HomeCelebs Update NewsKoreaG-Dragon ရဲ႕ စစ္မႈထမ္းကာလအတြင္း တစ္ေန႔တာ အခ်ိန္ဇယား

G-Dragon ရဲ႕ စစ္မႈထမ္းကာလအတြင္း တစ္ေန႔တာ အခ်ိန္ဇယား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

စစ္မႈထမ္းေနရတဲ့ G-Dragon ရဲ႕ ေန႔စဥ္ျဖတ္သန္းမႈဟာ Idol တစ္ေယာက္ရဲ႕ ျဖတ္သန္းမႈနဲ႔ ယွဥ္ရင္ေတာ့ ကြာဟမႈေတြ အမ်ားႀကီးပါ။ စစ္ထဲေရာက္ေနတုန္းမွာေတာ့ Idol တစ္ေယာက္ရဲ႕ တာ၀န္ေတြနဲ႔မတူတဲ့ တင္းၾကပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ လုပ္ငန္းတာ၀န္ေတြကို အျခားေသာ ရဲေဘာ္ေတြလိုပဲ လိုက္နာၾကရပါတယ္။ ဒီလို ၾကမ္းတမ္းခက္ထန္ၿပီး ပင္ပန္းလွတဲ့ တစ္ေန႔တာကို G-Dragon တစ္ေယာက္ ဘယ္လိုေက်ာ္ျဖတ္ေနလည္းဆိုတာကေတာ့ …

စစ္သားအားလုံးဟာ မနက္ခင္း (၆)နာရီခြဲမွာ အိပ္ရာက ထၾကရပါတယ္။ အဲ့ဒီ့ေနာက္မွာ ရိုးလ္ေကာ ထူးၿပီး မနက္စာ စားၾကရပါတယ္။ အဲ့ဒါၿပီးရင္ေတာ့ မနက္ခင္းနဲ႔ ေန႔လယ္ခင္းအတြက္ လုပ္စရာရိွတဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ကိုင္ၾကရပါတယ္။ ၾကားထဲမွာ ေန႔လယ္စာစားခ်ိန္ခဏေတာ့ အနားေပးပါတယ္။

Photo: koreaboo

တစ္ရက္နဲ႔တစ္ရက္ လုပ္ရတဲ့ လုပ္ငန္းတာ၀န္ေတြက ကြဲျပားပါတယ္။ သို႔ေပမယ့္ ေယဘူယ်အားျဖင့္ စစ္သားအားလုံးဟာ စစ္ေရး ေလ့က်င့္မႈေတြ ျပဳလုပ္ရၿပီး ကိုယ့္ရဲ႕ဌာနခြဲအတြက္ ထိန္းသိမ္းျပဳျပင္မႈလုပ္ငန္းေတြမွာ ၀င္ေရာက္လုပ္ကိုင္ၾကရပါတယ္။

ေန႔လယ္ခင္းက လုပ္ငန္းတာ၀န္ေတြ ၿပီးတဲ့အခါမွာေတာ့ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြ လုပ္ရပါတယ္။ စစ္သားေတြရဲ႕ က်န္းမာေရးကို ထိန္းသိမ္းထားဖို႔အတြက္ သတ္မွတ္ထားတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ၾကရပါတယ္။ ေလ့က်င့္ခန္းအမ်ားစုဟာ ေျပးတဲ့ေလ့က်င့္ခန္းေတြ ျဖစ္ပါတယ္။ လမ္းေပၚမွာ ေျပးရတာ၊ ေတာင္ေတြေပၚမွာ ေျပးရတာ အစရိွသျဖင့္ ေလ့က်င့္ခန္းဆင္းၾကရပါတယ္။ ဒီေလ့က်င့္ခန္းေတြေၾကာင့္ပဲ စစ္သားေတြဟာ သူတို႔ကိုယ္တိုင္က မလုိခ်င္ဘူးဆိုရင္ေတာင္ က်န္းမာႀကံ႕ခိုင္လာၾကပါတယ္။

Photo: koreaboo

တစ္ေနကုန္ ေလ့က်င့္ခန္းဆင္းၿပီးရင္ေတာ့ ညစာ စားခ်ိန္ေရာက္လာပါတယ္။ ညစာကိုေတာ့ အမ်ားအားျဖင့္ ကိုရီးယားအစားအစာကိုပဲ သမမွ်တေအာင္ ေကၽြးေလ့ရိွပါတယ္။ တစ္ခါတစ္ေလမွာေတာ့ ဟမ္ဘာဂါတို႔၊ အေနာက္တိုင္းအစားအစာတို႔ကို ေကၽြးေလ့ရိွၿပီး စစ္သားေတြ ေမွ်ာ္လင့္တာင့္တၾကရတဲ့ အစားအစာေတြလည္း ျဖစ္ပါတယ္။ ထူးျခားတဲ့အခ်က္တစ္ခုကေတာ့ အစာစားခ်ိန္မွာ ပန္းကန္ထဲက အစားအစာအားလုံးကို အေျပာင္ကုန္ေအာင္ စားရတဲ့ အေလ့အထပါပဲ။ ဒါဟာ စစ္တပ္ထဲ ေရာက္လာရင္ မလိုက္နာလို႔မျဖစ္တဲ့ စည္းကမ္းတစ္ခုအေနနဲ႔လည္း ေလ့က်င့္ၾကရပါတယ္။

ညစာစားၿပီးရင္ေတာ့ ကိုယ္ပိုင္အခ်ိန္ ရရိွပါၿပီ။ ဒီအခ်ိန္မွာေတာ့ အမ်ားစုဟာ အိမ္နဲ႔ ဖုန္းေျပာတာမ်ိဳး၊ ဒါမွမဟုတ္ အပန္းေျဖစင္တာမွာ သြားေရာက္အပန္းေျဖတာမ်ိဳးေတြ လုပ္ေလ့ရိွၾကပါတယ္။ အ၀တ္ေလွ်ာ္တာ၊ ဖိနပ္ေတြ သန္႔ရွင္းေရးလုပ္တာ၊ ဆံပင္ညွပ္တာစတဲ့ ကိုယ္ေရးကိုယ္တာ ေ၀ယ်ာ၀စၥေတြကိုလည္း ဒီအခ်ိန္အတြင္းမွာပဲ ၿပီးေအာင္ လုပ္ၾကရပါတယ္။

Photo: koreaboo

ေနာက္ဆုံးမွာေတာ့ သန္႔ရွင္းေရးလုပ္တဲ့အပိုင္းနဲ႔ ဖိုင္နယ္ ရိုးလ္ေကာေခၚတဲ့အပိုင္းပါ။ ကိုရီးယားစစ္တပ္ဟာ သန္႔ရွင္းေရးပိုင္းနဲ႔ စည္းစနစ္တက် ရိွမႈအပိုင္းမွာ စစ္သားေတြကို ကၽြမ္းက်င္သြားေအာင္ ေလ့က်င့္ေပးႏိုင္တယ္လို႔ နာမည္ႀကီးပါတယ္။ စစ္သားအမ်ားစုဟာလည္း စစ္မႈထမ္းၿပီးတာနဲ႔ အိမ္မႈကိစၥေတြမွာ ေတာ္ေတာ္ေလး ကၽြမ္းက်င္ပိုင္ႏိုင္သြားၾကတယ္လို႔ ဆုိပါတယ္။

https://www.instagram.com/p/BsScEXYhlkt/

ည(၁၀)နာရီ ထိုးတဲ့အခ်ိန္မွာေတာ့ မီးအားလုံးပိတ္ၿပီး အိပ္ရာ၀င္ၾကရပါတယ္။ ေနာက္တစ္ေန႔ မနက္မိုးလင္းတဲ့အခါမွာေတာ့ တစ္ေန႔တာ အခ်ိန္ဇယားအတိုင္း ျပန္လည္လုပ္ေဆာင္ၾကရပါတယ္။ အခ်ိန္ဇယားေတြဟာ မ်ားျပားၿပီး ပင္ပန္းလွတယ္ဆိုေပမယ့္ က်န္းမာေရးနဲ႔ ညီညြတ္လြန္းတယ္ဆိုတာေတာ့ မျငင္းႏိုင္မယ့္အခ်က္ပါပဲ။ ဒါေၾကာင့္ပဲ Idol ေတြဟာ စစ္မႈထမ္းၿပီး ျပန္လာတာနဲ႔ ယခင္ကထက္ပိုၿပီး ရင့္က်က္တည္ၿငိမ္ကာ က်န္းမာႀကံ႕ခိုင္ပုံ ျဖစ္လာပုံ ရပါတယ္လို႔ ဆိုရင္း …။

Xei

Ref: koreaboo

(Unicode Version)

စစ်မှုထမ်းနေရတဲ့ G-Dragon ရဲ့ နေ့စဉ်ဖြတ်သန်းမှုဟာ Idol တစ်ယောက်ရဲ့ ဖြတ်သန်းမှုနဲ့ ယှဉ်ရင်တော့ ကွာဟမှုတွေ အများကြီးပါ။ စစ်ထဲရောက်နေတုန်းမှာတော့ Idol တစ်ယောက်ရဲ့ တာဝန်တွေနဲ့မတူတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ငန်းတာဝန်တွေကို အခြားသော ရဲဘော်တွေလိုပဲ လိုက်နာကြရပါတယ်။ ဒီလို ကြမ်းတမ်းခက်ထန်ပြီး ပင်ပန်းလှတဲ့ တစ်နေ့တာကို G-Dragon တစ်ယောက် ဘယ်လိုကျော်ဖြတ်နေလည်းဆိုတာကတော့ …

စစ်သားအားလုံးဟာ မနက်ခင်း (၆)နာရီခွဲမှာ အိပ်ရာက ထကြရပါတယ်။ အဲ့ဒီ့နောက်မှာ ရိုးလ်ကော ထူးပြီး မနက်စာ စားကြရပါတယ်။ အဲ့ဒါပြီးရင်တော့ မနက်ခင်းနဲ့ နေ့လယ်ခင်းအတွက် လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ကြရပါတယ်။ ကြားထဲမှာ နေ့လယ်စာစားချိန်ခဏတော့ အနားပေးပါတယ်။

Photo: koreaboo

တစ်ရက်နဲ့တစ်ရက် လုပ်ရတဲ့ လုပ်ငန်းတာဝန်တွေက ကွဲပြားပါတယ်။ သို့ပေမယ့် ယေဘူယျအားဖြင့် စစ်သားအားလုံးဟာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ရပြီး ကိုယ့်ရဲ့ဌာနခွဲအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြရပါတယ်။

နေ့လယ်ခင်းက လုပ်ငန်းတာဝန်တွေ ပြီးတဲ့အခါမှာတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ စစ်သားတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းထားဖို့အတွက် သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြရပါတယ်။ လေ့ကျင့်ခန်းအများစုဟာ ပြေးတဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ လမ်းပေါ်မှာ ပြေးရတာ၊ တောင်တွေပေါ်မှာ ပြေးရတာ အစရှိသဖြင့် လေ့ကျင့်ခန်းဆင်းကြရပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့်ပဲ စစ်သားတွေဟာ သူတို့ကိုယ်တိုင်က မလိုချင်ဘူးဆိုရင်တောင် ကျန်းမာကြံ့ခိုင်လာကြပါတယ်။

Photo: koreaboo

တစ်နေကုန် လေ့ကျင့်ခန်းဆင်းပြီးရင်တော့ ညစာ စားချိန်ရောက်လာပါတယ်။ ညစာကိုတော့ အများအားဖြင့် ကိုရီးယားအစားအစာကိုပဲ သမမျှတအောင် ကျွေးလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ ဟမ်ဘာဂါတို့၊ အနောက်တိုင်းအစားအစာတို့ကို ကျွေးလေ့ရှိပြီး စစ်သားတွေ မျှော်လင့်တာင့်တကြရတဲ့ အစားအစာတွေလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့အချက်တစ်ခုကတော့ အစာစားချိန်မှာ ပန်းကန်ထဲက အစားအစာအားလုံးကို အပြောင်ကုန်အောင် စားရတဲ့ အလေ့အထပါပဲ။ ဒါဟာ စစ်တပ်ထဲ ရောက်လာရင် မလိုက်နာလို့မဖြစ်တဲ့ စည်းကမ်းတစ်ခုအနေနဲ့လည်း လေ့ကျင့်ကြရပါတယ်။

ညစာစားပြီးရင်တော့ ကိုယ်ပိုင်အချိန် ရရှိပါပြီ။ ဒီအချိန်မှာတော့ အများစုဟာ အိမ်နဲ့ ဖုန်းပြောတာမျိုး၊ ဒါမှမဟုတ် အပန်းဖြေစင်တာမှာ သွားရောက်အပန်းဖြေတာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။ အဝတ်လျှော်တာ၊ ဖိနပ်တွေ သန့်ရှင်းရေးလုပ်တာ၊ ဆံပင်ညှပ်တာစတဲ့ ကိုယ်ရေးကိုယ်တာ ဝေယျာဝစ္စတွေကိုလည်း ဒီအချိန်အတွင်းမှာပဲ ပြီးအောင် လုပ်ကြရပါတယ်။

Photo: koreaboo

နောက်ဆုံးမှာတော့ သန့်ရှင်းရေးလုပ်တဲ့အပိုင်းနဲ့ ဖိုင်နယ် ရိုးလ်ကောခေါ်တဲ့အပိုင်းပါ။ ကိုရီးယားစစ်တပ်ဟာ သန့်ရှင်းရေးပိုင်းနဲ့ စည်းစနစ်တကျ ရှိမှုအပိုင်းမှာ စစ်သားတွေကို ကျွမ်းကျင်သွားအောင် လေ့ကျင့်ပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ စစ်သားအများစုဟာလည်း စစ်မှုထမ်းပြီးတာနဲ့ အိမ်မှုကိစ္စတွေမှာ တော်တော်လေး ကျွမ်းကျင်ပိုင်နိုင်သွားကြတယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/BsScEXYhlkt/

ည(၁၀)နာရီ ထိုးတဲ့အချိန်မှာတော့ မီးအားလုံးပိတ်ပြီး အိပ်ရာဝင်ကြရပါတယ်။ နောက်တစ်နေ့ မနက်မိုးလင်းတဲ့အခါမှာတော့ တစ်နေ့တာ အချိန်ဇယားအတိုင်း ပြန်လည်လုပ်ဆောင်ကြရပါတယ်။ အချိန်ဇယားတွေဟာ များပြားပြီး ပင်ပန်းလှတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်လွန်းတယ်ဆိုတာတော့ မငြင်းနိုင်မယ့်အချက်ပါပဲ။ ဒါကြောင့်ပဲ Idol တွေဟာ စစ်မှုထမ်းပြီး ပြန်လာတာနဲ့ ယခင်ကထက်ပိုပြီး ရင့်ကျက်တည်ငြိမ်ကာ ကျန်းမာကြံ့ခိုင်ပုံ ဖြစ်လာပုံ ရပါတယ်လို့ ဆိုရင်း …။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular