HomeEntertainmentFilm၁၁ ရက်အတွင်းမှာ Netflix ရဲ့ တတိယမြောက် လူကြည့်အများဆုံးရုပ်ရှင် ဖြစ်လာတဲ့ Don't Look Up

၁၁ ရက်အတွင်းမှာ Netflix ရဲ့ တတိယမြောက် လူကြည့်အများဆုံးရုပ်ရှင် ဖြစ်လာတဲ့ Don’t Look Up

Netflix ကနေ အသစ်ထွက်ရှိထားတဲ့ Don’t Look Up ရုပ်ရှင်ဟာ ထွက်ရှိထားပြီး (၁၁) ရက်အတွင်းမှာတင် Netflix ရဲ့ တတိယမြောက် လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothee Chalamet ၊ Cate Blanchett ၊ Jonah Hill နဲ့ Ariana Grande တို့ ပါဝင်ထားပါတယ်။ Adam McKay ကတော့ ဒီရုပ်ရှင်ကို ဖန်တီးထားတဲ့ ဒါရိုက်တာပဲ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ အလွန်ကြီးမားတဲ့ ဥက္ကာခဲတစ်ခုဟာ ကမ္ဘာဆီကို တိုက်ရိုက်လာနေပြီး အဲ့ဒါကိုတော့ နက္ခတ္တဗေဒပညာရှင် နှစ်ယောက်ဟာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီဥက္ကာခဲကသာ ကမ္ဘာကို တိုက်မိသွားမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားမှာ ဖြစ်ပြီး ဝင်တိုက်မိဖို့ကလည်း အလွန်သေချာသလောက် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ လူတွေကို သတိပေးဖို့ ကြိုးစားပေမယ့်လည်း ဘယ်သူကမှ သူတို့ကို မယုံကြည်ကြဘဲ ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ IMDb (7.3) ရရှိထားပြီး Rotten Tomatoes မှာတော့ (56%) ရရှိထားပါတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ကြားထဲမှာ ဝေဖန်ချက်မျိူးစုံ ရရှိထားပေမယ့်လည်း ပရိသတ်တွေကတော့ အကြိုက်တွေ့ခဲ့ကြပါတယ်။ အခုလိုမျိူး ဒီရုပ်ရှင် (၁၁) ရက်အတွင်းမှာ တတိယမြောက် လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်လာတာကိုတော့ Netflix ကပဲ ဖော်ပြခဲ့တာ ဖြစ်ပြီး ဒီရုပ်ရှင်ကို ကြည့်ရှုထားတဲ့ အချိန်ဟာ နာရီပေါင်း (၂၆၃) သန်းကျော် ရှိနေပြီလို့လည်း သိရပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Don’t Look Up ရုပ်ရှင်ဟာ တစ်ခြား Netflix ရုပ်ရှင်တွေဖြစ်တဲ့ Irishman နဲ့ Extraction တို့ကို ကျော်တက်ပြီး တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အပေါ်မှာတော့ Bird Box နဲ့ Red Notice တို့ ရှိနေပါတယ်။ Bird Box ရဲ့ ကြည့်ရှုချိန်ကတော့ နာရီပေါင်း (၂၈၂) သန်းကျော် ရှိပြီး ဒီရုပ်ရှင်နဲ့ သိပ်မကွာတော့ပါဘူး။ Red Notice ကတော့ နာရီပေါင်း (၃၆၄) သန်းကျော် ရှိနေပြီး Don’t Look Up ကတော့ လူကြည့်အများဆုံး စာရင်းမှာ အဆင့်ဘယ်လောက်အထိ ဆက်တက်သွားမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular