HomeCelebs Update NewsKoreaHigh Notes တွေသီဆိုနိုင်မှုရဲ့ နောက်ကွယ်က အခက်အခဲတွေကို ပြောပြခဲ့တဲ့ Chen

High Notes တွေသီဆိုနိုင်မှုရဲ့ နောက်ကွယ်က အခက်အခဲတွေကို ပြောပြခဲ့တဲ့ Chen

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့နဲ့ ပတ်သက်တဲ့ အထင်ကရအရာတွေထဲမှာ Chen ရဲ့ အမြင့်သံ (high notes)တွေလည်း ပါဝင်ပါတယ်။ ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှုရှိတဲ့အသံပိုင်ရှင်တစ်ယောက်ဖြစ်တဲ့အတွက် high notes တွေကိုလည်း မကြာခဏ ဆိုရလေ့ ရှိပါတယ်။ concert ရှိုးတွေမှာ ပရိသတ်တွေအတွက် အဆို၊အက ဘက်ပေါင်းစုံနဲ့ ဖျော်ဖြေရာမှာ အမြင့်သံတွေကို သီဆိုနိုင်ဖို့ တကယ့်လက်တွေ့မှာ ရင်ဆိုင်ရတဲ့ အခက်အခဲကိုလည်း Chen က ပြောပြထားပါတယ်။

အမြင့်သံတွေကို ပီပီပြင်ပြင် သီဆိုနိုင်ဖို့ လက်တွေ့မှာ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အကြောင်းကို Radio Star အစီအစဉ်မှာ Chen က ပြောပြထားပါတယ်။ Chen ရဲ့ ပြောပြချက်အရ အထူးသဖြင့် ရှိုးမှာ live ဖျော်ဖြေရတဲ့အခါ ပိုပြီးခက်ခဲတယ်လို့ ဆိုပါတယ်။

Photo: weareone.exo/ Instagram

ဖျော်ဖြေပွဲရှိတဲ့ရက်ဆိုရင် မနက်အစောကြီးထပြီး တစ်ပွဲလုံးစာအတွက် သီချင်းတွေကို ရီဟာဇယ် အရင်လုပ်ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ မိတ်ကပ်လိမ်း၊ ပြင်ဆင်ရပြီး တကယ့် အစိန်ကြီးဖြစ်တဲ့ ဖျော်ဖြေပွဲကို အမှားအယွင်းမရှိအောင် သီဆို၊ကပြ ဖျော်ဖြေရပါတယ်။ ဒါဟာ တကယ်တမ်းမှာတော့ သိပ်ကို ပင်ပန်းလှတဲ့အလုပ် ဖြစ်ပါတယ်။ ပြောရရင် ပွဲနှစ်ပွဲစာကို တစ်ရက်တည်းမှာ ဖျော်ဖြေလိုက်ရသလိုပါပဲ။ ဒါကြောင့်လည်း အမြင့်သံတွေ ဆိုရလေ့ရှိတဲ့ Chen အတွက် ကကွက်တွေကို မှန်အောင် ကရတာနဲ့ သူ သီဆိုရမယ့်အပိုဒ်တွေမှာ အမြင့်သံတွေကို အမှားမဖြစ်အောင် အာရုံစိုက်ရတာဟာ တကယ်ကို ပင်ပန်းလှပါတယ်။

high notes အများစုဟာ သီချင်းပြီးကာနီးတွေမှာ ရှိတတ်လို့ အမြင့်သံတွေ မဆိုရသေးခင် တစ်ပုဒ်လုံးနီးပါးကိုလည်း ကရပါသေးတယ်။ အသက်ကိုတောင် ဝဝမရှူနိုင်ခင်မှာ အမြင့်သံတွေကို ဆိုရလေ့ရှိတာကြောင့် လည်ချောင်းကိုလည်း ထိခိုက်မှုတွေ ရှိပါတယ်လို့ ဆိုပါတယ်။

Photo: weareone.exo/ Instagram

“ကျွန်တော်တို့အဖွဲ့က လူများတော့ သီချင်းတွေကလည်း အများအားဖြင့် ပုံမှန်ထက် ရှည်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်စီ ဆိုရမယ့်အပိုင်းတွေကို ခွဲလိုက်တဲ့အခါ ကျွန်တော်က အမြဲတမ်း အမြင့်သံတွေပဲ ရပါတယ်။ ပြီးတော့ အမြင့်သံဆိုတာမျိုးကလည်း သီချင်းစစချင်း လာတာမဟုတ်ဘူးလေ။ သီချင်းရဲ့ အလယ်လောက်၊ ပြီးကာနီးလောက်မှ လာတာဆိုတော့ အဲ့ဒါမလာခင်အထိ ကျွန်တော်က ကလည်း ကရသေးတယ်ဗျ။ တကယ် သီချင်းဆိုရတော့မယ့်အချိန်မှာ အရမ်းမောနေပြီ။ အသက်ကို ဝဝကြီး ရှိုက်ပြီး ရှူလိုက်ချင်ပေမယ့် မိုက်ကလည်း တပ်ထားတော့ အသံဝင်သွားမှာစိုးလို့ ပါးစပ်နဲ့ ခိုးရှူရတယ်။ အရမ်းမောနေပေမယ့် ကိုယ့်အပိုဒ်မှာ အမြင့်သံဆိုနိုင်ဖို့ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားပေးရတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ အဲ့ဒီ့လို အခြေအနေတွေနဲ့ အမြင့်သံတွေ ဆိုရလို့ လည်ချောင်းလည်း တော်တော်ထိပါတယ်…” လို့ Chen က ပြောပြထားပါတယ်။

Xei

(Zawgyi Version)

EXO အဖြဲ႕နဲ႔ ပတ္သက္တဲ့ အထင္ကရအရာေတြထဲမွာ Chen ရဲ႕ အျမင့္သံ (high notes)ေတြလည္း ပါဝင္ပါတယ္။ ၾကည္လင္ျပတ္သားၿပီး ဆြဲေဆာင္မႈရွိတဲ့အသံပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ high notes ေတြကိုလည္း မၾကာခဏ ဆိုရေလ့ ရွိပါတယ္။ concert ရႈိးေတြမွာ ပရိသတ္ေတြအတြက္ အဆို၊အက ဘက္ေပါင္းစုံနဲ႔ ေဖ်ာ္ေျဖရာမွာ အျမင့္သံေတြကို သီဆိုႏိုင္ဖို႔ တကယ့္လက္ေတြ႕မွာ ရင္ဆိုင္ရတဲ့ အခက္အခဲကိုလည္း Chen က ေျပာျပထားပါတယ္။

အျမင့္သံေတြကို ပီပီျပင္ျပင္ သီဆိုႏိုင္ဖို႔ လက္ေတြ႕မွာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတဲ့အေၾကာင္းကို Radio Star အစီအစဥ္မွာ Chen က ေျပာျပထားပါတယ္။ Chen ရဲ႕ ေျပာျပခ်က္အရ အထူးသျဖင့္ ရႈိးမွာ live ေဖ်ာ္ေျဖရတဲ့အခါ ပိုၿပီးခက္ခဲတယ္လို႔ ဆိုပါတယ္။

Photo: weareone.exo/ Instagram

ေဖ်ာ္ေျဖပြဲရွိတဲ့ရက္ဆိုရင္ မနက္အေစာႀကီးထၿပီး တစ္ပြဲလုံးစာအတြက္ သီခ်င္းေတြကို ရီဟာဇယ္ အရင္လုပ္ရပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ မိတ္ကပ္လိမ္း၊ ျပင္ဆင္ရၿပီး တကယ့္ အစိန္ႀကီးျဖစ္တဲ့ ေဖ်ာ္ေျဖပြဲကို အမွားအယြင္းမရွိေအာင္ သီဆို၊ကျပ ေဖ်ာ္ေျဖရပါတယ္။ ဒါဟာ တကယ္တမ္းမွာေတာ့ သိပ္ကို ပင္ပန္းလွတဲ့အလုပ္ ျဖစ္ပါတယ္။ ေျပာရရင္ ပြဲႏွစ္ပြဲစာကို တစ္ရက္တည္းမွာ ေဖ်ာ္ေျဖလိုက္ရသလိုပါပဲ။ ဒါေၾကာင့္လည္း အျမင့္သံေတြ ဆိုရေလ့ရွိတဲ့ Chen အတြက္ ကကြက္ေတြကို မွန္ေအာင္ ကရတာနဲ႔ သူ သီဆိုရမယ့္အပိုဒ္ေတြမွာ အျမင့္သံေတြကို အမွားမျဖစ္ေအာင္ အာ႐ုံစိုက္ရတာဟာ တကယ္ကို ပင္ပန္းလွပါတယ္။

high notes အမ်ားစုဟာ သီခ်င္းၿပီးကာနီးေတြမွာ ရွိတတ္လို႔ အျမင့္သံေတြ မဆိုရေသးခင္ တစ္ပုဒ္လုံးနီးပါးကိုလည္း ကရပါေသးတယ္။ အသက္ကိုေတာင္ ဝဝမရႉႏိုင္ခင္မွာ အျမင့္သံေတြကို ဆိုရေလ့ရွိတာေၾကာင့္ လည္ေခ်ာင္းကိုလည္း ထိခိုက္မႈေတြ ရွိပါတယ္လို႔ ဆိုပါတယ္။

Photo: weareone.exo/ Instagram

“ကြၽန္ေတာ္တို႔အဖြဲ႕က လူမ်ားေတာ့ သီခ်င္းေတြကလည္း အမ်ားအားျဖင့္ ပုံမွန္ထက္ ရွည္ပါတယ္။ ကြၽန္ေတာ္တို႔ တစ္ေယာက္စီ ဆိုရမယ့္အပိုင္းေတြကို ခြဲလိုက္တဲ့အခါ ကြၽန္ေတာ္က အၿမဲတမ္း အျမင့္သံေတြပဲ ရပါတယ္။ ၿပီးေတာ့ အျမင့္သံဆိုတာမ်ိဳးကလည္း သီခ်င္းစစခ်င္း လာတာမဟုတ္ဘူးေလ။ သီခ်င္းရဲ႕ အလယ္ေလာက္၊ ၿပီးကာနီးေလာက္မွ လာတာဆိုေတာ့ အဲ့ဒါမလာခင္အထိ ကြၽန္ေတာ္က ကလည္း ကရေသးတယ္ဗ်။ တကယ္ သီခ်င္းဆိုရေတာ့မယ့္အခ်ိန္မွာ အရမ္းေမာေနၿပီ။ အသက္ကို ဝဝႀကီး ရႈိက္ၿပီး ရႉလိုက္ခ်င္ေပမယ့္ မိုက္ကလည္း တပ္ထားေတာ့ အသံဝင္သြားမွာစိုးလို႔ ပါးစပ္နဲ႔ ခိုးရႉရတယ္။ အရမ္းေမာေနေပမယ့္ ကိုယ့္အပိုဒ္မွာ အျမင့္သံဆိုႏိုင္ဖို႔ ကိုယ့္ကိုယ္ကို အရမ္းတြန္းအားေပးရတယ္။ အရမ္းလည္း ပင္ပန္းပါတယ္။ အဲ့ဒီ့လို အေျခအေနေတြနဲ႔ အျမင့္သံေတြ ဆိုရလို႔ လည္ေခ်ာင္းလည္း ေတာ္ေတာ္ထိပါတယ္…” လို႔ Chen က ေျပာျပထားပါတယ္။

Xei

 

RELATED ARTICLES

Most Popular