒၚလာ(၈)သန္း ရွိပါတယ္။ Suga ဟာ BTS ရဲ႕သီခ်င္းေတြအျပင္ Suran ၊ Lee So Ra တို႔လို artist ေတြအတြက္ပါ သီခ်င္းေတြ ေရးေပးထားပါေသးတယ္။ Suga ေရးစပ္ထားၿပီး ထုတ္လုပ္ေပးထားတဲ့ သီခ်င္းေတြ စုစုေပါင္း အပုဒ္(၇၀)ေက်ာ္ ရွိပါတယ္။

ဒါကေတာ့ BTS အဖြဲ႕ဝင္တစ္ဦးခ်င္းစီရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ ဘယ္လိုခ်မ္းသာလာတယ္ဆိုတဲ့ အေၾကာင္းေလးေတြ ေဖာ္ျပေပးထားတာပါ။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular