HomeCelebs Update NewsKoreaနှုတ်ဆက်ရမယ့်တစ်နေ့ကို ဘယ်လိုရင်ဆိုင်မယ့်အကြောင်း ပြောပြလာတဲ့ BTS အဖွဲ့

နှုတ်ဆက်ရမယ့်တစ်နေ့ကို ဘယ်လိုရင်ဆိုင်မယ့်အကြောင်း ပြောပြလာတဲ့ BTS အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဟာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ကမ္ဘာကို ထိုးဖောက်နိုင်တဲ့အထိ အောင်မြင်လာတဲ့ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Break the Silence ဆိုတဲ့ အဖွဲ့အကြောင်း မှတ်တမ်းတင် ရုပ်သံစီးရီးတစ်ခုကို ထုတ်လွှင့်နေပြီး အဆိုပါစီးရီးထဲမှာ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ ခံစားချက်၊ အတွေးတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသထားပါတယ်။

Break the Silence ရဲ့ အပိုင်း(၆)မှာတော့ BTS အဖွဲ့ဟာ စိတ်မသက်မသာ အဖြစ်စေဆုံး မေးခွန်းတစ်ခုကို ဖြေခဲ့ရပါတယ်။ အဲ့ဒါကတော့ တကယ်လို့သာ အဖွဲ့ရဲ့နောက်ဆုံးအချိန်ကို ရောက်လာခဲ့မယ်ဆိုရင် အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ ရှေ့အနာဂတ်က ဘာတွေဖြစ်နေမလည်းဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

Photo: bts.bighitofficial/ Instagram

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး Suga ကတော့ “ကျွန်တော့်အနေနဲ့ကတော့ နောင်တလုံးဝ ရမှာမဟုတ်ပါဘူး။ ကျွန်တော်အမြဲတမ်း သွားချင်ခဲ့တဲ့ နေရာတိုင်းကို ကျွန်တော်ရောက်ခဲ့ပြီးပြီပဲဗျာ… ” လို့ ဖြေထားပါတယ်။

“ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝမဖျော်ဖြေနိုင်တော့တဲ့ တစ်နေ့ကို ရောက်လာခဲ့ရင်တော့ နှုတ်ဆက်ရမှာပေါ့။ ဒါပေမယ့် နောင်တတော့ ရမှာမဟုတ်ပါဘူး။ Suga ပြောသလိုပဲပေါ့။ အမြဲတမ်း ရောက်ဖူးချင်ခဲ့တဲ့ နေရာတွေအားလုံးကို သွားခဲ့ပြီးပြီပဲ…” လို့ Jin ကတော့ ဆိုပါတယ်။

Photo: bts.bighitofficial/ Instagram

RM ကတော့ နှုတ်ဆက်ရမယ့်အချိန်ထက် အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်တဲ့အချိန်တွေကိုပဲ အာရုံစိုက်ချင်တယ်လို့ ဆိုပါတယ်။ ဒီစကားကိုတော့ အဖွဲ့သားအားလုံးက သဘောတူကြပါတယ်။

J-Hope ကတော့ “ကျွန်တော်တို့ လက်လွှတ်ပေးရမယ့် အချိန်တစ်ချိန်ကို ရောက်လာခဲ့မယ်ဆိုရင်… တကယ်သာ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် နောင်တမရပါဘူး။ ပျက်စီးသွားတာမျိုး မဟုတ်ဘဲ လှလှပပနဲ့ နှုတ်ဆက်ရမယ့်ဟာမျိုးဆိုရင် နောင်တဆိုတာ ရှိမှာမဟုတ်ပါဘူး…” လို့ ပြောပါတယ်။

Photo: bts.bighitofficial/ Instagram

Jimin ကတော့ ခန္ဓာကိုယ်ကြီးက ဒီအလုပ်တွေကို မလုပ်နိုင်တော့ပါဘူးလို့ ပြောလာတဲ့အထိ ဖျော်ဖြေချင်တဲ့အကြောင်းနဲ့ တကယ်လို့ အဲ့ဒီ့အချိန်ရောက်လာရင်လည်း သူ့အနေနဲ့ အသာတကြည် နားထောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ” လူတွေ အမြဲတမ်း ပြောနေကြသလိုပဲ ကျွန်တော်တို့ နှုတ်ဆက်ရမယ့် တစ်ချိန်ကိုတော့ ရောက်လာမှာပါ။ ဒါပေမယ့် အဲ့လိုအချိန်တန်လာရင်လည်း ကိုယ်တိုင်က ဝန်ခံနိုင်ပါ့မလား မသိဘူး။ ကျွန်တော်တို့ လက်တော့လွှတ်ပေးရမှာပါ။ တစ်ခြားရွေးစရာမရှိဘဲ လက်လွှတ်ပေးရမယ့် အချိန်မျိုး ရောက်လာမှာပါ။ ဥပမာ – ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက လုံးဝမောပန်းနွမ်းဟိုက်ပြီး ပြန်အားဖြည့်လို့လည်း မကောင်းလာတော့တဲ့ အချိန်မျိုးရောက်လာခဲ့ရင် တကယ်ကြီး နှုတ်ဆက်ကြရမှာပါ။ ဒါပေမယ့် အဲ့ဒီ့အချိန်ကြီးကို ကိုယ်တိုင်က လက်ခံပြီး နှုတ်ကလည်း ဖွင့်ပြောနိုင်ပါ့မလားတော့ မသိပါဘူး… ” လို့ ဆိုပါတယ်။

Photo: bts.bighitofficial/ Instagram

Jungkook ကတော့ အဖွဲ့ရဲ့ အနားယူရမယ့်အချိန်တို့၊ နှုတ်ဆက်ချိန်တို့ကို မတွေးချင်ပါဘူးလို့ ဆိုထားပါတယ်။ ပရိသတ်တွေရဲ့ အဖြေကလည်း Jungkook နဲ့ ထပ်တူကျနေမယ်ဆိုတာကတော့ အသေအချာပါပဲ။ မနက်ဖြန်ဆိုတာ ဘာတွေသယ်ဆောင်လာမလည်း ဘယ်သူမှ မသိနိုင်ဘူးဆိုပေမယ့် ကြုံလာရတဲ့အရာတွေကို BTS အဖွဲ့သားတွေဟာ အကောင်းဆုံး ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်မယ်ဆိုတာကတော့ မငြင်းနိုင်မယ့်အရာပါပဲလို့ ဆိုရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

BTS အဖြဲ႕ဟာ အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ေက်ာ္ျဖတ္ၿပီးမွ ကမာၻကို ထိုးေဖာက္ႏိုင္တဲ့အထိ ေအာင္ျမင္လာတဲ့ ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Break the Silence ဆိုတဲ့ အဖြဲ႕အေၾကာင္း မွတ္တမ္းတင္ ႐ုပ္သံစီးရီးတစ္ခုကို ထုတ္လႊင့္ေနၿပီး အဆိုပါစီးရီးထဲမွာ အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီရဲ႕ ခံစားခ်က္၊ အေတြးေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ျပသထားပါတယ္။

Break the Silence ရဲ႕ အပိုင္း(၆)မွာေတာ့ BTS အဖြဲ႕ဟာ စိတ္မသက္မသာ အျဖစ္ေစဆုံး ေမးခြန္းတစ္ခုကို ေျဖခဲ့ရပါတယ္။ အဲ့ဒါကေတာ့ တကယ္လို႔သာ အဖြဲ႕ရဲ႕ေနာက္ဆုံးအခ်ိန္ကို ေရာက္လာခဲ့မယ္ဆိုရင္ အဖြဲ႕သားတစ္ေယာက္ခ်င္းစီရဲ႕ ေရွ႕အနာဂတ္က ဘာေတြျဖစ္ေနမလည္းဆိုတဲ့ ေမးခြန္း ျဖစ္ပါတယ္။

Photo: bts.bighitofficial/ Instagram

ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး Suga ကေတာ့ “ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ေနာင္တလုံးဝ ရမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္အၿမဲတမ္း သြားခ်င္ခဲ့တဲ့ ေနရာတိုင္းကို ကြၽန္ေတာ္ေရာက္ခဲ့ၿပီးၿပီပဲဗ်ာ… ” လို႔ ေျဖထားပါတယ္။

“ကြၽန္ေတာ့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအရ လုံးဝမေဖ်ာ္ေျဖႏိုင္ေတာ့တဲ့ တစ္ေန႔ကို ေရာက္လာခဲ့ရင္ေတာ့ ႏႈတ္ဆက္ရမွာေပါ့။ ဒါေပမယ့္ ေနာင္တေတာ့ ရမွာမဟုတ္ပါဘူး။ Suga ေျပာသလိုပဲေပါ့။ အၿမဲတမ္း ေရာက္ဖူးခ်င္ခဲ့တဲ့ ေနရာေတြအားလုံးကို သြားခဲ့ၿပီးၿပီပဲ…” လို႔ Jin ကေတာ့ ဆိုပါတယ္။

Photo: bts.bighitofficial/ Instagram

RM ကေတာ့ ႏႈတ္ဆက္ရမယ့္အခ်ိန္ထက္ အခုလက္ရွိ ပိုင္ဆိုင္ထားတဲ့ ေကာင္းမြန္တဲ့အခ်ိန္ေတြကိုပဲ အာ႐ုံစိုက္ခ်င္တယ္လို႔ ဆိုပါတယ္။ ဒီစကားကိုေတာ့ အဖြဲ႕သားအားလုံးက သေဘာတူၾကပါတယ္။

J-Hope ကေတာ့ “ကြၽန္ေတာ္တို႔ လက္လႊတ္ေပးရမယ့္ အခ်ိန္တစ္ခ်ိန္ကို ေရာက္လာခဲ့မယ္ဆိုရင္… တကယ္သာ အဲ့လိုျဖစ္လာခဲ့မယ္ဆိုရင္ ေနာင္တမရပါဘူး။ ပ်က္စီးသြားတာမ်ိဳး မဟုတ္ဘဲ လွလွပပနဲ႔ ႏႈတ္ဆက္ရမယ့္ဟာမ်ိဳးဆိုရင္ ေနာင္တဆိုတာ ရွိမွာမဟုတ္ပါဘူး…” လို႔ ေျပာပါတယ္။

Photo: bts.bighitofficial/ Instagram

Jimin ကေတာ့ ခႏၶာကိုယ္ႀကီးက ဒီအလုပ္ေတြကို မလုပ္ႏိုင္ေတာ့ပါဘူးလို႔ ေျပာလာတဲ့အထိ ေဖ်ာ္ေျဖခ်င္တဲ့အေၾကာင္းနဲ႔ တကယ္လို႔ အဲ့ဒီ့အခ်ိန္ေရာက္လာရင္လည္း သူ႔အေနနဲ႔ အသာတၾကည္ နားေထာင္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုထားပါတယ္။ ” လူေတြ အၿမဲတမ္း ေျပာေနၾကသလိုပဲ ကြၽန္ေတာ္တို႔ ႏႈတ္ဆက္ရမယ့္ တစ္ခ်ိန္ကိုေတာ့ ေရာက္လာမွာပါ။ ဒါေပမယ့္ အဲ့လိုအခ်ိန္တန္လာရင္လည္း ကိုယ္တိုင္က ဝန္ခံႏိုင္ပါ့မလား မသိဘူး။ ကြၽန္ေတာ္တို႔ လက္ေတာ့လႊတ္ေပးရမွာပါ။ တစ္ျခားေ႐ြးစရာမရွိဘဲ လက္လႊတ္ေပးရမယ့္ အခ်ိန္မ်ိဳး ေရာက္လာမွာပါ။ ဥပမာ – ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ႀကီးက လုံးဝေမာပန္းႏြမ္းဟိုက္ၿပီး ျပန္အားျဖည့္လို႔လည္း မေကာင္းလာေတာ့တဲ့ အခ်ိန္မ်ိဳးေရာက္လာခဲ့ရင္ တကယ္ႀကီး ႏႈတ္ဆက္ၾကရမွာပါ။ ဒါေပမယ့္ အဲ့ဒီ့အခ်ိန္ႀကီးကို ကိုယ္တိုင္က လက္ခံၿပီး ႏႈတ္ကလည္း ဖြင့္ေျပာႏိုင္ပါ့မလားေတာ့ မသိပါဘူး… ” လို႔ ဆိုပါတယ္။

Photo: bts.bighitofficial/ Instagram

Jungkook ကေတာ့ အဖြဲ႕ရဲ႕ အနားယူရမယ့္အခ်ိန္တို႔၊ ႏႈတ္ဆက္ခ်ိန္တို႔ကို မေတြးခ်င္ပါဘူးလို႔ ဆိုထားပါတယ္။ ပရိသတ္ေတြရဲ႕ အေျဖကလည္း Jungkook နဲ႔ ထပ္တူက်ေနမယ္ဆိုတာကေတာ့ အေသအခ်ာပါပဲ။ မနက္ျဖန္ဆိုတာ ဘာေတြသယ္ေဆာင္လာမလည္း ဘယ္သူမွ မသိႏိုင္ဘူးဆိုေပမယ့္ ႀကဳံလာရတဲ့အရာေတြကို BTS အဖြဲ႕သားေတြဟာ အေကာင္းဆုံး ရင္ဆိုင္ၿပီး ေက်ာ္ျဖတ္ႏိုင္မယ္ဆိုတာကေတာ့ မျငင္းႏိုင္မယ့္အရာပါပဲလို႔ ဆိုရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular