HomeCelebs Update NewsKoreaAdele ရဲ့ ငါးနှစ်ကြာထိန်းထားခဲ့တဲ့ iTunes စံချိန်ကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့

Adele ရဲ့ ငါးနှစ်ကြာထိန်းထားခဲ့တဲ့ iTunes စံချိန်ကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဟာ Black Swan သီချင်းနဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။

BTS အဖွဲ့ဟာ Map of the Soul: 7 မီနီအယ်လ်ဘမ် မထွက်ခင် ဆင်ဂယ်လ်အနေနဲ့ ဇန်နဝါရီလ(၁၇)ရက်နေ့မှာ Black Swan သီချင်းကို စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Black Swan ဟာ ကိုရီးယားနိုင်ငံရဲ့ realtime chart မှာ ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ပြီး Billboard Hot 100 မှာလည်း နေရာယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထွက်ရှိပြီး မကြာခင်မှာပဲ iTunes Top Songs chart မှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီလ (၁၇)ရက်နေ့က ထွက်ရှိခဲ့တဲ့ ဒီသီချင်းဟာ ဇန်နဝါရီလ(၁၈)ရက်နေ့ မနက်ခင်းမှာတော့ အနည်းဆုံး ဒေသ(၉၃)ခုရဲ့ iTunes chart တွေမှာ နံပါတ်(၁)နေရာ ရရှိခဲ့ပါတယ်။

Photo: bts.bighitofficial/ Instagram

ဒါဟာ BTS အဖွဲ့အနေနဲ့ နံပါတ်(၁) ရရှိခဲ့ဖူးသမျှထဲမှာ အမြင့်ဆုံးသော စံချိန်တစ်ခုဖြစ်ခဲ့ပြီး ARMY တွေရဲ့ အားပေးမှုနဲ့ စံချိန်သစ်တစ်ခုကိုပါ ကျော်လွန်ချိုးဖျက်နိုင်ခဲ့ပါတယ်။ ယခင်က iTunes chart ရဲ့သမိုင်းမှာ နေရာဒေသအများဆုံး နံပါတ်(၁) ရရှိခဲ့တဲ့သီချင်းကတော့ ၂၀၁၅ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Adele ရဲ့ Hello ဖြစ်ပါတယ်။ Adele ရဲ့ Hello သီချင်းဟာ ဒေသ(၁၀၂)ခုမှာ နံပါတ်(၁)ချိတ်ခဲ့ပြီး အဲ့ဒီ့စံချိန်ကို ငါးနှစ်ကြာ ဆက်တိုက် ထိန်းထားနိုင်ခဲ့ပါတယ်။

Photo: soompi

ဒီလိုနဲ့ ၂၀၂၀ခုနှစ် ဇူလိုင်လ(၆)ရက်နေ့မှာတော့ BTS အဖွဲ့ရဲ့ Black Swan သီချင်းဟာ Cape Verde song chart မှာ နံပါတ်(၁) ချိတ်ခဲ့ပြန်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ကြေငြာချက်အရ Black Swan သီချင်းဟာ စုစုပေါင်း ဒေသ(၁၀၃)ခုမှာ နံပါတ်(၁)ချိတ်ခဲ့ပြီး ယခင် Adele ရဲ့ (၁၀၂)ဒေသ နံပါတ်(၁)စံချိန်ကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီစံချိန်အတွက် BTS အဖွဲ့သားတွေနဲ့ ပရိသတ်များအားလုံးအတွက် ဝမ်းသာဂုဏ်ယူစရာပါပဲလို့ တင်ပြရင်း … ။

LaNina

Source: soompi

(Zawgyi Version)

BTS အဖြဲ႕ဟာ Black Swan သီခ်င္းနဲ႔ သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူလိုက္ႏိုင္ျပန္ပါၿပီ။

BTS အဖြဲ႕ဟာ Map of the Soul: 7 မီနီအယ္လ္ဘမ္ မထြက္ခင္ ဆင္ဂယ္လ္အေနနဲ႔ ဇန္နဝါရီလ(၁၇)ရက္ေန႔မွာ Black Swan သီခ်င္းကို စတင္ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ Black Swan ဟာ ကိုရီးယားႏိုင္ငံရဲ႕ realtime chart မွာ ထိပ္ဆုံးေနရာက ရပ္တည္ႏိုင္ခဲ့ၿပီး Billboard Hot 100 မွာလည္း ေနရာယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ထြက္ရွိၿပီး မၾကာခင္မွာပဲ iTunes Top Songs chart မွာ ထိပ္ဆုံးေနရာကို ေရာက္ရွိခဲ့ပါတယ္။ ဇန္နဝါရီလ (၁၇)ရက္ေန႔က ထြက္ရွိခဲ့တဲ့ ဒီသီခ်င္းဟာ ဇန္နဝါရီလ(၁၈)ရက္ေန႔ မနက္ခင္းမွာေတာ့ အနည္းဆုံး ေဒသ(၉၃)ခုရဲ႕ iTunes chart ေတြမွာ နံပါတ္(၁)ေနရာ ရရွိခဲ့ပါတယ္။

Photo: bts.bighitofficial/ Instagram

ဒါဟာ BTS အဖြဲ႕အေနနဲ႔ နံပါတ္(၁) ရရွိခဲ့ဖူးသမွ်ထဲမွာ အျမင့္ဆုံးေသာ စံခ်ိန္တစ္ခုျဖစ္ခဲ့ၿပီး ARMY ေတြရဲ႕ အားေပးမႈနဲ႔ စံခ်ိန္သစ္တစ္ခုကိုပါ ေက်ာ္လြန္ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ ယခင္က iTunes chart ရဲ႕သမိုင္းမွာ ေနရာေဒသအမ်ားဆုံး နံပါတ္(၁) ရရွိခဲ့တဲ့သီခ်င္းကေတာ့ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလက ထြက္ရွိခဲ့တဲ့ Adele ရဲ႕ Hello ျဖစ္ပါတယ္။ Adele ရဲ႕ Hello သီခ်င္းဟာ ေဒသ(၁၀၂)ခုမွာ နံပါတ္(၁)ခ်ိတ္ခဲ့ၿပီး အဲ့ဒီ့စံခ်ိန္ကို ငါးႏွစ္ၾကာ ဆက္တိုက္ ထိန္းထားႏိုင္ခဲ့ပါတယ္။

Photo: soompi

ဒီလိုနဲ႔ ၂၀၂၀ခုႏွစ္ ဇူလိုင္လ(၆)ရက္ေန႔မွာေတာ့ BTS အဖြဲ႕ရဲ႕ Black Swan သီခ်င္းဟာ Cape Verde song chart မွာ နံပါတ္(၁) ခ်ိတ္ခဲ့ျပန္ပါတယ္။ Forbes မဂၢဇင္းရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ Black Swan သီခ်င္းဟာ စုစုေပါင္း ေဒသ(၁၀၃)ခုမွာ နံပါတ္(၁)ခ်ိတ္ခဲ့ၿပီး ယခင္ Adele ရဲ႕ (၁၀၂)ေဒသ နံပါတ္(၁)စံခ်ိန္ကို ေက်ာ္တက္သြားခဲ့တာ ျဖစ္ပါတယ္။

ဒီစံခ်ိန္အတြက္ BTS အဖြဲ႕သားေတြနဲ႔ ပရိသတ္မ်ားအားလုံးအတြက္ ဝမ္းသာဂုဏ္ယူစရာပါပဲလို႔ တင္ျပရင္း … ။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular