HomeEntertainmentFilmAmazon အတွက် ခရစ်စမတ်ရုပ်ရှင်တစ်ကား ရိုက်ကူးဦးမယ့် Dwayne Johnson 

Amazon အတွက် ခရစ်စမတ်ရုပ်ရှင်တစ်ကား ရိုက်ကူးဦးမယ့် Dwayne Johnson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson ကတော့ အက်ရှင်ကားတွေ ရိုက်ကူးအပြီးမှာ အခုအားလပ်ရက် ပျော်ရွှင်စရာရုပ်ရှင်တွေဘက်ကို ခြေဦးလှည့်လာပါပြီ။

အသက်(၄၉)နှစ်အရွယ် Dwayne ဟာ Amazon စတူဒီယိုက ထုတ်လုပ်မယ့် ခရစ်စမတ်ရုပ်ရှင် Red One မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ Dwayne ဟာ ဘယ်ဇာတ်ရုပ်က ပါဝင်သရုပ်ဆောင်မယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် THR ရဲ့ ဖော်ပြချက်အရ ဆန်တာကလော့စ် နေရာက ပါဝင်သွားနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

Photo: therockk_johnson/ Instagram

ဒီဇာတ်ကားကိုလည်း Jumanji: The Next Level ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Jake Kasdan ကပဲ ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Red One ရုပ်ရှင်မှာတော့ Dwayne နဲ့ Jake တို့ ပြန်လည် ဆုံတွေ့ဖြစ်ကြဦးမှာပါ။

Dwayne ဟာ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့်အပြင် သူ့ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ Seven Bucks Productions ကနေလည်း ဒီဇာတ်ကားကို ထုတ်လုပ်သူအဖြစ် တာဝန်ယူသွားဦးမှာ ဖြစ်ပါတယ်။

Photo via IMDb

Red One ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ Amazon ဘက်က အသေးစိတ် ထုတ်ပြန်တာ မရှိသေးပေမယ့် “အက်ရှင်၊ စွန့်စားခန်း၊ ဟာသတို့ ရောနှောထားပြီး ပိတ်ရက်ကာလအတွင်း universe အသစ်တစ်ခုကို ကြည့်ရှုခံစားရမယ့် ရုပ်ရှင် … ” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Red One ကိုတော့ လာမယ့်နှစ်မှာ ရိုက်ကူးရေး စတင်မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ Dwayne ဟာ ဆန်တာကလော့စ် ဇာတ်ကောင်ကို တစ်ခါမှ သရုပ်မဆောင်ရသေးပေမယ့် နှစ်စဉ် နှစ်တိုင်း ခရစ်စမတ်အားလပ်ရက် ကာလရောက်ရင်တော့ “Dwanta Claus” ဆိုတဲ့ လူအဖြစ် ပြောင်းလဲ ဖြတ်သန်းလေ့ ရှိပါတယ်။

Photo: therockk_johnson/ Instagram

ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ဆိုရင်တော့ ၂၀၂၃ ခုနှစ်အထိ စောင့်ဆိုင်းရမှာ ဖြစ်ပေမယ့် Dwayne ရဲ့ ပရိသတ်တွေအနေနဲ့ဆိုရင်တော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် ဇာတ်ကားအသစ်တွေနဲ့တင် ရင်ခုန်စရာ ဖြစ်မှာပါ။ Netflix မှာ မကြာခင် ထွက်ရှိလာမယ့် Red Notice ဇာတ်ကားမှာတော့ Dwayne နဲ့အတူ Ryan Reynolds ၊ Gal Gadot တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရှေ့နှစ်မှာဆိုရင်တော့ DC League of Super-Pets animation ထဲမှာ Krypto နေရာက အသံသရုပ်ဆောင်ထားသလို Black Adam ဇာတ်ကားထဲမှာလည်း Black Adam အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

Dwayne Johnson ကေတာ့ အက္ရွင္ကားေတြ ရိုက္ကူးအၿပီးမွာ အခုအားလပ္ရက္ ေပ်ာ္ရႊင္စရာ႐ုပ္ရွင္ေတြဘက္ကို ေျခဦးလွည့္လာပါၿပီ။

အသက္(၄၉)ႏွစ္အရြယ္ Dwayne ဟာ Amazon စတူဒီယိုက ထုတ္လုပ္မယ့္ ခရစ္စမတ္႐ုပ္ရွင္ Red One မွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ The Hollywood Reporter သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီဇာတ္ကားထဲမွာ Dwayne ဟာ ဘယ္ဇာတ္႐ုပ္က ပါဝင္သ႐ုပ္ေဆာင္မယ္ဆိုတာ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပမယ့္ THR ရဲ့ ေဖာ္ျပခ်က္အရ ဆန္တာကေလာ့စ္ ေနရာက ပါဝင္သြားနိုင္ေခ် ရွိတယ္လို႔ ဆိုပါတယ္။

Photo: therockk_johnson/ Instagram

ဒီဇာတ္ကားကိုလည္း Jumanji: The Next Level ကို ရိုက္ကူးေပးခဲ့တဲ့ ဒါရိုက္တာ Jake Kasdan ကပဲ ရိုက္ကူးေပးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီ Red One ႐ုပ္ရွင္မွာေတာ့ Dwayne နဲ႔ Jake တို႔ ျပန္လည္ ဆုံေတြ႕ျဖစ္ၾကဦးမွာပါ။

Dwayne ဟာ ဒီဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္မယ့္အျပင္ သူ႔ရဲ့ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ ျဖစ္တဲ့ Seven Bucks Productions ကေနလည္း ဒီဇာတ္ကားကို ထုတ္လုပ္သူအျဖစ္ တာဝန္ယူသြားဦးမွာ ျဖစ္ပါတယ္။

Photo via IMDb

Red One ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္လို႔ Amazon ဘက္က အေသးစိတ္ ထုတ္ျပန္တာ မရွိေသးေပမယ့္ “အက္ရွင္၊ စြန႔္စားခန္း၊ ဟာသတို႔ ေရာေႏွာထားၿပီး ပိတ္ရက္ကာလအတြင္း universe အသစ္တစ္ခုကို ၾကည့္ရွုခံစားရမယ့္ ႐ုပ္ရွင္ … ” ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

Red One ကိုေတာ့ လာမယ့္ႏွစ္မွာ ရိုက္ကူးေရး စတင္မွာ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္မွာ ႐ုံတင္ျပသမွာ ျဖစ္ပါတယ္။ Dwayne ဟာ ဆန္တာကေလာ့စ္ ဇာတ္ေကာင္ကို တစ္ခါမွ သ႐ုပ္မေဆာင္ရေသးေပမယ့္ ႏွစ္စဥ္ ႏွစ္တိုင္း ခရစ္စမတ္အားလပ္ရက္ ကာလေရာက္ရင္ေတာ့ “Dwanta Claus” ဆိုတဲ့ လူအျဖစ္ ေျပာင္းလဲ ျဖတ္သန္းေလ့ ရွိပါတယ္။

Photo: therockk_johnson/ Instagram

ဒီ႐ုပ္ရွင္ကို ၾကည့္ရွုဖို႔ဆိုရင္ေတာ့ ၂၀၂၃ ခုႏွစ္အထိ ေစာင့္ဆိုင္းရမွာ ျဖစ္ေပမယ့္ Dwayne ရဲ့ ပရိသတ္ေတြအေနနဲ႔ဆိုရင္ေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ ဇာတ္ကားအသစ္ေတြနဲ႔တင္ ရင္ခုန္စရာ ျဖစ္မွာပါ။ Netflix မွာ မၾကာခင္ ထြက္ရွိလာမယ့္ Red Notice ဇာတ္ကားမွာေတာ့ Dwayne နဲ႔အတူ Ryan Reynolds ၊ Gal Gadot တို႔ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ေရွ႕ႏွစ္မွာဆိုရင္ေတာ့ DC League of Super-Pets animation ထဲမွာ Krypto ေနရာက အသံသ႐ုပ္ေဆာင္ထားသလို Black Adam ဇာတ္ကားထဲမွာလည္း Black Adam အျဖစ္ သ႐ုပ္ေဆာင္ထားပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular