HomeCelebs Update NewsKoreaသည်းထိတ်ရင်ဖိုဒရာမာတစ်ခုနဲ့ ပရိသတ်ဆီ ပြန်လာတော့မယ့် Choi Ji Woo 

သည်းထိတ်ရင်ဖိုဒရာမာတစ်ခုနဲ့ ပရိသတ်ဆီ ပြန်လာတော့မယ့် Choi Ji Woo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒရာမာခေတ်ဦးတည်းက ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ မင်းသမီးချော Choi Ji Woo ကိုတော့ ဒရာမာအသစ်တစ်ခုနဲ့ ပြန်တွေ့ရဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒရာမာလောကထဲက ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်များအရ ယနေ့ စက်တင်ဘာလ(၁၀)ရက်နေ့မှာ မင်းသမီး Choi Ji Woo ဟာ Jung Bum Shik ရဲ့ သည်းထိတ်ရင်ဖို ဒရာမာ Goosebumps မှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

Photo: choijivvoo/ Instagram

ဒီသတင်းကို Kakao Entertainment ကလည်း ပြန်လည်တုံ့ပြန်ထားပါသေးတယ်။ “မင်းသမီး Choi Ji Woo ဟာ Kakao TV ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ Goosebumps ထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ … ” လို့ ပြောကြားထားပါတယ်။ မင်းသမီး Choi Ji Woo ကို ဒရာမာဇာတ်လမ်းတွဲတွေမှာ မမြင်ရတာ အချိန်တစ်ခု ရှိခဲ့ပြီမို့ ပရိသတ်တွေကတော့ ဒီသတင်းကို သေချာပေါက် စိတ်လှုပ်ရှားနေကြမှာပါ။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Choi Ji Woo ဟာ Hyun Jung ဆိုတဲ့ လှသလောက် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ရမယ့် ဇာတ်လမ်းအနေအထားကတော့ အေးချမ်းတဲ့ နေ့စဉ်ဘဝကတောင် ထိတ်လန့်ကြောက်ရွံ့စရာတွေ ဖြစ်သွားနိုင်တယ်ဆိုတာကို ပြသသွားမယ်လို့ သိရပါတယ်။

Photo: choijiwoo_cjw/ Instagram

ဒီဒရာမာဟာ ကိုရီးယားရဲ့ horror ရုပ်ရှင်လောကကို လှုပ်ခတ်စေခဲ့တဲ့ Gidam နဲ့ Gonjam: Haunted Asylum တို့ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Jung Bum Shik ရဲ့ လက်ရာအသစ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ အစီအစဉ်ကျနပြီး တမူထူးတဲ့ ဖန်တီးမှုလက်ရာနဲ့ ထိတ်လန့်ခြောက်ခြားစရာ ဇာတ်ကားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိမှာတော့ ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးနေဆဲ ဖြစ်ပြီး ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း Kakao TV မှာ တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ဒရာမာေခတ္ဦးတည္းက ပရိသတ္ေတြ ခ်စ္ခင္အားေပးခဲ့ၾကတဲ့ မင္းသမီးေခ်ာ Choi Ji Woo ကိုေတာ့ ဒရာမာအသစ္တစ္ခုနဲ႔ ျပန္ေတြ႕ရဖို႔ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

ဒရာမာေလာကထဲက ကိုယ္စားလွယ္ေတြရဲ႕ ေျပာျပခ်က္မ်ားအရ ယေန႔ စက္တင္ဘာလ(၁၀)ရက္ေန႔မွာ မင္းသမီး Choi Ji Woo ဟာ Jung Bum Shik ရဲ႕ သည္းထိတ္ရင္ဖို ဒရာမာ Goosebumps မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ အတည္ျပဳလိုက္ၿပီလို႔ သိရပါတယ္။

Photo: choijivvoo/ Instagram

ဒီသတင္းကို Kakao Entertainment ကလည္း ျပန္လည္တုံ႔ျပန္ထားပါေသးတယ္။ “မင္းသမီး Choi Ji Woo ဟာ Kakao TV ရဲ႕ ကိုယ္ပိုင္ဇာတ္လမ္းတြဲ ျဖစ္တဲ့ Goosebumps ထဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ … ” လို႔ ေျပာၾကားထားပါတယ္။ မင္းသမီး Choi Ji Woo ကို ဒရာမာဇာတ္လမ္းတြဲေတြမွာ မျမင္ရတာ အခ်ိန္တစ္ခု ရွိခဲ့ၿပီမို႔ ပရိသတ္ေတြကေတာ့ ဒီသတင္းကို ေသခ်ာေပါက္ စိတ္လႈပ္ရွားေနၾကမွာပါ။

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Choi Ji Woo ဟာ Hyun Jung ဆိုတဲ့ လွသေလာက္ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ သူမ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္လမ္းအေနအထားကေတာ့ ေအးခ်မ္းတဲ့ ေန႔စဥ္ဘဝကေတာင္ ထိတ္လန႔္ေၾကာက္႐ြံ႕စရာေတြ ျဖစ္သြားႏိုင္တယ္ဆိုတာကို ျပသသြားမယ္လို႔ သိရပါတယ္။

Photo: choijiwoo_cjw/ Instagram

ဒီဒရာမာဟာ ကိုရီးယားရဲ႕ horror ႐ုပ္ရွင္ေလာကကို လႈပ္ခတ္ေစခဲ့တဲ့ Gidam နဲ႔ Gonjam: Haunted Asylum တို႔ကို ႐ိုက္ကူးေပးခဲ့တဲ့ ဒါ႐ိုက္တာ Jung Bum Shik ရဲ႕ လက္ရာအသစ္လည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အစီအစဥ္က်နၿပီး တမူထူးတဲ့ ဖန္တီးမႈလက္ရာနဲ႔ ထိတ္လန႔္ေျခာက္ျခားစရာ ဇာတ္ကားတစ္ခု ျဖစ္ေပၚလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

လက္ရွိမွာေတာ့ ဒီဇာတ္လမ္းတြဲဟာ ႐ိုက္ကူးေနဆဲ ျဖစ္ၿပီး ယခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္း Kakao TV မွာ တရားဝင္ေၾကညာသြားမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular