HomeEntertainmentMusicမတူညီတဲ့ ရသအသစ်ကို ခံစားရမယ့် Ed Sheeran ရဲ့ သီချင်းသစ် Bad Habit 

မတူညီတဲ့ ရသအသစ်ကို ခံစားရမယ့် Ed Sheeran ရဲ့ သီချင်းသစ် Bad Habit 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ပေါ့ပ်စူပါစတား Ed Sheeran ဟာ ဆင်ဂယ်လ်သီချင်း အသစ်တစ်ပုဒ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Bad Habit လို့ အမည်ရတဲ့ ဒီသီချင်းကတော့ ယနေ့မှ ထွက်ရှိလာတာ ဖြစ်ပြီး MV ကတော့ YouTube မှာ ထွက်ရှိလာတာ နာရီပိုင်းပဲ ရှိပါသေးတယ်။

ဒီသီချင်းဟာ ငါးခွေမြောက် ထွက်ရှိလာမယ့် Ed ရဲ့ စတူဒီယိုအယ်လ်ဘမ်ထဲမှာ ပါဝင်လာမယ့် ဆင်ဂယ်လ်သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ Bad Habit ဆိုတဲ့အတိုင်းပဲ သူ့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ ဆိုးညစ်တဲ့ အမှောင်ခြမ်းတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

Photo: teddysphotos/ Instagram

အတိတ်မှာ အရက်တွေ စွဲစွဲလမ်းလမ်း သောက်ခဲ့တာတွေ၊ ညဉ့်နက်တဲ့အထိ ပါတီတွေ ပေးပြီး ကဲခဲ့တာတွေနဲ့ အဲဒါတွေအားလုံးရဲ့ ဦးတည်ရာတွေကို သီဆိုထားတာ ဖြစ်ပါတယ်။ နေ့တိုင်းမှာ ကနဦးတုန်းက ရည်ရွယ်ချက်တွေ ဘယ်လောက် ကောင်းမွန်ခဲ့သည်ဖြစ်စေ၊ ညနက်လာတာနဲ့ သူ့ရဲ့မကောင်းတဲ့ အမူအကျင့်တွေကို နိုးထလာစေပြီး ပိုဆိုးညစ်တဲ့ ရလဒ်တွေ ဖြစ်လာစေတာကိုလည်း ဒီသီချင်းထဲမှာ ခံစားနိုင်မှာပါ။

MV ထဲမှာ ကြည့်ရှုရတဲ့ ဗန်ပိုင်းယားဝတ်စုံကတော့ Ed ရဲ့ မကောင်းတဲ့အခြမ်းကို ထင်ဟပ်ပြသထားတာ ဖြစ်ပြီး သူ သယ်ဆောင်နေရတဲ့ သူ့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကိုလည်း ကိုယ်စားပြု ပြသထားတာ တွေ့ရပါတယ်။ MV မှာ ထွက်ရှိထားတာ နာရီပိုင်းပဲ ရှိသေးပေမယ့် ကြည့်ရှု နားဆင်သူကတော့ (၁.၄)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Ed Sheeran ဟာ ဆင္ဂယ္လ္သီခ်င္း အသစ္တစ္ပုဒ္ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ Bad Habit လို႔ အမည္ရတဲ့ ဒီသီခ်င္းကေတာ့ ယေန႔မွ ထြက္ရွိလာတာ ျဖစ္ၿပီး MV ကေတာ့ YouTube မွာ ထြက္ရွိလာတာ နာရီပိုင္းပဲ ရွိပါေသးတယ္။

ဒီသီခ်င္းဟာ ငါးေခြေျမာက္ ထြက္ရွိလာမယ့္ Ed ရဲ႕ စတူဒီယိုအယ္လ္ဘမ္ထဲမွာ ပါဝင္လာမယ့္ ဆင္ဂယ္လ္သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းရဲ႕ အဓိပၸာယ္ကေတာ့ Bad Habit ဆိုတဲ့အတိုင္းပဲ သူ႔ရဲ႕ မေကာင္းတဲ့ အမူအက်င့္ေတြ၊ ဆိုးညစ္တဲ့ အေမွာင္ျခမ္းေတြကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။

Photo: teddysphotos/ Instagram

အတိတ္မွာ အရက္ေတြ စြဲစြဲလမ္းလမ္း ေသာက္ခဲ့တာေတြ၊ ညဥ့္နက္တဲ့အထိ ပါတီေတြ ေပးၿပီး ကဲခဲ့တာေတြနဲ႔ အဲဒါေတြအားလုံးရဲ႕ ဦးတည္ရာေတြကို သီဆိုထားတာ ျဖစ္ပါတယ္။ ေန႔တိုင္းမွာ ကနဦးတုန္းက ရည္႐ြယ္ခ်က္ေတြ ဘယ္ေလာက္ ေကာင္းမြန္ခဲ့သည္ျဖစ္ေစ၊ ညနက္လာတာနဲ႔ သူ႔ရဲ႕မေကာင္းတဲ့ အမူအက်င့္ေတြကို ႏိုးထလာေစၿပီး ပိုဆိုးညစ္တဲ့ ရလဒ္ေတြ ျဖစ္လာေစတာကိုလည္း ဒီသီခ်င္းထဲမွာ ခံစားႏိုင္မွာပါ။

MV ထဲမွာ ၾကည့္ရႈရတဲ့ ဗန္ပိုင္းယားဝတ္စုံကေတာ့ Ed ရဲ႕ မေကာင္းတဲ့အျခမ္းကို ထင္ဟပ္ျပသထားတာ ျဖစ္ၿပီး သူ သယ္ေဆာင္ေနရတဲ့ သူ႔ရဲ႕ မေကာင္းတဲ့ အမူအက်င့္ေတြကိုလည္း ကိုယ္စားျပဳ ျပသထားတာ ေတြ႕ရပါတယ္။ MV မွာ ထြက္ရွိထားတာ နာရီပိုင္းပဲ ရွိေသးေပမယ့္ ၾကည့္ရႈ နားဆင္သူကေတာ့ (၁.၄)သန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular