HomeAnimeSpirited Away ကို ကျော်တက်ပြီး ဝင်ငွေအများဆုံး ဂျပန်ရုပ်ရှင် ဖြစ်လာတဲ့ Demon Slayer

Spirited Away ကို ကျော်တက်ပြီး ဝင်ငွေအများဆုံး ဂျပန်ရုပ်ရှင် ဖြစ်လာတဲ့ Demon Slayer

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဂျပန်တွင်သာမက တစ်ကမ္ဘာလုံးမှာပါ အောင်မြင်နေတဲ့ Demon Slayer ဟာ သိပ်မကြာခင်တုန်းက Mugen Train ဆိုပြီး movie ထွက်လာခဲ့ပါတယ်။ အဲ့ဒီ movie ဟာ အခုချိန်မှာတော့ Spirited Away ကို ကျော်တက်ပြီး ဝင်ငွေအများဆုံး ဂျပန်ရုပ်ရှင် ဖြစ်လာပါပြီ။ ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၆) ရက်နေ့မှာ ထွက်ရှိခဲ့ပြီး လောလောဆယ်မှာ box office ဝင်ငွေ ဒေါ်လာ (၃၃၇) သန်း ရှိနေပါပြီ။ Spirited Away ကတော့ box office မှာ ဒေါ်လာ (၃၀၈) သန်း ရရှိခဲ့ပြီး အခုချိန်မှာတော့ ဒုတိယဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်သွားခဲ့ပါတယ်။

photo via cbr

ဒါ့အပြင် ဒီရုပ်ရှင်ဟာ anime ရဲ့ တိုက်ရိုက် sequel တစ်ခု ဖြစ်ပြီး Tanjiro ၊ Nezuko ၊ Zenitsu နဲ့ Inosuke တို့ဟာ demon hunter အယောက် (၄၀) ကျော်လောက်ကို သတ်ထားတဲ့ demon ကို အမဲလိုက်ဖို့အတွက် ရထားနဲ့ ခရီးထွက်လာတာကို မြင်တွေ့ရမှာပါ။ THR သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ ဒီရုပ်ရှင်ဟာ ဂျပန်နိုင်ငံမှာလည်း ဒီနှစ်ဆောင်းဦးလောက်မှာ အတော်လေး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ရုံတင်သွားမယ်လို့လည်း သိရပါတယ်။

photo via cbr

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ နေရာအနှံ့မှာ ရုံမတင်ရသေးတာတောင်မှ ဒေါ်လာ (၃၃၇) သန်း ရရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်လည်း အရင်လိုမဆိုးတော့ဘဲ ရုပ်ရှင်ရုံတွေ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မယ့် အချိန်မှာတော့ ဒီထက်ပိုပြီး ဝင်ငွေတွေ ရလာဦးမှာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ ၂၀၂၁ ခုနှစ်ကျရင် အမေရိကန်နိုင်ငံမှာပဲ ပြသသွားမှာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြသသွားမယ် လို့ သိရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဂ်ပန္တြင္သာမက တစ္ကမာၻလုံးမွာပါ ေအာင္ျမင္ေနတဲ့ Demon Slayer ဟာ သိပ္မၾကာခင္တုန္းက Mugen Train ဆိုၿပီး movie ထြက္လာခဲ့ပါတယ္။ အဲ့ဒီ movie ဟာ အခုခ်ိန္မွာေတာ့ Spirited Away ကို ေက်ာ္တက္ၿပီး ဝင္ေငြအမ်ားဆုံး ဂ်ပန္႐ုပ္ရွင္ ျဖစ္လာပါၿပီ။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာ (၁၆) ရက္ေန႔မွာ ထြက္ရွိခဲ့ၿပီး ေလာေလာဆယ္မွာ box office ဝင္ေငြ ေဒၚလာ (၃၃၇) သန္း ရွိေနပါၿပီ။ Spirited Away ကေတာ့ box office မွာ ေဒၚလာ (၃၀၈) သန္း ရရွိခဲ့ၿပီး အခုခ်ိန္မွာေတာ့ ဒုတိယဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ ျဖစ္သြားခဲ့ပါတယ္။

photo via cbr

ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ anime ရဲ႕ တိုက္႐ိုက္ sequel တစ္ခု ျဖစ္ၿပီး Tanjiro ၊ Nezuko ၊ Zenitsu နဲ႔ Inosuke တို႔ဟာ demon hunter အေယာက္ (၄၀) ေက်ာ္ေလာက္ကို သတ္ထားတဲ့ demon ကို အမဲလိုက္ဖို႔အတြက္ ရထားနဲ႔ ခရီးထြက္လာတာကို ျမင္ေတြ႕ရမွာပါ။ THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ ဂ်ပန္ႏိုင္ငံမွာလည္း ဒီႏွစ္ေဆာင္းဦးေလာက္မွာ အေတာ္ေလး ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ခုႏွစ္ထဲမွာ ႐ုံတင္သြားမယ္လို႔လည္း သိရပါတယ္။

photo via cbr

ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ဟာ ေနရာအႏွံ႔မွာ ႐ုံမတင္ရေသးတာေတာင္မွ ေဒၚလာ (၃၃၇) သန္း ရရွိေနၿပီ ျဖစ္ပါတယ္။ ကိုဗစ္လည္း အရင္လိုမဆိုးေတာ့ဘဲ ႐ုပ္ရွင္႐ုံေတြ ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္မယ့္ အခ်ိန္မွာေတာ့ ဒီထက္ပိုၿပီး ဝင္ေငြေတြ ရလာဦးမွာ ျဖစ္ပါတယ္။ သတင္းေကာင္းကေတာ့ ၂၀၂၁ ခုႏွစ္က်ရင္ အေမရိကန္ႏိုင္ငံမွာပဲ ျပသသြားမွာ မဟုတ္ဘဲ ျမန္မာႏိုင္ငံမွာလည္း ျပသသြားမယ္ လို႔ သိရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular