HomeEntertainmentMusicပေါ့ပ်ယဉ်ကျေးမှုရဲ့ နာမည်ကြီးတွေကို refer ထည့်ထားတဲ့ Drake ရဲ့ Way 2 Sexy MV 

ပေါ့ပ်ယဉ်ကျေးမှုရဲ့ နာမည်ကြီးတွေကို refer ထည့်ထားတဲ့ Drake ရဲ့ Way 2 Sexy MV 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Drake ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် “Certified Lover Boy” ကတော့ စက်တင်ဘာလ(၃)ရက်နေ့မှာပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာ သီချင်း(၂၁)ပုဒ် ပါဝင်ပြီး လောလောဆယ် နာမည်ကြီးနေတာကတော့ “Way 2 Sexy” ဆိုတဲ့ music video ပဲ ဖြစ်ပါတယ်။

ဒီ Music Video ထဲမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ပေါ့ပ်ယဉ်ကျေးမှုမှာ နာမည်ကျော်ကြားခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ်၊ အဖွဲ့တွေကို reference အနေနဲ့ ထည့်သွင်းထားတာ တွေ့ရပါတယ်။ နာမည်ကျော်များစွာကို tribute လုပ်ထားတာ တွေ့ရပြီး Michael Jackson ၊ Prince ၊ The Backstreet Boys နဲ့ Rambo အစရှိသူတွေ ပါဝင်ပါတယ်။

Photo Credit: YouTube

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရက်ပ်ပါ Drake ဟာ ယခုအယ်လ်ဘမ်အသစ်ရဲ့ cover art မှာတော့ အသားအရောင်မျိုးစုံနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အီမိုဂျီတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အယ်လ်ဘမ်ရဲ့ theme အတိုင်းပဲ Way 2 Sexy ရဲ့ music video အစမှာလည်း MV ကို ကြည့်ရှုခြင်းကြောင့် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကို ဖော်ပြထားပြီး ထပ်ခါတလဲလဲ repeat ကြည့်ရှုခြင်းအားဖြင့် ကိုယ်ဝန်ရှိသွားနိုင်တယ်လို့ပါ သတိပေးချက် ထည့်သွင်းထားတာလည်း တွေ့ရပါတယ်။

MV အစပိုင်းမှာတော့ ၈၀ခုနှစ်ဝန်းကျင်က လေ့ကျင့်ခန်းလုပ်တဲ့ ဖက်ရှင်မျိုး ဝတ်ဆင်ထားတာ တွေ့ရပြီး ဒီပုံစံကတော့ နာမည်ကျော်အဆိုတော်ကြီး Olivia Newton-John ရဲ့ ၁၉၉၁ ခုနှစ်က နာမည်ကြီးသီချင်း “Physical” ထဲကပုံစံကို reference ယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး band ဖြစ်တဲ့ Right Said Fred ရဲ့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “I’m too Sexy” သီချင်းကို သူ့ရဲ့သီချင်းစာသားနဲ့အကိုက် ထည့်သွင်းထားတာလည်း တွေ့ရပါသေးတယ်။

Photo Credit: YouTube

အဲဒီနောက် ယမကာစတိုးတစ်ခုမှာ ကာတွန်းဇာတ်ကောင် Jessica Rabbit ပုံစံနဲ့ သူ့ရဲ့ ကြွက်သားတွေကို လှစ်ဟပ်ပြနေတဲ့ Drake ကို ထပ်မံမြင်တွေ့လိုက်ရပါတယ်။ နောက်တစ်ကဒ်မှာတော့ ဆန်တာမိုနီကာကမ်းခြေမှာ ဗိုက်ပူကြီးနဲ့ လမ်းလျှောက်နေတဲ့ Drake ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့ ယခင်က fit မဖြစ်သေးတဲ့ပုံစံကို သူ့ဘာသာ ပြန်ရည်ညွှန်းထားပုံ ရပါတယ်။

MV ရဲ့ တစ်နေရာမှာတော့ နာမည်ကျော် ပေါ့ပ်ဘုရင်ကြီး Michael Jackson ရဲ့ “Black or White” music video ထဲက နာမည်ကြီးကကွက်ကို ကနေတာ မြင်ရပြီး အက်ရှင်မင်းသားကြီး Sylvester Stallone ရဲ့ နာမည်ကြီး Rambo ရုပ်ရှင်ကားထဲက Rambo ဇာတ်ကောင်ကို refer လုပ်ထားတာလည်း မြင်ရပါသေးတယ်။ ဒီထဲမှာတော့ “Drambo: Thirst Blood” လို့ နာမည်ပေးထားပြီး သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်လို ရည်ညွှန်းထားတာ တွေ့ရပါတယ်။

Photo Credit: YouTube

ဒါ့အပြင် ဒီသီချင်းထဲမှာတော့ Future နဲ့ Young Thug တို့လည်း featuring အနေနဲ့ ပါဝင်ထားပါသေးတယ်။ Future ကတော့ သူ့ရဲ့ rap အပိုဒ်နားမှာပဲ ကွက်တိ ထွက်ပေါ်လာပြီး အဝါရောင်ကားတစ်စီးအရှေ့မှာ rap ရွတ်ဆိုနေတာကို တွေ့ရပါတယ်။ ဒါကတော့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီး Prince ရဲ့ “Sexy M.F” MV ထဲကအတိုင်း refer ယူထားတာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့သုံးယောက်လုံးအပြင် သရုပ်ဆောင် Kawhi Leonard လည်း cameo အနေနဲ့ ပါဝင်ထားပြီး Backstreet Boys အဖွဲ့ရဲ့ နာမည်ကြီးသီချင်း “I Want It That Way” ထဲကအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“Way 2 Sexy” music video ကတော့ မနေ့က စက်တင်ဘာလ(၃)ရက်နေ့ ညပိုင်းမှာ ထွက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၄.၇)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Drake ရဲ႕ ေျခာက္ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ “Certified Lover Boy” ကေတာ့ စက္တင္ဘာလ(၃)ရက္ေန႔မွာပဲ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ထဲမွာ သီခ်င္း(၂၁)ပုဒ္ ပါဝင္ၿပီး ေလာေလာဆယ္ နာမည္ႀကီးေနတာကေတာ့ “Way 2 Sexy” ဆိုတဲ့ music video ပဲ ျဖစ္ပါတယ္။

ဒီ Music Video ထဲမွာေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္းက ေပါ့ပ္ယဥ္ေက်းမႈမွာ နာမည္ေက်ာ္ၾကားခဲ့တဲ့ အထင္ကရ ပုဂၢိဳလ္၊ အဖြဲ႕ေတြကို reference အေနနဲ႔ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။ နာမည္ေက်ာ္မ်ားစြာကို tribute လုပ္ထားတာ ေတြ႕ရၿပီး Michael Jackson ၊ Prince ၊ The Backstreet Boys နဲ႔ Rambo အစရွိသူေတြ ပါဝင္ပါတယ္။

Photo Credit: YouTube

အသက္(၃၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ရက္ပ္ပါ Drake ဟာ ယခုအယ္လ္ဘမ္အသစ္ရဲ႕ cover art မွာေတာ့ အသားအေရာင္မ်ိဳးစုံနဲ႔ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ႕ အီမိုဂ်ီေတြကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ အယ္လ္ဘမ္ရဲ႕ theme အတိုင္းပဲ Way 2 Sexy ရဲ႕ music video အစမွာလည္း MV ကို ၾကည့္ရႈျခင္းေၾကာင့္ ခံစားရႏိုင္တဲ့ ေရာဂါလကၡဏာေတြကို ေဖာ္ျပထားၿပီး ထပ္ခါတလဲလဲ repeat ၾကည့္ရႈျခင္းအားျဖင့္ ကိုယ္ဝန္ရွိသြားႏိုင္တယ္လို႔ပါ သတိေပးခ်က္ ထည့္သြင္းထားတာလည္း ေတြ႕ရပါတယ္။

MV အစပိုင္းမွာေတာ့ ၈၀ခုႏွစ္ဝန္းက်င္က ေလ့က်င့္ခန္းလုပ္တဲ့ ဖက္ရွင္မ်ိဳး ဝတ္ဆင္ထားတာ ေတြ႕ရၿပီး ဒီပုံစံကေတာ့ နာမည္ေက်ာ္အဆိုေတာ္ႀကီး Olivia Newton-John ရဲ႕ ၁၉၉၁ ခုႏွစ္က နာမည္ႀကီးသီခ်င္း “Physical” ထဲကပုံစံကို reference ယူထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ႀကီး band ျဖစ္တဲ့ Right Said Fred ရဲ႕ ၁၉၉၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ “I’m too Sexy” သီခ်င္းကို သူ႔ရဲ႕သီခ်င္းစာသားနဲ႔အကိုက္ ထည့္သြင္းထားတာလည္း ေတြ႕ရပါေသးတယ္။

Photo Credit: YouTube

အဲဒီေနာက္ ယမကာစတိုးတစ္ခုမွာ ကာတြန္းဇာတ္ေကာင္ Jessica Rabbit ပုံစံနဲ႔ သူ႔ရဲ႕ ႂကြက္သားေတြကို လွစ္ဟပ္ျပေနတဲ့ Drake ကို ထပ္မံျမင္ေတြ႕လိုက္ရပါတယ္။ ေနာက္တစ္ကဒ္မွာေတာ့ ဆန္တာမိုနီကာကမ္းေျခမွာ ဗိုက္ပူႀကီးနဲ႔ လမ္းေလွ်ာက္ေနတဲ့ Drake ကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါကေတာ့ သူ႔ရဲ႕ ယခင္က fit မျဖစ္ေသးတဲ့ပုံစံကို သူ႔ဘာသာ ျပန္ရည္ၫႊန္းထားပုံ ရပါတယ္။

MV ရဲ႕ တစ္ေနရာမွာေတာ့ နာမည္ေက်ာ္ ေပါ့ပ္ဘုရင္ႀကီး Michael Jackson ရဲ႕ “Black or White” music video ထဲက နာမည္ႀကီးကကြက္ကို ကေနတာ ျမင္ရၿပီး အက္ရွင္မင္းသားႀကီး Sylvester Stallone ရဲ႕ နာမည္ႀကီး Rambo ႐ုပ္ရွင္ကားထဲက Rambo ဇာတ္ေကာင္ကို refer လုပ္ထားတာလည္း ျမင္ရပါေသးတယ္။ ဒီထဲမွာေတာ့ “Drambo: Thirst Blood” လို႔ နာမည္ေပးထားၿပီး သူ႔ရဲ႕ ကိုယ္ပိုင္႐ုပ္ရွင္လို ရည္ၫႊန္းထားတာ ေတြ႕ရပါတယ္။

Photo Credit: YouTube

ဒါ့အျပင္ ဒီသီခ်င္းထဲမွာေတာ့ Future နဲ႔ Young Thug တို႔လည္း featuring အေနနဲ႔ ပါဝင္ထားပါေသးတယ္။ Future ကေတာ့ သူ႔ရဲ႕ rap အပိုဒ္နားမွာပဲ ကြက္တိ ထြက္ေပၚလာၿပီး အဝါေရာင္ကားတစ္စီးအေရွ႕မွာ rap ႐ြတ္ဆိုေနတာကို ေတြ႕ရပါတယ္။ ဒါကေတာ့ ၁၉၉၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဂႏၴဝင္အဆိုေတာ္ႀကီး Prince ရဲ႕ “Sexy M.F” MV ထဲကအတိုင္း refer ယူထားတာ ျဖစ္ပါတယ္။

အဲဒီေနာက္ သူတို႔သုံးေယာက္လုံးအျပင္ သ႐ုပ္ေဆာင္ Kawhi Leonard လည္း cameo အေနနဲ႔ ပါဝင္ထားၿပီး Backstreet Boys အဖြဲ႕ရဲ႕ နာမည္ႀကီးသီခ်င္း “I Want It That Way” ထဲကအတိုင္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

“Way 2 Sexy” music video ကေတာ့ မေန႔က စက္တင္ဘာလ(၃)ရက္ေန႔ ညပိုင္းမွာ ထြက္ရွိလာခဲ့တာ ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၾကည့္ရႈနားဆင္သူေပါင္း (၄.၇)သန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular