HomeCelebs Update NewsKoreaLauv နဲ႔ collab လုပ္ျဖစ္တဲ့အေၾကာင္းကို ေျပာျပလာတဲ့ BTS

Lauv နဲ႔ collab လုပ္ျဖစ္တဲ့အေၾကာင္းကို ေျပာျပလာတဲ့ BTS

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နယူးယော့ခ်မြို့က iHeartRadio စတူဒီယိုမှာ Maxwell နဲ့ နောက်ဆုံးပြုလုပ်ထားတဲ့ ဖုန်းအင်တာဗျူးအရ Lauv နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ်ဖန်တီးခွင့်ရတဲ့အတွက် သိပ်ကိုစိတ်လှုပ်ရှားတဲ့အကြောင်း BTS အဖွဲ့က ပြောကြားခဲ့ပါတယ်။

အင်တာဗျူးကိုတော့ အဖွဲ့ကိုယ်စား RM က ဖြေဆိုခဲ့ပြီး အခု Lauv နဲ့ ပြုလုပ်တဲ့ collaboration ဟာ BTS အဖွဲ့အတွက်တော့ တကယ်ကို စိတ်လှုပ်ရှားရတဲ့ပူးပေါင်းမှုလို့ ဆိုပါတယ်။ တစ်ဖွဲ့လုံးက Lauv နဲ့ အခုလို သီချင်းတွေတူတူလုပ်ခွင့်ရဖို့ကို ဟိုးအရင်တည်းက ဆန္ဒရှိနေခဲ့တာလို့လည်း ပြောသွားပါတယ်။

Photo: lauvsongs/ Instagram

“Lauv က တကယ့်ကို ထိတ်ထိတ်ကြဲထဲက အဆိုတော်တစ်ယောက်လေ။ ကျွန်တော်တို့ တကယ်ကို collab လုပ်ချင်ခဲ့ကြတာပါ။ ကျွန်တော်တို့ သီချင်းအတူတူလုပ်ချင်တဲ့ အနုပညာရှင်တွေစာရင်းမှာ Luav က ထိပ်ဆုံးမှာ ပါပါတယ်” လို့ RM က ဖြေထားပါတယ်။

RM ကတော့ ဒီ Collaboration ဟာ အများကြီး စီစဉ်စရာမလိုဘဲ လက်ဆောင်တစ်ခုလိုပဲ ရောက်လာခဲ့တာလို့ ဆိုပါတယ်။ BTS အဖွဲ့က လန်ဒန်ကို ဖျော်ဖြေရေးခရီးထွက်နေတုန်းမှာ Lauv နဲ့ ဆုံခဲ့ကြပြီး အစစအရာရာက အဆင်သင့်သွားခဲ့တာကြောင့် အခုလို လှပတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာခဲ့တာလို့ ပြောပြသွားပါတယ်။

Photo: lauvsongs/ Instagram

ကျွန်တော်တို့ ယူကေမှာ ဖျော်ဖြေရေးခရီးစဉ်တွေ လာလုပ်တော့ ဝင်ဘလေအားကစားကွင်းကြီးမှာ ရှိုးတစ်ခု လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီ့မှာ Lauv က သူအဲ့ပွဲကို လာခဲ့မယ်လို့ ပြောတယ်။ အဲ့နောက် အချင်းချင်းတွေ့ကြပြီးတော့ အတူတူ အလုပ်လုပ်ကြရအောင်ပေါ့ …  collab တစ်ပုဒ်လောက် လုပ်ကြရအောင်လို့ဆိုပြီး တကယ့်ကို သမားရိုးကျဆန်ဆန်လေးပဲ လုပ်ဖြစ်သွားတာပါ” လို့ RM က ဆိုပါတယ်။

Photo: lauvsongs/ Instagram

Lauv နဲ့ BTS အဖွဲ့ရဲ့ “Make It Right” ဆိုတဲ့သီချင်းကတော့ ထွက်ထွက်ချင်းမှာပဲ သောက်သောက်လဲ အောင်မြင်နေပြီး ကမ္ဘာတစ်ဝှမ်းက ရှိသမျှ Chart တွေမှာလည်း နေရာယူနေပါပြီ။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

နယူးေယာ့ခ္ၿမိဳ႕က iHeartRadio စတူဒီယိုမွာ Maxwell နဲ႔ ေနာက္ဆုံးျပဳလုပ္ထားတဲ့ ဖုန္းအင္တာဗ်ဴးအရ Lauv နဲ႔ ပူးေပါင္းၿပီး သီခ်င္းတစ္ပုဒ္ဖန္တီးခြင့္ရတဲ့အတြက္ သိပ္ကိုစိတ္လႈပ္ရွားတဲ့အေၾကာင္း BTS အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴးကိုေတာ့ အဖြဲ႕ကိုယ္စား RM က ေျဖဆိုခဲ့ၿပီး အခု Lauv နဲ႔ ျပဳလုပ္တဲ့ collaboration ဟာ BTS အဖြဲ႕အတြက္ေတာ့ တကယ္ကို စိတ္လႈပ္ရွားရတဲ့ပူးေပါင္းမႈလို႔ ဆိုပါတယ္။ တစ္ဖြဲ႕လုံးက Lauv နဲ႔ အခုလို သီခ်င္းေတြတူတူလုပ္ခြင့္ရဖို႔ကို ဟိုးအရင္တည္းက ဆႏၵရိွေနခ့ဲတာလို႔လည္း ေျပာသြားပါတယ္။

Photo: lauvsongs/ Instagram

“Lauv က တကယ့္ကို ထိတ္ထိတ္ႀကဲထဲက အဆိုေတာ္တစ္ေယာက္ေလ။ ကၽြန္ေတာ္တို႔ တကယ္ကို collab လုပ္ခ်င္ခဲ့ၾကတာပါ။ ကၽြန္ေတာ္တို႔ သီခ်င္းအတူတူလုပ္ခ်င္တဲ့ အႏုပညာရွင္ေတြစာရင္းမွာ Luav က ထိပ္ဆုံးမွာ ပါပါတယ္” လို႔ RM က ေျဖထားပါတယ္။

RM ကေတာ့ ဒီ Collaboration ဟာ အမ်ားႀကီး စီစဥ္စရာမလိုဘဲ လက္ေဆာင္တစ္ခုလိုပဲ ေရာက္လာခဲ့တာလို႔ ဆိုပါတယ္။ BTS အဖြဲ႕က လန္ဒန္ကို ေဖ်ာ္ေျဖေရးခရီးထြက္ေနတုန္းမွာ Lauv နဲ႔ ဆုံခဲ့ၾကၿပီး အစစအရာရာက အဆင္သင့္သြားခဲ့တာေၾကာင့္ အခုလို လွပတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္လာခဲ့တာလို႔ ေျပာျပသြားပါတယ္။

Photo: lauvsongs/ Instagram

“ကၽြန္ေတာ္တို႔ ယူေကမွာ ေဖ်ာ္ေျဖေရးခရီးစဥ္ေတြ လာလုပ္ေတာ့ ၀င္ဘေလအားကစားကြင္းႀကီးမွာ ရိႈးတစ္ခု လုပ္ခဲ့ပါေသးတယ္။ အဲ့ဒီ့မွာ Lauv က သူအဲ့ပြဲကို လာခဲ့မယ္လို႔ ေျပာတယ္။ အဲ့ေနာက္ အခ်င္းခ်င္းေတြ႕ၾကၿပီးေတာ့ အတူတူ အလုပ္လုပ္ၾကရေအာင္ေပါ့ …  collab တစ္ပုဒ္ေလာက္ လုပ္ၾကရေအာင္လို႔ဆိုၿပီး တကယ့္ကို သမားရိုးက်ဆန္ဆန္ေလးပဲ လုပ္ျဖစ္သြားတာပါ” လို႔ RM က ဆိုပါတယ္။

Photo: lauvsongs/ Instagram

Lauv နဲ႔ BTS အဖြဲ႕ရဲ႕ “Make It Right” ဆိုတဲ့သီခ်င္းကေတာ့ ထြက္ထြက္ခ်င္းမွာပဲ ေသာက္ေသာက္လဲ ေအာင္ျမင္ေနၿပီး ကမာၻတစ္၀ွမ္းက ရိွသမွ် Chart ေတြမွာလည္း ေနရာယူေနပါၿပီ။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular