HomeEntertainmentMusicColdplay နဲ့ Selena Gomez တို့ရဲ့ သီချင်းသစ် Let Somebody Go 

Coldplay နဲ့ Selena Gomez တို့ရဲ့ သီချင်းသစ် Let Somebody Go 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Coldplay ဟာ အဆိုတော် Selena Gomez နဲ့ တွဲဖက်သီဆိုထားတဲ့ သီချင်းသစ်တစ်ပုဒ်ကို ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့မှာပဲ ထွက်ရှိလာပါတယ်။

Let Somebody Go လို့ အမည်ရတဲ့ ဒီသီချင်းကတော့ Coldplay ရဲ့ ကိုးခွေမြောက် စတူဒီယိုအယ်လ်ဘမ်သစ် Music of the Spheres ထဲက ငါးပုဒ်မြောက်သီချင်းလည်း ဖြစ်ပါတယ်။ အဆိုပါ အယ်လ်ဘမ်သစ်ဟာလည်း ဒီကနေ့မှာပဲ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ Coldplay နဲ့ Selena တို့ရဲ့ ပထမဆုံး collab လုပ်ထားတဲ့ သီချင်း ဖြစ်ပြီး Chris Martin ရဲ့ သမီးဖြစ်သူ Apple ကလည်း ဒီသီချင်းထဲက စာသားအချို့ကို ဝင်ရောက် ကူညီရေးသားပေးထားတယ်လို့ သိရပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ အချစ်ကို ခံစားမိတာနဲ့ နာကျင်မှုက အလိုလျောက် တွဲဖက်ပါလာတယ်လို့ ပြောထားတာပါ။

Photo: coldplay/ Instagram

ဒီသီချင်းနဲ့ ပတ်သက်ပြီး Coldplay ရဲ့ frontman ဖြစ်တဲ့ Chris Martin ကတော့ အခုလိုပြောထားပါတယ်။ “ဒီသီချင်းလေးက တကယ်လှတဲ့ ballad လေးတစ်ပုဒ်ပါ။ ကျွန်တော်တို့သီချင်းတွေမှာ အမျိုးသမီးအဆိုရှင်တစ်ယောက်လောက် လိုအပ်နေတာ အခုမှပဲ သတိထားမိတော့တယ်လေ။ အဲဒါနဲ့ Selena ကို ဆိုပေးနိုင်မလားလို့ ကမ်းလှမ်းတော့ သူလည်း ဒီသီချင်းကို ကြိုက်ပြီး အခုလို ဆိုပေးတာ ကျေးဇူးတင်ပါတယ် … ”

Photo: selenagomez/ Instagram

“ယေဘူယျအားဖြင့်တော့ ကျွန်တော်တို့ မကြာသေးခင်ကပဲ collab တွေ လုပ်ဖြစ်ထားပါတယ်။ အရင်ကဆို ကျွန်တော်တို့ collab တွေ လုပ်ဖို့ သတိကိုမရခဲ့ကြတာလေ။ ငယ်ငယ်တုန်းကတော့ ကျွန်တော်တို့ဘာသာ တံခါးပိတ်ပြီး ကျွန်တော်တို့အစွမ်းတွေကို သက်သေပြခဲ့ကြတဲ့ပုံစံပေါ့။ ဒါပေမယ့် အခု အချိန်တွေလည်း ပြောင်းလဲလာပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နေရာအနှံ့က artist ပေါင်းစုံနဲ့ လက်တွဲပြီး အလုပ်လုပ်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်။ ပြီးတော့ ပိုအရောင်အသွေးစုံတဲ့ ဂီတကိုလည်း ရရှိစေတာပေါ့ဗျာ …  ” လို့ ဆိုထားပါတယ်။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ ေတးဂီတအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Coldplay ဟာ အဆိုေတာ္ Selena Gomez နဲ႔ တြဲဖက္သီဆိုထားတဲ့ သီခ်င္းသစ္တစ္ပုဒ္ကို ယေန႔ ေအာက္တိုဘာလ(၁၅)ရက္ေန႔မွာပဲ ထြက္ရွိလာပါတယ္။

Let Somebody Go လို႔ အမည္ရတဲ့ ဒီသီခ်င္းကေတာ့ Coldplay ရဲ့ ကိုးေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္သစ္ Music of the Spheres ထဲက ငါးပုဒ္ေျမာက္သီခ်င္းလည္း ျဖစ္ပါတယ္။ အဆိုပါ အယ္လ္ဘမ္သစ္ဟာလည္း ဒီကေန႔မွာပဲ ထြက္ရွိလာတာ ျဖစ္ပါတယ္။

ဒီသီခ်င္းရဲ့ ထူးျခားခ်က္ကေတာ့ Coldplay နဲ႔ Selena တို႔ရဲ့ ပထမဆုံး collab လုပ္ထားတဲ့ သီခ်င္း ျဖစ္ၿပီး Chris Martin ရဲ့ သမီးျဖစ္သူ Apple ကလည္း ဒီသီခ်င္းထဲက စာသားအခ်ိဳ႕ကို ဝင္ေရာက္ ကူညီေရးသားေပးထားတယ္လို႔ သိရပါတယ္။ သီခ်င္းရဲ့ အဓိပၸာယ္ကေတာ့ အခ်စ္ကို ခံစားမိတာနဲ႔ နာက်င္မွုက အလိုေလ်ာက္ တြဲဖက္ပါလာတယ္လို႔ ေျပာထားတာပါ။

Photo: coldplay/ Instagram

ဒီသီခ်င္းနဲ႔ ပတ္သက္ၿပီး Coldplay ရဲ့ frontman ျဖစ္တဲ့ Chris Martin ကေတာ့ အခုလိုေျပာထားပါတယ္။ “ဒီသီခ်င္းေလးက တကယ္လွတဲ့ ballad ေလးတစ္ပုဒ္ပါ။ ကၽြန္ေတာ္တို႔သီခ်င္းေတြမွာ အမ်ိဳးသမီးအဆိုရွင္တစ္ေယာက္ေလာက္ လိုအပ္ေနတာ အခုမွပဲ သတိထားမိေတာ့တယ္ေလ။ အဲဒါနဲ႔ Selena ကို ဆိုေပးနိုင္မလားလို႔ ကမ္းလွမ္းေတာ့ သူလည္း ဒီသီခ်င္းကို ႀကိဳက္ၿပီး အခုလို ဆိုေပးတာ ေက်းဇူးတင္ပါတယ္ … ”

Photo: selenagomez/ Instagram

“ေယဘူယ်အားျဖင့္ေတာ့ ကၽြန္ေတာ္တို႔ မၾကာေသးခင္ကပဲ collab ေတြ လုပ္ျဖစ္ထားပါတယ္။ အရင္ကဆို ကၽြန္ေတာ္တို႔ collab ေတြ လုပ္ဖို႔ သတိကိုမရခဲ့ၾကတာေလ။ ငယ္ငယ္တုန္းကေတာ့ ကၽြန္ေတာ္တို႔ဘာသာ တံခါးပိတ္ၿပီး ကၽြန္ေတာ္တို႔အစြမ္းေတြကို သက္ေသျပခဲ့ၾကတဲ့ပုံစံေပါ့။ ဒါေပမယ့္ အခု အခ်ိန္ေတြလည္း ေျပာင္းလဲလာၿပီဆိုေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ကမၻာ့ေနရာအႏွံ့က artist ေပါင္းစုံနဲ႔ လက္တြဲၿပီး အလုပ္လုပ္ရတာ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းလာတယ္။ ၿပီးေတာ့ ပိုအေရာင္အေသြးစုံတဲ့ ဂီတကိုလည္း ရရွိေစတာေပါ့ဗ်ာ …  ” လို႔ ဆိုထားပါတယ္။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular