HomeCelebs Update NewsKoreaဂန္နမ္က အေဆာက္အအုံကိစၥနဲ႔ ပတ္သက္လို႔ ေတာင္းပန္လိုက္တဲ့ Daesung

ဂန္နမ္က အေဆာက္အအုံကိစၥနဲ႔ ပတ္သက္လို႔ ေတာင္းပန္လိုက္တဲ့ Daesung

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BIGBANG အဖြဲ႕၀င္ Daesung ဟာ ဂန္နမ္က သူပိုင္အေဆာက္အအုံနဲ႔ ပတ္သက္လို႔ ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ေတာင္းပန္လိုက္တဲ့အျပင္ တရားဥပေဒကို ခ်ိဳးေဖာက္တဲ့ ဘယ္လိုစီးပြားေရးလုပ္ငန္းမ်ိဳးကိုမဆို ဥပေဒအရ အေရးယူေဆာင္ရြက္သြားဖို႔ ကတိေပးလိုက္တဲ့ ေၾကျငာခ်က္တစ္ေစာင္ ထြက္ေပၚလာပါတယ္။

Daesung ရဲ႕ ေၾကျငာခ်က္မွာ သူပိုင္ဆိုင္တဲ့ အေဆာက္အအုံနဲ႔ ပတ္သက္ၿပီး ေကာင္းမြန္စြာ မစီမံႏိုင္ခဲ့ျခင္းကို ေတာင္းပန္ထားၿပီး တရားမ၀င္ လုပ္ငန္းေတြ လုပ္ကိုင္ေနသူေတြကိုလည္း ဥပေဒအရ အေရးယူဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာၾကားထားပါတယ္။ ေၾကျငာခ်က္ အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

https://www.instagram.com/p/Bw0_U0fn_JE/

“မဂၤလာပါ။ ကၽြန္ေတာ္ Daesung ပါ။ စစ္မႈထမ္းေနရင္းကေန ပထမဆုံး ႏႈတ္ဆက္ရတဲ့ အေၾကာင္းအရာဟာ အကုန္လုံးအတြက္ စိတ္ပူစရာေတြ ျဖစ္ေစခဲ့မိလို႔ စိတ္ရင္းနဲ႔ ေတာင္းပန္ခ်င္ပါတယ္။ အစီရင္ခံစာထဲမွာ ပါ၀င္ပတ္သက္ေနတဲ့ အေဆာက္အဦးဟာ ကၽြန္ေတာ့္နာမည္နဲ႔ ပိုင္ဆိုင္တဲ့ အေဆာက္အဦးျဖစ္ၿပီး ကၽြန္ေတာ္ စစ္မႈထမ္း မသြားခင္ကေလးမွာတင္ ၀ယ္ယူလိုက္တဲ့ အေဆာက္အအုံလည္း ျဖစ္ပါတယ္။ အဲ့ဒီ့အေဆာက္အဦးကို ၀ယ္ၿပီးၿပီးခ်င္းဆိုသလိုပဲ ကၽြန္ေတာ္က စစ္မႈထမ္း၀င္ေရာက္ခဲ့တဲ့အတြက္ အေဆာက္အဦးနဲ႔ ပတ္သက္ၿပီး ေကာင္းေကာင္း မစီမံႏိုင္ခဲ့ပါဘူး။ အဲ့ဒီ့အတြက္လည္း တကယ္ကို စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။

ကၽြန္ေတာ္ အဲ့ဒီ့အေဆာက္အဦးကို ၀ယ္ယူတဲ့အခ်ိန္တုန္းကတည္းက အခုလက္ရိွ ငွားရမ္းသူေတြဟာ အဲ့ဒီ့အေဆာက္အဦးထဲမွာ စီးပြားေရးလုပ္ငန္းေတြ လုပ္ေနၾကတာျဖစ္ၿပီး ကၽြန္ေတာ့္အေနနဲ႔ တရားမ၀င္ စီးပြားေရးေတြ လုပ္ေဆာင္ေနမွန္း သတိမျပဳမိခဲ့ပါဘူး။ တရားဥပေဒနဲ႔ မညီညြတ္ဘူးလို႔ ေတြ႕ရိွရတဲ့ စီးပြားေရးလုပ္ငန္းအားလုံးကို စစ္ေဆးေတြ႕ရိွၿပီးတာနဲ႔ ခ်က္ခ်င္း ဥပေဒအရ အေရးယူမႈေတြ ေဆာင္ရြက္သြားမွာပါ။ အေဆာက္အဦးရဲ႕ ပိုင္ရွင္တစ္ေယာက္အေနနဲ႔လည္း တတ္စြမ္းသမွ် တာ၀န္ခံသြားမွာပါ။

ေနာက္က်ေနၿပီဆိုေပမယ့္ ကၽြန္ေတာ့္ရဲ႕ ပ်က္ကြက္မႈအားလုံးအတြက္ နက္နက္နဲနဲ ဆင္ျခင္သုံးသပ္မိပါတယ္။ ကၽြန္ေတာ့္ရဲ႕ တာ၀န္ယူရမယ့္အပိုင္းေတြအားလုံးကို တာ၀န္ယူၿပီး အမွားေတြအားလုံးကို ျပင္ဆင္ႏိုင္ဖို႔ ႀကိဳးစားသြားပါ့မယ္။ ေက်းဇူးတင္ပါတယ္” လို႔ Daesung က သူ႔ရဲ႕ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

Daesung ဟာ ေလာေလာဆယ္မွာ စစ္မႈထမ္းေနတာျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၁)ရက္ေန႔မွာ တာ၀န္ထမ္းေဆာင္ ၿပီးေျမာက္မယ္လို႔ သိရပါတယ္။

Xei

Ref: koreaboo

(Unicode Version)

BIGBANG အဖွဲ့ဝင် Daesung ဟာ ဂန်နမ်က သူပိုင်အဆောက်အအုံနဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တောင်းပန်လိုက်တဲ့အပြင် တရားဥပဒေကို ချိုးဖောက်တဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ကတိပေးလိုက်တဲ့ ကြေငြာချက်တစ်စောင် ထွက်ပေါ်လာပါတယ်။

Daesung ရဲ့ ကြေငြာချက်မှာ သူပိုင်ဆိုင်တဲ့ အဆောက်အအုံနဲ့ ပတ်သက်ပြီး ကောင်းမွန်စွာ မစီမံနိုင်ခဲ့ခြင်းကို တောင်းပန်ထားပြီး တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကိုလည်း ဥပဒေအရ အရေးယူဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။ ကြေငြာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/Bw0_U0fn_JE/

“မင်္ဂလာပါ။ ကျွန်တော် Daesung ပါ။ စစ်မှုထမ်းနေရင်းကနေ ပထမဆုံး နှုတ်ဆက်ရတဲ့ အကြောင်းအရာဟာ အကုန်လုံးအတွက် စိတ်ပူစရာတွေ ဖြစ်စေခဲ့မိလို့ စိတ်ရင်းနဲ့ တောင်းပန်ချင်ပါတယ်။ အစီရင်ခံစာထဲမှာ ပါဝင်ပတ်သက်နေတဲ့ အဆောက်အဦးဟာ ကျွန်တော့်နာမည်နဲ့ ပိုင်ဆိုင်တဲ့ အဆောက်အဦးဖြစ်ပြီး ကျွန်တော် စစ်မှုထမ်း မသွားခင်ကလေးမှာတင် ဝယ်ယူလိုက်တဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။ အဲ့ဒီ့အဆောက်အဦးကို ဝယ်ပြီးပြီးချင်းဆိုသလိုပဲ ကျွန်တော်က စစ်မှုထမ်းဝင်ရောက်ခဲ့တဲ့အတွက် အဆောက်အဦးနဲ့ ပတ်သက်ပြီး ကောင်းကောင်း မစီမံနိုင်ခဲ့ပါဘူး။ အဲ့ဒီ့အတွက်လည်း တကယ်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။

ကျွန်တော် အဲ့ဒီ့အဆောက်အဦးကို ဝယ်ယူတဲ့အချိန်တုန်းကတည်းက အခုလက်ရှိ ငှားရမ်းသူတွေဟာ အဲ့ဒီ့အဆောက်အဦးထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာဖြစ်ပြီး ကျွန်တော့်အနေနဲ့ တရားမဝင် စီးပွားရေးတွေ လုပ်ဆောင်နေမှန်း သတိမပြုမိခဲ့ပါဘူး။ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ တွေ့ရှိရတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို စစ်ဆေးတွေ့ရှိပြီးတာနဲ့ ချက်ချင်း ဥပဒေအရ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ အဆောက်အဦးရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့လည်း တတ်စွမ်းသမျှ တာဝန်ခံသွားမှာပါ။

နောက်ကျနေပြီဆိုပေမယ့် ကျွန်တော့်ရဲ့ ပျက်ကွက်မှုအားလုံးအတွက် နက်နက်နဲနဲ ဆင်ခြင်သုံးသပ်မိပါတယ်။ ကျွန်တော့်ရဲ့ တာဝန်ယူရမယ့်အပိုင်းတွေအားလုံးကို တာဝန်ယူပြီး အမှားတွေအားလုံးကို ပြင်ဆင်နိုင်ဖို့ ကြိုးစားသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်” လို့ Daesung က သူ့ရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

Daesung ဟာ လောလောဆယ်မှာ စစ်မှုထမ်းနေတာဖြစ်ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ တာဝန်ထမ်းဆောင် ပြီးမြောက်မယ်လို့ သိရပါတယ်။

Xei

Ref: koreaboo

 

 

RELATED ARTICLES

Most Popular