HomeCelebs Update NewsKoreaA Business Proposal ထဲက bed scene နဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ Kim Sejeong

A Business Proposal ထဲက bed scene နဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ Kim Sejeong

မင်းသမီးလေး Kim Sejeong ကတော့ လက်ရှိမှာ လူကြိုက်များနေတဲ့ A Business Proposal ဒရာမာထဲက အိပ်ရာခန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားလာပါတယ်။

အဲဒါကတော့ Kim Sejeong ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ A Business Proposal ထဲက ချစ်ရည်လူးတဲ့ ဇာတ်ဝင်ခန်းဟာ မူလတုန်းက ဇာတ်ညွှန်းထဲမှာ မပါဝင်ခဲ့ဘဲ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေ ဆွေးနွေးပြီးတော့မှ အသေးစိတ် ထည့်သွင်း ရိုက်ကူးလိုက်တာလို့ ပြောပြခဲ့ပါတယ်။

Photo Credit: Netflix

“သရုပ်ဆောင်တွေကြားမှာက chemistry အရမ်းကောင်းနေတော့ skinship level က ဇာတ်ညွှန်းထဲမှာ ရေးထားတာထက် ပိုပြီးမြင့်မားနေတာပေါ့။ ဒရာမာရဲ့ အဆုံးသတ်နားက Ha Ri နဲ့ Tae Mu တို့ တစ်ညတာ အတူဖြတ်သန်းကြတဲ့ ဇာတ်ဝင်ခန်းက တကယ်တော့ ဇာတ်ညွှန်းထဲမှာ မပါပါဘူး။ ဒါပေမယ့် ဇာတ်ကောင်နှစ်ယောက်ကြားက စိတ်ခံစားချက်တွေက အရမ်းပြင်းထန်လာကြတော့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတေွ အားလုံးတိုင်ပင်ပြီး ဒီစိတ်ခံစားချက်တွေကို ပြလို့ရသမျှ ပြကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ …” လို့ Kim Sejeon က ပြောခဲ့ပါတယ်။

သို့သော်လည်း သူမရဲ့ ဒီစကားနဲ့ ပတ်သက်ပြီး Kim Sejeong က ထပ်မံ ရှင်းလင်း ပြောကြားထားပါသေးတယ်။ ဒါကြောင့်လည်း ဧပြီလ(၇)ရက်နေ့မှာပဲ သူမ ဖြေထားတဲ့ အင်တာဗျူးရဲ့ screenshot ကို အင်စတာဂရမ် စတိုရီမှာ တင်ပြီး အားလုံးရှင်းလင်းသွားအောင် ပြောပြခဲ့ပါတယ်။

Photo via soompi

“အိုး … ရှင်းအောင်တော့ ပြောရတော့မယ်။ အဲဒီဇာတ်ဝင်ခန်းက နဂိုတည်းက bed scene ပါပဲ။ ပိုရှင်းအောင် ပြောရမယ်ဆိုရင် ဒီဇာတ်ဝင်ခန်းကို ပြသမယ့် အနေအထားကပဲ အသေးစိတ် မဟုတ်ခဲ့တာပါ။ သူ့ရဲ့ နဂိုဇာတ်ညွှန်းက သူတို့နှစ်ယောက် နမ်းမယ်။ ပြီးရင် ဖက်ထားမယ်။ ဒီလိုနဲ့ မိုးလင်းသွားမယ်။ ဇာတ်ညွှန်းမှာက အဲဒီလို ရေးထားတာပါ … ”

“သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတို့ တိုင်ပင်ပြီးတော့ အဲဒီအခန်းရဲ့ maturity rating ကို မြှင့်လိုက်တဲ့ သဘောပါပဲ။ ဇာတ်ညွှန်းထဲမှာ မပါတဲ့ အခန်းကို ကျွန်မတို့က ဒီတိုင်းဖန်တီးလိုက်တာ မဟုတ်ပါဘူး … ” လို့ Kim Sejeong က ပရိသတ်တွေရဲ့ အမြင် ရှင်းလင်းသွားအောင် ပြောပြထားပါတယ်။

A Business Proposal ဒရာမာကတော့ အပိုင်း(၁၂)ပိုင်း ပါဝင်ပြီး ဇာတ်သိမ်းသွားပြီ ဖြစ်ပေမယ့် ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular