HomeCelebs Update NewsInternationalငါးမန်းတွေ ရစ်ဝဲနေတဲ့ ပင်လယ်ထဲမှာ မကြောက်မရွံ့ ရေဆင်းကူးခဲ့တဲ့ Cara Delevingne 

ငါးမန်းတွေ ရစ်ဝဲနေတဲ့ ပင်လယ်ထဲမှာ မကြောက်မရွံ့ ရေဆင်းကူးခဲ့တဲ့ Cara Delevingne 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မော်ဒယ်လ်၊ သရုပ်ဆောင် Cara Delevingne ကတော့ သူမရဲ့ အားလပ်ရက်ကို ရင်ဖိုစရာ စွန့်စားခန်းတွေနဲ့ ကုန်ဆုံးနေတာ တွေ့ရပါတယ်။

သူမဟာ ငါးမန်းတွေ ပတ်လည် ရစ်ဝဲနေတဲ့ ပင်လယ်ထဲမှာ အကာအကွယ်ဆိုလို့ ဘာတစ်ခုမှ မပါဘဲ ရိုးရိုးရေကူးဝတ်စုံနဲ့ပဲ ရေဆင်းကူးကာ သူမရဲ့ ရဲရင့်မှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Cara ဟာ ဟာဝိုင်အီကမ်းခြေမှာ အားလပ်ရက်တွေကို ကုန်ဆုံးနေတာ ဖြစ်ပြီး သာမန်ပျော်ရွှင်စရာ အလေ့အထတွေထက် ပိုရင်ခုန်စရာကောင်းတဲ့ အခုလို စွန့်စားခန်းမျိုးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Cara Delevingne (@caradelevingne)

ဒီအကြောင်းကိုတော့ Cara ဟာ သူမရဲ့ IG မှာ ပို့စ်တင်ပြီး ပရိသတ်တွေနဲ့ မျှဝေပေးထားတာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ သူမရဲ့ အားလပ်ရက် အပန်းဖြေခရီးအစကနေ ပင်လယ်ထဲမှာ ငါးမန်းတွေနဲ့အတူ ရေကူးနေတဲ့ပုံရိပ်တွေအထိ ပါဝင်ပါတယ်။ ပို့စ်ရဲ့ caption မှာတော့ “ငါးမန်းစာပဲ … ဟူး ဟားဟား ” လို့ ရေးသားထားပါတယ်။

သူမရဲ့ ရေအောက်က ဘီကီနီနဲ့ပုံနဲ့ ပို့စ်ကို စဖွင့်ထားပြီး နောက်တစ်ပုံမှာတော့ သူငယ်ချင်းတွေနဲ့အတူ အပျော်စီးသင်္ဘောပေါ်မှာ ပျော်ရွှင်နေကြတဲ့ပုံကို တင်ထားပါတယ်။ နောက်တစ်ခုကတော့ ဗွီဒီယိုကလစ်လေး ဖြစ်ပြီး  ငါးမန်းတွေ ရစ်ဝဲနေတဲ့ကြားမှာ သူငယ်ချင်းတစ်သိုက်နဲ့ ရေကူးနေတဲ့ပုံရိပ်ပဲ ဖြစ်ပါတယ်။

Photo: caradelevingne/ Instagram

Cara ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ Met Gala ပွဲမှာလည်း သူမရဲ့ ထူးခြားတဲ့ဝတ်စုံနဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါသေးတယ်။ အဲဒီဝတ်စုံကတော့ အပေါ်အောက် အဖြူဝမ်းဆက်ဖြစ်ပြီး အပေါ်က လက်ပြတ်ဂျက်ကတ်နဲ့ အောက်က အဖြူရောင်ဘောင်းဘီတို့ တွဲဖက်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဂျက်ကတ်ပေါ်က “Peg the Patriarchy” ဆိုတဲ့ စာတန်းပဲ ဖြစ်ပါတယ်။

Linda December

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ Cara Delevingne ကေတာ့ သူမရဲ့ အားလပ္ရက္ကို ရင္ဖိုစရာ စြန႔္စားခန္းေတြနဲ႔ ကုန္ဆုံးေနတာ ေတြ႕ရပါတယ္။

သူမဟာ ငါးမန္းေတြ ပတ္လည္ ရစ္ဝဲေနတဲ့ ပင္လယ္ထဲမွာ အကာအကြယ္ဆိုလို႔ ဘာတစ္ခုမွ မပါဘဲ ရိုးရိုးေရကူးဝတ္စုံနဲ႔ပဲ ေရဆင္းကူးကာ သူမရဲ့ ရဲရင့္မွုကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။ အသက္(၂၉)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Cara ဟာ ဟာဝိုင္အီကမ္းေျခမွာ အားလပ္ရက္ေတြကို ကုန္ဆုံးေနတာ ျဖစ္ၿပီး သာမန္ေပ်ာ္ရႊင္စရာ အေလ့အထေတြထက္ ပိုရင္ခုန္စရာေကာင္းတဲ့ အခုလို စြန႔္စားခန္းမ်ိဳးကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

 

View this post on Instagram

 

A post shared by Cara Delevingne (@caradelevingne)

ဒီအေၾကာင္းကိုေတာ့ Cara ဟာ သူမရဲ့ IG မွာ ပို႔စ္တင္ၿပီး ပရိသတ္ေတြနဲ႔ မၽွေဝေပးထားတာ ျဖစ္ပါတယ္။ အဆိုပါပို႔စ္မွာေတာ့ သူမရဲ့ အားလပ္ရက္ အပန္းေျဖခရီးအစကေန ပင္လယ္ထဲမွာ ငါးမန္းေတြနဲ႔အတူ ေရကူးေနတဲ့ပုံရိပ္ေတြအထိ ပါဝင္ပါတယ္။ ပို႔စ္ရဲ့ caption မွာေတာ့ “ငါးမန္းစာပဲ … ဟူး ဟားဟား ” လို႔ ေရးသားထားပါတယ္။

သူမရဲ့ ေရေအာက္က ဘီကီနီနဲ႔ပုံနဲ႔ ပို႔စ္ကို စဖြင့္ထားၿပီး ေနာက္တစ္ပုံမွာေတာ့ သူငယ္ခ်င္းေတြနဲ႔အတူ အေပ်ာ္စီးသေဘၤာေပၚမွာ ေပ်ာ္ရႊင္ေနၾကတဲ့ပုံကို တင္ထားပါတယ္။ ေနာက္တစ္ခုကေတာ့ ဗြီဒီယိုကလစ္ေလး ျဖစ္ၿပီး  ငါးမန္းေတြ ရစ္ဝဲေနတဲ့ၾကားမွာ သူငယ္ခ်င္းတစ္သိုက္နဲ႔ ေရကူးေနတဲ့ပုံရိပ္ပဲ ျဖစ္ပါတယ္။

Photo: caradelevingne/ Instagram

Cara ဟာ ၿပီးခဲ့တဲ့လက က်င္းပခဲ့တဲ့ Met Gala ပြဲမွာလည္း သူမရဲ့ ထူးျခားတဲ့ဝတ္စုံနဲ႔ လူေတြရဲ့ အာ႐ုံစိုက္မွုကို ရရွိခဲ့ပါေသးတယ္။ အဲဒီဝတ္စုံကေတာ့ အေပၚေအာက္ အျဖဴဝမ္းဆက္ျဖစ္ၿပီး အေပၚက လက္ျပတ္ဂ်က္ကတ္နဲ႔ ေအာက္က အျဖဴေရာင္ေဘာင္းဘီတို႔ တြဲဖက္ထားတာ ျဖစ္ပါတယ္။ ထူးျခားတာကေတာ့ ဂ်က္ကတ္ေပၚက “Peg the Patriarchy” ဆိုတဲ့ စာတန္းပဲ ျဖစ္ပါတယ္။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular