HomeCelebs Update NewsKoreaပရိသတ်တွေ မမြင်ဖူးသေးတဲ့ပုံစံအသစ်နဲ့ ဖမ်းစားသွားမယ်ဆိုတဲ့ Cha Eun Woo

ပရိသတ်တွေ မမြင်ဖူးသေးတဲ့ပုံစံအသစ်နဲ့ ဖမ်းစားသွားမယ်ဆိုတဲ့ Cha Eun Woo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ASTRO အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Cha Eun Woo ဟာ မကြာသေးမီက Dazed and Confused မဂ္ဂဇင်းအတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ချပြရင်း ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူ့ရဲ့ပုံစံအသစ်တွေနဲ့ ဖမ်းစားသွားမယ်လို့ အင်တာဗျူးမှာ ဖွင့်ဟသွားပါတယ်။

Photo: eunwo.o_c/ Instagram

Eun Woo ဟာ မနှစ်တုန်းကတော့ Rookie Historian Goo Hae-ryung ဆိုတဲ့ ဒရာမာထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပြီး လက်ရှိမှာတော့ Handsome Tigers ဆိုတဲ့ ရသစုံရှိုးမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။ ဒီလိုများပြားလှတဲ့ ပရိုဂရမ်တွေနဲ့ အလုပ်ဇယားတွေကြားမှာ ဆယ်လီတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အရှိန်အဝါတွေကိုလည်း မှန်ကန်စွာ ထုတ်ဖော်ပြသတတ်သူ ဖြစ်နေပါသေးတယ်။

Photo: eunwo.o_c/ Instagram

Dazed မဂ္ဂဇင်းနဲ့ photo shoot အပြီး အင်တာဗျူးမှာလည်း ပြီးခဲ့တဲ့နှစ်ကအကြောင်းတွေကို ပြောပြခဲ့ပါသေးတယ်။ “မနှစ်တုန်းက ကျွန်တော် အရူးလိုပဲ အလုပ်တွေသိမ်းကျုံးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အသစ်အဆန်းတွေကို ကြိုးစားကြည့်ဖို့ ကြောက်မနေဘူးဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတော့ ပျော်မိတယ်ဗျ။ ကိုယ့်ကိုယ်ကို ဆက်ပြီးတွန်းအားတွေ ပေးသွားမယ်။ ကိုယ့်ကိုယ်ကို အသစ်အဆန်းတွေ၊ စိန်ခေါ်မှုတွေကို လုပ်ဖို့ တွန်းအားပေးရာကနေ ဒီနေ့ကျွန်တော်အဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ထင်တယ် …” လို့ Eun Woo က ဆိုပါတယ်။

Photo: eunwo.o_c/ Instagram

မတူညီတဲ့ activities တွေမျိုးစုံနဲ့ ပရိသတ်တွေမမြင်ရသေးတဲ့ သူ့ရဲ့ပုံစံအသစ်တွေကို ချပြသွားမယ်လို့လည်း ပြောပါသေးတယ်။ “ကျွန်တော့်ရဲ့ပုံစံအသစ်ကိုလည်း လူတိုင်းကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်…” လို့ ဆိုထားပါတယ်။ Eun Woo ရဲ့ ဆိုရှယ်မီဒီယာပေါ်က မော်ဒယ်လ်တစ်ယောက်လို ကျော့မော့ခန့်ငြားနေတဲ့ ပုံရိပ်တွေကလည်း သူ့ရဲ့စကားအတိုင်းပဲ ပရိသတ်တွေကို နောက်ထပ် အသစ်အဆန်းတွေ ယူဆောင်လာတော့မယ်ဆိုတာ ဖော်ပြနေပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ASTRO အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ Cha Eun Woo ဟာ မၾကာေသးမီက Dazed and Confused မဂၢဇင္းအတြက္ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို ခ်ျပရင္း ပရိသတ္ေတြမျမင္ဖူးေသးတဲ့ သူ႔ရဲ႕ပုံစံအသစ္ေတြနဲ႔ ဖမ္းစားသြားမယ္လို႔ အင္တာဗ်ဴးမွာ ဖြင့္ဟသြားပါတယ္။

Photo: eunwo.o_c/ Instagram

Eun Woo ဟာ မႏွစ္တုန္းကေတာ့ Rookie Historian Goo Hae-ryung ဆိုတဲ့ ဒရာမာထဲမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ထားၿပီး လက္ရွိမွာေတာ့ Handsome Tigers ဆိုတဲ့ ရသစုံရႈိးမွာ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္ေနပါတယ္။ ဒီလိုမ်ားျပားလွတဲ့ ပ႐ိုဂရမ္ေတြနဲ႔ အလုပ္ဇယားေတြၾကားမွာ ဆယ္လီတစ္ေယာက္ရဲ႕ ရွိသင့္ရွိထိုက္တဲ့ အရွိန္အဝါေတြကိုလည္း မွန္ကန္စြာ ထုတ္ေဖာ္ျပသတတ္သူ ျဖစ္ေနပါေသးတယ္။

Photo: eunwo.o_c/ Instagram

Dazed မဂၢဇင္းနဲ႔ photo shoot အၿပီး အင္တာဗ်ဴးမွာလည္း ၿပီးခဲ့တဲ့ႏွစ္ကအေၾကာင္းေတြကို ေျပာျပခဲ့ပါေသးတယ္။ “မႏွစ္တုန္းက ကြၽန္ေတာ္ အ႐ူးလိုပဲ အလုပ္ေတြသိမ္းက်ဳံးလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အသစ္အဆန္းေတြကို ႀကိဳးစားၾကည့္ဖို႔ ေၾကာက္မေနဘူးဆိုတာ ကိုယ့္ကိုယ္ကို သိလိုက္ရေတာ့ ေပ်ာ္မိတယ္ဗ်။ ကိုယ့္ကိုယ္ကို ဆက္ၿပီးတြန္းအားေတြ ေပးသြားမယ္။ ကိုယ့္ကိုယ္ကို အသစ္အဆန္းေတြ၊ စိန္ေခၚမႈေတြကို လုပ္ဖို႔ တြန္းအားေပးရာကေန ဒီေန႔ကြၽန္ေတာ္အျဖစ္ ေျပာင္းလဲလာခဲ့တယ္လို႔ ထင္တယ္ …” လို႔ Eun Woo က ဆိုပါတယ္။

Photo: eunwo.o_c/ Instagram

မတူညီတဲ့ activities ေတြမ်ိဳးစုံနဲ႔ ပရိသတ္ေတြမျမင္ရေသးတဲ့ သူ႔ရဲ႕ပုံစံအသစ္ေတြကို ခ်ျပသြားမယ္လို႔လည္း ေျပာပါေသးတယ္။ “ကြၽန္ေတာ့္ရဲ႕ပုံစံအသစ္ကိုလည္း လူတိုင္းကို ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္…” လို႔ ဆိုထားပါတယ္။ Eun Woo ရဲ႕ ဆိုရွယ္မီဒီယာေပၚက ေမာ္ဒယ္လ္တစ္ေယာက္လို ေက်ာ့ေမာ့ခန႔္ျငားေနတဲ့ ပုံရိပ္ေတြကလည္း သူ႔ရဲ႕စကားအတိုင္းပဲ ပရိသတ္ေတြကို ေနာက္ထပ္ အသစ္အဆန္းေတြ ယူေဆာင္လာေတာ့မယ္ဆိုတာ ေဖာ္ျပေနပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

 

RELATED ARTICLES

Most Popular