HomeCelebs Update NewsKoreaကြာရွင္းျပတ္စဲၾကေတာ့မယ့္ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔စုံတြဲ

ကြာရွင္းျပတ္စဲၾကေတာ့မယ့္ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔စုံတြဲ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုရီးယားအႏုပညာေလာကရဲ႕ အခ်စ္ငွက္ေမာင္ႏွံေလးေတြလို႔ တင္စားၾကရတဲ့ ဇနီးေမာင္ႏွံစုံတြဲေတြထဲမွာ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔ စုံတြဲလည္း ပါ၀င္ပါတယ္။ သို႔ေပမယ့္ မင္းသမီး Goo Hye Sun ဘက္က စတင္ေပၚထြက္လာတဲ့ လမ္းခြဲမယ့္သတင္းဟာ ကိုရီးယား အႏုပညာေလာကတစ္ခုလုံးကို တုန္လႈပ္သြားေစပါတယ္။ အဆိုပါ သတင္းနဲ႔ ပတ္သက္ၿပီး ႏွစ္ဦးစလုံးရဲ႕ ေအဂ်င္စီျဖစ္တဲ့ HB Entertainment က အတည္ျပဳေပးထားၿပီး အခုလိုပဲ ေျဖရွင္းခ်က္ ထုတ္ျပန္ထားပါတယ္။

“မဂၤလာပါ။ ကၽြန္ေတာ္တို႔ HB Entertainment ရဲ႕ သရုပ္ေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔ၾကားမွာ ဒီကေန႔ ျဖစ္ပ်က္သြားတာေတြနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ ထုတ္ျပန္ေပးခ်င္ပါတယ္။

ဒီသရုပ္ေဆာင္ႏွစ္ေယာက္ကို လူထုအပါအ၀င္ လူအမ်ားအျပားက ၀ိုင္း၀န္းအားေပးၿပီး ေရွ႕ဆက္ လက္တြဲဖို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ ကၽြန္ေတာ္တို႔ အေသးစိတ္ ေျပာျပလို႔မရတဲ့ အေၾကာင္းျခင္းရာမ်ားစြာေၾကာင့္ သူတို႔ရဲ႕အိမ္ေထာင္ေရးကို ဆက္လက္ထိန္းသိမ္းမထားႏိုင္ေတာ့ဘဲ ေလးေလးနက္နက္ ေဆြးေႏြးၿပီးေနာက္မွာ ကြာရွင္းျပတ္စဲဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

Photo: dramacool

လေပါင္းမ်ားစြာ စဥ္းစားခ်င့္ခ်ိန္ ေဆြးေႏြးၿပီးမွ ထြက္လာတဲ့အေျဖျဖစ္တဲ့အတြက္ သရုပ္ေဆာင္ႏွစ္ေယာက္စလုံးရဲ႕ ေအဂ်င္စီအေနနဲ႔ သူတို႔ရဲ႕အနာဂတ္မွာ ေပ်ာ္ရႊင္ရဖို႔ ဆုေတာင္းေပးခ်င္ပါတယ္။

မၾကာေသးခင္ကပဲ Goo Hye Sun က ေရွ႕ေနတစ္ေယာက္ ငွားရမ္းခဲ့ၿပီး Ahn Jae Hyun နဲ႔ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲမယ့္ကိစၥရပ္အတြက္ စာရြက္စာတမ္းေတြ ျပင္ဆင္ကာ Ahn Jae Hyun ဆီကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ Goo Hye Sun ဟာ Ahn Jae Hyun ဘက္ကိုလည္း ဒီကြာရွင္းျပတ္စဲတဲ့ကိစၥႀကီးတစ္ခုလုံး ျမန္ျမန္ၿပီးေျမာက္သြားေအာင္ တတ္ႏိုင္သမွ် ျမန္ျမန္ ေရွ႕ေနငွားရမ္းခိုင္းခဲ့ပါတယ္။ ကြာရွင္းျပတ္စဲခြင့္ေလွ်ာက္လႊာကို ၾသဂုတ္လမွာ တရားရုံးကို ဦးတိုက္ေလွ်ာက္ထားၿပီး ေနာက္ပိုင္းကိစၥရပ္ေတြကို စက္တင္ဘာလမွာ အၿပီးသတ္ခ်င္တယ္လို႔ Goo Hye Sun က ေျပာၾကားခဲ့ပါတယ္။

ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခြင့္အျပင္ Goo Hye Sun ဟာ သူမဘာသာလည္း သတင္းစာရွင္းလင္းပြဲတစ္ခုကို မီဒီယာေတြနဲ႔ ျပဳလုပ္ခဲ့ပါေသးတယ္။

Photo: dramacool

သို႔ေပမယ့္ အေစာပိုင္းက ထြက္ရိွလာတဲ့ Goo Hye Sun ရဲ႕ ဆိုရွယ္မီဒီယာက ပို႔စ္ေတြနဲ႔ စကားေတြအရ ကၽြန္ေတာ္တို႔ေအဂ်င္စီေရာ Ahn Jae Hyun တို႔ကပါ ဇေ၀ဇ၀ါ ျဖစ္သြားခဲ့ရပါတယ္။ ျဖစ္ၿပီးခ့ဲတဲ့ ကိစၥရပ္ေတြကို စိတ္မေကာင္းစြာနဲ႔ပဲ လူထုကို အသိေပးလိုက္ရပါတယ္။ ဒီလိုကိစၥမ်ိဳးမွာ သူတို႔ႏွစ္ဦးစလုံးရဲ႕ ပုဂိၢဳလ္ေရးအရ အခ်က္အလက္အခ်ိဳ႕ကို ထိန္းသိမ္းထားေပးဖို႔ လိုအပ္ေပမယ့္ အခုဆိုရင္ ကြာရွင္းျပတ္စဲမႈနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြက လူထုဆီ ေရာက္သြားခဲ့ရပါၿပီ။

ဒါဟာ သူတို႔ႏွစ္ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာဘ၀ ျဖစ္ေပမယ့္ ဒီအျဖစ္အပ်က္ေၾကာင့္ ႏွစ္ေယာက္စလုံးမွာ ထိခိုက္နာက်င္ရမႈမျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။

လူအမ်ားအျပားနဲ႔ ပရိသတ္ေတြကို စိတ္ပူပန္ေစခဲ့မႈအတြက္လည္း အႏူးအညြတ္ ေတာင္းပန္ပါတယ္” လို႔ HB Entertainment က ေျဖရွင္းခ်က္ ထုတ္ျပန္ထားပါတယ္။

Xei

Ref: koreaboo

(Unicode Version)

ကိုရီးယားအနုပညာလောကရဲ့ အချစ်ငှက်မောင်နှံလေးတွေလို့ တင်စားကြရတဲ့ ဇနီးမောင်နှံစုံတွဲတွေထဲမှာ Goo Hye Sun နဲ့ Ahn Jae Hyun တို့ စုံတွဲလည်း ပါဝင်ပါတယ်။ သို့ပေမယ့် မင်းသမီး Goo Hye Sun ဘက်က စတင်ပေါ်ထွက်လာတဲ့ လမ်းခွဲမယ့်သတင်းဟာ ကိုရီးယား အနုပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးရဲ့ အေဂျင်စီဖြစ်တဲ့ HB Entertainment က အတည်ပြုပေးထားပြီး အခုလိုပဲ ဖြေရှင်းချက် ထုတ်ပြန်ထားပါတယ်။

“မင်္ဂလာပါ။ ကျွန်တော်တို့ HB Entertainment ရဲ့ သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Goo Hye Sun နဲ့ Ahn Jae Hyun တို့ကြားမှာ ဒီကနေ့ ဖြစ်ပျက်သွားတာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်ပေးချင်ပါတယ်။

ဒီသရုပ်ဆောင်နှစ်ယောက်ကို လူထုအပါအဝင် လူအများအပြားက ဝိုင်းဝန်းအားပေးပြီး ရှေ့ဆက် လက်တွဲဖို့ မျှော်လင့်နေကြပေမယ့် ကျွန်တော်တို့ အသေးစိတ် ပြောပြလို့မရတဲ့ အကြောင်းခြင်းရာများစွာကြောင့် သူတို့ရဲ့အိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းမထားနိုင်တော့ဘဲ လေးလေးနက်နက် ဆွေးနွေးပြီးနောက်မှာ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Photo: dramacool

လပေါင်းများစွာ စဉ်းစားချင့်ချိန် ဆွေးနွေးပြီးမှ ထွက်လာတဲ့အဖြေဖြစ်တဲ့အတွက် သရုပ်ဆောင်နှစ်ယောက်စလုံးရဲ့ အေဂျင်စီအနေနဲ့ သူတို့ရဲ့အနာဂတ်မှာ ပျော်ရွှင်ရဖို့ ဆုတောင်းပေးချင်ပါတယ်။

မကြာသေးခင်ကပဲ Goo Hye Sun က ရှေ့နေတစ်ယောက် ငှားရမ်းခဲ့ပြီး Ahn Jae Hyun နဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲမယ့်ကိစ္စရပ်အတွက် စာရွက်စာတမ်းတွေ ပြင်ဆင်ကာ Ahn Jae Hyun ဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။ Goo Hye Sun ဟာ Ahn Jae Hyun ဘက်ကိုလည်း ဒီကွာရှင်းပြတ်စဲတဲ့ကိစ္စကြီးတစ်ခုလုံး မြန်မြန်ပြီးမြောက်သွားအောင် တတ်နိုင်သမျှ မြန်မြန် ရှေ့နေငှားရမ်းခိုင်းခဲ့ပါတယ်။ ကွာရှင်းပြတ်စဲခွင့်လျှောက်လွှာကို သြဂုတ်လမှာ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး နောက်ပိုင်းကိစ္စရပ်တွေကို စက်တင်ဘာလမှာ အပြီးသတ်ချင်တယ်လို့ Goo Hye Sun က ပြောကြားခဲ့ပါတယ်။

နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခွင့်အပြင် Goo Hye Sun ဟာ သူမဘာသာလည်း သတင်းစာရှင်းလင်းပွဲတစ်ခုကို မီဒီယာတွေနဲ့ ပြုလုပ်ခဲ့ပါသေးတယ်။

Photo: dramacool

သို့ပေမယ့် အစောပိုင်းက ထွက်ရှိလာတဲ့ Goo Hye Sun ရဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေနဲ့ စကားတွေအရ ကျွန်တော်တို့အေဂျင်စီရော Ahn Jae Hyun တို့ကပါ ဇဝေဇဝါ ဖြစ်သွားခဲ့ရပါတယ်။ ဖြစ်ပြီးခဲ့တဲ့ ကိစ္စရပ်တွေကို စိတ်မကောင်းစွာနဲ့ပဲ လူထုကို အသိပေးလိုက်ရပါတယ်။ ဒီလိုကိစ္စမျိုးမှာ သူတို့နှစ်ဦးစလုံးရဲ့ ပုဂ္ဂိုလ်ရေးအရ အချက်အလက်အချို့ကို ထိန်းသိမ်းထားပေးဖို့ လိုအပ်ပေမယ့် အခုဆိုရင် ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေက လူထုဆီ ရောက်သွားခဲ့ရပါပြီ။

ဒါဟာ သူတို့နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘ၀ ဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကြောင့် နှစ်ယောက်စလုံးမှာ ထိခိုက်နာကျင်ရမှုမဖြစ်စေဖို့ မျှော်လင့်ပါတယ်။

လူအများအပြားနဲ့ ပရိသတ်တွေကို စိတ်ပူပန်စေခဲ့မှုအတွက်လည်း အနူးအညွတ် တောင်းပန်ပါတယ်” လို့ HB Entertainment က ဖြေရှင်းချက် ထုတ်ပြန်ထားပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular