HomeCelebs Update NewsKoreaသူငယ်ချင်းမရှိလို့ အထီးကျန်ရတဲ့အကြောင်း ပြောလာတဲ့ Suga

သူငယ်ချင်းမရှိလို့ အထီးကျန်ရတဲ့အကြောင်း ပြောလာတဲ့ Suga

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Suga ဟာ သာမန်လူတွေလိုပဲ လွတ်လွတ်လပ်လပ် သွားလာစားသောက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်ပေမယ့် အပေါင်းအသင်း သိပ်မရှိလို့ အထီးကျန်ရတဲ့အကြောင်း ဖွင့်ဟလာပါတယ်။

ဒီအကြောင်းကိုတော့ BTS အဖွဲ့ရဲ့ မှတ်တမ်းရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Break the Silence အပိုင်း(၅)မှာ Suga က ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီရုပ်သံထဲမှာ Suga ဟာ သူ့စိတ်ရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာထဲက ဖြစ်ပေါ်လာတဲ့ အတွေးတွေကို ဝေမျှပေးခဲ့တာဖြစ်ပြီး အောင်မြင်ကျော်ကြားမှုနဲ့အတူ လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

Photo: koreaboo

လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ထဲရှိသလို နေထိုင်နိုင်ပြီး စိတ်ရှိတိုင်း သွားလာစားသောက်နိုင်တဲ့ သာမန်လူတွေကို အားကျတယ်လို့ ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။

“သူငယ်ချင်းတွေနဲ့အတူတူ အပြင်မှာ မုန့်သွားစားတာတို့၊ ရုပ်ရှင်သွားကြည့်တာတို့၊ ခရီးအတူတူ သွားတာတို့လို လုပ်နေနိုင်တဲ့လူတွေကို ကျွန်တော် တကယ်အားကျပါတယ်။ အဲ့ဒီ့အရာတွေက ကျွန်တော့်အတွက် လုပ်ဖို့ရာ ခဲယဉ်းလွန်းပါတယ်။ အဖွဲ့ထဲက အခြားသူတွေကတော့ တစ်ခါတစ်လေ အဲ့လိုမျိုး သူငယ်ချင်းတွေနဲ့ သွားကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကျတော့ သူငယ်ချင်းလည်း သိပ်မရှိတဲ့အတွက် အဲ့လိုမသွားဖြစ်ပါဘူး…. ”  လို့ ဆိုပါတယ်။

Photo: sugabts/ Instagram

” အဲ့ဒါတွေက ကျွန်တော့်အတွက် မလွယ်ကူတော့ တကယ်ကြီး ထူးခြားတဲ့အရာကို ဖြစ်နေတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခြားလူတွေကို ကျွန်တော်အားကျတာဗျ။ ပိုပြီးရလာလေလေ၊ တစ်ဖက်မှာ ပိုဆုံးရှုံးရလေလေပဲ။ အပြန်အလှန်ပေါ့။ ဒါ သာမန်ရိုးရှင်းမှုကို ဆုံးရှုံးရခြင်းမျိုးပေါ့။ အကြီးမားဆုံး ပြောင်းလဲမှုပါပဲ။ တစ်ခြားလူတွေအတွက် ရိုးရှင်းတဲ့အရာတွေက ကျွန်တော့်အတွက် ထူးခြားနေပြီး ကျွန်တော့်အနေနဲ့ ရိုးနေတဲ့အရာတွေကျတော့ တစ်ခြားလူတွေအတွက် ထူးနေတာမျိုးပေါ့….” လို့ ပြောထားပါတယ်။

” ကိုယ်မသိလိုက်ခင် အချိန်မှာပဲ ကိုယ်တန်ဖိုးထားရတဲ့အရာတေွက ပြောင်းလဲသွားခဲ့တယ်။ ကိုယ့်ရဲ့တန်ဖိုးနဲ့ ကမ္ဘာကြီးကို မြင်တဲ့အမြင်ပါ အပါအဝင်ပေါ့။ အဲ့လိုအချိန်မှာပဲ အရိုးရှင်းဆုံးအရာတွေက အထူးခြားဆုံး ဖြစ်လာကြတာပါပဲ…” လို့ ရင်ဖွင့်ထားပါတယ်။

Photo: sugabts/ Instagram

Suga ပြောသွားသလိုပါပဲ။ အောင်မြင်မှုကို ရရှိဖို့ အရင်က ပိုင်ဆိုင်ထားရတဲ့ လွတ်လပ်မှုတွေကို ဆုံးရှုံးလိုက်ရတာဟာ ထုံးစံတစ်ခုလို့ ဆိုနိုင်ပေးမယ့် ဒီအရာကြီးကို သူတစ်ယောက်တည်း ရင်ဆိုင်သွားရမှာတော့ မဟုတ်ပါဘူး။ သူ့ဘေးမှာ အမြဲရှိနေပေးမယ့် အဖွဲ့သားခြောက်ယောက်နဲ့အတူ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ပိုမိုတောက်ပတဲ့ နေ့ရက်တွေဆီကို လျှောက်လှမ်းသွားနိုင်ကြမယ်ဆိုတာ အသေအချာပါပဲလို့ ဆိုရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

BTS အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Suga ဟာ သာမန္လူေတြလိုပဲ လြတ္လြတ္လပ္လပ္ သြားလာစားေသာက္ၿပီး သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးခ်င္ေပမယ့္ အေပါင္းအသင္း သိပ္မရွိလို႔ အထီးက်န္ရတဲ့အေၾကာင္း ဖြင့္ဟလာပါတယ္။

ဒီအေၾကာင္းကိုေတာ့ BTS အဖြဲ႕ရဲ႕ မွတ္တမ္း႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့ Break the Silence အပိုင္း(၅)မွာ Suga က ေျပာျပသြားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္သံထဲမွာ Suga ဟာ သူ႔စိတ္ရဲ႕ အတြင္းပိုင္း အနက္ရႈိင္းဆုံးေနရာထဲက ျဖစ္ေပၚလာတဲ့ အေတြးေတြကို ေဝမွ်ေပးခဲ့တာျဖစ္ၿပီး ေအာင္ျမင္ေက်ာ္ၾကားမႈနဲ႔အတူ လြတ္လပ္ခြင့္ေတြ ဆုံးရႈံးလာတဲ့အေၾကာင္းကို ရင္ဖြင့္လာခဲ့တာ ျဖစ္ပါတယ္။

Photo: koreaboo

လြတ္လြတ္လပ္လပ္၊ ေပါ့ေပါ့ပါးပါးနဲ႔ စိတ္ထဲရွိသလို ေနထိုင္ႏိုင္ၿပီး စိတ္ရွိတိုင္း သြားလာစားေသာက္ႏိုင္တဲ့ သာမန္လူေတြကို အားက်တယ္လို႔ ရင္ဖြင့္ထားတာ ျဖစ္ပါတယ္။

“သူငယ္ခ်င္းေတြနဲ႔အတူတူ အျပင္မွာ မုန႔္သြားစားတာတို႔၊ ႐ုပ္ရွင္သြားၾကည့္တာတို႔၊ ခရီးအတူတူ သြားတာတို႔လို လုပ္ေနႏိုင္တဲ့လူေတြကို ကြၽန္ေတာ္ တကယ္အားက်ပါတယ္။ အဲ့ဒီ့အရာေတြက ကြၽန္ေတာ့္အတြက္ လုပ္ဖို႔ရာ ခဲယဥ္းလြန္းပါတယ္။ အဖြဲ႕ထဲက အျခားသူေတြကေတာ့ တစ္ခါတစ္ေလ အဲ့လိုမ်ိဳး သူငယ္ခ်င္းေတြနဲ႔ သြားၾကတာမ်ိဳး ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က်ေတာ့ သူငယ္ခ်င္းလည္း သိပ္မရွိတဲ့အတြက္ အဲ့လိုမသြားျဖစ္ပါဘူး…. ”  လို႔ ဆိုပါတယ္။

Photo: sugabts/ Instagram

” အဲ့ဒါေတြက ကြၽန္ေတာ့္အတြက္ မလြယ္ကူေတာ့ တကယ္ႀကီး ထူးျခားတဲ့အရာကို ျဖစ္ေနတာေပါ့ဗ်ာ။ အဲ့ဒါေၾကာင့္ တစ္ျခားလူေတြကို ကြၽန္ေတာ္အားက်တာဗ်။ ပိုၿပီးရလာေလေလ၊ တစ္ဖက္မွာ ပိုဆုံးရႈံးရေလေလပဲ။ အျပန္အလွန္ေပါ့။ ဒါ သာမန္႐ိုးရွင္းမႈကို ဆုံးရႈံးရျခင္းမ်ိဳးေပါ့။ အႀကီးမားဆုံး ေျပာင္းလဲမႈပါပဲ။ တစ္ျခားလူေတြအတြက္ ႐ိုးရွင္းတဲ့အရာေတြက ကြၽန္ေတာ့္အတြက္ ထူးျခားေနၿပီး ကြၽန္ေတာ့္အေနနဲ႔ ႐ိုးေနတဲ့အရာေတြက်ေတာ့ တစ္ျခားလူေတြအတြက္ ထူးေနတာမ်ိဳးေပါ့….” လို႔ ေျပာထားပါတယ္။

” ကိုယ္မသိလိုက္ခင္ အခ်ိန္မွာပဲ ကိုယ္တန္ဖိုးထားရတဲ့အရာေတြက ေျပာင္းလဲသြားခဲ့တယ္။ ကိုယ့္ရဲ႕တန္ဖိုးနဲ႔ ကမာၻႀကီးကို ျမင္တဲ့အျမင္ပါ အပါအဝင္ေပါ့။ အဲ့လိုအခ်ိန္မွာပဲ အ႐ိုးရွင္းဆုံးအရာေတြက အထူးျခားဆုံး ျဖစ္လာၾကတာပါပဲ…” လို႔ ရင္ဖြင့္ထားပါတယ္။

Photo: sugabts/ Instagram

Suga ေျပာသြားသလိုပါပဲ။ ေအာင္ျမင္မႈကို ရရွိဖို႔ အရင္က ပိုင္ဆိုင္ထားရတဲ့ လြတ္လပ္မႈေတြကို ဆုံးရႈံးလိုက္ရတာဟာ ထုံးစံတစ္ခုလို႔ ဆိုႏိုင္ေပးမယ့္ ဒီအရာႀကီးကို သူတစ္ေယာက္တည္း ရင္ဆိုင္သြားရမွာေတာ့ မဟုတ္ပါဘူး။ သူ႔ေဘးမွာ အၿမဲရွိေနေပးမယ့္ အဖြဲ႕သားေျခာက္ေယာက္နဲ႔အတူ ႀကံ့ႀကံ့ခံ ရင္ဆိုင္ၿပီး ပိုမိုေတာက္ပတဲ့ ေန႔ရက္ေတြဆီကို ေလွ်ာက္လွမ္းသြားႏိုင္ၾကမယ္ဆိုတာ အေသအခ်ာပါပဲလို႔ ဆိုရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular