HomeCelebs Update NewsKoreaလူသိပ္မသိေသးတဲ့ BTS အဖြဲ႔၀င္ေတြရဲ႕ ေမာင္ႏွမေတြအေၾကာင္း

လူသိပ္မသိေသးတဲ့ BTS အဖြဲ႔၀င္ေတြရဲ႕ ေမာင္ႏွမေတြအေၾကာင္း

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BTS အဖြဲ႕၀င္ေတြကို အားေပးၾကတဲ့ စာဖတ္သူမ်ားအတြက္ BTS အဖြဲ႔၀င္မ်ားရဲ႕ ေမာင္ႏွမေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ လူသိပ္မသိေသးၾကတဲ့ BTS အဖြဲ႕၀င္ေတြရဲ႕ ေမာင္ႏွမေတြနဲ႔ သူတို႔ရဲ႕ ရပ္တည္မႈေတြ၊ အသက္ေမြး၀မ္းေက်ာင္းေတြကေတာ့ ေအာက္ပါအတိုင္းပါပဲ။

J Hope ရဲ႕အစ္မ Jung Dawon
Photo: koreaboo
Photo: koreaboo

J Hope မွာ Jung Dawon လို႔ေခၚတဲ့ အစ္မတစ္ေယာက္ ရိွပါတယ္။ သူမဟာ J Hope ထက္ အသက္ေလးႏွစ္ႀကီးေပမယ့္ ရုပ္ကေလးကေတာ့ ေကာင္မေလးတစ္ေယာက္လို ႏုနယ္ပ်ိဳမ်စ္ေနတာေၾကာင့္ ေမာင္ႏွမႏွစ္ေယာက္ ယွဥ္လိုက္ရင္ အမႊာေတြအလားပါပဲ။ Jung Dawon ရဲ႕ Instagram အေကာင့္ကို သြားၾကည့္ရင္ေတာ့ ဆယ္လ္ဖီပုံလွလွေလးေတြနဲ႔ ဖက္ရွင္အမိုက္စား အ၀တ္အစားေတြကို ေတြ႕ရမွာပါ။

Photo: koreaboo

Jung Dawon ဟာ ရုပ္ကေလးက လွပၿပီးဆြဲေဆာင္မႈရိွေနတာေၾကာင့္ Idol တစ္ေယာက္လားလို႔ေတာင္ ထင္မွတ္မွားေလာက္ပါတယ္။ သူမမွာ MEJIWOO လို႔ေခၚတဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အ၀တ္အထည္ကုမၸဏီရိွၿပီး သူမရဲ႕ အ၀တ္အစားေတြကို ကိုယ္တိုင္ေမာ္ဒယ္လ္လုပ္ၿပီး ေၾကာ္ျငာေလ့ရိွပါတယ္။

Photo: koreaboo

အစ္မကို ခ်စ္တဲ့ ေမာင္ေလး J Hope ကလည္း အစ္မလုပ္သူ ကုမၸဏီကထုတ္လုပ္တဲ့ အ၀တ္အထည္ေတြကို ကိုယ္တိုင္၀တ္ဆင္ျပၿပီး ေၾကာ္ျငာေပးတာ ေတြ႕ရပါေသးတယ္။ ဒါေၾကာင့္ ဒီေမာင္ႏွမႏွစ္ေယာက္ကို ပရိသတ္ေတြ အခ်စ္ပိုၾကတာလည္း အ့ံၾသစရာေတာ့ မဟုတ္ပါဘူး။

Jin ရဲ႕အစ္ကို Kim Seok Jung
Photo: koreaboo
Photo: koreaboo

Jin ရဲ႕အစ္ကိုႀကီး Kim Seok Jung နဲ႔ ပတ္သက္လို႔ကေတာ့ သိပ္မ်ားမ်ားစားစား မသိရပါဘူး။ သို႔ေပမယ့္ အစ္ကိုျဖစ္သူဟာ ညီေလးရဲ႕ပြဲကိုေတာ့ VIP ေနရာကေန လာေရာက္အားေပး ၾကည့္ရႈေလ့ရိွတယ္ဆိုတာ သိရပါတယ္။ Kim Seok Jung ဟာ ခ်စ္သူေကာင္မေလးနဲ႔အတူ BTS ရဲ႕ ေဖ်ာ္ေျဖပြဲကို လာၾကည့္တဲ့ ဗီြဒီယိုကလစ္ေလးကေတာ့ ညီေလးရဲ႕ေအာင္ျမင္မႈကို အားေပးတဲ့ အစ္ကိုႀကီးရဲ႕ သက္ေသပါ။

Suga ရဲ႕အစ္ကို Min Geumjae
Photo: koreaboo

Jin ရဲ႕ အစ္ကိုႀကီးလိုပဲ Suga ရဲ႕အစ္ကိုႀကီးဟာလည္း ညီျဖစ္သူရဲ႕ ေဖ်ာ္ေျဖပြဲေတြကို အားေပးၾကည့္ရႈေနက်ပါ။ အစ္ကိုျဖစ္သူဟာ မီဒီယာေတြဆီကေန ေရွာင္တိမ္းေနခ်င္သူ ျဖစ္တဲ့အတြက္ ကာလအတန္ၾကာ သူ႔ရဲ႕အေၾကာင္းေတြကို မသိခဲ့ရပါဘူး။ အထက္ပါဓာတ္ပုံဟာ ပထမဆုံး လူထုကို ထုတ္ျပတဲ့ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ဓာတ္ပုံျဖစ္ပါတယ္။

Photo: koreaboo
Photo: koreaboo

အခုေနာက္ပိုင္းမွာေတာ့ Instagram ကို စတင္သုံးစြဲေနၿပီျဖစ္ၿပီး သူ႔မိသားစုနဲ႔ ပတ္သက္တဲ့ ဓာတ္ပုံေတြကို ေ၀မွ်ေပးေနတာ ေတြ႕ရပါတယ္။

RM ရဲ႕ညီမေလး Kim Kyung Min
Photo: koreaboo

RM ရဲ႕ညီမေလးဟာလည္း မီဒီယာေတြကေန ကာလၾကာရွည္စြာ ေရွာင္တိမ္းေနခဲ့သူပါ။ တကယ္တမ္း သိလိုက္ၾကရခ်ိန္မွာ အစ္ကိုျဖစ္သူလိုပဲ ေခ်ာေမာလွပတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားတာ ေတြ႕ရပါတယ္။ ညီမေလးကို ဘယ္အဖြဲ႕၀င္နဲ႔ မိတ္ဆက္ေပးမလည္းလို႔ RM ကို ေမးတဲ့အခါမွာေတာ့ Jimin နဲ႔ မိတ္ဆက္ေပးမယ္လို႔ တစ္ခါက ေျဖဖူးပါတယ္။

V ရဲ႕ေမာင္ႏွမမ်ား
Photo: koreaboo

V ရဲ႕ေမာင္ႏွမေတြနဲ႔ ပတ္သက္လို႔ကေတာ့ တရား၀င္ လူထုကို ခ်ျပထားတဲ့ ဓာတ္ပုံရယ္လို႔ မရိွပါဘူး။ သို႔ေပမယ့္ မီဒီယာေတြရဲ႕ စုံစမ္းေဖာ္ထုတ္မႈအရ ေအာက္ပါေဖာ္ျပထားတဲ့ ဓာတ္ပုံထဲက ေကာင္မေလးဟာ V ရဲ႕ တစ္၀မ္းကြဲညီမေလး Kim Eun Jin လို႔ သိရပါတယ္။ V ဟာ သူ႔ရဲ႕မိသားစုကို အင္မတန္ ခ်စ္ျမတ္ႏိုးၿပီး သံေယာဇဥ္ရိွတာေၾကာင့္ ျပည္ပကို ထြက္ခြာရတဲ့အခ်ိန္တိုင္း မိသားစုကို သတိရေၾကာင္း ေျပာတတ္သူပါ။ တစ္ခါကေတာ့ ႏိုင္ငံျခားေရာက္ေနတုန္း Live လႊင့္ရင္း ညီျဖစ္သူ Kim Jong Gyu ကို သတိရေၾကာင္းေျပာရင္း မ်က္ရည္၀ဲဖူးပါေသးတယ္။

Jimin ရဲ႕ ညီေလး Park Jihyun
Photo: koreaboo

Jimin ဟာ BTS အဖြဲ႕ထဲက အငယ္ဆုံးျဖစ္တဲ့ Jungkook ကို ညီအရင္းေလးတစ္ေယာက္လို ဂရုစိုက္ၿပီး ခ်စ္ခင္တာကို ေတြ႕ရေပမယ့္ သူ႔ရဲ႕တကယ္ ညီအရင္းကိုေတာ့ ဘူဆန္မွာ လႊင့္ခဲ့တဲ့ live video ကေန ေတြ႕ႏိုင္ပါတယ္။ အခ်ိဳ႕ေသာ ပရိသတ္ေတြရဲ႕ မွတ္ခ်က္စကားေတြအရ အစ္ကိုျဖစ္သူ Jihyun ရဲ႕ရုပ္ဟာ Jungkook ပြဲမထြက္ခင္က ရုပ္နဲ႔ ဆင္တူတယ္လို႔ ဆိုပါတယ္။

https://youtu.be/3cNQ3kMof4A

Jungkook ရဲ႕အစ္ကို Jeon Junghyun
Photo: koreaboo

Jungkook ရဲ႕အစ္ကိုနဲ႔ ပတ္သက္လို႔ကေတာ့ ပရိသတ္ေတြ အထင္မွားေနခဲ့တာ တစ္ခု ရိွခဲ့ပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ Day 6 အဖြဲ႔က Sungjin ကို Jungkook ရဲ႕အစ္ကို Jeon Junghyun လို႔ အမွတ္မွားခဲ့ၾကတာပါ။ မွားလည္းမွားခ်င္စရာပါ။ ႏွစ္ေယာက္က အဲ့ဒီ့အခ်ိန္တုန္းက ရုပ္က ေတာ္ေတာ္ေလး ဆင္တူေနခဲ့တာကလည္း အေၾကာင္းရင္းတစ္ခုပါပဲ။

Photo: koreaboo

Jungkook ရဲ႕အစ္ကိုအရင္းဟာ ဆယ္လ္ဖီရိုက္တာမ်ိဳးေတြကို ၀ါသနာမပါဘဲ သူ႔ရဲ႕ Instagram အေကာင့္ကိုလည္း Deactivate လုပ္ထားသူပါ။ Deactivate မလုပ္ခင္က သူ႔ရဲ႕အေကာင့္ကို ၾကည့္မယ္ဆိုရင္ေတာ့ digital drawing ေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။ Jungkook နဲ႔ Junghyun တို႔ႏွစ္ေယာက္လုံး သုံးတဲ့ အေကာင့္ကေတာ့ Jeon family outing ဆိုတဲ့အေကာင့္ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြ ရရိွေနတဲ့ ညီငယ္အတြက္ ဂုဏ္ယူေနတဲ့ အစ္ကိုျဖစ္သူဟာ သူ႔ရဲ႕အေကာင့္မွာေတာ့ BTS fan art ေတြကို တင္ေလ့ရိွၿပီး တစ္ခါကေတာ့ Simpson ဗားရွင္းနဲ႔ BTS အဖြဲ႔ပုံကို ဖန္တီးေပးထားလို႔ BTS အဖြဲ႔ရဲ႕ Official Twitter အေကာင့္ကေန ျပန္ၿပီး retweet လုပ္ခဲ့ရတဲ့အထိပါပဲ။

Photo: koreaboo
Photo: koreaboo

Xei

Ref: koreaboo

(Unicode Version)

BTS အဖွဲ့ဝင်တွေကို အားပေးကြတဲ့ စာဖတ်သူများအတွက် BTS အဖွဲ့ဝင်များရဲ့ မောင်နှမတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ လူသိပ်မသိသေးကြတဲ့ BTS အဖွဲ့ဝင်တွေရဲ့ မောင်နှမတွေနဲ့ သူတို့ရဲ့ ရပ်တည်မှုတွေ၊ အသက်မွေးဝမ်းကျောင်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

J Hope ရဲ့အစ်မ Jung Dawon
Photo: koreaboo
Photo: koreaboo

J Hope မှာ Jung Dawon လို့ခေါ်တဲ့ အစ်မတစ်ယောက် ရှိပါတယ်။ သူမဟာ J Hope ထက် အသက်လေးနှစ်ကြီးပေမယ့် ရုပ်ကလေးကတော့ ကောင်မလေးတစ်ယောက်လို နုနယ်ပျိုမျစ်နေတာကြောင့် မောင်နှမနှစ်ယောက် ယှဉ်လိုက်ရင် အမွှာတွေအလားပါပဲ။ Jung Dawon ရဲ့ Instagram အကောင့်ကို သွားကြည့်ရင်တော့ ဆယ်လ်ဖီပုံလှလှလေးတွေနဲ့ ဖက်ရှင်အမိုက်စား အဝတ်အစားတွေကို တွေ့ရမှာပါ။

Photo: koreaboo

Jung Dawon ဟာ ရုပ်ကလေးက လှပပြီးဆွဲဆောင်မှုရှိနေတာကြောင့် Idol တစ်ယောက်လားလို့တောင် ထင်မှတ်မှားလောက်ပါတယ်။ သူမမှာ MEJIWOO လို့ခေါ်တဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ်အထည်ကုမ္ပဏီရှိပြီး သူမရဲ့ အဝတ်အစားတွေကို ကိုယ်တိုင်မော်ဒယ်လ်လုပ်ပြီး ကြော်ငြာလေ့ရှိပါတယ်။

Photo: koreaboo

အစ်မကို ချစ်တဲ့ မောင်လေး J Hope ကလည်း အစ်မလုပ်သူ ကုမ္ပဏီကထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ကိုယ်တိုင်ဝတ်ဆင်ပြပြီး ကြော်ငြာပေးတာ တွေ့ရပါသေးတယ်။ ဒါကြောင့် ဒီမောင်နှမနှစ်ယောက်ကို ပရိသတ်တွေ အချစ်ပိုကြတာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

Jin ရဲ့အစ်ကို Kim Seok Jung
Photo: koreaboo
Photo: koreaboo

Jin ရဲ့အစ်ကိုကြီး Kim Seok Jung နဲ့ ပတ်သက်လို့ကတော့ သိပ်များများစားစား မသိရပါဘူး။ သို့ပေမယ့် အစ်ကိုဖြစ်သူဟာ ညီလေးရဲ့ပွဲကိုတော့ VIP နေရာကနေ လာရောက်အားပေး ကြည့်ရှုလေ့ရှိတယ်ဆိုတာ သိရပါတယ်။ Kim Seok Jung ဟာ ချစ်သူကောင်မလေးနဲ့အတူ BTS ရဲ့ ဖျော်ဖြေပွဲကို လာကြည့်တဲ့ ဗွီဒီယိုကလစ်လေးကတော့ ညီလေးရဲ့အောင်မြင်မှုကို အားပေးတဲ့ အစ်ကိုကြီးရဲ့ သက်သေပါ။

Suga ရဲ့အစ်ကို Min Geumjae
Photo: koreaboo

Jin ရဲ့ အစ်ကိုကြီးလိုပဲ Suga ရဲ့အစ်ကိုကြီးဟာလည်း ညီဖြစ်သူရဲ့ ဖျော်ဖြေပွဲတွေကို အားပေးကြည့်ရှုနေကျပါ။ အစ်ကိုဖြစ်သူဟာ မီဒီယာတွေဆီကနေ ရှောင်တိမ်းနေချင်သူ ဖြစ်တဲ့အတွက် ကာလအတန်ကြာ သူ့ရဲ့အကြောင်းတွေကို မသိခဲ့ရပါဘူး။ အောက်ပါဓာတ်ပုံဟာ ပထမဆုံး လူထုကို ထုတ်ပြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Photo: koreaboo
Photo: koreaboo

အခုနောက်ပိုင်းမှာတော့ Instagram ကို စတင်သုံးစွဲနေပြီဖြစ်ပြီး သူ့မိသားစုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို ဝေမျှပေးနေတာ တွေ့ရပါတယ်။

RM ရဲ့ညီမလေး Kim Kyung Min
Photo: koreaboo

RM ရဲ့ညီမလေးဟာလည်း မီဒီယာတွေကနေ ကာလကြာရှည်စွာ ရှောင်တိမ်းနေခဲ့သူပါ။ တကယ်တမ်း သိလိုက်ကြရချိန်မှာ အစ်ကိုဖြစ်သူလိုပဲ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ ညီမလေးကို ဘယ်အဖွဲ့ဝင်နဲ့ မိတ်ဆက်ပေးမလည်းလို့ RM ကို မေးတဲ့အခါမှာတော့ Jimin နဲ့ မိတ်ဆက်ပေးမယ်လို့ တစ်ခါက ဖြေဖူးပါတယ်။

V ရဲ့မောင်နှမများ
Photo: koreaboo

V ရဲ့မောင်နှမတွေနဲ့ ပတ်သက်လို့ကတော့ တရားဝင် လူထုကို ချပြထားတဲ့ ဓာတ်ပုံရယ်လို့ မရှိပါဘူး။ သို့ပေမယ့် မီဒီယာတွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ အောက်ပါဖော်ပြထားတဲ့ ဓာတ်ပုံထဲက ကောင်မလေးဟာ V ရဲ့ တစ်ဝမ်းကွဲညီမလေး Kim Eun Jin လို့ သိရပါတယ်။ V ဟာ သူ့ရဲ့မိသားစုကို အင်မတန် ချစ်မြတ်နိုးပြီး သံယောဇဉ်ရှိတာကြောင့် ပြည်ပကို ထွက်ခွာရတဲ့အချိန်တိုင်း မိသားစုကို သတိရကြောင်း ပြောတတ်သူပါ။ တစ်ခါကတော့ နိုင်ငံခြားရောက်နေတုန်း Live လွှင့်ရင်း ညီဖြစ်သူ Kim Jong Gyu ကို သတိရကြောင်းပြောရင်း မျက်ရည်ဝဲဖူးပါသေးတယ်။

Jimin ရဲ့ ညီလေး Park Jihyun
Photo: koreaboo

Jimin ဟာ BTS အဖွဲ့ထဲက အငယ်ဆုံးဖြစ်တဲ့ Jungkook ကို ညီအရင်းလေးတစ်ယောက်လို ဂရုစိုက်ပြီး ချစ်ခင်တာကို တွေ့ရပေမယ့် သူ့ရဲ့တကယ် ညီအရင်းကိုတော့ ဘူဆန်မှာ လွှင့်ခဲ့တဲ့ live video ကနေ တွေ့နိုင်ပါတယ်။ အချို့သော ပရိသတ်တွေရဲ့ မှတ်ချက်စကားတွေအရ အစ်ကိုဖြစ်သူ Jihyun ရဲ့ရုပ်ဟာ Jungkook ပွဲမထွက်ခင်က ရုပ်နဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

https://youtu.be/3cNQ3kMof4A

Jungkook ရဲ့အစ်ကို Jeon Junghyun
Photo: koreaboo

Jungkook ရဲ့အစ်ကိုနဲ့ ပတ်သက်လို့ကတော့ ပရိသတ်တွေ အထင်မှားနေခဲ့တာ တစ်ခု ရှိခဲ့ပါတယ်။ အချိန်တော်တော်ကြာတဲ့အထိ Day 6 အဖွဲ့က Sungjin ကို Jungkook ရဲ့အစ်ကို Jeon Junghyun လို့ အမှတ်မှားခဲ့ကြတာပါ။ မှားလည်းမှားချင်စရာပါ။ နှစ်ယောက်က အဲ့ဒီ့အချိန်တုန်းက ရုပ်က တော်တော်လေး ဆင်တူနေခဲ့တာကလည်း အကြောင်းရင်းတစ်ခုပါပဲ။

Photo: koreaboo

Jungkook ရဲ့အစ်ကိုအရင်းဟာ ဆယ်လ်ဖီရိုက်တာမျိုးတွေကို ဝါသနာမပါဘဲ သူ့ရဲ့ Instagram အကောင့်ကိုလည်း Deactivate လုပ်ထားသူပါ။ Deactivate မလုပ်ခင်က သူ့ရဲ့အကောင့်ကို ကြည့်မယ်ဆိုရင်တော့ digital drawing တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ Jungkook နဲ့ Junghyun တို့နှစ်ယောက်လုံး သုံးတဲ့ အကောင့်ကတော့ Jeon family outing ဆိုတဲ့အကောင့် ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေတဲ့ ညီငယ်အတွက် ဂုဏ်ယူနေတဲ့ အစ်ကိုဖြစ်သူဟာ သူ့ရဲ့အကောင့်မှာတော့ BTS fan art တွေကို တင်လေ့ရှိပြီး တစ်ခါကတော့ Simpson ဗားရှင်းနဲ့ BTS အဖွဲ့ပုံကို ဖန်တီးပေးထားလို့ BTS အဖွဲ့ရဲ့ Official Twitter အကောင့်ကနေ ပြန်ပြီး retweet လုပ်ခဲ့ရတဲ့အထိပါပဲ။

Photo: koreaboo
Photo: koreaboo

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular